|
Article
»
နိုင်ငံတကာ စီးပွားရေးပညာ၊ စာရင်းကိုင်ပညာတို့ကို
အရည်အသွေးမြင့်မားစွာဖြင့် မြန်မာနိုင်ငံတွင် သင်ယူနိုင်ပြီ
- အခြေခံပညာရေး အထက်တန်းအောင်မြင်ပြီးသူများမှ အစ၊
ဘွဲ့ရရှိသူများအဆုံး၊ စီးပွားရေးပညာ ကဏ္ဍရေးနှင့်
စာရင်းကိုင်ပညာအများကို စိတ်ဝင်စားပါက
ထိုသင်တန်းများကို အချိန်သက်သာ စရိတ်သာစွာဖြင့်
နိုင်ငံတကာ အသိမှတ်ပြု နိုင်ပါပြီ။
- ပညာရေးဝန်ဆောင်မှု့တွင် (၁ဝ)နှစ်
သက်တမ်းရှိပြီးဖြစ်သော JENKO မှ သင်တန်းကျောင်း
JeNKO CENTRE FOR EDUCATION EXCELLENCE
ကိုအောက်တိုဘာ ၁၉ ရက်နေ့တွင် တခမ်းတနား
ဖွင့်လှစ်ခဲ့ပါသည်။
- JCEE သည် မလေးရှားနိုင်ငံရှိ MANTISSA COLLEGE
နှင့် ပူးပေါင်းပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ
PARIS GRADUATE SCHOOL OF MANAGEMENT ၏ MBA
သင်တန်း၊ PGSM အသိအမှတ်ပြု CERTIFICATE နှင့်
EXECUTIVE DIPLOMA သင်တန်းများ အထူးသဖြင့် LCCI (lll)
ပြီးမြောက်သူများနှင့် UK ၏ စာရင်းကိုင် ဒီပလိုမာ
ရယူလိုသူများအတွက် INSTITUTE OF FINANCIAL
ACCOUNTS, IFA, UK မှတိုက်ရိုက်ချီးမြှင့်သော
INTERNATIONAL ADVANCE DIPLOMA IN ACCOUNTING
စသဖြင့် ၊ ပညာရေး နောက်ခံ အမျိုးမျိုးရှိသော
ကျောင်းသား/သူများ အတွက် သင်တန်းလမ်းကြောင်းအများ
အပြားဖွင့်လှစ်ပေးပါသည်။
- သင်ကြားပို့ချမည့်ဆရာ/ ဆရာမများမှ
မြန်မာနိုင်ငံ၏ စီးပွားရေးလောက၏ အထင်ကရ ဆရာ/
ဆရာမကြီးမှ ပို့ချပြီး၊ နိုင်ငံခြားမှ မည်သည်
ပါမောက္ခများလည်း လာရောက်ပို့ချပေးမည်ဖြစ်ပါသည်။
သင်ရိုးညွန်းတမ်းများအားလုံးမှာ
နိုင်ငံတကာသင်ရိုညွန်းတမ်းများဖြစ်သဖြင့်
အရည်အသွေးအာမခံ ပါသည်။
- အင်္ဂလိပ်စာလိုအပ်ချက်၊ စီးပွားရေးပညာ နောက်ခံ
အခြေခံလိုအပ်ချက် ရှိသောကျောင်းသားများ အတွက်
အထူးအပိုသင်တန်းများကို ပို့ချပေးပါသည်။
- PGSM ဘွဲ့၊ IFA, UK ၏ ဘွဲ့များသည်
နိုင်ငံတကာတွင် အလုပ်ရရှိရန် လွယ်ကူပါသည်။
- PGSM ၏ ဘွဲ့များကို ဥရောပ၊ မလေးရှား၊ စင်္ကာပူ၊
ဟောင်ကောင် သာမက အမေရိကန်ရှိ အစိုးရ အသိအမှတ်ပြု
အဖွဲ့အစည်းများမှ အသိမှတ်ပြုသဖြင့် ဘွဲ့ရပြီးပါက၊
နိုင်ငံတကာကုမ္ပဏီကြီးများတွင်
ဝင်ရောက်လုပ်ကိုင်နိုင်ပါသည်။
- PGSM ၏ သင်ကြားပုံမှာ စာတွေ့လက်တွေ့ အပြင်၊
လက်တွေ့သင်ခန်းစာများစွာ ပါရှိသဖြင့် PGSM
ဘွဲ့ရများသည် လက်ရှိစီးပွားရေလောက ကိုလက်တွေ့ကျကျ
ဝင်ရောက်ဖြေရှင်းနိုင်ကြသဖြင့် နိုင်ငံတကာ
ကုမ္ပဏီကြီးများမှ အလွန်နှစ်သက်လက်ခံကြပါသည်။
- MBA သင်တန်းများလည်း MBA ရရန်အတွက်တက်ရောက်ရမည့်
၁၂ ဘာသာကို၊ မြန်မာနိုင်ငံ JCEE တွင် ပထမ ၎
ဘာသာပြီးပါက GRADUATE DIPLOMA၊ နောက်ထပ် ၎
ဘာသာပြီးပါက POST GRADUATE DIPLOMA
ရရှိပြီးနောက်ဆုံး ၄ ဘာသာကို MANTISSA COLLEGE
တွင်သွားရောက်တက်ခြင်းဖြင့် PARIS GRADUATE SCHOOL
OF MANAGEMENT ၏ IEMBA ကိုရရှိပါသည်။
- CERTIFICATE, EXECUTIVE DIPLOMA နှင့် IFA, UK
စာမေးပွဲများကို BRITISH GRADUATE SCHOOL OF
MANAGEMENT မှတိုက်ရိုက်စစ်ဆေးပါသည်။
- သင်တန်းကြေးများကို ၃
လတစ်ကြိမ်ပေးသွင်းနိုင်ပြီး သင်တန်းကြေးများတွင်
စာမေးပွဲ ဖြေဆိုခ၊ စာရွက်စာတမ်းကြေး
အင်္ဂလိပ်စာနှင့် အခြားအထောက်အကူပြု သင်တန်းစာရိတ်
အပြီးအစီးပါရှိပါသည်။
- မြန်မာနိုင်ငံ JCEE တွင် ဤသင်တန်းများကို
တက်ရောက်ခြင်းသည် MANTISSA COLLEGE, MALAYSIA
တွင်တိုက်ရိုက် BBA 4+0 တက်ရောက်ခြင်းထက် 14000
ကျော်ထက်သာပြီး ၊အချိန်မှာလည်း 2.5 yrs ၊ ၂
နှစ်ခွဲဖြင့် BBA ရနိုင်ပါသည်။ MBA အတွက် 5000
သက်သာပါသည်။
- LCCI (lll) ပြီးသူများအတွက် BBA ရရန် ၁ နှစ်
(သို့) ၁ နှစ်ခွဲသာကြာမြင့်ပါသည်။
- ထိုအပြင်အသက် ၂၁ နှစ်ရှိပြီး LCCI (lll)
အောင်မြင်သူများရော LCCI မအောင်မြင်သူများပါ၊
ACCOUNTING ဝါသနာပါ ပါက UK ၏ အဖွဲ့အစည်းဖြစ်သော
INSTITUTE OF FINANCIAL ACCOUNTANTS ၏ ADVANCE
DIPLOMA (၆)လ သင်တန်းကို JCEE တွင်တက်ရောက်နိုင်
ပါသည်။
- ဤ IFA, UK ၏ ADVANCE DIPLOMA ကို
မြန်မာနိုင်ငံတွင် JCEE သည် ပထမဦးဆုံးဖွင့်လှစ်
ပို့ချသည့် သင်တန်းကျောင်းဖြစ်ပါသည်။
- JCEE ၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာစီးပွားရေး ပညာ
ငွေစာရင်းနှင့် ဘဏ္ဍာရေးပညာကို
စိတ်ဝင်စားသူတိုင်းတက်ရောက်နိုင်ရေးဖြစ်သဖြင့်
လိုအပ်နေသော ပညာရေး
လိုအပ်ချက်များကို သင်တန်းများ မတက်ရောက်မှီ
(သို့) တက်လျှက်ပင် ဖြည့်ဆည်းပေးရေးဖြစ်သည်။
- သင်တန်းခွဲတစ်ခုတွင် ကျောင်းသား (၁ဝ)ဦးသာ
လက်ခံပြီး သင်ကြားသဖြင့် အလွန်ထိရောက်သော
သင်ကြားမှု့ ဖြစ်ပါသည်။
-ထိုပြင် အင်္ဂလိပ်စာလိုအပ်ချက်၊ စီးပွားရေးပညာ
အခြေခံလိုအပ်ချက်ရှိသူများလည်း သင်တန်းရက်မစမှီ
သင်ကြားထားရမည်ဖြစ်သဖြင့် အမြန် JCEE သို့
လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။
- အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက
JCEE, အမှတ် ၁၈-၄(က)၊ သပြေညို(၂)၊
ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း ကမာရွတ်၊ ဖုန်း -
09-5062891 သို့ ဆက်သွယ်နိုင်ပါသည်။
(23-3-2010)
Source : Ko Lin (Myanmar Training) |