DTU
မှာ ဘယ်လိုဘာသာရပ်တွေကို သင်ကြားပို့ချပေးပါသလဲ
ဒီဂရီ
Tracks ၁၃ ခုနှင့် Bachelor ဘွဲ့ ၂၄ ခုတို့ကို
သင်ကြားပို့ချလျက်ရှိပါတယ်။ နိုင်ငံတကာ သင်တန်းများ အနေနဲ့
Accounting, Computer, Computer Science, Hospitality, Banking
နှင့် Engineering ဘာသာရပ်တွေအပြင် တိုးချဲ့ ဘာသာရပ်အဖြစ်
Medicine, International Business နှင့် Information and
Communication Technology ဘာသာရပ်များကို သင်ကြားပို့ချ
လျက်ရှိပါတယ်။
တက္ကသိုလ်မှာရှိတဲ့
ဆရာတွေဟာ ဗီယက်နမ်နိုင်ငံသားဆရာတွေအပြင် တခြားဘယ်နိုင်ငံက လာပြီး
သင်ကြားပို့ချတဲ့ ဆရာတွေဖြစ်ပါသလဲ
နိုင်ငံတကာ
သင်တန်းအတွက် ဆရာ၊ ဆရာမများဟာ ဥရောပ၊ အမေရိက၊ ကနေဒါနဲ့
သြစတြေးလျ နိုင်ငံများမှ အတွေ့အကြုံရှိသူများ ဖြစ်ပါတယ်။
အများစုဟာ အနောက်နိုင်ငံများမှ လာရောက် သင်ကြား ပို့ချနေသူများ
ဖြစ်ပါတယ်။
DTU
က သင်ရိုးညွှန်းတမ်းတွေဟာ ဘယ်တက္ကသိုလ်တွေက သင်ရိုးညွှန်းတမ်းတွေကို
ကိုးကားထားတာပါလဲ
နိုင်ငံတကာ
သင်ရိုးညွှန်းတမ်း အားလုံးဟာ ဥရောပ၊ အမေရိက၊
အင်္ဂလန်နိုင်ငံတွေမှာရှိတဲ့ နာမည်ကြီး တက္ကသိုလ်တွေက
တိုက်ရိုက်ရယူထားပြီး သက်ဆိုင်ရာနိုင်ငံ တက္ကသိုလ်များနဲ့
အဖွဲ့အစည်းများရဲ့ အသိအမှတ်ပြုချက်ရ သင်ရိုးညွှန်းတမ်းများ
ဖြစ်ပါတယ်။ ဥပမာ Accounting အတွက် ACCA (UK)
မှ တိုက်ရိုက်အသိအမှတ်ပြုချက် Computer Science အတွက် CarnegreMellon Institute (USA) မှ အသိအမှတ်ပြုချက်နဲ့
ဆေးပညာဘွဲ့အတွက် Germany နိုင်ငံမှ တိုက်ရိုက် အသိအမှတ်ပြု
ဆရာဝန် လက်မှတ်တို့ကို ပေးအပ်နိုင်မှာ ဖြစ်ပါတယ်။ Seattle
Pacific University မှလည်း International Business
နဲ့ပတ်သက်ပြီးပူးပေါင်း Program ရှိပါတယ်။ International
Business Degree ဟာ အဲဒီ တက္ကသိုလ်ရဲ့ အသိအမှတ်ပြုချက်
ရှိပါတယ်။
DTU
မှာဘယ်ဘာသာရပ်ကို အဓိက သင်ကြားပေးပါသလဲ
Accounting,
Finance, Computer Science , Medicine နဲ့ MBA Programs များဟာ
ရေပန်းစားတဲ့ အဓိက ဘာသာရပ် များဖြစ်ပါတယ်။ MBA Programs ရဲ့
သင်ရိုးညွှန်းတမ်းဟာ Harvard University Business School ရဲ့
သင်ရိုးဖြစ်ပါတယ်။
မြန်မာပြည်ကျောင်းသားတွေအနေနဲ့
ဗီယက်နမ်က DTU မှာသင်ကြားမယ်ဆိုရင် ကုန်ကျစရိတ်အနေနဲ့
ဘယ်လောက်ရှိနိုင်သလဲ
ရိုးရိုး
Bachelor ဘွဲ့အတွက်ကန်ဒေါ်လာ ၃၅၀၀၊ MBA Program အတွက် ကန်ဒေါ်လာ
၅၅၀၀ (၁၈ လ Program ဖြစ်ပါတယ်) ၊ ဆေးပညာဘွဲ့အတွက် ကန်ဒေါ်လာ
၇၅၀၀ ကုန်ကျနိုင်ပါတယ်။ MBA မှလွဲပြီး ကျန်သင်တန်းများဟာ
တစ်နှစ် ၂ semester အတွက် ကုန်ကျစရိတ်ဖြစ်ပါတယ်
DTU
မှာတက်တဲ့ ကျောင်းသားတွေအနေနဲ့ အချိန်ပိုင်းအလုပ်လုပ်
ခွင့်ရှိပါသလား
ဒုတိယနှစ်
သင်တန်းများမှစပြီး Internship အလုပ်ကိုင်ခွင့် ရရှိမှာ
ဖြစ်ပါတယ်။ အချိန်ပိုင်း အလုပ်များ အနေနဲ့ မိမိတို့
အရည်အချင်းပေါ်မူတည်ပြီး အလုပ်အကိုင် အခွင့်အရေးရှိပါတယ်။ DTU
ဟာနိုင်ငံတကာ ကုမ္ပဏီကြီးတွေနဲ့ ချိတ်ဆက်ထားပြီး
ကျောင်းသားအလုပ်အကိုင် ရရှိရေးကိုလည်း ကူညီပေးပါတယ်။ ACCA
Students များအတွက်လည်း အချိန်ပိုင်း အလုပ်အကိုင်များ
ရရှိပြီး၊ Tourisms and Hospitality Students များအတွက်လည်း
အချိန်ပိုင်းအလုပ်အကိုင်များ ရရှိပြီး၊ Tourisms and
Hospitality Students များအတွက်လည်း
လုပ်ငန်းအတွေ့အကြုံနှင့်ပတ်သက်၍ အလုပ်အကိုင်များ ရှိပါတယ်။
အထူးသဖြင့် Computer Science သမားများအတွက် Boeing Company
နှင့်ချိတ်ဆက်ပြီး Program Software များရေးသားမှုနှင့်
ပတ်သက်ပြီး အလုပ်အကိုင်များ ရရှိနိုင်ပါတယ်။ အရည်အချင်းအလိုက်
ကန်ဒေါ်လာ ၅၀၀ မှ ၂၀၀၀ ကျော်အထိ ရရှိနိုင်ပါတယ်။
ဘယ်ဘာသာရပ်မဆို
ကျောင်းပြီးသွားရင် နိုင်ငံတကာမှာအလုပ်ဝင်လို့ရနိုင်ပြီလား။
နိုင်ငံတကာ ကုမ္ပဏီတွေမှ အလုပ်ရအောင် ဆောင်ရွက်ပေးပါသလား
DTU
ကပေးအပ်မယ့် နိုင်ငံတကာဘွဲ့ ဒီဂရီများဟာ သက်ဆိုင်ရာ
နိုင်ငံအဖွဲ့အစည်းများနှင့် တက္ကသိုလ်များရဲ့
အသိအမှတ်ပြုဘွဲ့လက်မှတ်များ ဖြစ်ပါတယ်။ ဒါကြောင့်ဘွဲ့ရ
ကျောင်းသားများ အနေနဲ့ ဘယ်နိုင်ငံမှာမဆို အလုပ်အကိုင် အတွက်
ယှဉ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် DTU အနေနဲ့လည်း
ကျောင်းသားများ အလုပ်အကိုင် ရရှိရေးကို ကူညီပေးမှာ ဖြစ်ပါတယ်။
DTU ဟာပြည်တွင်းမှာလည်း နိုင်ငံတကာ ကုမ္ပဏီများနဲ့
ချိတ်ဆက်ထားပါတယ်။ ဘာသာရပ်အိုက်လည်း အလုပ်အကိုင် အခွင့်အလမ်း
များ ကူညီပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ ဥပမာ- ဆေးပညာဘွဲ့ရများအတွက်
အမေရိကန်မှာ ဆရာဝန် လက်မှတ် ရရှိဖို့ USMLE
စာမေးပွဲဖြေဆိုနိုင်ရန် စီစဉ်ပေးပါတယ်။ DTU ရဲ့ဆေးပညာဘွဲ့ဟာ
ဂျာမနီမှာတော့ တိုက်ရိုက်ဆရာဝန်လုပ်ခွင့် ရှိပါတယ်။ WHO
ရဲ့အသိအမှတ်ပြုလည်း ဖြစ်ပါသည်။ Finance ဘာသာရပ်ဘွဲ့ရအတွက်
ဟောင်ကောင်နဲ့ တခြားနိုင်ငံများမှာ အလုပ်အကိုင်ရရှိမှု
အခွင့်အလမ်း ကောင်းများ ရှိပါတယ်။ Accounting , Business
Management နဲ့ Hospitality ဘာသာရပ်များ အတွက် ပြည်တွင်းနဲ့
နိုင်ငံတကာရှိ အလုပ်အကိုင် ရရှိရန် ကူညီပံ့ပိုးပေးမှာ
ဖြစ်ပါတယ်။ Accounting and Hospitality Students များအတွက်
ဗီယက်နမ်မှာ Companies and Hotels အလုပ်အကိုင်များ ရှိပါတယ်။
စင်ကာပူမှာလည်း အလုပ်ရှာဖွေနိုင်ပါတယ်။
DTU
ဟာဗီယက်နမ်ရဲ့ ဘယ်နေရာမှာတည်ရှိပါသလဲ
DTU
ဟာဗီယက်နမ်အလယ်ပိုင်းက ကမ်းခြေဆိပ်ကမ်းမြို့တော်ဖြစ်တဲ့
Dannong မြို့မှတည်ရှိပါတယ်။ Dannong Beach နဲ့ ၁၀ မိနစ်ခန့်သာ
ကွာဝေးတဲ့နေရာမှာ တည်ရှိပါတယ်။ Dannong ဟာ ဗီယက်နမ် ရဲ့
ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာမြို့လည်း
ဖြစ်သည်။
DayTan
University မှာနိုင်ငံခြားကျောင်းသား ဘယ်နှယောက်ရှိပါသလဲ
မြန်မာကျောင်းသား ရော ရှိပါသလား
DTU
မှာနှစ်စဉ် စုစုပေါင်းကျောင်းသား ၁၃၀၀၀ ရှိပါတယ်။ အဲဒီက ၃၀
ရာခိုင်နှုန်းဟာ နိုင်ငံတကာ သင်တန်းများကို
တက်ရောက်လျက်ရှိပြီး၊ မြန်မာကျောင်းသား ၄ ဦးရှိပါတယ်။ DTU ဟာ
၂၀၀၉ ခုနှစ် ပညာသင်နှစ်အတွက် အရှေ့တောင် အာရှ၊ တောင်အာရှ၊
ဥရောပ၊ အမေရိက စသဖြင့် ဒေသပေါင်းစုံမှ ကျောင်းသားသစ်များ
လာရောက်ပညာသင်ကြားရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး၊
ခန့်မှန်းခြေ ကျောင်းသား ၁၈၀၀၀ ခန့် လက်ခံသင်ကြားနိုင်ရန်
စီစဉ်ထားပါတယ်။
မြန်မာနိုင်ငံရဲ့
ပညာရေးဈေးကွက်ကို ထိုးဖောက်တဲ့အခါမှာ အောင်မြင်မှုရရှိမယ်လို့
ထင်ပါသလား
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံတစ်ခု ဖြစ်တဲ့အတွက် DTU
ရဲ့ ကျောင်းသားသစ် စုဆောင်းလိုတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။
မြန်မာကျောင်းသားများဟာ နိုင်ငံတကာမှာ ပညာသင်ကြား
နေမှုများရှိနေပြီး၊ ပညာရေးကို စိတ်ပါဝင်စား ကြောင်း
လေ့လာသိရှိရတဲ့အတွက် မြန်မာနိုင်ငံကို ဦးစားပေး
နိုင်ငံတစ်နိုင်ငံအနေနဲ့ ရှုမြင်ပါတယ်။ ဒီအတွက်ကြောင့်လည်း
အောင်မြင်မှုရရှိရန် မျှော်လင့်ပါတယ်။
မြန်မာနိုင်ငံပညာရေးအခြေအနေကို
လာရောက်လေ့လာဖူးပါသလား
ဇွန်လ ၆
ရက်နဲ့ ၇ ရက်များမှာ မြန်မာနိုင်ငံကို လာရောက်ပြီး
ပညာရေးဆွေးနွေးပွဲလုပ်ဖို့ စီစဉ် ထားပါတယ်။ မြန်မာနိုင်ငံ
ကျောင်းသားများနဲ့ သူတို့ရဲ့ ပညာရေးအခြေအနေကို နီးနီးကပ်ကပ်
လေ့လာနိုင်မှာ ဖြစ်ပါတယ်။
Day
Tan University ဟာတခြားတက္ကသိုလ်တွေနဲ့ မတူတဲ့ထူးခြားချက်တွေ
ရှိပါသလား၊ ရှိခဲ့ရင် သိချင်ပါတယ်
DTU
ဟာသင်ရိုးညွှန်းတမ်းဘွဲ့လက်မှတ်နဲ့ ကျောင်းသားတွေရဲ့
အရည်အသွေးနဲ့ပတ်သက်ပြီး အထူး အလေးထားပါတယ်။ နိုင်ငံတကာအဆင့်ရှိ
သင်ရိုးညွှန်းတမ်း၊ အသိအမှတ်ပြုဘွဲ့ဒီဂရီများနဲ့ အလုပ်အကိုင်
ရရှိမှုတို့ရဲ့ ဆက်စပ်မှုကို အလေးထား ပြီး
ကျောင်းသားများရဲ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေတဲ့
ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ DTU ရဲ့အောင်မြင်မှု တွေအနေနဲ့
၂၀၀၅ ခုနှစ်မှာတော့ Vietnam, Intellectual Property
Association ရဲ့ရွှေဖလားဆုကို ရရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့
International Programs များနဲ့ပတ်သက်ပြီး ဒေသအတွင်းမှာ
ပြည်သူပိုင်ရော၊ ပုဂ္ဂလိကပိုင် တက္ကသိုလ် များကို ကျော်ဖြတ်ပြီး
အကောင်းဆုံးအဆင့် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
ဗီယက်နမ်မှာ
အထင်ကရ တက္ကသိုလ် ဘယ်နှခုရှိပါသလဲ
ဗီယက်နမ်တက္ကသိုလ်၊ ကောလိပ် ၄၀၀ ကျော်ရှိပါတယ်။ အဲဒီထဲမှာ ၇၀
ကျော်ဟာ ဘွဲ့ဒီဂရီပေးအပ်နိုင်တဲ့ တက္ကသိုလ် များဖြစ်ပါတယ်။ ၁၁
ရာခိုင်နှုန်းဖြစ်တဲ့ တက္ကသိုလ် ၂၀ ကျော်ဟာ ပုဂ္ဂလိက တက္ကသိုလ်များ
ဖြစ်ပါတယ်။
DTU
အနေနဲ့ မြန်မာနိုင်ငံအပြင် တခြားဘယ်နိုင်ငံတွေကို
ထိုးဖောက်သွားဖို့ရှိပါသလဲ
DTU အနေနဲ့
မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နှစ်
နိုင်ငံအကြားဆက်ဆံရေးပိုကောင်းမွန် တိုးတက်ချင်ပါတယ်။
မြန်မာနိုင်ငံမှ ကျောင်းသားများ လာရောက်ခြင်းဖြင့်
နိုင်ငံတကာမှ ရရှိတဲ့ ပညာရပ်များ၊ ဗဟုသုတများ၊ အလုပ်အကိုင်နဲ့
အရည်အချင်း များကို ၂ နှစ်ငံများအကြား အပြန်အလှန်တိုးတက်မှု
ရှိစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။