Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' မှ ပေးသော Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:

« Interview Main


PSB Academy မှ မြန်မာပြည်ဆိုင်ရာ Country Manager ဒေါ်ဝင်းမာလှိုင် နှင့် တွေ့ဆုံခြင်း ...

ပြည်ပပညာသင် မြန်မာကျောင်းသားအများစု စိတ်ဝင်စားသည့် ပညာရေးစံချိန်မြင့်မားသည့် အစိုးရ၏ အထောက်အပံ့များရသော Government School များသာမက တစ်ဘက်မှာလည်း Private School များတွင် မြန်မာကျောင်းသားများနှင့် ဒေသတွင်း နိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူများပါ ၀ိုင်းဝန်း လျှောက်ထားကြသောကြောင့် ၀င်ခွင့်ပြိုင်ဆိုင်ရမှု အလွန်မြင့်မားနေပါသည်။ ယင်းတို့အနက် PSB Academy သည် သက်တမ်းအရင့်ဆုံး ကျောင်းတစ်ကျောင်းဖြစ်ပြီး၊ ယခုလက်ရှိ စင်္ကာပူ ပြည်တွင်းကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူမျာသည် PSB Academy ၏ Full-time နှင့် Part-time program များကို တက်ရောက်လာမှုမှာလည်း များပြားလာပါသည်။ အဘယ့်ကြောင့်ဆိုသော် PSB Academy သည် နိုင်ငံကြီးများမှ Ranking မြင့်သော University များနှင့် ချိတ်ဆက်ထားပြီး Full-time program အနေဖြင့် University of Newcastle (UON), Australia, California State University , Long Beach, USA, University of London များမှ program များကို သင်ကြား လေ့လာနိုင်ပြီး ချီးမြှင့်မှာ ဖြစ်ကြောင်း သိရပါသည်။ ယခုအခါ PSB Academy တွင် Scholarship and Study Grant များမှ ချီးမြှင့်မှာ ဖြစ်ကြောင်းသိရပါသည်။ ယခုအခါ PSB Academy တွင် Scholarship and Study Grant အစီအစဉ်များလည်း ရှိကြောင်း၊ PSB Academy မှ မြန်မာပြည်ဆိုင်ရာ Manager Daw Win Mar Hlaing ကို Myanmar Search International Services Co., Ltd တွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

ပထမဦးဆုံးမေးခွန်းက PSB Academy ကဘယ်အဖွဲ့အစည်း လက်အောက်ကပါလဲ။  

1964 ခုနှစ်တွင် စင်္ကာပူနိုင်ငံ၏ Economic Board (EDB) ကစတင်တည်ထောင်ခဲ့ပြီး 2006 ခုနှစ်တွင် ဂျာမန်ပိုင်အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ “ TUV SUD” ကုမ္ပဏီကို လွှဲအပ်ခဲ့ပါတယ်။

 

ဘယ်ဘာသာရပ်ကို ကျောင်းသူတွေ အယူများပါသလဲ။ ဘာကြောင့်ပါလဲ။  

Full-Time နဲ့ Part-Time မှာ ဦးရေ ၁၃၀ က ၁၅၀ ရှိပါတယ်။ အများစုက Engineering တက်နေပါတယ်။

 

PSB Academy မှာကျောင်းအပ်မယ်ဆိုရင် ဘယ်အချိန်လောက်ကြိုတင် လျှောက်သင့်ပါသလဲ။  

Engineering ကိုအယူများပါတယ်။ ကမ္ဘာမှာ Top 100 အတွင်းမှာပါတဲ့ University of Newcastle (UON), Australia နှင့် PSB Academy ကချိတ်ဆက်ထားပါတယ်။ PSB Academy ကျောင်းမှာ Engineering ဘာသာရပ်အတွက် Lab Facilities ရှိတာရယ်၊ UON က Engineering ဘာသာရပ်မှာဆိုရင် Washington Accord ရဲ့အသိအမှတ်ပြု ထားခြင်းခံရတာတွေကြောင့် ဖြစ်တယ်။

 

Engineering ဘာသာရပ်အတွက် Study Grant ကို စင်္ကာပူဒေါ်လာ ၁၀၀၀၀ ချီးမြှင့်တာကို ၂၀၀၉ ခုနှစ်မှာကော ဆက်လက် ချီးမြှင့်နေဦးမှာလား။  

၂၀၀၉ ခုနှစ်မှာလည်း Engineering ဘာသာရပ်အတွက် Study Grant စင်္ကာပူ ဒေါ်လာ ၁၀၀၀၀ ကိုဆက်လက်ချီးမြှင့်နေမှာပါ။

 

မြန်မာနိုင်ငံက B-Tech Engineering နဲ့ပြီးတဲ့ ကျောင်းသားတွေရော ဘယ်နှစ်က စတက်လို့ ရသလဲ။  

PSB Academy မှာ (Advanced Standing) လျှောက်လို့ရပါတယ်။

 

တခြားဘွဲ့နဲ့ ပြီးတဲ့သူ (ဥပမာ-ကွန်ပျူတာ၊ စီးပွားရေး) တွေကော။  

သက်ဆိုင်ရာ Major တွေမှာ Grade Point Average (GPA) ပေါ်မူတည်ပြီးတော့ (Advanced Standing) လျှောက်လို့ရပါတယ်။

 

PSB Academy မှာ Engineering နဲ့ ကျောင်းပြီးသွားရင် On Job Training (OJT) ကောရှိပါသလား။

အဲဒါမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ (၁၂) ပတ်နဲ့ညီမျှတဲ့ Industry Experience စီစဉ်ထားတယ်။

 

Engineering ကို ဘယ်နှနှစ်တက်ရပါသလဲ။

စင်္ကာပူမှာဆိုရင် (၄) နှစ်၊ သြစတြေးလျမှာ (၅) နှစ် တက်ရပါတယ်။ (Singapore မှာဆိုရင် ၁ နှစ်ကို 3 seminar , Australia မှာဆိုရင် 2 seminar)

 

2008 မှာ Business Administration (International Business) California State University, Long Beach (CSULB) ဘာသာရပ်ကို Study Grant စင်္ကာပူ ဒေါ်လာ ၁၀၀၀၀ ချီးမြှင့်သလို 2009 မှာ ဆက်လက်ချီးမြှင့်ဖို့ရှိလား။

ရှိပါတယ်။ PSB Academy က ၂၀၀၉ မှာလည်း Study Grant စင်္ကာပူဒေါ်လာ ၁၀၀၀၀ ဆက်လက်ချီးမြှင့်ဦးမှာ ဖြစ်သလိုထူးချွန်တဲ့ကျောင်းသားတွေကိုလဲ Study Grant စင်္ကာပူ ဒေါ်လာ ၁၀၀၀၀ အစား Scholarship စင်္ကာပူဒေါ်းလာ 20000 ကိုချီးမြှင့်ဖို့ရှိပါတယ်။

 

PSB မှာ University of Newcastle (UON) Engineer ဘွဲ့ပြီးရင် Master of Engineering ကို ဆက်တက်လို့ရပါသလား။

ဆက်တက်ချင်ရင်တော့ University of Newcastle (UON) က Master of Engineering ကို Australia မှာဆက်တက်လို့ရပါတယ်။

 

PSB Academy ကျောင်းမှာ တက်မယ့်ကျောင်းသားတွေအတွက် လိုအပ်မယ့် အရည်အချင်းတွေကရော။

၁၀ တန်းအမှတ် ပျှမ်းမျှ ၆၀ မှတ်ရှိပြီး၊ IELTS 5.5 လိုအပ်တယ်။ တစ်ခုချင်းစီမှာလည်း ၅ ရရမယ်။ Overall မှာလည်း 5.5 ရရပါမယ်။ PSB Academy year-1 အတွက် ၀င်ခွင့်အရည်အချင်း သတ်မှတ်ချက်ကတော့ IELTS (or) TOFEL မရှိရင် PSB ကသင်တဲ့ Certificate in English Proficiency (CEP) ကိုတက်ရပါမယ်။ Level-I 1 ခုကို 3 လစီတက်ရပါမယ်။ တက်ရမယ့် Level ကို PSB ကစစ်တဲ့ English Placement Test (EPT) ကိုကြည့်ပြီး ရွေးချယ်ပါတယ်။ ၁၀ တန်းအမှတ် မမှီရင် GCE ‘O’ Level 5 ဘာသာမှာ Grade ‘C’ ရှိရမယ်။ (မှတ်ချက်။ အင်္ဂလိပ်ဘာသာပါရမယ်။)

 

ဝင်ခွင့်မမှီတဲ့ ကျောင်းသားတွေ (IELTS (or) TOFEL) မရှိတဲ့ကျောင်းသား) English Placement Test (EPT) ဖြေရတယ်ဆိုတော့ 4 skills လုံးဖြေဆိုရမှာလား။

မဟုတ်ပါဘူး။ Reading ရယ်၊ Writing ရယ်ပါ။ ဒီနှစ် ၂၀၀၈ ခုနှစ်မှာတော့ Reading ၄၀ မှတ်၊ Writing ၆၀ မှတ်ပါ။

 

PSB Academy က (International Business) ဘာသာရပ်ကို Study Grant စင်္ကာပူ ဒေါ်လာ ၂၀,၀၀၀ စပေးတဲ့ အစီအစဉ်လေးကို ပြောပေးပါ။

PSB Academy က (International Business) ဘာသာရပ်ကို ပညာသင်ထောက်ပံ့ကြေး Scholarship စင်္ကာပူဒေါ်လာ ၂၀,၀၀၀ ချီးမြှင့်ပါတယ်။၎င်း Scholarship ပေးရခြင်းရည်ရွယ်ချက်ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ Multinational Company (MNC) များမှလိုအပ်နေသော တစ်ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးအမြင်တွေကို သင်ကြားပို့ချပေးတဲ့ ဘာသာရပ်ဖြစ်တာကြောင့် ၎င်းဘာသာရပ်ကို နိုင်ငံတကာ ထူးချွန်ကျောင်းသားတွေအား တက်ရောက်စေလိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်။

 

PSB Academy မှာမြန်မာကျောင်းသား ဦးရေးဘယ်လောက်ရှိသလဲ။

Full-Time နဲ့ Part-Time မှာ ဦးရေ ၁၃၀ က ၁၅၀ ရှိပါတယ်။ အများစုက Engineering တက်နေပါတယ်။

 

PSB Academy မှာကျောင်းအပ်မယ်ဆိုရင် ဘယ်အချိန်လောက်ကြိုတင် လျှောက်သင့်ပါသလဲ။

အနည်းဆုံး ၂ လလောက်ကြိုလျှောက်သင့်ပါတယ်။

 

ကျောင်းချိန်တွေကရော။

International Student တွေက မနက် ၉ နာရီက ညနေ ၅ နာရီအတွင်း တက်ရပါတယ်။

 

 Part Time နှင့် Full-Time ကို ဘယ်လိုကျောင်းသားတွေ တက်လို့ရပါသလဲ။

International Student (Student Pass) နေတဲ့ကျောင်းသားတွေက Full-Time တက်လို့ရပြီး (local) ကျောင်းသား၊ စင်္ကာပူနေထိုင်ခွင့် (အလုပ်လုပ်နေတဲ့သူ) တွေကတော့ Part Time ပဲတက်လို့ ရပါတယ်။

 

စင်္ကာပူက အကြီးဆုံး Private School (5) ကျောင်းမှာ PSB Academy ပါဝင်တယ်။ အဲဒါလေးကို ရှင်းပြပေးပါ။

PSB Academy က Ranking မြင့်တဲ့ University တွေနဲ့ ချိတ်ဆက်ထားတာတွေ၊ Quality ကိုထိန်းသိမ်းတဲ့ကျောင်းဖြစ်တာတွေနဲ့ Private School တွေထဲမှာ သက်တမ်းအရင့်ဆုံး ကျောင်းတစ်ကျောင်းဖြစ်လို့ပါ။

 

ကျောင်းသားတွေအတွက်ပြောပေးပါဦး။

တချို့က IELTS အရမ်းကောင်းတယ်။ ဒါပေမဲ့ ဟိုရောက်ရင် Speaking Listening Conversation နည်းနည်းအားနည်းတော့ ဆရာသင်တာ သိပ်နားမလည်တာရယ်။ ဆရာကိုပြန်ပြီး Question ပြန်မပေး တတ်တာရယ်က ဒုက္ခရောက်တတ်တယ်။ အဲဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် English ၀င်ခွင့်ကို ဖြေဆိုပြီး မိမိရတဲ့ Level အလိုက် ဟိုမှာတက်။ ပြီးရင် First year ကိုဆက်တက်ပေါ့နော်။ အရမ်းကြီး Ready ဖြစ်မှသွားရင် ကျောင်းသားအနေနဲ့ အချိန်ပိုပြီးနှောင့်နှေးသွား နိုင်တယ်။ အမှန်ဆို English သီးသန့်တစ်ခုတည်းနဲ့ အချိန်မဖြုန်းစေချင်ပါဘူး။ မိမိအိမ်က ပံ့ပိုးပေးနိုင်မယ်ဆိုရင် အကောင်းဆုံးကတော့ အင်္ဂလိပ်စာကို ဟိုမှာတက်ပြီးဘွဲ့ကို ဆက်ယူပေါ့နော်။

 

အခုလို PSB Academy အကြောင်း ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့ Country Manager ဒေါ်ဝင်းမာလှိုင် ကိုကျေးဇူးတင်ပါတယ်။

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats