|

«
Interview
Main
MAT Professional Training
မှ Deputy Principal ဦးမြင့်ဦး
နှင့်တွေ့ဆုံခြင်း...
မြန်မာနိုင်ငံမှာ
UK ကပေးတဲ့ LCCI ကို ဘယ်အချိန်က ကျောင်းသားတွေ
အသိအမှတ်ပြုခဲ့ပါလဲ?
1990 ကတည်းက LCCI စခဲ့တာပါ။ ကျောင်းသားတွေက
British Council ကို တိုက်ရိုက်သွားပြီး
ဒီဘာသာရပ်ကို
ဖြေချင်လို့ပါစာရင်းပေးပြီးဖြေတဲ့အဆင့်ဘဲ
ရှိပါသေးတယ်။ 1995 နောက်ပိုင်းမှ
သင်တန်းကျောင်း တွေ တိုးပွားလာတာပါ။
UK
ကပေးတဲ့ LCCI
အဖွဲ့အစည်းအကြောင်းပြောပြပေးပါဦးဆရာ။
LCCI ကအမှန်တော့ England
နိုင်ငံမှာအစိုးရအသိအမှတ်ပြုထားတဲ့
အဖွဲ့အစည်းပါ London Chamber of Commerce
Industry လို့ခေါ်ပါတယ်။
မြန်မာပြည်မှာကုန်သည်ကြီးများအသင်းလို့ခေါ်သလိုပေါ့။
ကုန်သည်တွေအတွက်လိုအပ်တဲ့သင်တန်းလေးတွေပေးမယ်ဆိုပြီတော့ဖွင့်ခဲ့ရာက
တဖြည်းဖြည်း ကျယ်ပြန့် လာတာပါ။
စာရင်းအင်းပညာကို အခုမှ စလေ့လာတဲ့
ကျောင်းသားတွေအတွက်ကတော့ LCCI က
တော်တော်လေးပြေပြစ်ပါတယ်။
ကျောင်းသား
၁ ယောက်ကစာရင်းအင်းပညာကို
အခုမှစလေ့လာမယ်ဆိုရင် ဘယ်အဆင့်က
စလေ့လာသင့်ပါသလဲ?
မြန်မာနိုင်ငံက သင်တဲ့ Diploma
တန်းတွေကလဲ တော်တော်လေ ပြည့်စုံပါတယ်။ ဒါပေမဲ့
Eco ကျောင်းတက်ခွင့် မရတဲ့ကျောင်းသားတွေကတော့
International Diploma ဖြစ်တဲ့ LCCI Level I က
စတက်နိုင်ပါတယ်။ ငွေကြေးတက်နိုင်တယ်ဆိုရင်
Accounting နဲ့ပတ်သက်ပြီး CAT လို့ခေါ်တဲ့
သင်တန်းပေါ့လေ။ သူက LCCI ထက်မြင့်တယ်။ LCCI
အောင်ပြီးမှ တက်လို့ရပါတယ်။ သူက Registration
Fees တွေဘာတွေ သွင်းရပါတယ်။ CAT က ဘာသာရပ် ၉
ဘာသာပါတယ်။ LCCI Level 3 အောင်ပြီးရင် ၄ ဘာသာ
ကင်းလွတ်ခွင့်ရပါတယ်။
LCCI
Level မှာ MAT က ကျောင်းသားတွေအနေနဲ့
ဘယ်လိုဆုတံဆိပ်တွေရရှိခဲ့ပါသလဲ၊ ဘယ် Level
မှာရခဲ့တာပါလဲ?
MAT က သင်တန်းတွေကို ဖြန့်ထားတဲ့သဘောပါ။ LCCI
ကနေ ACCA ထိရှိပါတယ်။ Computerize Accounting
လည်းရှိတယ်။ ကျောင်းသားတွေက ပုံသေ
တိုက်ရိုက်သင်တန်းအပ်တာရှိတယ်။ Coperater
Training လို့ခေါ်တဲ့ Company က
ဝန်ထမ်းတွေအရည်အသွေးတက်လာအောင်သင်ကြားပေးတာ
မျိုးလည်း ရှိတယ်။
သင်တန်းပုံစံတွေအများကြီးဖြစ်လာတယ်။ LCCI မှာ
ပြီးခဲ့တဲ့ Series က ရွှေတံဆိပ်ရတာ ရှိပါတယ်။
Accounting Paper မှာ က Medalist
တော်တော်များများ ရကြပါတယ်။ Marketing Diploma
Group u ရွှေတံဆိပ်ရတဲ့သူနည်းပါတယ်။
LCCI
မှာ Schalorship ပေးတာများရှိခဲ့ရင်
ပြောပြပေးပါဦးဆရာ။
Scholarship က LCCI Level မှာ ပေးပါတယ်။ သူက
ဒီလိုပါ။ သင်တန်းကြေးမတတ်နိုင်တဲ့
နွမ်းပါးတဲ့ သူတွေကို အဓိက ရွေးပါတယ်။
ကျောင်းသားက Course Fees အရင်ပေးပါတယ်။
ပြီးတော့မှ Scholarship ကတော့ အရမ်းကို
ကြိုးစားပြီးထူးချွန်တဲ့ ကျောင်းသားကို Exam
Fees ကင်းလွတ်ခွင့် ပေးတာပါ။ ကျောင်းသားက
ကြိုးစားရင် ကြိုးစားသလောက်
ကင်းလွတ်ခွင့်ရတယ်လို့ ပြောချင်ပါတယ်။ အဓိက
ကတော့ ကျောင်းသားကစာလဲတော်ရမယ်။ ချိုတဲ့ တဲ့
ကျောင်းသားလည်းဖြစ်ရမယ်ပေါ့။ သူ့ရဲ့
ကြိုးစားမှုအပေါ်မူတည်ပြီး MAT က Test
ဖြေရပါတယ်။ အောင်တော့မှ British Council ကို
တင်ရပါတယ်။ အဲဒီမှာလည်း Interview ဖြေရပါတယ်။
LCCI
Level 3 အောင်ပြီးရင် ဘယ်ဘာသာရပ်တွေ
ဆက်တက်လို့ရပါသလဲ?
အဲဒါက CAT သွားမလား။ ACCA သွားမလား။
သူမိဘကဘယ်လောက်အထိ ထောက်ပံ့နိုင်သလဲ၊
စာဆက်ဖတ်နိုင်သလဲပေါ်မူတည်ပါတယ်။
အလုပ်လုပ်ပြီးတော့ ACCA ကို အလုပ်တစ်ဖက်နဲ့
တက်နေကြတဲ့သူတွေလဲအများကြီးပါ။ MAT
မှာကသင်တန်းချိန်ကို
ရုံးချိန်လွတ်စီစဉ်ထားပါတယ်။ ကြားရက်တွေမှာ
ညနေပိုင်း သင်ပေးပါတယ်။ စနေနေ့ ကညနေပိုင်းနဲ့
တနင်္ဂနွေက တစ်နေကုန် သင်တန်းတွေရှိပါတယ်။
LCCI
Level ဘယ်လောက်မှာ
အလုပ်အကိုင်ရရှိဖို့လွယ်ကူပါသလဲ ?
LCCI အောင်ပြီးတဲ့ ကျောင်းသားတွေ
မြန်မာပြည်မှာ စာရင်းကိုင်အလုပ်လုပ်လို့ရသလို
Singapore မှာလဲသွားလုပ်လို့ရပါတယ်။
စင်္ကာပူမှာတော့ ပိုလုပ်ရတာပေါ့။
လစာလဲထိုက်သင့်သလောက် ရကြပါတယ်။ Diploma
ရပြီးရင် မြန်မာပြည်မှာတခြားဘွဲ့ရတွေနဲ့ အတူတူ
တွဲပြီးခန့်ထားတာတွေလဲရှိပါတယ်။ LCCI
ပြီးရင်တော့ အခြေခံစာရင်းကိုင်
အလုပ်လောက်တော့ရပါတယ်။ သိပ်ကြီးတဲ့
International Company ကြီးတွေဆိုရင်တော့ CPA
သို့မဟုတ် ACCA လောက်တော့ အနည်းဆုံး
တတ်ထားသင့်ပါတယ်။
LCCI
မှာ Paper ဘယ်နှစ်ခုရှိပါသလဲ ?
စာမေးပွဲစစ်ဆေးပုံလေး သိပါရစေ။
LCCI က Financial နှင့် Management
ဆိုပြီး ၂ ပိုင်းရှိပါတယ်။ Financial Paper က
လွယ်လို့အဖြေများကြပြီး Management Paper
ကတော့ဖြေတဲ့သူ နည်းပါတယ်။ Financial Paper
ဆိုရင် Dip in Accounting Dip in Management
Accounting စသဖြင့်ပေါ့လေ။
ACCA
Knowledge မှာ Paper F1, F2, F3 ကို CBE နဲ့
ဖြေဆိုနိုင်တဲ့အကြောင်းလေးသိပါရစေ။
CBE အရှည်ကောက်က Computer Based
Examination ပါ။ Computer နဲ့
စာမေးပွဲဖြေရတာပါ။ ACCA က အသိအမှတ်ပြုထားတဲ့
Centre တွေမှာ CBE ကို ဖြေလို့ရပါတယ်။
အားသာချက်က ကျောင်းသားက ဒီမှာပဲတက်ပြီး
ဒီမှာပဲဖြေလို့ရတော့ အကုန်အကျအရမ်းသက်သာတယ်။
ဟိုမှာ သွားဖြေတာထက်စာရင်ပေါ့။ ACCA
Authorized Centre ဆိုတာ ၂ မျိုးရှိပါတယ်။
သင်တန်းဘဲသင်ပေးတဲ့ ကျောင်းနဲ့
စာမေးပွဲဖြေလို့ရတဲ့
ကျောင်းဆိုပြီးခွဲခြားထားပါတယ်။ ကျွန်တော်တို့
MAT မှာက စာသင်ကြားပေးသလို စာမေးပွဲလည်း
စစ်ဆေးပေးတဲ့ ကျောင်းဖြစ်ပါတယ်။
စင်္ကာပူနဲ့
မလေးရှားမှာ အလုပ်အကိုင်ရဖို့
ဘယ်နယ်ပယ်ကပိုပြီးကောင်းပါသလဲ။ ACCA လား? LCCI
လား?
စင်္ကာပူမှာ LCCI တွေ တော်တော်များများ
ခေါ်ပါတယ်။ ACCA ကတော့ မလေးရှားတင်မက
England တို့
တခြားနိုင်ငံတော်တော်များများ
လုပ်လို့ရပါတယ်။ ဘာသာစကားကလဲ
အရေးကြီးပတယ်။ စင်္ကာပူလို နိုင်ငံမှာ
တရုတ် စကားနဲ့ အင်္ဂလိပ်ဘာသာရပ်တွေ
တတ်ထားရင်ပိုကောင်းပါတယ်။
နိုင်ငံခြားမှာ အလုပ်လုပ်မယ်
ဆိုရင်ဘာသာစကား ၂
မျိုးလောက်တော့တတ်ထားသင့်ပါတယ်။
ဘာသာစကားက အချိန်မရွေး
တတ်လို့ရပါတယ်ဆိုပြီး
ဂရုမစိုက်ဘဲသင်ချင်မှ သွားတတ်တာ
မျိုးက မဖြစ်သင့်ပါဘူး။
LCCI
နဲ့ ACCA ဘာသာရပ်တွေကို မြန်မာပြည်သာမက
ဘယ်နိုင်ငံတွေမှာပါ ဖြေဆိုလို့ရပါသလဲ?
နိုင်ငံတော်တော်များများမှာ ဖြေလို့ရပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ မြန်မာပြည်မှာ ACCA က
တိုက်ရိုက်လာဖွင့်တဲ့
စင်တာမျိုးတော့မရှိသေးပါဘူး။
Myanmar
Training ကနေ ကျောင်းသားတွေကို
ဘာများပြောချင်ပါသေးသလဲ?
ကျောင်းသား ၁ ယောက်ကလေ
သင်တန်းတခုတက်မယ်ဆိုရင် ဘယ်သင်တန်းပဲဖြစ်ဖြစ်
အပျော်တက်တာမျိုးမဟုတ်ဘဲ
အနာဂတ်အတွက်ရည်မှန်းချက်ကြီး ကြီးထားပြီးတော့
တတ်သင့်ပါတယ်။ ဒီသင်တန်းက ကိုယ်စိတ်ဝင်စားတဲ့
သင်တန်းလား။ မိဘကကောဘယ်လောက်အထိ
ထောက်ပံ့နိုင်သလဲ။ ကိုယ်ကိုယ်တိုင် ကကော
ဘယ်လောက်အထိကြိုးစားနိုင်သလဲ
ဆိုတဲ့အချက်တွေကိုကြည့်သင့်ပါတယ်။
အခုလိုဖြေကြားပေးတဲ့အတွက်
ဆရာ့ကို Myanmar Training ကနေ
ကျေးဇူးအများကြီးတင်ပါတယ်။
ဟုတ်ကဲ့။ ကျွန်တော်ကလည်း အခုလို
Myanmar Training ကနေ ကျွန်တော်တို့ MAT
သင်တန်းကျောင်းကို အင်တာဗျူးလာမေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။
|