|

«
Interview
Main
Ocean Gate Training Center
မြန်မာပြည်တွင် ICDL သင်တန်းသင်ကြားပေးနေသော
City and Guilds (IT and Tourism) Diploma
သင်ကြား ပေးနေသော Ocean Gate Training Centre
မှ Chief Operation Officer ဦးသိန်းစိုးကို
Myanmar Training မှ သင်တန်းနှင့် ပတ်သက်ပြီး
သိလိုသည်များကို မေးမြန်းခဲ့ပါသည်။
Ocean
Gate Training Centre ကို ဘယ်အချိန်က
စဖွင့်ခဲ့တာလဲ။
၂၀၀၅ ခုနှစ် ဇန်န၀ါရီလက စတင်ဖွင့်လှစ်ခဲ့တာပါ။
Ocean
Gate ရည်ရွယ်ချက်လေးများ ရှိရင်ပြောပြပေးပါ။
အဓိက မြန်မာနိုင်ငံသားတွေ အထူးသဖြင့်
လူငယ်တွေအတွက် အကျိုးရှိမယ့် သူတို့ရဲ့
ဘ၀တက်လမ်း အထောက်အကူပြုမယ့် သင်တန်းတွေကို
ဖွင့်လှစ်ပေးတာပါ။ Ocean Gate ရဲ့ Vision
မှာကိုက ပညာရပ်နယ်ပယ်ဝန်းဆီကို
စတင်ဝင်ရောက်ရမယ့် နေရာတစ်ခု ဖြစ်စေရမယ်လို့
ဆိုထားပါတယ်။ သင်တန်းသားတွေ အတွက်ရော၊
ကျောင်းအတွက်ရော အကျိုးရှိမယ့် သင်တန်းတွေ
နောက်ပြီး သင်တန်းသားတွေ သုံးလိုက်ရတဲ့
ငွေကြေး အတွက်နဲ့လည်း ထိုက်တန်တဲ့
ပညာရပ်တစ်ခုခုကို ရစေချင်တဲ့ ရည်ရွယ်ချက်နဲ့
ဖွင့်လှစ်ခဲ့တာပါ။
ICDL
သင်တန်းအတွက် ဘာအရည်အချင်းတွေ လိုအပ်ပါသလဲ။
ICDL က Every People လူတိုင်းအတွက် ၊
ဘယ်လုပ်ငန်းခွင်ကမဆို ပညာရေးနဲ့ ပတ်သက်ပြီး
ကန့်သတ်ချက် မရှိပါဘူး။ လူတိုင်း
တက်လို့ရပါတယ်။
ICDL
က Level ဘယ် ၂ ခုရှိပါသလဲ။
ပြောမယ်ဆိုရင် ICDL Core နဲ့ Advanced ဆိုပြီး
Level 2 ခုရှိပါတယ်။ အဲဒါတွေက office,
operation တွေ အတွက်ပေါ့လေ။ ဒါ့အပြင်
specialized subject အဖြစ် ICDL Cad ဆိုရင်
Auto CAD ပေါ့နော်။ Image Maker ဆိုရင် Photo
Editing ပိုင်းပေါ့နော်။
ICDL
ပြီးသွားရင် ဘယ်သင်တန်းတွေ ဆက်တက်ဖို့ လိုသလဲ။
ကွန်ပျူတာနယ်ပယ်မှာ အလုပ်အကိုင် ရရှိမှုကော။
ICDL ပြီးသွားရင် အလုပ်ရမယ်လို့
ပုံသေတော့မရှိပါဘူး။ သူက IT နဲ့ တစိမ်းသက်သက်
Non-IT သမားတွေ အတွက် ရုံးလုပ်ငန်း operation
ပိုင်းတွေမှာ အသုံးဝင်ပါတယ်။ သူ့မှာ ရှိတဲ့
Qualification တွေက ကိုယ်နဲ့ ကိုက်ညီမယ်
ဆိုရင် လုပ်ငန်းခွင်မှာ အသုံးချလို့
ရနိုင်ပါတယ်။
Oversea
Education ၀န်ဆောင်မှုမှာကော ဘယ်နိုင်ငံက
ကျောင်းတွေနဲ့ ချိတ်ဆက်ထားပါသလဲ။
အဓိကကတော့ စင်္ကာပူက Private School
တွေပေါ့။ ဒါ့အပြင် မလေးရှားနှင့် UK က
ကျောင်းတွေနဲ့လည်း ချိတ်ဆက်ထားပါတယ်။
အားလုံးပေါင်း ကျောင်း (၁၀) ကျောင်းဝန်းကျင်
လောက်ရှိပါတယ်။
Oversea
မှာကျောင်းတက်မယ့် ကျောင်းသား၊ သူကို Ocean
Gate ကနေ ဘယ်လို ၀န်ဆောင်မှုတွေ ပေးပါသလဲ။
ဒါကတော့ သူတို့အတွက်လိုအပ်တဲ့
ကျောင်းအပ်တဲ့အချိန်ကစလို့ oversea
ကိုရောက်သွားရင် ကြိုဆိုပေးတဲ့ အပိုင်းတွေ
လုပ်ပေးပါတယ်။ ဒီမှာလည်း One-to-One
Counseling တွေလည်း ကျောင်းသားတွေကို
ပြုလုပ်ပေးပါတယ်။ Seminar တွေလည်း
ရံဖန်ရံခါဆိုသလို ကျင်းပပေးပါတယ်။
Computer
for kids သင်တန်းက ဘယ်လိုအတန်းတွေ သင်ပေးတာလဲ။
အသက် ဘယ်နှနှစ်က စတက်လို့ရသလဲ။
ဒီသင်တန်းက သူ့အသက်အရွယ်၊ သူ့ Course
အလိုက်ပေါ့။ မတ်လမှာဖွင့်မယ့် Computer for
kids က အနည်းဆုံး အသက် ၇ နှစ်က ၁၂ နှစ်အထိ
ရှိပါတယ်။ အခြေခံသင်တန်းက ၇
နှစ်အရွယ်ကလေးတွေနဲ့ Digital Image သင်တန်းက
၁၂ နှစ်အထက် ကလေးတွေအတွက် ဖြစ်ပါတယ်။
City
and Guilds Tourism အပိုင်းကကော ဆရာ။ On-Job
ဆင်းတဲ့အပိုင်းပေါ့။
တချို့ Hotels တွေ၊ Tourism
လုပ်ငန်းတွေမှာ on- job ဆင်းနိုင်ဖို့
ဆောင်ရွက်နေပါတယ်။ သင်တန်း ဖွင့်တာ
သိပ်မကြာသေးပါဘူး။ ၃ လ၊ ၄ လ လောက်တော့
ရှိပါပြီ။
ကျောင်းသား၊
ကျောင်းသူကို Myanmar Training ကနေ
ဘာများပြောချင်ပါသလဲ။
အဓိကကတော့ သင်တန်းတက်မယ်ဆိုရင်
တကယ်ဝါသနာပါတာရွေးဖို့။
တက်ပြီးရင်လည်း အဆုံးအထိ အောင်မြင်မှု
ရရှိအောင် ကြိုးစားသွားဖို့ပါပဲ။
ကိုယ့်ဘ၀တက်လမ်း
အကျိုးရှိမယ့်သင်တန်းကို
ရွေးချယ်တက်ရောက်ဖို့က အရေးကြီးပါတ်။
ဒီလိုအချိန်မှာ
အပျော်တက်ရမယ့်အချိန်လည်း မဟုတ်တော့
သင်တန်းတက်ရင် ကိုယ့်အတွက် တခုခု
ကျန်ခဲ့တဲ့ အကျိုးရှိ တဲ့
သင်တန်းမျိုးကို တက်ရောက်ကြပါလို့
ပြောချင်ပါတယ်။
အခုလို
ICDL သင်တန်းသင်ကြားပေးနေသော City and Guilds
(IT and Tourism) Diploma သင်ကြား ပေးနေသော
Ocean Gate Training Centre မှ Chief
Operation Officer ဦးသိန်းစိုးကိုကျေးဇူးတင်ပါတယ်။
|