|

«
Interview Main

YIUS ကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကို
သိပါရစေ။
မြန်မာကျောင်းသား/ သူများ
“ကမ္ဘာ့အဆင့်မှီပညာရေးသို့လျှောက်လှမ်းရန်နှင့်နိုင်ငံတကာတက္ကသိုလ်
များတွင်
တက်ရောက်ပညာသင်ကြားရန် ”
အသင့်ပြင်ဆင်ပေးသော ကျောင်းအနေဖြင့် ရည်ရွယ်၍
ဖွင့်လှစ်ခြင်း
ဖြစ်ပါတယ်။
သင်ကြားပေးတဲ့
Course တွေကို ပြောပြပေးပါ။
Australia Foundation Course, Pre-University
English (Level 1,2 and Advance 1,2) .
Foundation
Course က Australia 12 တန်းနဲ့ ညီမျှတယ်လို့
သိရပါတယ်။Australia ကျောင်းက Foundation
Course အတိုင်း ဒီမှာ သင်ပေးတာလား။
ဟုတ်ပါတယ်။ Australia ကျောင်းက Foundation
Course အတိုင်း YIUS မှာ ကုန်ကျစရိတ်
သက်သာစွာဖြင့် သင်ပေးတာဖြစ်ပါတယ်။
Foundation
Course က သင်တန်းကာလ ဘယ်လောက်ကြာပါသလဲ။
စာမေးပွဲတွေ ကော ဖြေရလား။
သင်တန်းကာလ (၇) လဖြစ်ပါတယ်။ (၃)
လခွဲကို Timester (1) ခုသတ်မှတ်ပြီး
စုစုပေါင်း Timester (2) ခု တက်ရမှာဖြစ်ပါတယ်။
Foundation
(Certificate IV) သင်တန်းအောင်ပြီးရင်
Australia ကျောင်းတွေရဲ့ Bachelor First Year
ကို GCE ‘O’ Level မလိုဘဲ
တက်ရောက်နိုင်တယ်လို့ သိရပါတယ်။ အဲဒါလေး
ရှင်းပြ ပေးပါ။
ဟုတ်ပါတယ်။ Australian နိုင်ငံရှိ
ကျောင်းများရဲ့ Education System နဲ့ Pathway
အတိုင်း ဖြစ်ပါတယ်။ ဒါကြောင့် Foundation
(Certificate IV) အောင်ပြီးသူတိုင်း
Australian ကျောင်းတွေရဲ့ Bachelor First Year
ကို GCE ‘O’ Level မလိုဘဲ တက်ရောက်နိုင်ပါတယ်။
Pre
University English Course က Level တစ်ခုကို
ဘယ်လောက်ကြာသလဲ။ စာမေးပွဲကော
ဘယ်နှစ်ခါဖြေရပါသလဲ။
PUE English Course Level က (၃) လခွဲကြာပါတယ်။
PUE Level တွင် Presentation , Assignment,
Test and Final Exam များဖြေရပါတယ်။
Pre
University English Course Advanced Level
ပြီးရင် Australia ကကျောင်းတွေမှာ ဘယ် level
ကစတက်လို့ရပါသလဲ။
PUE, Advanced Level များသည်
အင်္ဂလိပ်စာအတွက်သာဖြစ်၍ Australian
ကကျောင်းတွေမှာ ဘယ် Level မှစတက်လို့ မရပါဘူး။
ကျောင်းသားတစ်ယောက်က
Australia မှာကျောင်းသွားတက်မယ်ဆိုရင် ဘာတွေ
ကြိုတင်ပြင်ဆင် ရပါသလဲ။
ပထမဆုံးအနေနဲ့ အင်္ဂလိပ်စာ ကောင်းမွန်စွာ
တတ်မြောက်ရပါမယ်။ အနည်းဆုံး အထက်တန်းအောင်
(သို့) GCE ‘O’ Level ပြီးရပါမယ်။
ပျမ်းမျှအားဖြင့် IELTS
အမှတ် 5.5 (or) 6.0 ရှိရပါမယ်။
YIUS
ကျောင်းအနေနဲ့ Australia က
ဘယ်လိုကျောင်းတွေနဲ့ ချိတ်ဆက်ထားပါသလဲ။
Australia နိုင်ငံရှိ Curtin, ECU, pibt, qibt,
mibt, sibt, saibt (University / College)
များနှင့် သာမက Western Australia (TAFE
Institutes) ကျောင်းများနဲ့လဲ
ချိတ်ဆက်ထားပါတယ်။
Australia
ကျောင်းတွေက ကျောင်းသားကို ဘယ် Level
ကြည့်ပြီးဆုံးဖြတ်တာလဲ။ ဥပမာ- IELTS, TOFEL,
Sat လားတစ်ခုခုပေါ့။
IELTS
YIUS
ကကျောင်းသားတွေ Australia Student Visa
လျှောက်တဲ့အခါ ဘယ်လို ကူညိဆောင်ရွက် ပေးတာလဲ။
Australia Student Visa လျှောက်ရာတွင် Visa
လျှောက်ခြင်းလိုအပ်ချက်နှင့်
စာရွက်စာတမ်းများ၊ Form ဖြည့်နည်းများအပြင်အဆင့်ဆင့် လုပ်ဆောင်ချက်များကို
အခမဲ့ကူညီဆောင်ရွက်ပေးပါတယ်။
YIUS
နှင့် ချိတ်ဆက်ထားတဲ့ Curtin University of
Technology က ဘာသာရပ်ဘယ်နှစ်ခု
သင်ကြားပေးတာလဲ။
Curtin University of Technology
ကဘာသာရပ်များမှာ Over (815) Courses ရှိပါတယ်။
ကျောင်းအပ်မည့်
Intake တွေကကော။ ကျောင်းအပ်မယ်ဆိုရင်
ဘယ်အချိန်လောက်က ကြိုတင် ပြင်ဆင်သင့်ပါသလဲ။
Intake များကတော့ February, Jun နှင့် October
လများဖြစ်ပြီး ကိုယ်တက်မည့် Intake မတိုင်ခင်
အနည်းဆုံး (၆) လကြိုတင်ပြင်ဆင်ရပါမယ်။
Myanmartraining
ကနေ ကျောင်းသားတွေကို ဘာများပြောချင်ပါလဲ။
အင်္ဂလိပ်စာသည် နိုင်ငံတကာ သုံးဖြစ်၍
မြန်မာနိုင်ငံ၌ပင် ကုန်ကျမှုသက်သာစွာ အချိန်ယူ
လေ့လာ သင်ယူခြင်းဖြင့်
နိုင်ငံတကာတက္ကသိုလ်များတွင် တက်ရောက်
ပညာသင်ကြားနိုင်ငရုံသာမက လူမှု
ဆက်ဆံရေးတွင်လည်း အထောက်အကူ များစွာရပါတယ်။
ထို့အပြင် နိုင်ငံတကာသို့ သွားရောက်
ပညာသင်ကြားလိုသော ကျောင်းသား / သူများအနေဖြင့်
ကျောင်းလျှောက်ပေးရာတွင် တိကျ မှန်ကန်စွာ
လမ်းညွှန်အကြံပေးသော ကျောင်းများကိုသာ
လေ့လာသုံးသပ် ဆက်သွယ်သင့်ကြောင်း
အကြံပြုချင်ပါတယ်။
အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးသော
YIUS မှာ တာဝန်ရှိသူ မမွန်ရည်ငြိမ်းကိုကျေးဇူးတင်ပါတယ်။
|