CIMA
သည် စီမံအုပ်ချုပ်မှု
စာရင်းကိုင်များအတွက် အရည်အသွေး အဆင့်အတန်းများ
သတ်မှတ်ပေးနိုင်သည့် လွတ်လပ်သော ကျွမ်းကျင်မှု
အဖွဲ့အစည်းဖြစ်ပါသည်။
CIMA
၏ ရည်ရွယ်ချက်မှာ ၎င်း၏အဖွဲ့ဝင်များကို
ကမ္ဘာ့အအောင်မြင်ဆုံးတန်းဝင် အဖွဲ့အစည်းကြီးများကို
ကိုင်တွယ်ထိန်းချုပ်စီမံနိုင်ရန်ဖြစ်သည်။
CIMA Professional
Qualification
သည် အခြားသောစာရင်းကိုင်ပညာရပ်များထက် နည်းဗျူဟာများနှင့်
စီမံခန့်ခွဲမှု ဆိုင်ရာပညာရပ်များ ပိုမိုပါဝင်သည်။
ထိုအချက်များက မိမိ၏ အသက်မွေးဝမ်းကြောင်း နယ်ပယ်တွင်
အောင်မြင်မှုရရန် အဓိကကျွမ်းကျင်မှုများဖြစ်စေနိုင်ပြီး
အောင်မြင်သူ တစ်ယောက် ဖြစ်ရန်အတွက်လည်း
သင့်လျော်မှန်ကန်သော အတွေ့အကြုံများကို ထပ်ဆောင်းပေးထား
ပါသည်။ ယခုအခါ
CIMA Member
များသည် ကမ္ဘာ့အအောင်မြင်ဆုံး အဖွဲ့အစည်းကြီးများ၏
ရှေ့တန်းကို ရောက်ရှိနေပြီး နိုင်ငံတကာကလည်း အသိအမှတ်ပြု
လက်ခံထားပါသည်။
CIMA
တွင် အခြေခံအဆင့်အတွက် ရေးဖြေနှင့်
computer based test
နှစ်ခုစလုံးပါဝင်သည်။
CIMA မှ
ကြီးမှူးကျင်းပသော Professional Examination များကို
အဓိကအားဖြင့်
- Certificate in Business
Accounting (CBA)
- Managerial Level - Strategic Level
- TOPCIMA ဟူ၍ Level လေးခုခွဲထားပါသည်။
ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်မှာ
-
As a
Main Student
University
မှ
Degree
တစ်ခုခုရရှိသူ (သို့)
LCCI-Second
Level
မှ ၃ ဘာသာ အောင်မြင်ပြီး
Third
Level
မှ ၂ ဘာသာအောင်မြင်ရန် ၃ ဘာသာတွဲတွင်
English &
Mathematics
အောင်မြင်ရပါမည်။ (သို့)
LCCI Third
Level
မှ
Diploma in
Managerial Principles (DMP)
ရရှိပြီးသူများဖြစ်ရမည်။
As a
Mature Student
-
အနည်းဆုံး အသက် ၂၅ နှစ်ပြည့်ရမည်။
- လက်ရှိစာရင်းပညာရပ်နယ်ပယ်တွင်
တာဝန်ထမ်းဆောင်နေသူဖြစ်ရမည်။
-
English
နှင့်
Mathematics
ဘာသာရပ်များတွင် လုံလောက်သော
Knowledge
ရှိကြောင်း သက်ဆိုင်ရာ
လုပ်ငန်းရှင်၏ ထောက်ခံစာရှိရမည်။ စာမေးပွဲတစ်ကြိမ်လျှင်
အများဆုံး ၆ ဘာသာဖြေဆိုနိုင်ပါသည်။
Certificate in Business Accounting
နှင့်
Strategic Level
မှ
paper
များကို တွဲ၍တပြိုင်နက်ထဲဖြေဆိုခွင့်မရှိပါ။
အသေးစိတ်အချက်များအတွက်
http://www.cimaglobal.com
တွင်
လေ့လာနိုင်ပါသည်။
|