Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' တွင် Linux သင်တန်း၊ Memory Stick၊ Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


International Exam » Engineering » City & Guilds International Exams

City & Guilds International Exams

 

အသက်မွေးဝမ်းကျောင်းအလုပ်တွင် အောင်မြင်မှုရရန်အတွက် နိုင်ငံတကာ အသိအမှတ်ပြု အရည်အချင်းများ

City & Guilds qualifications ရှိသူများကို နိုင်ငံတကာအဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် အလုပ်ရှင်များက ကျွမ်းကျင် ပညာရှင်များအဖြစ် အသိအမှတ်ပြုထားပါသည်။ လုပ်ငန်းအတွေ့အကြုံရှိပြီး သက်ဆိုင်ရာ ပညာအရည်အချင်းမရှိလျှင်၊ စာ မေးပွဲဖြေဆိုခြင်း မရှိဘဲ သင်ရိုးညွှန်းတမ်းများကို လေ့လာခဲ့ဖူးလျှင် (သို့) နိုင်ငံတကာအသိအမှတ်ပြု အရည်အချင်းများဖြင့် သင်၏အသက်မွေးမှု အလုပ်များ တိုးတက်စေလိုလျှင် City & Guilds မှ သင့်အနာဂတ်အတွက် စစ်မှန်သော အကျိုးကျေး ဇူး များ ပေးနိုင်ပါသည်။ ၎င်းအဖွဲ့အစည်းသည် နှစ်ပေါင်း ၁၂၀ ကျော် အတွေ့အကြုံရှိပြီး ဖြစ်သည်။

 International Vocational Qualifications (IVQs)

City & Guilds သည် စက်ရုံလုပ်ငန်းခွင်အားလုံး အင်ဂျင်နီယာမှ ဆံပင်အလှပြင်ဆိုင် အဆုံး ထိ IVQs ကို ပေးထားပါသည်။ IVQs မှ လေ့လာသင်ယူသူများ၏ အသိဥာဏ် ဗဟုသုတ နှင့် လက်တွေ့လုပ်ငန်းကျွမ်းကျင်မှုများအတွက် အသိအမှတ် ပြု ပေးပါသည်။ သင်သည် Beginner (သို့) Advanced learner ဖြစ်စေ IVQs မှ Certificate Level ကအစပြု၍ Diploma & Advanced Diploma level အထိ တိုးမြှင့် သင်ယူခွင့်ပြုထားပါသည်။ Level တစ်ခုချင်းစီ ပြီးမြောက်အောင်မြင်ပြီးနောက် Certificate of Unit Credit ပေးအပ်ချီးမြှင့်ပါလိမ့်မည်။ Level အားလုံးပြီးဆုံးပြီဆိုလျှင် ပြီးပြည့်စုံသော အရည် အချင်းများ ကို ပိုင်ဆိုင်ပါလိမ့်မည်။

ခေတ်မီရုံးလုပ်ငန်းများအတွက် ကျွမ်းကျင်မှုများ

ဘာသာရပ်တစ်ခုချင်းစီအလိုက် အရည်အချင်းများသည် စာရင်းကိုင်လုပ်ငန်းမှ စာစီစာရိုက်လုပ် ငန်းများ အထိ ခေတ်မီရုံး လုပ်ငန်းများတွင် လုပ်ငန်းရှင် နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက်စလုံး လိုအပ်သော အဓိကကျွမ်းကျင်မှုများအားလုံးကို ကာမိ စေပါသည်။ တစ်ကမ္ဘာလုံးတွင်ရှိသော အလုပ်ရှင်များက ထိုအရည်အချင်းများကို အသိအမှတ် ပြုကြသည်။ ထို့ကြောင့် သင် သွားလေရာတိုင်း အသိအမှတ်ပြုလက်မှတ်များကို ယူဆောင်သွားပါ။

မည်သည့်ဘာသာရပ်များ လေ့လာနိုင်ပါသလဲ

အောက်တွင်ဖော်ပြထားသော လေ့လာစရာ International Qualification အနည်းငယ်မှ ရွေးချယ်စရာ IVQs များနှင့် Single Subject များ ရှိသည်။ ပြည့်စုံစွာ သိရှိရန် www.cityandguilds.com တွင် ၀င်ရောက်လေ့လာပါ။ (သို့) kingsley.asiedu@cityandguilds.com သို့ဆက်သွယ်ပါ။

International Vocational Qualifications (IVQs)

Beauty Therapy
Constructions
Electrical Engineering
Hairdressing
Hospitality & Catering
Information Technology (e-Quals)
Motor Vehicles Engineering
Technicians awards in Engineering
Telecommunications Systems

Single Subjects

Book keeping and accounts
Business studies
Computerized accounts
Cost and management accounting
Desktop publishing
English for business communications
English for office skills
English language teaching
Typewriting and keyboarding
Using e-mail and the Internet

Register ဘယ်လိုလုပ်မလဲ

ရွေးချယ်ထားသောဘာသာရပ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို City & Guilds Web Site တွင်ဝင် ရောက်ကြည့်ရှုနိုင်ပါသည်။ သင့်ရွေးချယ်မှု သေချာသည် နှင့် တပြိုင်နက် မည်သည့် British Council ရုံးတွင်မဆို စာ မေး ပွဲ အတွက် Register လုပ်ရန် ဆက်သွယ်နိုင်ပါသည်။

စာမေးပွဲဖြေဆိုနိုင်မည့်နေရာ 

City & Guilds centre များနှင့် Online မှတဆင့် စာမေးပွဲ ဖြေဆိုနိုင်ပါသည်။  

စာမေးပွဲဖြေဆိုနိုင်မည့်အချိန်  

စာမေးပွဲများကို မေလနှင့်ဇွန်လအတွင်း နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း တွင်ကျင်းပပါသည်။ စာမေးပွဲဖြေဆိုရမည့် နေ့စွဲများကို ဖြေဆိုမည့်အချိန်ကျရောက်လျှင် City & Guilds Web site ၏ Registration Information Page တွင်ကြည့်ရှုနိုင်ပါသည်။

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats