|
International Exam »
Computer »
CIW
• CIW certification ဆိုသည်မှာ internet web
နည်းပညာပိုင်းကို အခြေခံမှစ၍ စစ်ဆေးပေးသော စာမေးပွဲဖြစ်သည်။ CIW
စာမေးပွဲကို VCampus ဟုခေါ်သော online University မှ ကြီးမှူးကျင်းပသော
စာမေးပွဲဖြစ်သည်။ Prosoft Learning အရ course များကို up to date ဖြစ်စေရန်
CIW Advisory Council နှင့် အခြားသက်ဆိုင်ရာနယ်ပယ်မှ ကျောင်း များမှ
ထုတ်ပါသည်။
• နောက်ဆုံးပေါ် အင်တာနက်နည်းပညာများကို ဖြေဆိုလိုသူများအတွက်
အထူးကောင်းမွန်သော အခွင့်အရေးပင် ဖြစ်သည်။ CIW exam တွင် level အလိုက်
certificate များရှိပါသည်။ Level 1 ခုစီတွင် function
များစွာရှိသည်။
CIW Associate
XHTML, Project management, Network infrastructure နှင့်
Troubleshooting စသည့်အင်တာနက် နည်းပညာများကို အခြေခံမှစ၍
စစ်ဆေးပေးခြင်းဖြစ်သည်။
CIW Professional
Web site design, Security, Server administration, application
development (သို့) database management စသည့်နယ်ပယ်တို့၌ ကျွမ်းကျင်မှုကို
စစ်ဆေးခြင်းဖြစ်သည်။
အခြား certificate များမှာ
-
Master CIW Designer
-
Master CIW Administrator
-
Master CIW Web Site Manager
-
Master CIW Enterprise Developer
-
CIW Database Design Specialist
-
CIW Security Analyst တို့ဖြစ်သည်။
ထို CIW စာမေးပွဲများကို ဖြေဆိုလိုသူသည် အနည်းဆုံး CIW Associate
Certificate ကိုဖြေဆိုရမည်ဖြစ်သည်။ CIW Security Analyst နှင့်
Database Design Specialist စသည့် exam ဖြေဆိုရန်အတွက် CIW Associate
Certificate ဖြေဆိုရန် မလိုအပ်ပါ။ အခြား အလုပ်အတွေ့အကြုံ၊
ပညာအရည်အချင်းများ မလိုအပ်ပါ။
CIW certificate သည် expire မဖြစ်ပါ။ CIW Exam ကို ရန်ကုန်မြို့ရှိ Exam Center များတွင် ဖြေဆိုနိုင်ပါသည်။
|