Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


International Exam » Languages » IELTS


General Certificate of Education Exams (GCE)
 

နိုင်ငံတကာတွင် အသုံးပြုနိုင်သော qualifications များ

 
နောက်ထပ်သိလိုသော ပညာရပ်များ (သို့) အဆင့်မြင့် ပညာရပ်များကို UK တွင် ရှိသော Institute တွင် လေ့လာသင်ယူလိုပါသလား? University of Cambridge International Examinations IGCSE, O or A Levels များကို တက်ရောက်ရန် စာရင်းသွင်းနိုင်၊ တက်ရောက်နိုင်ပါသည်။  
 

GCE ဆိုတာဘာလဲ?


GCE
ဆိုသည်မှာ သင့်လိုအပ်ချက်နှင့် သင်လေ့လာရန် ရည်ရွယ်သော သင်ရိုးပေါ်တွင် မူတည်သော Ordinary (O) or the Advanced (A) levels ယူနိုင်သော နိုင်ငံတကာမှ အသိအမှတ်ပြု အရည်အချင်းဖြစ်သည်။ GCE စာမေးပွဲဖြေချင်တယ်ဆိုရင် ပါဝင်တဲ့ ဘာသာရပ်တွေကို လိုက်နိုင်ရန် Course ပြင်ဆင်မှုများ ပြုလုပ်ရန် အကြံပြုပါသည်။ 
 

O-level GCE ဆိုတာဘာလဲ?


O-level
ဆိုသည်မှာ Ordinary Level GCE qualification ဖြစ်သည်။ ( ကျောင်းထွက် လက်မှတ်အဖြစ် ရရှိနိုင်သော academic qualification (သို့) A-Levels လေ့လာရန် လှေကားထစ်တစ်ခု ဖြစ်သည်။) သင်ရွေးချယ်လိုက်သော institutes များက တောင်းဆိုသော qualification ပေါ်တွင်မူတည်သော မည်သည့် O-levels အရေအတွက်မဆို ယူနိုင်ပါသည်။ UK ကျောင်းများတွင်ရှိသော ကျောင်းသားအများစုက ရွေးချယ်ထားသော ဘာသာရပ်များတွင် ၂နှစ်မှ ၃နှစ်အကြာသင်ကြားပြီးနောက် O-Levels (၉) ခုအထိသင်ယူကြသည်။ 
 

O-Level ဘာကြောင့်ယူသင့်သလဲ?


Secondary
တန်းကို ၅ နှစ်ကြာသင်ကြားပြီးစီးလျှင် ( စနစ်ဟောင်း O/A level များတွင် ) (သို့) အငယ်တန်း Secondary School (JSS) ပြီးစီးလျှင် O-Level တစ်ခုကို ယူနိုင် ပါသည်။
 

A-level GCE ဆိုတာဘာလဲ?


A-level
ဆိုသည်မှာ Advanced Level GCE qualification ဖြစ်သည်။ O-Level စာမေးပွဲ ပြီးသည့်နောက် A-Level ကို ၂ နှစ်ကြာသင်ယူမှုပြီးသည့်အခါတွင် ဒီစာမေးပွဲကို ဖြေဆို နိုင်ပါသည်။ မည်သည့် A-levels အရေအတွက်မဆို ယူနိုင်ပါသည်။ ၎င်းသည် သင်ရွေးချယ်လိုက်သော institutes များက တောင်းဆိုသော qualification ပေါ်တွင်မူတည် သည်။
 

A-Level ဘာကြောင့်ယူသင့်သလဲ?


A-Level
ရလဒ်ကောင်းများသည် UK နှင့် နိုင်ငံတကာရှိ အကောင်းဆုံးသော အဆင့်မြင့် ပညာသင်ကျောင်းများတွင် ဘွဲ့ကြိုတန်းများ လေ့လာသင်ယူရန် အထောက်အပံ့ ဖြစ်စေသည်။ A-Level qualifications များသည် professional or vocational courses များကိုလည်း သင်ခွင့်ပေးထားပါသည်။ 
 

A-Level ကို ဘယ်အချိန်မှာယူရမလဲ?


O-Level qualification
(များသောအားဖြင့် A-Level တွင်သင်ယူချင်သော တူညီသည့် ဘာသာရပ်များ၊ တစ်ချို့ A-Level ဘာသာရပ်များသည် O-Level တွင်မရှိပါ) ရှိပြီဆိုရင် A-Level ကို သင်ယူနိုင်ပါသည်။
 

စာမေးပွဲအတွက် ဘယ်နေရာတွင် လေ့လာနိုင်ပါသလဲ?


စာမေးပွဲများအတွက် သင့်တော်သော သင်ရိုးများကို လေ့လာလိုက်စားနိုင်သော နေရာများကို တော့ အကြံမပြုချင်ပါ။ သင်တို့၏ tutorial များအတွက် ပြင်ဆင်ရန် ကျောင်းသား များတွင်ပင် တာဝန်ရှိသည်။တောင်းဆိုထားသော ဘာသာရပ်များကြားတွင် Agricultural Science နှင့် Computer Science များ မပါဝင်နိုင်သေးပါ။
 

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats