Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' တွင် Linux သင်တန်း၊ Memory Stick၊ Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:

International Exam » Business Management » GMAT

 Graduate Management Admissions Test (GMAT)

GMAT ကို Educational Testing Service (ETS) က စီမံခန့်ခွဲပါသည်။ GMAT ဆိုသည်မှာ စီးပွားရေးနှင့် ပတ်သက်သောကျောင်းများတွင် အဆင့်မြင့်တန်း စီးပွားရေး ပညာရပ်များနှင့် စီမံခန့်ခွဲမှုပညာရပ်များ လေ့လာသင်ယူရန်၊ MBA ၀င်ခွင့်ရရန် လျှောက်ထားသူ၏ အရည်အချင်းကို အကဲဖြတ် စစ်ဆေးသော စာမေးပွဲဖြစ်သည်။ GMAT သည် မိမိတက်ရောက်ခဲ့သော အတန်းပညာများနှင့် အလုပ်ခွင်တွင်ရှိပြီးသားဖြစ်သော verbal, mathematical နှင့် analytical writing skills အစရှိသည့် ကျွမ်းကျင်မှုများကို တိုင်းတာပါသည်။ စီးပွားရေးနှင့် ပတ်သက်သည့် ဗဟုသုတ၊ အလုပ်ကျွမ်းကျင်မှုများ၊ ဖန်တီးနိုင်မှုစွမ်းရည်များကို တိုင်းတာသည်မဟုတ်ပါ။

GMAT စာမေးပွဲတွင် ပါဝင်သော အဓိက အပိုင်း(၃)ပိုင်းမှာ -

• Analytical Writing Assessment
• Quantitative Section
• Verbal Section တို့ဖြစ်သည်။

Analytical Writing Assessment

- စာစီစာကုံး ၂ ပုဒ်ရေးသားရန်အတွက် အချိန်မိနစ် (၃၀)စီ
- စစ်ဆေးသော အကြောင်းအရာမှာ Analysis of an argument နှင့် analysis of an issue ဖြစ်သည်။
 
Quantitative Section

- ခွင့်ပြုချိန် (၇၅)မိနစ်
- အမှန်ရွေးမေးခွန်း (multiple choice) (၃၇) ခု
- ပါဝင်သော မေးခွန်းအမျိုးအစား (၂) မျိုးမှာ Problem Solving နှင့် Data Sufficiency
- စစ်ဆေးသော အကြောင်းအရာမှာ Arithmetic, Algebra နှင့် Geometry
 
Verbal Section

- ခွင့်ပြုချိန် (၇၅)မိနစ်
- အမှန်ရွေးမေးခွန်း (multiple choice) (၄၁) ခု
- ပါဝင်သော မေးခွန်းအမျိုးအစား (၃) မျိုးမှာ Reading comprehension, sentence correction နှင့် critical reasoning
- စစ်ဆေးသော အကြောင်းအရာမှာ Speed reading, grammar နှင့် analytical reasoning ရမှတ်များကို ကြည့်လျှင်
- စုစုပေါင်းရမှတ်မှာ ၂၀၀ မှ ၈၀၀ ကြားရှိပြီး
- Math အပိုင်းရမှတ် ၀ မှ ၆၀ ကြား
- Verbal အပိုင်းရမှတ် ၀ မှ ၆၀ ကြား
- Analytical Writing အပိုင်းရမှတ် ၀ မှ ၆ ကြား
 
GMAT ရမှတ်များသည် ၅ နှစ် သက်တမ်းခံသည်။ GMAT စာမေးပွဲသည် အရေးပါသော စာမေးပွဲ တစ်ခုဖြစ်ပြီး အချို့သောစီးပွားရေးနှင့် ပတ်သက်သည့် တက္ကသိုလ်များသည် ၀င်ခွင့် အတွက် အခြားအချက်များကို ထည့်သွင်းစဉ်းစားသော်လည်း အများစုမှာ GMAT ရမှတ်များနှင့် GPA အမှတ်များပေါ်တွင်သာ ဆုံးဖြတ်သည်။ စာမေးပွဲမေးခွန်းပုံစံနှင့် ပါဝင်သည့် အပိုင်းများကို သိနားလည်ထားခြင်းနှင့် ပုစ္ဆာများဖြေရှင်းရန် နည်းလမ်းများအသုံးချတတ်ခြင်း ဖြင့် စာမေးပွဲရလဒ် သိသိသာသာတိုးစေနိုင်မည်ဖြစ်သည်။ ထိရောက်သော၊ ဦးတည်ချက်ထားသော ပြင်ဆင်မှုသာလျှင် အောင်မြင်ရေး အဓိကသော့ချက်ဖြစ်သည်။ ။ အသေးစိတ်အချက်များအတွက် http://www.mba.com တွင်လေ့လာနိုင်ပါသည်။

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats