|
.International Exam »
Computer » ICDL
International Computer Driving Licence
ICDL ဆိုသည်မှာ အခြေခံကျသော Computer application များတွင် ကျွမ်းကျင်မှု
အရည်အသွေးများကို ပြသနိုင်ရန်အတွက် ကမ္ဘာ့အသိအမှတ်ပြု အရည်အချင်းစစ်
စာမေးပွဲတစ်ခုဖြစ်ပါသည်။ နိုင်ငံပေါင်း ၁၄၆ နိုင်ငံတွင် ဖြေဆိုနိုင်ပါသည်။
ICDL ဆိုတာဘာလဲ?
ICDL Core Level ဆိုသည်မှာ ကွန်ပျူတာအသုံးပြု ကျွမ်းကျင်မှုကို
စစ်ဆေးသည့် Certificate ဖြစ်သည်။ ICDL Core Level ဘာသာရပ်များမှာ -
1) Concepts of Information Technology
2) Using the Computer and Managing Files
3) Word Processing
4) Spreadsheets
5) Databases
6) Presentations
7) Information and Communication စသည်တို့ဖြစ်သည်။
ဘာသာရပ်စုစုပေါင်း (၇)ခုထဲကမှ (၄)ဘာသာဖြေဆို အောင်မြင်လျှင် ICDL Start
အောင်လက်မှတ် ရရှိမည်ဖြစ်ပြီး (၇)ဘာသာစလုံး ဖြေဆိုပါက ICDL Full
အောင်လက်မှတ်ရရှိမည်ဖြစ်ပါသည်။
ICDL ကဘယ်သူတွေကို ရည်ရွယ်ပါသလဲ?
အလုပ်ခွင်တွင် အလုပ်လုပ်သူများ မှစ၍ အိမ်တွင်အလုပ်လုပ်သူများ
အသက်အရွယ်ကြီးငယ်မရွေး အားလုံးပါဝင်သည်။ ICDL အောင်လက်မှတ် ရယူရန်အတွက်
Computer Skills ရှိထားရန် မလိုအပ်ပါဘူး။
ရုံးလုပ်ငန်းသုံး ဆော့ဖ်ဝဲတွေကို အသုံးပြုတတ်ရုံတင်မကပဲ ကွန်ပျူတာကို
အခြေခံကျကျနဲ့ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သော နိုင်ငံတကာ အဆင့်မီ
အောင်လက်မှတ် လိုအပ်သည့် မည်သူ့အတွက်မဆို ICDL ကို
သက်ဆိုင်ရာလိုအပ်ချက်များ အလိုက် စီစဉ်ပေးထားပါသည်။
ICDL အောင်လက်မှတ်တွေကို ဘယ်လိုရယူနိုင်ပါသလဲ?
မြန်မာနိုင်ငံတွင် ဖြေဆိုလိုသူများ အနေဖြင့် ICDL အသိအမှတ်ပြု
စာစစ်ဌာနတစ်ခု ဖြစ်သော Ocean Gate Training Centre တွင် ICDL Test များကို
စာရင်းသွင်းဖြေဆိုနိုင်ပါသည်။ အသေးစိတ်ကို www.icdl.oceangate.info
တွင်လေ့လာပါ။
စာရင်းသွင်းတဲ့အခါ ရွေးချယ်စရာတွေ
ICDL အတွက် စာရင်းသွင်းသည့် အခါတွင် သက်ဆိုင်ရာ Module တစ်ခုအတွက်
Single Test (သို့) Registration Packs တစ်ခုကို ရွေးပါ။ ၎င်းtestများက
ဖြေဆိုမည့်သူများကို အကျိုးများစေနိုင်ပြီး စာမေးပွဲအတွက်
ကြိုတင်ပြင်ဆင်မှုပြုနိုင်ရန် လေ့ကျင့်ခန်းများလည်း ထည့်သွင်းပေးထားပါသည်။
ICDL Start Pack:
- 5 Tests – ( 4 tests + 1 free re-test )
- 4 Assessments
- ICDL Start Certificate upon completion of any 4 of the 7 modules
ICDL Full Pack:
- 9 Tests – ( 7 tests + 2 free re-tests )
- 7 Assessments
- ICDL Certificate upon completion of all 7 modules
ICDL အောင်လက်မှတ်များက ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ
တစ်ဦးတစ်ယောက်ချင်းစီအတွက်
- နိုင်ငံတကာ အသိအမှတ်ပြု အရည်အချင်း
- အလုပ် ရှေ့ရေးတိုးတက်လာခြင်း
- အဆင့်မြင့် IT နည်းပညာရပ်ဝန်းဆီသို့ ၀င်ရောက်နိုင်မည့်
လက်မှတ်တစ်ခုရရှိခြင်းနှင့်
- ကိုယ်ရေးကိုယ်သွေး ဖွံ့ဖြိုးတိုးတက်လာခြင်း
အဖွဲ့အစည်းများအတွက်
- လုပ်အားစုအတွင်း ကွန်ပျူတာ ကျွမ်းကျင်မှုကို လက်တွေ့ ပြသစေနိုင်ခြင်း
- ၀န်ထမ်းသစ်များအတွက် ကျွမ်းကျင်မှု အမှတ်အသားတစ်ခုရှိစေခြင်း
- နည်းပညာအမှားအယွင်းကြောင့်ဖြစ်သော ကုန်ကျစရိတ်များကိုလည်း
လျော့ကျစေနိုင်ခြင်း
- IT Investments များတွင် အကျိုးကျေးဇူး မြန်မြန်ရစေနိုင်ခြင်း
- ရင်းနှီးမြှုပ်နှံမှုများတွင် သိသာသော ရလဒ်ကောင်းများ ရရှိစေခြင်း
လူ့အသိုင်းအ၀ိုင်းအတွက်
- Internet နှင့် Information Society ဆီသို့ တံခါးပေါက်တစ်ခုဖြစ်ပြီး
- ဒီဂျစ်တယ်နည်းပညာ ကွာဟမှုအတွက် ပေါင်းကူးတံတားနှင့် ဒီဂျစ်တယ်နည်းပညာ
ဗဟုသုတများတိုးပွားလာခြင်း
- Internet နှင့် အခြား ကွန်ပျူတာ ဆော့ဖ်ဝဲသုံး ကျွမ်းကျင်မှု
အဆင့်မြင့်မားလာခြင်း
- အလုပ်အပြောင်းအရွှေ့ နှင့် သင်တန်းပြန်ပေးခြင်းများအတွက် အဆင်ပြေစေခြင်း
ယနေ့ခေတ်တွင် ကွန်ပျူတာကျွမ်းကျင်မှုသည် လူတန်းစား အလွှာပေါင်းစုံအတွက်
တဖြည်းဖြည်း အရေးပါသထက် ပါလာပါသည်။ ICDL ကို ကွန်ပျူတာ အကြောင်း သိချင်သူများ၊
ကွန်ပျူတာ အသုံးပြုရန်လိုအပ်သူများအတွက် ရည်ရွယ်ထားပါသည်။
ICDL က လက်ရှိလုပ်ငန်းခွင်အတွင်း ပိုမိုကျွမ်းကျင် ထိရောက်မှုရှိစေရန်
အကူအညီ ပေးပါသည်။ ထို့ပြင် သင့်၏ CV တွင်လိုအပ်နေသော ကွန်ပျူတာကျွမ်းကျင်မှု
ကွက်လပ်လေးကိုလည်း ဖြည့်စွက်ပေးမည်ဖြစ်သလို အလုပ် တိုးတက်မှုလည်း
ရရှိစေမည်ဖြစ်သည်။
အခြား ICDL အောင်လက်မှတ်များ
ICDL Advanced
ICDL Core Level အောင်မြင်မှုပေါ်တွင် အခြေခံပြီး အဆင့်မြင့်
ကျွမ်းကျင်မှုများကို တတ်မြောက်စေရန် ရည်ရွယ်သည်။
E-type
Touch-typing skills တိုးတက်လိုသူများ၊ typing speed, accuracy များနှင့်
ပတ်သက်ပြီး အသိအမှတ်ပြုလက်မှတ် လိုချင်သူများအတွက် ရည်ရွယ်ထားပါသည်။
E-Citizen
Internet အသုံးပြုရာတွင် ကျွမ်းကျင်စွာ သုံးတတ်လိုသူများနှင့်
ထို့အတွက်ကြောင့်ပင် Information Society တွင် မပါဝင်နိုင်သေးသူများအတွက်
ရည်ရွယ်ပါသည်။
……“ICDL can fill the gaps on your CV”……
Top |