|
Listening (Time: 30 Minutes)
စာမေးပွဲဖြေဆိုသူသည် အသံသွင်းထားသော စာသားများကို
နားထောင်ရမည်။ စာသားများသည် ပို၍ပို၍ ခက်သွားသည်။ တစ်ဦးနှင့်
တစ်ဦးပြောဆိုသောစ ကားများ၊ လေယူလေသိမ်းနှင့် အသံထွက်ကွဲပြားမှု
အမျိုးမျိုးများ ရောနှောပါဝင်သည်။ အသံသွင်းထားသည်ကို
တစ်ကြိမ်သာ နားထောင်ရသည်။ စာမေးပွဲဖြေ သူကို
မေးခွန်းများဖတ်ရန် နှင့် အဖြေကိုရေးရန် အချိန်သီးသန့်ပေးသည်။
|
|
Academic Reading (Time: 60 Minutes)
အပိုင်းသုံးခုပါဝင်သည်။ ဖတ်ရန်အတွက် စာတို့မှာ စာအုပ်များ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များနှင့် သတင်းစာများမှ ထုတ်ယူထားသည်။ အနည်းဆုံး တစ်ပိုင်းတွင် အသေးစိတ် အငြင်းအခုံ (Argument) ပါဝင်သည်။
|
|
General Training Reading(Time: 60 Minutes)
အင်္ဂလိပ် စကားပြောနိုင်ငံတို့တွင် နေ့စဉ်ကြုံတွေ့ရမည့် ကိစ္စတို့နှင့် ပတ်သက်သော စာသားအသုံးအနှုန်းများကို အခြေပြုထားသည်။ ၎င်းစာသားတို့ကို သတင်းစာ များ၊ ကြော်ငြာများ၊ စာအုပ်များ၊ လမ်းညွှန်စာအုပ်များမှ ရယူထားပါ သည်။ စာဖြေသူအနေဖြင့် သတင်းအချက်အလက်တို့ကို နားလည်နိုင်စွမ်းနှင့် အသုံးပြုနိုင်စွမ်း တို့ကို စစ်ဆေးသည့် သဘောဖြစ်သည်။ စာပိုဒ်တို့မှာ ရှည်ရှည်လျားလျားရှိသော စာသားတစ်ခုပါဝင်သည်။ ၎င်းသည့် အငြင်းအခုံပြုခြင်းထက် ရှင်းပြသည့်သ ဘော ပိုမိုသက်ရောက်သည်။ လက်တွေ့ အသုံးပြုပုံ ညွှန်ပြသည့် သဘောဆောင်သည့် စာသားဖြစ်သည်။
|
|
Academic Writing (Time: 60 Minutes)
စာဖြေသူသည် စာလုံးရေ ၁၅၀ ခန့်ရှိသော အစီရင်ခံချက် (Report) ကို ပေးထားသည့် ဇယားနှင့် ပုံတို့ကို ကြည့်ပြီး ရေးရသည်။ အချက်အလက်ကို ရှင်းပြနိုင် စွမ်းကို စွမ်းရည်ပြသ ခိုင်းခြင်းဖြစ်သည်။ နောက်ထပ် ရေးရသည့်အလုပ်မှာ စာလုံးရေ ၂၅၀ ခန့်ရှိသော စာစီစာကုံးဖြစ်သည်။ ၎င်းစာစီစာကုံးကို တွေးဆချက် သို့မဟုတ် ပြဿနာတစ်ခုအပေါ် တုံ့ပြန်စဉ်းစားပြီး ရေးသားရသည်။ ကိစ္စတစ်ခုနှင့် ပတ်သက်၍ ဆွေးနွေးနိုင်စွမ်း၊ အငြင်းအခုံပြုနိုင်စွမ်းတို့ကို စွမ်းရည်ပြသခိုင်း ခြင်းဖြစ်သည်။
|
|
General Training Writing (Time: 60 Minutes)
သတင်းအချက်အလက်ကို ဖြစ်စေ၊ အခြေအနေ တစ်ရပ်ရပ်ကို ရှင်းပြရန်ဖြစ်စေ၊ တောင်းဆိုမေးမြန်းသော စာတစ်စောင်ကို ရေးသားရမည်။ နောက်ထပ် ရေးသား ရမည့် အလုပ်မှာ စာလုံးရေ ၂၅၀ ခန့်ရှိသော စာစီစာကုံး အတိုတစ်ခုဖြစ်သည်။ ပေးထားသော ထင်မြင်ယူဆချက် သို့မဟုတ် ပြဿနာအပေါ် တုံ့ပြန်ရေးသား ရမည်။ စာဖြေသူ အနေဖြင့် မိမိ၏ အိုင်ဒီယာ စိတ်ကူးစိတ်သန်းနှင့် သူတစ်ပါး၏ အိုင်ဒီယာ စိတ်ကူးစိတ်သန်း တို့ကို စိန်ခေါ်ခြင်းနှင့် ပတ်သက်သော အရေးအသား ကို စစ်ဆေးခြင်းဖြစ်သည်။
|
|
Speaking Speaking (Time: 11-14 Minutes)
စာစစ်သူနှင့် စာဖြေသူတို့ နှုတ်ဖြင့် မေးမြန်းဖြေဆိုသော စာမေးပွဲဖြစ်သည်။ အပိုင်း ၃ ပိုင်းပါဝင်သည်။
အပိုင်း(၁)တွင် မိမိနှင့် မိမိအိမ်၊ မိမိမိသားစု၊ သူတို့၏ အလုပ်အကိုင်နှင့် ပညာသင်ကြားမှု အစရှိသည်တို့နှင့် ပတ်သက် သော မေးခွန်းများကို ဖြေဆိုရပါသည်။
အပိုင်း(၂)တွင် မိမိပြောဆိုရမည့် အချင်းအရာအတွက် ရေးပေးထားသည့် ကတ်ပြားကို ဖတ်ရှုပြီး၊ ပြောဆိုဖြေကြား ရပါသည်။
အပိုင်း(၃)တွင် စာမေးသူနှင့် စာဖြေသူတို့သည် အပိုင်း၂တွင် ဖြေဆိုခဲ့သည့် အချင်းအရာနှင့် ပတ်သက်၍ ဆွေးနွေးပြောဆို ရမည်ဖြစ်သည်။
|
|
Registration Requirements
(1)
2 passport-sized photos
(2)
Original NRC Card/Passport, and a copy of it.
|