London Chamber of
Commerce & Industry (LCCI) ဆိုသည်မှာ အင်္ဂလန်နိုင်ငံ၏ မြို့တော်
London
တွင် အခြေစိုက် ဖွင့်လှစ်ထားသော လန်ဒန် စက်မှု လက်မှု လုပ်ငန်းရှင်ကြီးများ
အသင်း ဖြစ်ပါသည်။ ၎င်းအသင်းကြီးကို လွန်ခဲ့သည့် ၁၈၉၀ ခုနှစ်မှ
စတင်တည်ထောင်ခဲ့ပြီး ရာစုနှစ် တစ်ခုကျော်ကြာသည်အထိ အောင်မြင်ထင်ရှားစွာ
ရပ်တည်နေခဲ့သော၊ ရပ်တည်လျက်ရှိနေသော အသင်းအဖွဲ့ဖြစ်ပါသည်။ ထို
LCCI
အဖွဲ့မှကြီးမှူး၍
LCCI Examination Board
ဖွဲ့စည်းပြီး
“by the business
community for the business community” “စီးပွားရေးအင်အားစုတစ်ခုမှ
စီးပွားရေးအင်အားစု တစ်ခုအတွက်”
ဆိုသည့်
ရည်ရွယ်ချက်ဖြင့် Financial,
Management, Information Technology, Marketing, Quantitative Subjects,
Business English, Foreign Language, Secretarial
အစရှိသော
ပညာရပ်များဆိုင်ရာ
Exam များကို စစ်ဆေးပေးလျက်ရှိ ပါသည်။
LCCIEB မှ
ကျင်းပသော စာမေးပွဲများကို ဖြေဆို အောင် မြင်ခြင်းအားဖြင့် စီးပွားရေး
လုပ်ငန်းများတွင် လိုအပ်သော အရည်အချင်းများ အတွက် အခြေခံကောင်း
ရရှိမည်ဖြစ်သည်။
LCCI International
Qualifications များသည် ယနေ့ခေတ် တောင်းဆိုမှုများလာသော
စီးပွားရေးလုပ်ငန်းခွင်များတွင် အောင်မြင်မှုများရရန်အတွက်
မရှိ မဖြစ်လိုအပ်သော ကျွမ်းကျင်မှု အရည်အသွေးများကို ပေးရန်ရည်ရွယ်ပါသည်။
လုပ်ငန်းကျွမ်းကျင်မှုကို အလုပ်ရှင်၏ လိုအပ်ချက်နှင့်
တွဲဖက်ပေးခြင်းအားဖြင့်၊ အလုပ်လျှောက်ထားသူများ၏ ယုံကြည်စိတ်ချရသော
အရည်အချင်းများကို ဖော်ပြပေးခြင်းအားဖြင့် အလုပ်ရှင်များ၊
educational
institutes များနှင့် ကမ္ဘာ့စီးပွားရေးအဖွဲ့များမှ
နိုင်ငံတကာအသိအမှတ်ပြုမှုများကို ရရှိနိုင်ပါသည်။
LCCI ၏ qualifications programme
တွင်
Level
အမျိုးမျိုး၌ ဖြေဆိုသူများသည် သူတို့တွင် ရှိပြီးသားကျွမ်းကျင်မှုများအတွက်
အသင့်လျော်ဆုံးသော
Level
ကို ၀င်နိုင်စေသော
စာမေးပွဲများပါဝင်သည်။
Professional
ကျွမ်းကျင်မှုမျိုး ရရှိစေရန် ဖြေဆိုသူများကိုလည်း
Diplomas
နှင့်
Group Awards
များပေးထားပါသည်။
LCCI International Qualification
တွင်
» Business
English
» Finance
» Business Administration
» IT
» Marketing
» Customer
Service
»
International Languages များပါဝင်သည်။
စာမေးပွဲများကို တစ်နှစ်လျှင်
(၃)ကြိမ်ကျင်းပပြီး အချိန်စာရင်းများကို အတိအကျ သတ်မှတ်ထားသည်။
|