|
Article
»
THE STRAITS TIMES ၏ Prime News သတင်းစာကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်.
သီးခြား လစာလေ့လာ
ရေးသုံးသပ်ချက်(၂)ခုအရ နိုင်ငံခြား စီးပွားရေး အဖွဲ့အစည်းများသည်
စကာင်္ပူနိုင်ငံတွင် လုပ်ငန်းများ တိုးချဲ့ရန် ရှာဖွေ နေကြသဖြင့်
ယခုနှစ်တွင် ဘွဲ့ရပြီး စသူများအနေဖြင့် လွန်ခဲ့သည့် နှစ်ဘွဲ့
ရပြီးသူများထက် လစာ အနည်းငယ် ပိုရရှိကြသည်။
စီမံခန့်ခွဲရေး အတိုင်ပင်ခံဟေးအဖွဲ့ (Hay Group) မှ
အလုပ်ဝင်ခါစ သူများအတွက် - ယခုနှစ်ထက် ဘွဲ့ရပြီးစတစ်ဦး၏ ပျမ်းမျှ လစာသည်
စကာင်္ပူဒေါ်လာ- ၂၅၉၃ ဖြစ်ရာ လွန်ခဲ့သည့်နှစ် စကာင်္ပူဒေါ်လာ-၂.၅၄၀ ထက်ပို၍
မြင့်သည့်နှိုင်းယှဉ် ချက်တစ်ရပ် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဟေးအဖွဲ့၏ ဒေသတွင်း အထွေထွေမန်နေဂျာ Victor Chan မှ ကမ္ဘာ့
စီးပွားရေး ကျဆင်းမှုကြောင့် စကာင်္ပူရှိ စီးပွားရေး အဖွဲ့အစည်းများသည်
ဘွဲ့ရပြီးစပင် ကိုယ်စွမ်းရည် ပိုင်ဆိုင်ထားသူများ အပြိုင်အဆိုင်
လက်ခံရရှိရေး လမ်းကြောင်းမှာ ဆက်လက် တည်ရှိနေပြီး ပြောင်းလဲ မသွားခဲ့ပါ
ဟုပြောကြားခဲ့သည်။
စီးပွားရေး အဖွဲ့အစည်း (၁၀၀) အပါအဝင် ဇူလိုင်လတွင် ပြုလုပ်ခဲ့သော
လေ့လာ သုံးသပ်ချက်မှ အင်ဂျင်နီယာ ဘွဲ့ရများ၏ အမြင့်ဆုံး
ပျမ်းမျှ အလုပ်ဝင်စ အခြေခံ လစာထက် စကာင်္ပူဒေါ်လာ -၂.၇၄၅ ဖြစ်ပြီး၊
စကာင်္ပူဒေါ်လာ-၂.၇၃၈ ရရှိသော ဥပဒေ ပညာဆိုင်ရာ အလုပ်အကိုင်များက
နောက်မှ ကပ်ပါလာသည် ဟူ၍ဖြစ်သည်။
ကုမ္ပဏီများကလည်း လေ့လာ သူများအား ပြောကြားခဲ့သည်မှာ- ၎င်းတို့အနေဖြင့်
၎င်းတို့လိုအပ်သော ပင်ကိုယ်စွမ်းရည် ပိုင်ဆိုင်ထား ဝန်ထမ်းများ
ရရှိရေးအတွက် လာမည့် နှစ်တွင်ထပ်မံ၍ အလုပ်ဝင်စလစာ
များတိုးပေးရန်ဖြစ်နိုင် ခြေရှိသည်ဟု ပြောကြားသည်။
လေ့လာ သုံးသပ်ချက်က တွေ့ရှိခဲ့သည်မှာ- ဘွဲ့ရပြီးစများအတွက်
အလုပ်ဝင် စလစာများ လာမည့်နှစ်တွင် ပျမ်းမျှအားဖြင့် စကာင်္ပူဒေါ်လာ-၂.၆၅၈ သို့ ရောက်ရှိနိုင်သည်ဟူသော အချက်ဖြစ်သည်။
လာမည့် (၁၂)လတွင် အဖွဲ့အစည်းများ အနေဖြင့်
ဒီပလိုမာနှင့် ဒီဂရီဘွဲ့ရများ အထူးသဖြင့် ဥပဒေ၊ ကျန်းမာရေးနှင့်
သဘာဝ ပတ်ဝန်းကျင် ကဏ္ဍများတွင်အလုပ်ဝင်စ လစာနှင့် ပတ်သက်၍
ကြံ့ခိုင်အောင်မြင်မည့် ကြိတင်ခန့်မှန်းချက် တစ်ရပ်ကို
စီမံကိန်းချထားပါကြောင်း ကိုမစ္စတာချန်က ပြောကြားသည်။
RDS လုပ်အားခ အချက်အလက်များဆိုင်ရာ အထူး ကျွမ်းကျင်သူများက လုပ်ငန်းရှင်
(၁၂၈) ဦးအား၊ ဇွန်လတွင် ပြုလုပ်ခဲ့သည့် လေ့လာ သုံးသပ်ချက်နှင့်
အလားတူတွေ့ရှိ ချက်များကို ဖော်ထုတ် ခဲ့ပါသည်။
လွန်ခဲ့သည့် ဒီဇင်ဘာလက ဘွဲ့ရပြီးစများအား အလုပ်ဝင်စလစာ
စကာင်္ပူဒေါ်လာ-၂.၄၀၀ နှင့် နှိုင်းယှဉ်ကြည့်ပါက ပျမ်းမျှလစာ
စကာင်္ပူဒေါ်လာ-၂.၄၄၉ သို့
တိုးပေးခဲ့သည်ကို
လေ့လာ ဆန်းစစ်ချက်အရ တွေ့ရှိခဲ့သည်။
RDS စီမံခန့်ရေး အတိုင်ပင်ခံ Peter Lee က ၎င်းလေ့လာ သုံးသပ်ချက်ကိုယခု
လက်ရှိလောက် မဆိုးသေးသည့် စီးပွားရေး အချိန်ကာလတွင်
လေ့လာပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံပြောကြားခဲ့သည်။
ကုန်သွယ်လုပ်ငန်း သဘောထားမှာ ထိုအချိန်နှင့် နှိုင်းယှဉ်ပါက
ယခုအခါတွင် အနည်းငယ် အောက်သို့(မြင့်ရာမှနိမ့်ရာသို့) ရောက်နေပါသော်လည်း
စီးပွားရေး အဖွဲ့အစည်းများသည် အရည်အသွေး စံချိန် စံညွှန်းမှီသော
သူများအတွက် အလုပ်အကိုင်ပေးနိုင်ခြေရှိသေးကြောင်းနှင့်
စီးပွားရေးအဖွဲ့အစည်းအများအပြား၊ အထူးသဖြင့် နိုင်ငံခြား
စီးပွားရေးအဖွဲ့ အစည်းများအနေဖြင့် အာရှအော်ပိုရေးရှင်း (စကာင်္ပူ)
တွင်လုပ်ငန်းရှင်များ စတင်နေသည်ဖြစ်ရာရေရှည် စီမံကိန်း အတွက်
အရည်အသွေးရှိ ဘွဲ့ရပြီးစများကို လစာ ပေးရန်ဆန္ဒရှိပြီး ၎င်းတို့အား
လေ့ကျင့် သင်ကြားပေး သွားရန်ဖြစ်သည်။
စကာင်္ပူ၏ အလုပ် လက်မဲ့နှုန်းမှာ ဒုတိယ သုံးလကာလတွင် ၂.၁%
အစွမ်းရောက်ရှိသွားရာ လေ့လာသူများက စီးပွားရေးသည်
ယခုနှစ် နောက်ပိုင်းတွင် အနည်းငယ် အရောင်းအဝယ် လျော့နည်းမှုနှင့်
ကြုံတွေ့ရမည်ဟု မျှော်လင့်ထားကြသည်။ ဝန်ထမ်းများ၊ အလုပ်အကိုင်
ခန့်အပ်ခြင်းမှာ နှေးကွေးခြေရှိသလို တစ်ဘက်မှာလည်း
ဝန်ထမ်းများ လိုအပ်နေသည့် ကဏ္ဍများရှိနေ စဲပင် ဖြစ်သည် ဟု AYP
လူသားအရင်းအမြစ် အတိုင်ပင်ခံ ညွှန်ကြားရေးမှူး Ms Annie Yap ကပြောပြသည်။
၎င်းမှဆက်လက် ၍ အင်ဂျင်နီယာ ပညာတတ်များ ရှားပါးပြီး
ကုန်ပစ္စည်း ထုတ်လုပ်သည့် စီးပွားရေး အဖွဲ့အစည်း များအနေဖြင့်
ထိုလုပ်ငန်းပိုင်းတွင် ဝန်ထမ်းများ ရှာဖွေနေကြဆဲဖြစ်ကြောင်း၊ ဘဏ္ဍာရေးမှာ
နှေးကွေး သွားသော်လည်း နေရာမှန် လူမှန် ရှာဖွေနေသည့် စီးပွားရေး
အဖွဲ့အစည်းများ ရှိနေဆဲပင်ဖြစ်ကြောင်း ပြောခဲ့သည်။
ဥပမာအားဖြင့် UBS သည်ဈေးကွက် အခြေအနေများကို ပဓာန မထားဘဲ
ဘွဲ့ရပြီးစများကို အမှန်တကယ် လိုအပ်နေခြင်းဖြစ်သည် ဟုယင်း
ကုမ္ပဏီ၏လူသား အရင်းအမြစ်များအကြီးအကဲ Moria Roberts မှ ပြောကြားသည်။
ဘဏ်ကလည်း ယခင် ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲဝင် ကားမောင်းသူ
မလေးလူမျိုး Alex Yoong က ကားပြိုင်ပွဲ အကြောင်းပြောခဲ့သည်ကို
အထူး ဖော်ထုတ်ကာ အခြားလုပ်ငန်းရှင်များနှင့် ကိုယ်တိုင်
ကိုယ်ကျ ကွဲပြားခြားနားသွားအောင် နည်းလမ်း တစ်ရပ်အနေဖြင့်
ဖော်မြူလာ ဝမ်းဇာတ်ကြောင်း ပြုလုပ်ထားသည့် တက္ကသိုလ်နယ်မြေ
လူသစ် စုဆောင်းရေး ရိုက်ချက်တစ်ရပ်ကို မကြာမီက စတင်ခဲ့ပါသည်။
ဘဏ်လုပ်ငန်းသည် အလွန်အမင်း အပြင်းအထန် ပြိုင်ဆိုင်ကြသည်။
ကျွနုပ်တို့ အနေဖြင့် အရည်အချင်းရှိသော သူများအားခန့်အပ် တိုးချဲ့
ရန်အတွက် ဆန်းသစ်တီထွင် နည်းလမ်းခွင်များ
ကိုအမြဲတန်း ရှာဖွေဆဲဖြစ်ကြောင်း Ms.Robets က ပြောကြားသည်။
အလုပ်ဝင်စ-အဆင့်လစာများ
ဤနှစ်ဘွဲ့ရပြီး စများအတွက် ပျမ်းမျှလစာများ(စကာင်္ပူဒေါ်လာ)
| စဉ် |
အလုပ် |
ဒီပလိုမာ |
ရိုးရိုးဘွဲ့ဒီဂရီ |
မဟာဘွဲ့ |
| ၁။ |
Engineering (အင်ဂျင်နီယာ) |
၁.၈၁၇ |
၂.၇၄၅ |
၃.၀၃၇ |
| ၂။ |
Legal (ဥပဒေ) |
၁.၈၁၁ |
၂.၇၃၈ |
၂.၉၃၈ |
| ၃။ |
Production (ကုန်ထုတ်လုပ်မှု) |
၁.၇၈၀ |
၂.၇၂၈ |
၃.၀၅၀ |
| ၄။ |
Research and Development (သုတေသနနှင့်ဖွံဖြိုးတိုးတက်ရေး) |
၁.၇၈၁ |
၂.၇၂၃ |
၃.၀၃၉ |
| ၅။ |
Health and Environmental
(ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင်) |
၁.၈၀၇ |
၂.၇၂၂ |
၃.၀၄၅ |
| ၆။ |
Design (ဒီဇိုင်း)၊ Creative (ဆန်းသစ်တီထွင်) |
၁.၈၅၄ |
၂.၆၇၆ |
၂.၉၇၃ |
| ၇။ |
Average for all jobs (အလုပ်အားလုံးအတွက်ပျမ်းမျှ) |
၁.၇၉၉ |
၂.၅၉၃ |
၃.၀၃၅ |
(14-10-2011)
Source : Ko Lin (Myanmar Training)
|