|
ယခုရက်များသသည်
နိုင်ငံတကာတက္ကသိုလ်များသို့မဟာဘွဲ့များ လျှောက်ထားသည့်
ကျောင်းလျှောက်ရာသီ ဖြစ်၍ မကြာမီလျှောက်လွာပိတ်ရက်
Deadline များရောက်ရှိတော့မည်။ အထူးသဖြင့်
အာဆီယံဒေသတွင်းရှိ စင်ကာပူနိုင်ငံမှ NUS (National
University of Singapore) နှင့် NTU (Nanyang
Technological University)
အစိုးရတက္ကသိုလ်ကြီးနှစ်ခုသို့
အင်ဂျင်နီယာဘာသာရပ်မျိုးစုံ နှင့် ကွန်ပြူတာ
ဘာသာရပ်များ အဓိကလျှောက်ထားကြသည့် အချိန်ဖြစ်ရာ
မြန်မာ ကျောင်းသား၊ ကျောင်းသူများ အကျိုးရှိစေမည့်
အချက် အလက်များ၊ သိကောင်းစရာများကို
သုတေသန ပြုဖော်ပြ လိုက်ပါသည်။
နိုင်ငံတကာတက္ကသိုလ်များသို့
ပြည်တွင်းမှဘွဲ့ကြို၊ဘွဲ့လွန် ကျောင်းသားမျိုးစုံက
အင်ဂျင်စီမျိုးစုံက ဖြစ်စေ၊ ကိုယ်တိုင် Online ကဖြစ်စေ
လျှောက်ထားကြသည့် ဘာသာရပ်မျိုးစုံရှိသော်လည်း
ထိုအချိန်များက အေးဆေး ငြိမ်သက် သောနေရာများ
ယခုလိုရာသီ၌ ကျောင်းသားများဖြင့် သိသိသာသာ စည်ကားထူထပ်
နေလျက်ရှိ သည်။ထိပ်တန်းနိုင်ငံများနှင့်
ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စင်ကာပူပညာရေးစနစ်
ကောင်းမွန်မှု့နှင့် နိုင်ငံ တကာ ကျောင်းသားများအပေါ်
ပမာဏအတိုင်းအတာ ကြီးကြီးမားမားတစ်ခုအထိ
ထောက်ပံ့ပေးနိုင်သည့် အတွက်
ကျောင်းသားများ၏အဓိကလိုအပ်ချက်ကို
ဖြည့်ဆည်းပေး နိုင်မှု့တို့က မြန်မာကျောင်းသားများ
ထိုကဲ့သို့ အများအပြားလျှောက်ထားခြင်း၏
အရေးပါသောအချက်များဖြစ်သည်။ နိုင်ငံ၏ တည်ငြိမ်မှု့က အိမ်
ကတစ်ဦး တည်းခွဲထွက်လာပြီး နေထိုင်သောသူများအတွက်
အခြားဝေးကွာသော နိုင်ငံများထက် စိတ်ချရ သည့်အပြင်
မြန်မာအများအပြားနှင့် မြန်မာအစားအစာများ
ရောက်နှင့်ပြီးဖြစ်သည်ကလည်း Culture Shock ရရန်
မပူပင် စေသည့်အတွက် ပြည်ပပညာသင်ကျောင်းသားများ
တစ်ထောက်နားရာ နိုင်ငံဖြစ်ခြင်းဖြစ်သည်။
စင်ကာပူတက္ကသိုလ် နှစ်ခုကအခြားဘာသာရပ်များကို
သင်ကြားနေသော်လည်း အင်ဂျင်နီယာဘာသာ ရပ်နှင့်
ကွန်ပြူတာဘာသာရပ်တို့က မြန်မာကျောင်းသားအများစုအတွက်
ကျောင်းဝင်ခွင့် အခွင့်အလမ်းပိုရ လေ့ရှိသည့်အတွက်
ထိုဘာသာရပ်များဖြင့် ဘွဲ့ရသည့်ကျောင်းသားများ
ယခုလိုအများအပြားလျှောက်ထား ခြင်းဖြစ်သည်။
ထိုကျောင်းသားများကို လက်ခံသည့်နိုင်ငံနှင့်
တက္ကသိုလ်များကလည်း အရှုံးမရှိ သူတို့လက်ခံလိုက်သူ
များသည် အတန်းထဲတွင် အမှတ်ကောင်းပြီး အရည်အချင်းရှိသူ၊
အလုပ်ခွင်အတွေ့အကြုံရှိသူနှင့် လက်ခံနိုင် ဖွယ်
ကိုယ်ရည်ကိုယ်သွေး ရှိသူများကိုသာစိစစ်ရွေးခေါ်ခြင်းဖြစ်သည်။
ကျောင်းသွားများဘွဲ့ရ၍ ထိုလုပ်ငန်းခွင်
အတွင်းရောက်ရှိလာပါက အတိုင်းအတာ တစ်ခုအထိ
အရည်အချင်းရှိပြီး ကျွမ်းကျင်သူများကို
ရရှိနိုင်မည်ဖြစ် သည်။
သို့ရာတွင် ထိုတက္ကသိုလ်နှစ်ခုသို့
ဒေသတွင်းနိုင်ငံများက ကျောင်းသားများပါ
အများအပြားလျှောက် ထားကြသည့် အတွက် ကျောင်းသားက
မိမိ၏ကိုယ်ရည်ကိုယ်သွေးကိုဖော်ပြလျှောက်ထားနိုင်မှု့သည်
အရေး ပါသည့် အချက်ဖြစ်လာ သည်။ထို့ပြင်ကျောင်းလျှောက်စဉ်
ကျောင်းသား၏လုပ်ပုံကိုင်ပုံ နည်းလမ်းများ မှန်ကန် မှု့
မိမိလျှောက်ထားမည့် ဘာသာရပ်အပေါ်
စနစ်တကျသုံးသပ်နိုင်မှု့ကလည်းအရေးကြီးသည်။
ကျောင်းကကျောင်းသားကိုလက်ခံပါသည် ဆိုသည့် Acceptance
Letter ရရှိရေးအတွက် အသုံးဝင် မည့် တက္ကသိုလ် များကို
နိုင်ငံတကာတက္ကသိုလ်များမှ မဟာဘွဲ့ရရှိပြီးသူများနှင့်
ထိုတက္ကသိုလ်များက
ပါမောက္ခများက ပြောပြကြ ပါသည်။သူတို့အားလုံးပြောသည့်
တူညီသည့်အဓိကအရေးအကြီးဆုံးအချက်က
ကျောင်းသို့မိမိလျှောက်လွာ ပေးပို့ထား သည့်ကာလအတွင်းမိမိလျှောက်ထားသည့်
ဘာသာရပ်က သက်ဆိုင် ရာ ပါမောက္ခများနှင့် ဆရာများထံ
တိုက်ရိုက် ဆက်သွယ် ကြရန်ဖြစ်ပါသည်။
ထိုဆရာများထံဆက်သွယ်ရန် Email Address က
သက်ဆိုင်ရာဌာန၏ Website တွင်ပါပြီးဖြစ်သည်။
တက္ကသိုလ်တစ်ခုလုံးအနေဖြင့်မဟုတ်ဘဲ Civil Engineering
ဘာသာရပ်အားဖြင့် ကမ္ဘာ့ အကောင်း
ဆုံးအဆင့် တွင်ပါဝင်သည့်ဂျပန်တက္ကသိုလ်တစ်ခုသို့
ကျောင်းလျှောက်ရာ ပထမဦးဆုံးအချိန်တွင်ပင် ကျောင်း
ကလက်ခံခဲ့သည့်
မြန်မာ ကျောင်းသားတစ်ဦးကပြောပြရာတွင်”ကျွန်တော်
အဲဒီတက္ကသိုလ်ဆီက ဆရာ့ဆီကို ကျွန်တော်မိတ်ဆွေကတစ်ဆင့်
တိုက်ရိုက်အဆက်အသွယ်ရှိခဲ့တယ်။နောက်ဆုံး
ကျွန်တော့ကိုလှမ်းခေါ်လိုက် တာလည်းအဲဒီဆရာပဲ”
ဟုသူကဆိုသည်။
NTU
တွင် Computer Integrated Manufacturing ဘာသာရပ်ဖြင့်
မဟာသိပ္ပံဘွဲ့ရရှိခဲ့ပြီး NTU ၌ပင် Wireless Technology
အတွက်သုတေသနပြုလုပ်နေသူ ဦးဘိုဘိုဝေမောင်က
ကျောင်းဝင်ခွင့် ရရှိရေး အတွက် သက်ဆိုင်ရာ
ဆရာ များ ထံစာရေးဆက်သွယ်ရန်နှင့် ဘာကြောင့်
ကျောင်းလျှောက်ထားသည်၊ ဘာအတွက်ထိုဘာသာကို
စိတ်ဝင်စားသည် ဆိုသည် များကို ပြောပြသင့်သည်ဟုဆိုပြီး
တခါတရံတွင် မိမိမည်မျှ လေ့လာထားသည်ထက်
မိမိမည်မျှစိတ်အားထက်သန်သည်ဆိုက
ပို၍အရေးကြီးကြောင်းပြောပြ သည်။ ထို့အပြင်ဆရာများထံမှ
ပထမအကြိမ် စာမပြန်ပါကလည်း Email
အကြိမ်ကြိမ်ပို့ပါဟုဆိုသည်။
ထိုကျောင်းများတွင် ကျောင်းဝင်ခွင့် ရရှိကြသော
ကျောင်းသားများသည် သူတို့လျှောက်ထားသည့် ကျောင်းနှင့်
သက်ဆိုင်သောဘာသာရပ်များအကြောင်း သေသေချာချာထဲထဲဝင်ဝင်
လေ့လာထားကြသူများ ဖြစ်သည်။ သူတို့အားလုံး
အချိန်တော်အတန်ယူပြီးအားထုတ်ခဲ့ကြသည်ကိုတွေ့ရသည်။ NTU
တွင် Information Studies ဘာသာရပ်ဖြင့်
မဟာသိပ္ပံဘွဲ့ တက်ရောက်နေသူတစ်ဦးက သူသည်ကျောင်းမလျှောက်
မီသူလျှောက်မည့် ဘာသာရပ်အကြောင်း Website မှတဆင့်
သေချာစွာဖတ်ခဲ့ကြောင်း၊ ဥပမာ အနေဖြင့် CIM (Computer
Integrated Manufacturing) လျှောက်ထားမည်ဆိုပါက CIM
ဆိုသည်မှာ အဘယ်နည်းနှင့် မည်သို့အသုံးပြုသည်ကို
သေချာစွာလေ့လာခဲ့သည်ဟု ပြောကြားသည်။
တက္ကသိုလ်ထံပို့ရသည့်
ဘာကြောင့်ထိုဘာသာရပ်ကိုသင်ကြားလိုပါသည်ဆိုသည့် Persue
Reason ကဲ့သို့ အကြောင်း အရာများရေးသားရာတွင်
အကျိုးအကြောင်းဆီလျော်စွာရေးသားရမည်။မိမိပြောလိုသည်များ
ကိုတစ်ဘာသာ ချင်းစီအလိုက်
ထိထိမိမိပြောနိုင်ရမည်ဟုထိုကျောင်းသားများကပြောသည်။
NTU
တွင် မဟာသိပ္ပံတက်
နေသူတစ်ဦးကသူ၏လုပ်ငန်းအတွေ့အကြုံကြောင်းရေးသားရာတွင်
“ကျွန်မလုပ်ငန်းခွင် အတွေ့အကြုံနည်းနည်းရေးလိုက်ပါတယ်။
ပြီးတော့ မြန်မာနိုင်ငံမှာ လုပ်ကိုင်လပ်စ
ကျောင်းမှာရေးနေတဲ့ Thesis အကြောင်း ကိုပဲ
သေချာအဓိထားပြီး အသေးစိတ်ရေးလိုက်ပါတယ်”ဟုဆိုသည်။
မိမိကျောင်းလျှောက်စဉ် သက်ဆိုင်ရာနယ်ပယ်အတွင်း
ကိုယ်ပိုင်လုပ်ကိုင်နေသူဖြစ်သဖြင့် မိမိ၏ လုပ်
ငန်းခွင်အတွေ့ အကြုံအကြောင်း ကိုယ်တိုင်သေချာရှင်းပြ
ရေးသားနိုင်ခဲ့သည့်အတွက် ကျောင်းကသူတို့ကို
လက်ခံခဲ့ပါသည်ဟု ဂျပန်တက္ကသိုလ်တစ်ခုက
ဝင်ခွင့်ရရှိခဲ့သူ ကျောင်းသားကပြောသည်။
NTU
မှသုတေသနပညာရှင် ဦးဘိုဘိုဝေမောင်ကပြောကြားရာတွင်
တက္ကသိုလ်တစ်ခုထံသို့ ဘာသာရပ် တစ်ခုထက်ပိုပြီး
တစ်ပြိုင်ထဲလျှောက်ထားသူများအနေဖြင့် Application
များရေးသားရာတွင် ဘာသာရပ်တစ်ခုခြင်းစီအတွက်
သီးသန့်ရေးသားသင့်ကြောင်း တစ်ခုနှင့်
တစ်ခုဆင်တူဖြစ်နေသင့် ကြောင်း ဆိုသည်။
သူတို့သည်တက္ကသိုလ်သို့ ပို့ရမည့် လျှောက်လွာများနှင့်
တက္ကသိုလ်နှင့် လုပ်ငန်းခွင် အတွေ့အကြုံ ဆိုင်ရာ
စာရွက်စာတမ်းများအတွက်
အချိန်ယူပြင်ဆင်ခဲ့သူများဖြစ်ကြပါသည်။ Civil
Engineering ဘာသာရပ် ၌ ၀င်ခွင့်ရခဲ့သူ
အထက်ပါကျောင်းသားသည်
ရှေ့နှစ်များတွင်ဝင်ခွင့်ရခဲ့သူကျောင်းသားများထံ
သွားရောက် မေးမြန်းသည်။ ထိုစီနီယာများက
အချိန်မပေးနိုင်ပါက စိတ်ရှည်ရှည်ဖြင့်စောင့်၍
နောက်ထပ်တစ်ကြိမ်သွား ရောက်တွေ့ဆုံခဲ့သည်ဟုဆိုသည်။
ထိုကဲ့သို့ မေးမြန်းခြင်းများသည် ကျောင်းသားများအတွက်
အလွန်အသုံးဝင်ပါသည်။အဘယ်ကြောင့် ဆိုသော် တက္ကသိုလ်များက
ဝင်ခွင့်အတွက်လိုအပ်ချက်များ၊
သက်ဆိုင်ရာဘာသာရပ်တစ်ခုချင်းစီအတွက် လိုအပ်ချက်များ၊
ဘာသာရပ်ဆိုင်ရာ အချက်အလက်များကို Website များ၌
ဖော်ပြထားတတ်ရာ အချို့ ကျောင်းဝင်ခွင့်
အချက်အလက် များသည် Website တွင်ဖော်ပြထားသည်များကဲ့သို့
မတင်းကျပ်လွန်းသည်ကို
လက်ရှိတက်ရောက်နေသူကျောင်းသားများကို
မေးမြန်ခြင်းဖြင့်သိရကြောင်း၊ ထိုအပြင် Website
မှဖော်ပြချက် များကိုဖတ်ရှုရာတွင်လည်း
လက်ရှိတက်ရောက်နေသူများက ပြောပြထားသည့်
အတွေ့အကြုံများကို နားထောင်၍ ဖတ်ရှု့ခြင်းက
သက်ဆိုင်ရာဘာသာရပ်အလိုက်ဖော်ပြချက်၏ ဆိုလိုရင်းကို
ပို၍ ရေရေလည်လည် သိရှိလာကြောင်း၊ ထို့ကြောင့်
သူ၏ကျောင်းလျှောက်လွှာများရေးသားရာတွင် ပို၍ အထောက်
အကူပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့မှ
ကျောင်းလျှောက်ထားရန်ပြင်ဆင် နေသူတစ်ဦးကပြောကြား သည်။
အထက်ပါပြင်ဆင်မှု့များပြီးဆုံးပါက
စာရွက်စာတမ်းများပို့၍ လျှောက်ထားခြင်းနှင့် Online
မှလျှောက် ထားခြင်း တို့ရှိရာ
တက္ကသိုလ်များထံပေးပို့ရသော
ကျောင်းလျှောက်ထားငွေပေးသွင်းရသည့်ပုံစံအရ ကျောင်း
သားအများစုသည် ငွေသွင်းဝန်ဆောင်မှု့ရရှိနိုင်သော
အင်တာနက်ကဖေးများကတဆင့် လျှောက်ထားကြ သည်။
အင်တာနက်ကဖီးအချို့က ထိုဝင်ဆောင်မှု့များတွင်
အတော်အတန်အတွေ့အကြုံများပြီဖြစ်ပြီး
ကျောင်းသားများဖြည့်စွက်ရသည့် အချက်အလက်များ
မပြည့်စြုံ့ခင်းနှင့်
လုပ်ငန်းခွင်အတွေ့အကြုံဖော်ပြချက်၊ ကျောင်းတက်လိုခြင်း
အကြောင်းအရင်းများကို သက်ဆိုင်ရာ တက္ကသိုလ်များက
တောင်းခံသည့် ပုံစံအတိုင်း ရေးသားမလာခြင်းများရှိတက်ရာ
ထိုလိုအပ်ချက်များရှိခဲ့ပါက ပြင်ဆင်နိုင် ရန် အတွက်
လျှောက်လွှာမပိတ်မီ အနည်းဆုံးနှစ်ရက် ၊ သုံးရက်ခန့်
ကြိုတင်လျှောက်ထားသင့်သည်ဟု ကျောင်းသားမိဘ တစ်ဦး က
အကြံပေး ပြောကြားသည်။
ကျောင်းလျှောက်ထားသူများ ၀င်ခွင့် ရရှိရေးအတွက် NTU
မှသုတေသနပညာရှင် ဦးဘိုဘိုဝေမောင်က
ကျောင်းများ လျှောက်ထားသင့်ကြောင်း၊ NTU နှင့် NUS
အပြင် AIT (Asia Institute of Technology) တို့ကို
ပါလျှောက်ထားသင့်ကြောင်း၊ ဘာသာရပ်တစ်ခုထက်မက
လျှောက်ထားသင့်ကြောင်းနှင့် ပထမအကြိမ် မရရှိ
ပါကအကြိမ်ကြိမ်လျှောက်ထားသင့်ကြောင်း ပြောပြသည့် အပြင်
သက်ဆိုင်ရာ Program Director များထံ ဆက်သွယ်ခြင်းသည်
ကျောင်းဝင်ခွင့်ရရှိရေးအတွက် အဓိက အလွန်အရေးပါကြောင်း
မမေ့လျော့စေရန် ထပ်ခါထပ်ခါ ပြောကြားပါသည်။(သူ၏
Email-bobowm@gmail.com ကို အခြားသိလိုသည်မျာူ
မေးမြန်းနိုင်ပါသည်။)
“မနှစ်က သူငယ်ချင်းနှစ်ယောက်အတူတူ ကျောင်းလျှောက်တာ။
ဆင်တူကျောင်းလျှောက်တဲ့ အဓိက ဘာသာရပ်က
ဝင်ခွင့်မရခဲဘူး။ ဒါပေမယ့် အဲ့ဒီကျောင်းအောက်မှာပဲ
တခြားဘာသာကွဲတစ်ခုကို အရန်အဖြစ် လျှောက်ထားခဲ့တယ်။
နောက်အဲဒီဘာသာရပ်က ၀င်ခွင့်ရခဲ့တယ်။ အဲဒီအကြိမ်
မတိုင်ခင်က ၀င်ခွင့် မရခဲ့တဲ့ ဘာသာရပ်ကို
တစ်ခါလျှောက်ထား ခဲ့ဘူးပါတယ်။ ဒုတိယတစ်ခုလျှောက်တဲ့
အခါမှာတော့ ကိုယ်လိုချင်တဲ့ ဘာသာရပ်အပြင်
အခြားနီးစပ်တဲ့ ဘာသာရပ်ကိုပါ
အရန်ဆိုပြီးလျှောက်လိုက်တော့ ၀င်ခွင့် ရခဲ့တာ” ဟု NUS
တွင် မဟာသိပ္ပံတန်းတက်ရောက်နေသူတစ်ဦးက
သူ၏အတွေ့ အကြုံကိုပြောပြသည်။
ပညာရှင်များနှင့် ပြည်ပတက္ကသိုလ်များတွင်
ပညာသင်ယူနေဆဲသူများ၏ ပြောကြားချက်များအားလုံး ကို
ခြုံငုံ သုံးသပ်ရလျှင်
ကြိုတင်အချိန်ယူပြင်ဆင်ခြင်း၊
အတွေ့အကြုံရှိသူများထံကိုယ်တိုင်ကိုယ်ကျ မေးမြန်း
ခြင်း၊ သက်ဆိုင်ရာ ဘာသာရပ် တစ်ခုခြင်းစီအလိုက်
အသေးစိတ်ပြင်ဆင်ခြင်းနှင့် ရလဒ်ကောင်းတစ်ခုကို
မျှော်လင့်နိုင်သော သက်ဆိုင်ရာ
ဆရာများထံတိုက်ရိုက် ဆက်သွယ်ခြင်း စသည်များကို
ဆောင်ရွက်ရမည်ဖြစ်ကြောင်းတွေ့ရှိရပါသည်။
Source : The
Voice Journal
|