သြစတြေးလျားနိုင်ငံ အေစီယူ (Australian Catholic
University) တက္ကသိုလ်က ဘွဲ့ဒီဂရီကို
တိုက်ရိုက်တက်နိုင်ဖို့ စင်ကာပူနိုင်ငံ SSTC
မှာတက်ရောက်နိုင်ကြောင်း သိရပါတယ်။
တက္ကသိုလ်ကို တိုက်ရိုက်တက်နိုင်
သြစတြေးလျား တက္ကသိုလ်ကို တက်မယ်ဆိုရင် ဒီပလိုမာ
(Diploma) ၊ အဆင့်မြင့်ဒီပလိုမာ၊ အဲသည်ကမှ
ဘွဲ့ဒီဂရီကို သွားရပြီး
ဘွဲ့တစ်ခုရဖို့လေးနှစ်တက်ရပါတယ်။ သြစတြေးလျားကို
တိုက်ရိုက်သွားတက် မယ်ဆိုရင် foundation studies
အဖြစ်ဒီပလိုမာပရိုဂရမ်ကို အရင်တက်ပြီးမှ
တက္ကသိုလ်တွေက ဘွဲ့တန်းကို တက်နိုင်ပါတယ်။
စင်ကာကူနိုင်ငံ SSTC Education Centre က
သြစတြေးလျားနိုင်ငံ အေစီယူတက္ကသိုလ်က ဘွဲ့ဒီဂရီကို
တိုက်ရိုက်တက်နိုင်ဖို့ ပေါင်းကူးပေးတဲ့
ပညာရေးစင်တာတစ်ခုဖြစ်တယ်။ အေစီယူ ဘာသာရပ်တွေကို
စင်ကာပူမှာ သင်ပေးနိုင်တာ
သည်ကျောင်းတစ်ခုပဲရှိသေးတယ်လို့ Future Way
Education & Services ကသိရပါတယ်။
သြစတြေးလျား အေစီယူတက္ကသိုလ် ပထမနှစ်ကို SSTC
Education Centre မှာတက်ပြီးကျန်တဲ့ ဒုတိယနှစ်နဲ့
တတိယနှစ်ကို သြစတြေးလျနိုင်ငံ အေစီယူ တက္ကသိုလ်တွေ
ရှိတဲ့ ပြည်နယ်ငါးခုထဲက နှစ်သက်ရာ ပြည်နယ်တွေမှာ
ဆက်တက်နိုင်ပါတယ်။ ဘွဲ့ဒီဂရီကို သုံးနှစ်သာ
တက်ရပါမယ်။ ဒီပလိုမာ သင်တန်း တက်စရာမလိုတော့ဘဲ
ပထမနှစ်ဘွဲ့ ဒီဂရီကိုစတင် တက်ရောက်နိုင်မှာ
ဖြစ်တယ်။
ဘာသာရပ်နှစ်ခုသာ တက်နိုင်
အေစီယူတက္ကသိုလ်ရဲ့ ပထမနှစ်ကို SSTC Education
Centre မှာ စီးပွားရေး (Business) နဲ့
သတင်းနည်းပညာစနစ် (Information Systems)
နှစ်ဘာသာထဲက နှစ်သက်ရာတစ်ခုခုကို
တက်ရောက်နိုင်ပါတယ်။
SSTC
Education Centre မှာ ပထမနှစ်ပြီးရင် ACU National
ကပေးတဲ့ Diploma in Business , Diploma in
Information System ကိုရရှိပါမယ်။ Bachelor of
Business, Bachelor of Information System
ကိုရရှိပါမယ်။ Bachelor of Business , Bachelor of
Information Systems အတွက် သြစတြေးလျား
အေစီယူတက္ကသိုလ်မှာ ဒုတိယနှစ်နဲ့ တတိယနှစ်
တက်ရမှာပါ။
ပထမနှစ်မှာ ပညာရပ်တစ်ခုစီမှာ
ဘာသာရပ်ရှစ်ခုစီပါဝင်ပြီး အဲသည်မှာနှစ်ခုက
Australian Society နဲ့ Communication Skills
တို့ပါဝင်ပြီး ကျန်တဲ့ခြောက်ခုက သူ့ဘာသာရပ်နဲ့
ပတ်သက်တဲ့ဘာသာရပ်တွေ ဖြစ်ပါတယ်။ ပထမနှစ်
သင်ရိုးညွှန်းတမ်းတွေဟာ သြစတြေးလျား
အေစီယူတက္ကသိုလ်က သင်ရိုးညွှန်းတမ်းတွေ အတိုင်း
ဖြစ်ပါတယ်။
IELTS အမှတ်
သြစတြေးလျားတက္ကသိုလ်တွေ လျှောက်တဲ့အခါ IELTS
အမှတ်က အရေးကြီးပါတယ်။ သူတို့နိုင်ငံက IELTS
အမှတ်ကို ဦးစားပေးတယ်။ အဲသည်အမှတ်ကောင်းရင်
အခွင့်အလမ်းတွေရနိုင်တယ်။ အေစီယူတက္ကသိုလ်က
သည်ဘာသာရပ်နှစ်ခုကို SSTC Education Centre မှာ
ပထမနှစ်တက်ဖို့ IELTS 5.5 နဲ့
၁၀တန်းအောင်ဖို့လိုပါတယ်။ တကယ်လို့ IELTS အမှတ်
မရှိရင် SSTC ကစစ်တဲ့ အင်္ဂလိပ်စာ စာမေးပွဲကို
ဝင်ဖြေလို့ရတယ်။ အဲသည်စာမေးပွဲရဲ့ အဖြေအရ
လိုအပ်ရင်အင်္ဂလိပ်စာကို အဆင့်အလိုက် ပြန်တက်ရပါမယ်။
အဲသည်အင်္ဂလိပ်စာက ပထမနှစ်တက်တာနဲ့
မနက်ပိုင်းအချိန်တွေမှာ ထည့်သွင်းသင်ကြားပေးတားပါ။
IELTS အမှတ်မရှိသေးတဲ့ ၀င်ခွင့်စာမေးပွဲကို
ဖြေပြီးတက်ရတဲ့သူတွေအနေနဲ့ ဒုတိယနှစ်အတွက်
သြစတြေးလျားကို သွားတက်ဖို့ IELTS ပြန်ဖြေရပါတယ်။
သြစတြေးလျားကို ဒုတိယနှစ်တက်ဖို့ IELTS 6.0
ရှိရပါမယ်။
တကယ်လို့
ပထမနှစ်တက်ကတည်းက IELTS အမှတ်ရှိပြီးသားသူတွေ
အနေနဲ့ သတ်မှတ်ထားတဲ့အမှတ် 6.0
မီတယ်။သက်တမ်းမကုန်သေးဘူးဆိုရင် ပြန်ဖြေစရာ
မလိုပါဘူး။တကယ်လို့ IELTS 6.0 အောက်ဆိုရင်
သတ်မှတ်ချက်ပြည့်မီဖို့ IELTS ကိုဒုတိယနှစ်
မတက်ခင် ပြန်ဖြေရပါမယ်။
ဘာသာတချို့ယူဖြေနိုင်
စင်ကာပူမှာ ပထမနှစ်ပြီးလို့ ဒုတိယနှစ်ကို
သြစတြေးလျားကို သွားတက်ဖို့ ဗီဇာဝင်နေတုန်း
ဒုတိယနှစ်က ဘာသာရပ်တစ်ချို့ကို ယူလေ့လာပြီး
ဖြေဆိုထားနိုင်ကြောင်း Future Way Education &
Services ကသိရပါတယ်။
ဒုတိယနှစ်က ဘာသာရပ်တချို့ကို ဖြေထားရင်
သြစတြေးလျားမှာ မဖြေရသေးတဲ့ ကျန်တဲ့ဘာသာရပ်
တွေကိုသာ ဆက်တက်ရမှာပါ။ တတိယနှစ်ပြီးရင်
ဘွဲ့နှစ်ခု (Dual Degree) ရဖို့နောက်ထပ်တစ်နှစ်
ထပ်တက် နိုင်ပါတယ်။
အေစီတက္ကသိုလ်က တစ်နှစ်ကို ဖေဖော်ဝါရီနဲ့
ဇူလိုင်ကျောင်းဖွင့်ချိန်
နှစ်ခုရှိပါတယ်။လာမယ့်သြဂုတ်လ
ကျောင်းဖွင့်ချိန်မှာ စီးပွားရေးဘာသာရပ်
သွားတက်မယ့်သူတွေရှိပြီးတချို့က နောက်တစ်နှစ်
ကျောင်းဖွင့်ချိန်အတွက် ကျောင်းလျှေက်ထားတယ်လို့
သိရပါတယ်။
အဲသည်ကျောင်းသား၊ ကျောင်းသူတွေက သြစတြေးလျား
တက္ကသိုလ်ကို တိုက်ရိုက်တက်ဖို့လျှောက်တဲ့အခါ
ကျောင်းသားဗီဇာရဖို့ လိုအပ်ချက်တွေ
ရှိနေတော့ငြောင့် စင်ကာပူကနေ တစ်ဆင့်သွားတက်ဖို့
ပြန်လျှေက်ရတာပါလို့ Future Way Education &
Service ကသိရပါတယ်။
Source : Modern Journal