
စင်ကာပူမူလတန်းကျောင်းများ
Singapore ရှိ Public Primary Schools များသည် 6 နှစ်ကြာ မသင်မနေရ မူလတန်းပညာရေးကို သင်ကြား ပို့ချပေးပြီး ကျောင်းသားများအနေဖြင့် မူလတန်းပြီးစီး အောင်မြင်ကြောင်း စာမေးပွဲ
(PSLE)ကို ဖြေဆိုနိုင်မည်ဖြစ်သည်။
Primary ၏ ပထမ (၄) နှစ်တွင် သင်ရိုးညွှန်းတမ်း၏ 32% ကို English, 26% ကို မိခင်ဘာသာ စကား၊ 20% ကို Maths နှင့် အခြားကျန်ရှိချိန်ကို အခြားဘာသာရပ်များကို သင်ကြားပို့ချပေးပါသည်။
Singapore တွင် အစိုးရမူလတန်းကျောင်း (၁၃၂) ကျောင်းနှင့် အစိုးရက ထောက်ပံ့ထားသော (၄၁) ကျောင်း ရှိပါသည်။ အစိုးရ ကျောင်းများမှာ အစိုးရမှ တည်ထောင်ပံ့ပိုးထားပြီး Government Aided School များမှာမူ ကျောင်းလည် ပတ်ရာတွင် ကုန်ကျသော စရိတ်များကို အစိုးရထံမှ ပညာရေးထောက်ပံ့ကြေး လက်ခံထားသည်။
မူလတန်းပညာရေးအတွက် tuition Fee များအနေ နှင့် Public School များအတွက် တစ်နှစ်လျှင် ခန့်မှန်းခြေ S$ 1,500 ကျပြီး Private School နှင့် International School များအတွက် တစ်နှစ်လျှင် S$ 10,000 ခန့် ကုန်ကျမည် ဖြစ်သည်။
အစိုးရ မူလတန်းကျောင်းများ
သင်၏ ရင်သွေးငယ်ကို Singapore ရှိ Public Primary School တွင် International Student အဖြစ် တက်ရောက် ခွင့်ပြုခြင်းသည် ထို Primary School ၌ နေရာလစ်လပ်မှုရှိခြင်း မရှိခြင်းတွင် မူတည်သည်။ အကယ်၍ လျှောက်ထားလိုသော ကျောင်းသည် Principals Academy Certification Test လက်ခံလျှင် သင့်ရင်သွေးငယ်၏ ဘာသာရပ် ၂ ခုကျွမ်းကျင် တက်မြောက်ကြောင်း စွမ်းရည်ကို PAC (Principal Academy Ine) တွင်စုံစမ်းရရှိ နိုင်ပါသည်။
Principals Academy Certification Inc မှကြီးမှူးကျင်းပသော နိုင်ငံတကာကျောင်းသားများအတွက် ကျောင်း ၀င်ခွင့် စာမေးပွဲ Principals Academy Certification Test ကို Public School (100) ကျော်မှ အသိအမှတ်ပြု လက်ခံထားသည်။ ဤ Test ကိုဖြေခြင်းအားဖြင့် ကျောင်းသားလျှောက်ထားသော ကျောင်းအတွက် ဖြေဆိုရမည့် စာမေးပွဲ များကို ဖြေဆိုစရာမလိုတော့ပေ။
ဤအသိအမှတ်ပြု လက်မှတ်ရ စာမေးပွဲကြေးမှာ S$220 ဖြစ်ပြီး Test Result မှာ တစ်နှစ်အတွင်း အကျုံးဝင် သည်။ (Test dates နှင့် ယင်းစာမေးပွဲကို လက်ခံသော ကျောင်းများအကြောင်းနှင့် ပတ်သက်၍) သတင်း အချက်အလက် များပြည့်စုံစွာ သိရှိလိုပါက http://www.pact.sg/ တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
စင်ကာပူအလယ်တန်းကျောင်းများ
စင်ကာပူရှိ ကျောင်းသားများသည် မူလတန်းပြီးစီးကြောင်း စာမေးပွဲ (PSLE) အောင်မြင်ပြီးနောက် ၎င်းတို့ တက်ရမည့် အလယ်တန်းကျောင်းကို ရွေးချယ်ကြသည်။ မိမိ၏အရည်အချင်းနှင့် ရွေးချယ်မှုအပေါ် အခြေခံပြီး အလယ်တန်း ကျောင်းများကို တက်ရောက်နိုင်ပါသည်။
အလယ်တန်း ပညာရေးသင်ကြားသော ကျောင်းအမျိုးအစားပေါင်း များစွာရှိသည်။ PSLE ဖြေဆို အောင်မြင် ပြီးသော၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အလယ်တန်း ပညာရေးစနစ်တွင် နောက်ဆုံးနှစ်၌ GCE ‘O’ Level စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်ရန်၊ မိမိတို့ အောင်မြင်ခဲ့သော၊ အဆင့်အလိုက်၊ အောက်ဖော်ပြပါ လမ်းကြောင်းများတွင် သင်ယူရပါသည်။
(1) Special Stream
(2) Express Stream နှင့်
(3) Normal Stream တို့ဖြစ်ပါသည်။
၎င်းတို့အပြင် Integrated Programme တွင်လည်း လေ့လာသင်ယူနိုင်သည်။ (Special Stream နှင့် Express Stream) တို့တွင် (၄) နှစ်၊ (Normal Stream) တွင် (၅) နှစ်နှင့် ၊ (Integrated Programme) ဖြစ်ပါက (၆) နှစ် သင်ကြားရပါမည်။
ယင်း Integrated Programme များမှ ပညာထူးချွန်သော ကျောင်းသားများကို အလယ်တန်းမှ Pre-Universities များသို့ ပြောင်းရွှေ့ တက်ရောက်သင်ကြားခွင့် ပေးသည်။ သင်တန်းများတွင် တက်ရောက် သင်ယူမည့် ကျောင်းသားများ၏ စွမ်းရည်နှင့် ထူးခြားသော စိတ်ဝင်စားမှုရှိခြင်းတို့အပေါ် မူတည်ပြီး သင်တန်းများ၏ သင်ရိုးညွှန်း တမ်း ကွာခြားလေ့ရှိသည်။
Express Stream (4) နှစ်ပြီးလျှင် Singapore Cambridge General Certificate of Education “Odinary ” Level Examanation (GCE ‘O’ Level) စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်မည်ဖြစ်သည်။ Normal Stream ပြီးမြောက် လျှင် Singapore-Cambridge General Certificate of Education “Normal” Level Examnation GCE ‘N’ Level ကိုဖြေဆိုနိုင်မည်ဖြစ်သည်။ Integrated Programmer တက်မြောက်လျှင် Singapore Cambridge General Certificate of Education “Advanced Level” Exam GCE ‘A’ Level စာမေးပွဲနှင့် international Baccalaureate (IB) (သို့) သက်ဆိုင်ရာ စာမေးပွဲများကို ဖြေဆိုနိုင်သည်။
Secondary School အမျိုးအစားပေါင်း များစွာရှိသည်။ အစိုးရကျောင်းများ၊ အစိုးရထောက်ပံ့ကျောင်းများ (Government Aided Schools) ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသော ကျောင်းများ၊ Independent ကျောင်းများ၊ ပုဂ္ဂလိ ကရန်ပုံငွေဖြင့် လည်ပတ်သော ကျောင်းများ (Privately-Funded School) ဟူ၍ Private School အမျိုးမျိုး ရှိသည်။
အလယ်တန်းပညာသင် အစိုးရပိုင်ကျောင်းများ
Singapore Public School မှကျောင်းသားများသည် မိမိတို့၏ စွမ်းရည်နှင့် စိတ်ပါဝင်စားမှုအပေါ် အခြေခံပြီး (၄) နှစ် (သို့) (၅) နှစ်ကြာ သင်တန်းများတွင် တက်ရောက်နိုင်ပါသည်။ (သင်ရိုးညွှန်းတမ်း အသီးသီးဖြင့် သင်ကြားသော) နိုင်ငံခြားမှ ကျောင်းသားများ အနေဖြင့် Secondary 1 မှ Secondary 3 အထိ စတင်ဝင်ရောက် သင်ယူနိုင်ပါသည်။
ကျောင်းသားများအနေဖြင့် (၄) နှစ်ကြာ သင်ကြားရသော Express Stream တွင် လည်းကောင်း၊ နှစ်ဆုံးတွင် GCE ‘ O ’ Level ကို ဖြေဆိုခွင့်ရသော (၅) နှစ်ကြာ Normal Stream ကိုလည်းကောင်း တက်ရောက်နိုင်ပါသည်။ အလယ်တန်း ပညာရေးပြီးဆုံးလျှင် GCE ‘O’ Level နှင့် GCE ‘N’ Level များကိုဖြေဆိုကြသည်။
ကျောင်းသားအများစုမှာ Express Stream တွင် တက်ရောက်နိုင်ပြီး ဤကျောင်းသားများမှာ Normal Stream (Academic ) Stream တို့တွင် တက်ရောက်နိုင်သည်။
ကျောင်းသားများ၏ သင်ကြားမှုစွမ်းရည်နှင့် ကိုယ်ပိုင်စိတ်ဝင်စားမှုနှင့် ကိုက်ညီစေမည့် သင်တန်းများရှိသည်။
Express Stream မှ (၇) ဘာသာ (သို့) (၈) ဘာသာဖြေဆိုရသော GCE ‘O’ Level ဖြေဆိုနိုင်ရန် သင်ကြား ပေးသည်။ ချွင်းချက်အနေဖြင့် အချို့ကျောင်းသားများမှာ ဘာသာရပ် (၁၀) ဘာသာ အထိဖြေဆိုနိုင်သည်။
Normal Stream ကျောင်းသားများသည် (၄) နှစ်ကြာသင်ယူပြီးနောက် GCE ‘N’ Level ကိုဖြေဆို ကြသည်။
Normal (Academic) Stream ကျောင်းသားများသည် သဘောတရားဆိုင်ရာ ဘာသာရပ်များ သင်ယူရပြီး Normal (Technical Stream) ကျောင်းများသည် လက်တွေ့နှင့် နည်းပညာပေါင်းစပ်ထားသော သင်ရိုးညွှန်းတမ်း မျာကို (၈) ဘာသာအထိ ဖြေဆိုနိုင်ပြီး Normal (Technical) Stream ကျောင်းသားများအဖို့ ဘာသာရပ် (၅) ဘာသာမှ (၇) ဘာသာအထိ ဖြေဆိုနိုင်သည်။ GCE ‘N’ Level စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်ပါက အလယ်တန်း ပညာရေးစနစ်၏ ပဉ္စမ နှစ်သို့တက်ရောက်နိုင်သည်။ ယင်း ပဉ္စမနှစ်ပြီးနောက် GCE ‘O’ Level ကို ဖြေဆိုနိုင်ပါသည်။ အကယ်၍ GCE ‘N’ Level Result သည် ပဉ္စနှစ်တက်ရောက်ရန် အရည်အချင်း မပြည့်မီပါက နည်းပညာဆိုင်ရာ ပညာရေးကျောင်း (ITE) တွင်နည်းပညာဆိုင်ရာနှင့် သင့်တော်ရာ အသက်မွေးဝမ်းကြောင်းပညာတစ်ခုခုကို တက်ရောက်နိုင်ပါသည်။ အရည်အသွေးပြည့်မီသော Normal Academic Stream ကျောင်းသားများသည်လည်း GCE ‘O’ Level ဖြေဆိုမည့်အစား ITE အဆင့်မြင့် သင်တန်းများတွင် တက်ရောက် နိုင်ပါသည်။
Express နှင့် Normal Stream များမှ အလယ်တန်းပညာ ပြီးမြောက်ကြောင်း စာမေးပွဲ အောင်မြင်သော ကျောင်းသားများ အနေဖြင့် ၎င်းတို့၏ ၀ါသနာနှင့် GCE ‘O ’ Level result ပေါ်အခြေခံပြီး Junior Colleges, the Centralised Institute, Polytechnic, ITE ကျောင်းများနှင့် Private ကျောင်းများတွင် တက်ရောက်နိုင်ပါသည်။
Public Secondary ကျောင်းဝင်ခွင့်
နိုင်ငံတကာကျောင်းများအတွက် Public Secondary ကျောင်းများတွင် တက်ရောက်ခွင့် ရရေးသည် ယင်းကျောင်းများတွင် လစ်လျက်နေရာ ရှိခြင်းပေါ်မူတည်သည်။
PSLE မဖြေထားသော Foreign ကျောင်းသားများသည် ၎င်းတို့ နှစ်သက်ရာကျောင်းတွင် လျှောက်ထားနိုင် သွားပြီး သက်ဆိုင်ရာ အရည်အချင်းသတ်မှတ်သော စာမေးပွဲ ( Placement Test) ကိုဖြေဆိုရမည်။ ထိုကျောင်းများတွင် ၀င်ခွင့်ရနိုင်ရန် ကျောင်းသား၏ Maths နှင့် English အရည်အချင်းကို ပြသရမည်။ အကယ်၍ လျှောက်ထားမည့် ကျောင်းသည် Math နှင့် English တို့အတွက် Principles Academy Certification Test ကိုလက်ခံလျှင် နှစ်ဘာသာ စလုံးတွင် အရည်အချင်း ပြည့်မီကြောင်း Certificate ကို Principle Academy Inc တွင် ရရှိနိုင်ပါသည်။
Principle Academy Certification Test သည် နိုင်ငံတကာ ကျောင်းသားများအဓိက ဖြေဆိုရမည် ဖြစ်သည်။ Public School ကျောင်းပေါင်း (၁၀၀) ကျော်က လက်ခံအသိအမှတ်ပြုထားသော Test ဖြစ်သောကြောင့် ဤ Test ကိုဖြေ စရာမလိုပေ။ Test အတွက် S$ 250 ကျခံရမည်ဖြစ်သည်။
Principals Academy
9 Woodlands Ave 9
Singapore 738964
Tel : 6363 0330, Fax: 6363 0220
Website : www.pai.sg, E-mail:
info@pai.sg
အထွေထွေမှတ်ချက်
၂၀၀၉ မှစပြီး၊ Primary/ Secondary ကျောင်းဝင်ခွင့်များအတွက် Centralize Test ကိုသာ လက်ခံမည် ဖြစ်သော်လည်း၊ သက်ဆိုင်ရာ ကျောင်းများသို့ တိုက်ရိုက်လျှောက်ထားနိုင်သော ကျောင်းအနည်းငယ် ရှိပါသေးသည်။
မြန်မာနိုင်ငံမှ မိဘများအနေဖြင့် မိမိတို့၏ကလေးနှင့် ကိုက်ညီမှုရှိသော မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်ရန် လိုအပ်ပါသည်။ စင်ကာပူရှိ Public Primary School များသည် နိုင်ငံ၊ ကျောင်းများမှ လက်မှတ်များ အသိအမှတ်ပြုခြင်း ထက်၊ ကလေး၏ အသက်အရွယ်အလိုက် သင့်တော်သော Level ကိုစာမေးပွဲ ၀င်ရောက်ဖြေဆိုပြီး ရလဒ်ပေါ်တွင် မူတည်ကာ၊ ဆုံးဖြတ်လေ့ရှိပါသည်။ စင်ကာပူအစိုးရကျောင်းများသို့ ၀င်ခွင့်ရရန်၊ မိမိတို့ကလေး၏ အင်္ဂလိပ်စာနှင့် သင်္ချာ စွမ်းရည်ကို သိထားရန် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည်။
အကယ်၍ ကလေး၏ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်သည် အသက်အလိုက် ယေဘူယျအားဖြင့် သတ်မှတ် ထားသော စင်္ကာပူနိုင်ငံ၏ ပညာရေးနှင့် မကွာခြားပါက၊ မိမိကလေးအား စင်ကာပူနိုင်ငံသို့ သွားရောက်ကာ သက်ဆိုင်ရာ အတန်းလိုက် ၀င်ခွင့်စာမေးပွဲကို ဖြေဆိုနိုင်ပါသည်။ ၂၀၀၉ ခုနှစ်မှစ၍ စာမေးပွဲကိုသာ ဖြေဆိုရမည်ဖြစ်ပြီး၊ စာမေးပွဲ ဖြေဆို အောင်မြင်ပါက Ministry of Education (MOE) မှအစိုးရကျောင်းများကို တိုက်ရိုက်ရွေးချယ် ချထားပေးမည် ဖြစ်ပါသည်။
Source : Ko Lin (Myanmar Training)