စင်ကာပူအလယ်တန်း ပညာရေးစနစ်ပြီးသွားရင် အလယ်တန်းလွန်ကျောင်း (Singapore Post-Secondary Institute) တွေကို ဆက်တက်နိုင်ပါတယ်။
Singapore Post Secondary Institute
စင်ကာပူ အလယ်တန်းပညာရေးစနစ်ပြီးသွားရင်
စာမေးးပွဲဖြေရပါမယ်။
အောင်မြင် ပြီးတဲ့ကျောင်းသား၊ ကျောင်းသူတွေက တက္ကသိုလ် ကောလိပ်အကြိုဖြစ်တဲ့ Junior College တစ်ခုခုမှာ ၂ နှစ်သင်တန်း တက်ရောက်နိုင်ပါတယ်။ ဒါမှမဟုတ် Centralised Institute မှာ 3 နှစ်သင်တန်းကို တက်ရောက်နိုင်ပါတယ်။ နိုင်ငံတကာ ကျောင်းတွေမှာ သင်တန်းကြေး တစ်နှစ်ကို စင်ကာပူဒေါ်လာ ၃၃၆၀ ခန့်ကုန်ကျမှာ ဖြစ်ပါတယ်။
Junior College တက်ပြီးရင် GCE A Level စာမေးပွဲ ဖြေရပါတယ်။ A Level သင်တန်းက အမှတ်ကို ကြည့်ပြီး တက္ကသိုလ်တစ်ခုခုမှာ ၀င်ရောက်သင်ကြားခွင့် ရှိမရှိဆုံးဖြတ်ပါတယ်။ ၀င်ခွင့် အဆင့်မီသူတွေက စင်ကာပူအစိုးရ တက္ကသိုလ် ၃ ခုဖြစ်တဲ့ National University of Singapore (NUS), Nanyang Technological University (NTU) နဲ့ Singapore Management University (SMU) တွေထဲက တစ်ခုခုကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။
နောက်တစ်နည်းက ပိုလီတက္ကနစ် ငါးခုထဲက တစ်ခုခုမှာ ဒီပလိုမာ သင်တန်းတက်ရောက်ဖို့ ရွေးချယ် နိုင်ပါတယ်။
စင်ကာပူ ပိုလီတက္ကနစ်တက်ရောက်ရင် စင်ကာပူအစိုးရက ကျောင်းလခရဲ့ ၈၀ ရာခိုင်နှုန်းကို စင်ကာပူနိုင်ငံသားတွေက လွဲပြီး ကျန်ကျောင်းသားတွေကို ပေးမှာ ဖြစ်တယ်။ ပိုလီတက္ကနစ်ကျောင်းတွေရဲ့ ဒီပလိုမာက အချိန်ပြည့် ၃ နှစ် တက်ရတဲ့ ဒီပလိုမာဘာသာရပ်တွေ ဖြစ်တယ်။ နိုင်ငံတကာ ကျောင်းသားတွေအတွက် နှစ်စဉ် ကျောင်းလခ ထောက်ပံ့ကြေး ရရှိနိုင်ပါတယ်။
အခြားအခွင့်အရေးတစ်ခုက စင်ကာပူအစိုးရက ဖွင့်လှစ်ထားတဲ့ နည်းပညာကျောင်း Institute of Technical Education-ITE (Post-Secondary Technical Institute) မှာ ဒီပလိုမာ သို့မဟုတ် Certificate တွေ ရယူနိုင်ပါတယ်။
စင်ကာပူက ပုဂ္ဂလိက ကျောင်းတွေမှာ အနုပညာ၊ စီးပွားရေး၊ စီမံခန့်ခွဲမှု၊ အိုင်တီ၊ ခရီးသွား၊ မီဒီယာနဲ့ ဒီဇိုင်းအစရှိတဲ့ အထူးပြု ဘာသာရပ်တွေ လေ့လာနိုင်ပါတယ်။
ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ အဆင့်မြင့် ပညာရေးအစီအစဉ်များစွာထဲက နှစ်သက်ရာတစ်ခုကိုပြင်ဆင်မှု သင်တန်းတွေ၊ ယူကေအမေရိကန်နဲ့ သြစတြေးလျားနိုင်ငံတွေက နာမည်ကြီးတက္ကသိုလ် တွေက စီစဉ်ပေးတဲ့ တက္ကသိုလ်အဆင့် ပညာရေးအစီအစဉ်တွေ ဖြစ်ပါတယ်။
၎င်းသင်တန်းတွေကို စင်ကာပူနိုင်ငံက ကမ္ဘာ့အဆင့် ပုဂ္ဂလိက ပညာရေးအဖွဲ့အစည်းတွေမှာ သင်ကြားနိုင်ပါတယ်။ အိုင်တီဆိုင်ရာ သင်တန်းတွေ၊ ဘာသာရပ် သင်တန်းတွေ၊ အနုပညာနဲ့ စီးပွားရေး ပညာရပ်တွေကိုလည်း သင်ယူနိုင်ပါတယ်။
Junior College and the Centralised Institute
Singapore Cambridge Cambridge GCE O Level စာမေးပွဲမှာ အမှတ်မြင့်မြင့် အောင်မြင်ထားရင် Public Pre College Institution တွေမှာ လျှောက်ထားနိုင်ပါတယ်။ ၂ နှစ်ကြာတက်ရတဲ့ junior college ၁၇ ကျောင်း၊ Singapore Only Centralized Institute, the Millennia Institute နဲ့ 3 နှစ် ကြာတက်ရတဲ့ တက္ကသိုလ်အကြို (pre-university course ) တွေကို ရွေးချယ်လျှောက်ထားနိုင်ပါတယ်။
၎င်း တက္ကသိုလ်အကြိုတွေက တက္ကသိုလ် ပညာကို ဆက်လက် သင်ယူလိုတဲ့ ထူးချွန်တဲ့ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် စင်္ကာပူနိုင်ငံသား ၂၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းထိ တက္ကသိုလ်အကြို အစီအစဉ်တွေကို တက်ရောက်ကြပါတယ်။ သိပ္ပံနဲ့ သင်္ချာဘာသာရပ် ဖြစ်စေ၊ အနုပညာနဲ့ လူမှုရေးလုပ်ငန်း (Arts and Humanitaces) ဘာသာရပ်တွေ ဖြစ်စေ အထူးပြုလေ့လာနိုင်ပါတယ်။ နောက်ဆုံးနှစ် Singapore Cambridge A Level စာမေးပွဲကို ဖြေဆိုရမှာ ဖြစ်ပါတယ်။
မည်သည့် ဘာသာရပ်တွေကို ယူသည်ဖြစ်စေ Singapore Junior College နဲ့ Centralized Institute တို့က ကျောင်းသားတွေရဲ့ ထိုးထွင်းဆင်ခြင်ဥာဏ်နဲ့ တီထွင်မှု စွမ်းရည်မြင့်လာစေဖို့ ကျယ်ပြန့်တဲ့ သင်ရိုးညွှန်းတမ်းတွေထား ရှိသင်ကြားပေးပါတယ်။ ကျောင်းသားတွေကို အခြေအနေသစ်မှာ သင့်တင့်လျောက်ပတ် အောင် ပြုမူနေတတ်စေဖို့ နယ်ပယ်အသီးသီးမှာ သိရှိနားလည်စေဖို့နဲ့ တစ်ဦးတစ်ယောက်တည်း ကိုယ်ပိုင်စဉ်းစား ဆင်ခြင်နိုင်ဖို့ ပြုစုပျိုးထောင် ပေးခြင်းဖြင့် အသစ်တီထွင်ဆန်းသစ်ခေတ်မှာ အံဝင်ဂွင်ကျဖြစ်စေဖို့ လေ့ကျင့်ပေးပါတယ်။
GCE A Level အတွက် သင်ရိုးညွှန်းတမ်းတွေက ဘ၀အရည်အသွေး (life skill)၊ ဗဟုသုတ ကျွမ်းကျင်မှု (knowledge skill) ၊ content-based skill အစရှိတဲ့ ရှုထောင့် ၃ ခုကို ထည့်သွင်း စဉ်းစားထားတယ်လို့ Smart Resources Co., Ltd (ဖုန်း- ၃၇၄၇၄၇-၄၈) က သိရပါတယ်။
၎င်းဘ၀အရည်အသွေး (Life skill) ကကျောင်းသားတွေရဲ့ တီထွင်ဆန်းသစ်တာ၊ ဦးဆောင်မှု ပြုတာ၊ လူမှုရေး တာဝန်ကျေပွန်တာနဲ့ စာရိတ္တမြင့်မားတာ စတဲ့အကျင့်ကောင်းတွေကို ပြုစုပျိုးထောင်ပေးပါတယ်။
ကျောင်းသားတွေရဲ့ စဉ်းစားတွေးခေါ်တာနဲ့ ဆက်ဆံရေးကောင်းစေတဲ့ ပရော့ဂျက်ပြုလုပ်တာ (project work) ၊ ဗဟုသုတနဲ့ စုံစမ်းစစ်ဆေးမှု (knowledge and inquiry) အစရှိတဲ့ ဘာသာရပ်တွေ သင်ကြားခြင်းအားဖြင့် ကျောင်းသား တွေရဲ့ ဗဟုသုတ ကျွမ်းကျင်မှု (knowledge skill) ကိုမြှင့်တင်ပေးပါတယ်။
Content-based subject တွေကို သင်ကြားပေးခြင်းအားဖြင့် ကျောင်းသားတွေ အသက်မွေးဝမ်းကျောင်း အောင်မြင်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ရရှိလာပြီးအမူအကျင့် အလုပ်အကိုင်မှာ ထိန်းချုပ်နိုင်တဲ့ အခြေခံ ကောင်းတွေ ရဖို့ အထောက်အကူပြုတယ်လို့ သိရပါတယ်။
Junior College နဲ့ Centralized Institute တွေရဲ့ ၀င်ခွင့်ကို GCE O Level စာမေးပွဲ အမှတ်ပေါ်မူတည်ပြီး စဉ်းစားပေမယ့် နိုင်ငံတကာကျောင်းသားတွေကို ကျောင်းသားနေရာ လစ်လပ်မှု ရှိမှ လက်ခံလေ့ရှိပါတယ်။
မြန်မာနိုင်ငံမှာ A Level တက်ဖို့ လေ့လာစုံစမ်းမှု နည်းနေသေးတယ်လို သိရပါတယ်။ နိုင်ငံခြား တက္ကသိုလ်တွေကို ၀င်ခွင့်ရဖို့ A Level ကိုတက်ရောက်တာ အကောင်းဆုံး ဖြစ်ပါတယ်။ အဲသည်နေရာမှာ GCE O Level, GCSE, IGCSE, IB (International Baccalaureate) စသဖြင့် တက္ကသိုလ်သွားမယ့်လမ်းကြောင်း အမျိုးမျိုး ရှိပါတယ်။
တချို့နိုင်ငံတွေမှာ GCE O Level အစားအခုအခါ၊ IGCSE နဲ့ အစားထိုးသတ်မှတ်တာ ရှိပါတယ်။ အင်္ဂလန်က GCSE နဲ့ IGCSE တို့က အခုနောက်ပိုင်း ကွဲပြားမှုတွေ ရှိလာပါတယ်။ အင်္ဂလန်က GCSE နဲ့ IGCSE တို့က အခုနောက်ပိုင်း ကွဲပြား မှုတွေ ရှိလာပါတယ်။ IGCSE ရဲ့ သင်ရိုးညွှန်းတမ်းက ခေတ်ရဲ့လိုအပ်ချက်အရ ပြုပြင်ပြောင်းလဲ သွားတယ်လို့ Smart Resources ကသိရပါတယ်။ IGCSE က GCSE နဲ့ GCE ‘O’ Level တို့နဲ့ညီမျှပါတယ်။