Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' တွင် Linux သင်တန်း၊ Memory Stick၊ Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


Article »

UK မှာ ပညာသွားသင်မယ်ဆိုရင်

ပြည်ပ ပညာသင်သွားမည့်သူအများစု စင်ကာပူအစား အခြားနိုင်ငံများသို့ သွားရောက်ရန် စိတ်ဝင်စားလာ ကြကြောင်း ပညာရေးအေဂျင်စီ အသိုင်းအ၀ိုင်းမှ ကြားသိရသည်။ ထိုသို့ ပညာသင်သွားရောက်ရန် စိတ်ဝင်စားသည့် နိုင်ငံများအနက် ဦးစားပေးရွေးချယ်သည့်နိုင်ငံ ၂ မှာ ယူနိုက်တက်ကင်းဒမ်နိုင်ငံ UK (ဗြိတိန်) နှင့် သြစတြေးလျ နိုင်ငံ တို့ဖြစ်ကြောင်း အဆိုပါ အသိုင်းအ၀ိုင်းက အတည်ပြုသည်။

သို့ဖြစ်ရာ ယခုရက်သတ္တပတ်တွင် UK သို့ ပညာသင်သွားရောက်လိုသူ ကျောင်းသားများအတွက် လိုအပ်မည့် အခြေခံ အချက်အလက်တချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။ UK ရှိစကော့တလန်၊ မြောက်အိုင်ယာလန်၊ ဝေလနှင့် အင်္ဂလန်ဟူသော ၄ ခုအနက် မြန်မာကျောင်းသား အများစု သိရှိပြီး သွားရောက်လိုသည်က အင်္ဂလန်ဖြစ်သည်။ အင်္ဂလန်နိုင်ငံမဟုတ်ပါ။ အင်္ဂလန်သာ ဖြစ်ပါသည်။ အင်္ဂလန်တွင် ပညာသင်ကြားရန် ကုန်ကျစရိတ်မှာ တစ်နှစ်လျှင် အနည်းဆုံး ပေါင် ၈၀၀၀ (ကျပ် သိန်း ၁၀၀ ) မှ အများဆုံးပေါင် ၂သောင်းခွဲ (ကျပ် သိန်း ၃၀၀) ၀န်းကျင်အထိ ကုန်ကျနိုင်သည်။

အင်္ဂလန်တွင် ဘွဲ့ဒီဂရီရရှိရန် သုံးနှစ်သာကြာပြီး မာစတာဘွဲ့ကို အချိန် ၁ နှစ်ဖြင့် ရယူနိုင်သဖြင့် အခြား နိုင်ငံများထက် ၂ နှစ်ခန့် အချိန်ကုန်သက်သာသဖြင့် ငွေကြေးအရလည်း ကုန်ကျစရိတ် သက်သာသည်။ သို့သော် တက္ကသိုလ်များသို့ အဆင့်မီမီတက်ရောက်နိုင်ရန် လိုအပ်သည့် အခြေခံလိုအပ်ချက် (Foundation Year-BTEC) ကဲ့သို့ ဒီဂရီများ ရရှိထားရန် သို့မဟုတ် GCSE ဖြေဆိုထားရန် စသည့်လိုအပ်ချက်တို့ ကြောင့် ကုန်ကျစရိတ်မှာ များစွာ ကွာခြား မည်မဟုတ်ပေ။ ထို့ပြင် ပညာသင်နှစ် အပြည့်အ၀တက်ရောက်နိုင်ကြောင်း အာမခံချက်အနေဖြင့် Show-money ကျပ် သိန်း ၄၀၀ ၀န်းကျင်အထိ ငွေပမာဏရှိသည့် ငွေစာရင်းတစ်ခု ပြသရန်လိုအပ်ပြီး မိဘ သို့မဟုတ် ဆွေမျိုးတစ်ဦးဦး သို့မဟုတ် မိမိ ပညာသင်ကြားရန် ထောက်ပံ့မည့်သူ၏ ငွေစာရင်းတို့ဖြင့် ပြသနိုင်ပေသည်။

UK သို့ ပညာသင်သွားရောက်ရန် စီစဉ်ရာတွင် ပထမဦးဆုံးကြုံတွေ့ရမည့် အခက်အခဲတစ်ရပ်မှာ ဗီဇာဖြစ်ပြီး အချက်အလက် မပြည့်စုံ၊ လျှောက်ထားပုံလိုအပ်မှုတို့ကြောင့် ငြင်းပယ်ခံရသော ဗီဇာအများအပြား ရှိသဖြင့် နားလည် တတ်ကျွမ်းကျသူနှင့် တိုင်ပင်၍ အသေးစိတ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီးမှ လျှောက်ထားသင့်သည်။ ဘာသာစကားသည် အဓိက အကျဆုံြးုပင်ဆင်သွားရမည့် အခြေခံလိုအပ်ချက်ဖြစ်ပြီး တစ်ပတ်လျှင် နာရီ ၂၀ အလုပ်လုပ်ကိုင်ခွင့် တရားဝင်ခွင့်ပြုထားသော နိုင်ငံဖြစ်ရာ ဘာသာစကား ကျွမ်းကျင်မှသာ အလုပ်အလွယ်တကူ ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် အားလပ်ရက်များတွင် အချိန်ပြည့်အလုပ်လုပ်ကိုင်ခွင့်ပြုထားရာ နေထိုင် စားသောက် စရိတ်ကို လုံလောက်စွာ ရှာဖွေနိုင်စွမ်းရှိပေသည်။ ငွေကြေးရော အချိန်ပါရင်းနှီးမြုပ်နှံထားရမည်ဖြစ်ရာ ထိုက်တန်သည့် အကျိုးအမြတ် (အောင်မြင်မှုရရှိရန်) မိမိ စိတ်ဝင်စားရာ ဘာသာရပ်ကို ဦးစားပေးရွေးချယ်သင့်သည်။

မိမိတက်ရောက်လိုသော ဘာသာရပ်နှင့် ပတ်သက်၍ အ ဓိက သင်ကြားသော ကျောင်း/ တက္ကသိုလ်ကို Online မှတစ်ဆင့်လည်း ရှာဖွေနိုင်ပေသည်။ ထို့ပြင် ကျောင်းလျှောက်ထားမှုနှင့် ဘာသာရပ်ရွေးချယ်မှုတို့အတွက် အချက်အလက်များကိုသာမက အကြံဥာဏ်များကိုပါ ဗြိတိသျှသံရုံးတွင်လည်း တောင်းခံရယူနိုင်မည် ဖြစ်သည်။ ကျောင်းလျှောက်ရန်သာမက ပညာသင်ဆုများကိုပါ လျှောက်ထားရန်ပါ အကူအညီတောင်းခံနိုင်ပြီး နှစ်စဉ် ပညာသင်ဆုပေါင်း ၂ သောင်းကျော်ကို နိုင်ငံတကာကျောင်းသားများသို့ ချီးမြှင့်ပေးနေသည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။ ပညာသင်ကြားစဉ် ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့အစီအစဉ်ကိုလည်း နိုင်ငံတကာကျောင်းသားများ ရရှိခံစား နိုင်ပေသည်။

သို့ရာတွင် စင်ကာပူကဲ့သို့ ဒေသတွင်းနိုင်ငံမဟုတ်သဖြင့် နေရာဒေသအရ အလှမ်းဝေးခြင်း၊ ယဉ်ကျေးမှု၊ ဓလေ့ စရိုက်နီးစပ်မှု မရှိခြင်း၊ ပညာသင်စရိတ် ကြီးမြင့်ခြင်းတို့ကမူ UK တွင် ပညာသင်ကြားလိုသော ကျောင်းသားများအတွက် အဟန့်အတားတစ်ခုလည်း ဖြစ်နိုင်ပေသည်။ သို့သော် UK ရှိကျောင်းတိုင်းတွင် တရုတ်နိုင်ငံသားများ အပါအ၀င် နိုင်ငံတကာမှ ကျောင်းသားအများအပြား ရှိသဖြင့် ယင်းအခက်အခဲများသည် ပဓာနကျသော အခက်အခဲများမဟုတ်ပေ။

အဓိက အကျဆုံးသတိပြုရမည့် အချက်မှ မိမိတက်ရောက်မည့် ကျောင်း၏အဆင့်၊ အခြေအနေ၊ မိမိရွေးချယ် သင်ကြားမည့် ဘာသာရပ်အကြောင်းတို့ကို Website များမှ လည်းကောင်း၊ နားလည်တတ်ကျွမ်းသူ၊ သွားရောက်ဖူးသူနှင့် နီးစပ်သော အသိုင်းအ၀ိုင်းများထံ စုံစမ်းမေးမြန်းထားရန် ဖြစ်သည်။ အရေးအကြီးဆုံးမှာ ဘာသာစကား ကျွမ်းကျင်မှု ဖြစ်သည်။ သို့မဟုတ်ပါက စံချိန်မမီသောကျောင်း၊ မိမိနှင့် မကိုက်ညီသော ဘာသာရပ်များကို တက်ရောက်သင်ကြားမိခြင်း ကြောင့် အောင်မြင်မှုနှင့် အလှမ်းဝေးပေမည်။ နိုင်ငံကိုယ်စားပြု သွားရောက်ရသည့်အတွက် မိမိအရည်အချင်း အဆိုးအကောင်းအားလုံးက မိမိတစ်ဦးတည်းအတွက်သာမက နိုင်ငံသားအားလုံးနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာနှင့်ပါ သက်ဆိုင်နေ ပေသည်။

Source : the Voice Journal
 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats