Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' တွင် Linux သင်တန်း၊ Memory Stick၊ Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


Article »

နိုင်ငံတကာဘွဲ့ အွန်လိုင်းမှာ သင်ယူနိုင်

နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့တွေကို မိမိရှိတဲ့နေရာကနေ အလုပ်မပျက်ဘဲ ဒီပလိုမာဘာသာရပ်ကနေ မာစတာ အထိ အွန်လိုင်းကနေ တစ်ဆင့် သင်ယူနိုင်ပါတယ်။ အွန်လိုင်းကနေတစ်ဆင့် သင်ယူမှုကို တာဝန်ယူပေးတဲ့ စင်ကာပူနိုင်ငံ Informatics Global Campus (iGC) ရဲ့ online learning အစီအစဉ်မှာအခုဆိုရင် တက်ရောက် သင်ကြားခဲ့တဲ့ ကျောင်းသားဦးရေ ၇၂,၀၀၀ ခန့်ရှိပြီး စင်ကာပူနဲ့ အခြားနိုင်ငံတွေက အလုပ်လုပ်ကိုင်ရင်း online learning ကိုတက်ရောက်နေတဲ့ မြန်မာကျောင်းသား ၂၀ ဦးကျော်နဲ့ မြန်မာ နိုင်ငံကနေ ၃ ဦးရှိနေပြီလို့ အဲသည်ကျောင်းက တာဝန်ရှိသူ ဦးသိုက်ထွန်းအောင်က တယ်လီဖုန်းနဲ့ပြောတယ်။

အလုပ်မပျက် သင်ယူနိုင်

Online learning အစီအစဉ်က တကယ်စာသင်ခန်းထဲက အတိုင်း သင်ယူရသလို ဆရာနဲ့ participant လုပ်ရတယ်။ ဥာဏ်စမ်းပဟေဋ္ဌိဖြေရတယ်။ အဆိုင်းမန့် (assignment) တွေဖြေရပါတယ်။ စာသင်ချိန် (lecture) မှာ ကိုယ်မအားလို့ ကွန်ပျူတာရှေ့မထိုင်နိုင်ရင် ကိုယ့်ရဲ့ချက်ထဲမှာoffline အနေနဲ့ ထားပေးပြီး ကိုယ်အဆင်ပြေမယ့် အချိန်မှာ ပြန်ဖွင့်ပြီး သင်ယူနိုင်ပါတယ်။ ဆရာနဲ့ အွန်လိုင်းကနေ စာသင်ချိန်မှာ အပြန်အလှန်မေးခွန်းမေးနိုင်ပါတယ်။ ဆရာနဲ့ စာသင်တာတွေ၊ အပြန်အလှန်မေးခွန်းမေးဖြေတာတွေ အားလုံးကို သိမ်းဆည်းထားပေးတာကြောင့် အချိန်မရွေးပြန် နားထောင်နိုင်တယ်လို့ ဆိုပါတယ်။ အားသာချက်အနေနဲ့ မိမိကိုယ်တိုင် ဆရာနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်သလို အတန်းကိုလည်း အချိန်မရွေး offline ပြန်လည် ကြည့်ရှု့နိုင်တဲ့အတွက် စာသင်ချိန် လွတ်သွားတာမျိုးမရှိနိုင်ပါဘူး။ “ စင်ကာပူမှာ online learning ကိုတော်တော်များများ တက်နေကြပြီး စရိတ်လဲ သက်သာတယ်၊ လူလဲ သက်သောင့်သက်သာ နဲ့ စာသင်နိုင်တယ်။ အချိန်ပိုင်းတက်ရင် အချိန်ပေးရမယ်။ ဈေးကွက်လိုအပ်ချက်ကြောင့် ဒီသင်ယူမှုက ဖြစ်လာတာပါ။ ကျောင်းပြီးလို့ ဘွဲ့ရရင် တက္ကသိုလ်တက်တဲ့သူတွေလိုပဲ အသိအမှတ်ပြု လက်မှတ်တွေက တူကြပါတယ် ”လို့ ဦးသိုက်ထွန်းအောင်က ပြောပါတယ်။

သင်ယူမှုလမ်းကြောင်း

Online learning အစီအစဉ်မှာ စီးပွားရေး၊ အိုင်တီ၊ စာရင်းကိုင်၊ ကွန်ပျူတာ ဘာသာရပ်တွေ တက်နိုင်ပါတယ်။ ၁၀ တန်းအောင်ပြီးတဲ့သူ တက်မယ်ဆိုရင် ဒီပလိုမာ (ပထမနှစ်) တန်းကို တက်ရပါမယ်။ ပြီးရင် အဆင့်မြင့် ဒီပလိုမာ (ဒုတိယုနှစ်) တန်းကို ဆက်တက်နိုင်တယ်။ ၂ နှစ်အတွင်းမှာ ဒုတိယနှစ်ပြီးသွားမှာပါ။ နောက်ဆုံးနှစ်အနေနဲ့ ကိုယ် ကြိုက်တဲ့ တက္ကသိုလ်ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။ နောက်ဆုံးနှစ်အတွက် ယူကေက University of Portsmouth, University of Wales နဲ့ ချိတ်ဆက်ထားတာကြောင့် အဲသည် တက္ကသိုလ်တွေက အသိအမှတ်ပြု ဘွဲ့ လက်မှတ်ကို ရရှိမယ်လို့ဆိုတယ်။ သုံးနှစ်အတွင်း ဘွဲ့ရရှိမှာပါ။ ဒီပလိုမာတန်းတွေ အောင်ပြီးရင် အင်ဖော်မက်တစ် ကျောင်း ရဲ့အသိအမှတ်ပြု လက်မှတ်ရမှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက် www.purpletrain.com မှာလည်း လေ့လာနိုင် ပါတယ်။ မာစတာတန်းတက်မယ့်သူတွေက ဘွဲ့တစ်ခုခု ရပြီး လုပ်ငန်းအတွေ့အကြုံ ၃ နှစ်ခန့်ရှိရပါမယ်။ ဘွဲ့ရပြီးရင် စင်ကာပူမှာပဲဖြစ်ဖြစ်၊ အင်္ဂလန်မှာပဲ ဖြစ်ဖြစ် ဘွဲ့ယူနိုင်ပါတယ်။ နောက်ထပ်လည်း အမေရိကန်က Ellis University နဲ့ Thomas University တို့နဲ့ ချိတ်ဆက်ပြီး online learning တွေလုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဘယ်လို သင်ယူမလဲ

ကျောင်းသားတစ်ယောက်ရဲ့ ကျောင်းသားကတ် (student ID) နဲ့ သူ့ရဲ့ password ကိုကျောင်းက တောင်းယူပြီး တာနဲ့ သင်ခန်းစာကို စလို့ရတယ်။ အွန်လိုင်းပေါ်မှာ ရှိနေတာပဲဖြစ်ဖြစ်၊ မရှိရင်ဘဲဖြစ်ဖြစ် ကိုယ့်ကို သင်ပေးမယ့် ဆရာ့ကို တွေ့နိုင်ပါတယ်။ ဆရာနဲ့ ဆက်သွယ်မှုကို ကန့်သတ်မထားလို့ မိမိသိချင်တဲ့ မေးခွန်းကို ဆွေးနွေးဝိုင်း (discussion forum) မှာတင်ထားလိုက်ရုံနဲ့ ၄၈ နာရီအတွင်း ဆရာ့ဆီက အဖြေနဲ့ ညွှန်ကြားမှုကို ရရှိပါမယ်။ ၂၄ နာရီအချိန်ပြည့် help desk ရှိတာကြောင့် လိုအပ်သမျှ ချက်ချင်းပြန်ကြားပေးနိုင်ပါတယ်။ ဒီပလိုမာ တက်မယ့်သူတွေက ၁၀ တန်းအောင်ပြီး အသက် ၁၅ နှစ်ပြည့်ပြီး ဖြစ်ရပါမယ်။ ၁၀ တန်းမအောင် သေးဘဲ ဒီပလိုမာ တက်ချင်ရင် အသက် ၂၁ နှစ်နဲ့ လုပ်ငန်းအတွေ့အကြုံ ၂ နှစ်ရှိရမှာပါ။ စာအုပ်အတွက် အီလက်ထရွန်း နစ် စာကြည့်တိုက် e-Library ထားထားပေးတယ်။

အင်တာနက်မရှိခဲ့ရင်

Informatics Global Campus (IGC) ကအင်တာနက်မသုံးနိုင်သေးတဲ့သူတွေ အတွက် သင်ယူမှု ၂ ခု စီစဉ်ထားပါတယ်။ အဝေးရောက်သင်ယူမှု (distance learning) နဲ့ရွှေ့လျားသင်ယူမှု မိုဘိုင်း (mobile learning) တို့ ဖြစ်ပါတယ်။ အဝေးရောက်သင်ယူမှုက ဖတ်စာအုပ်ဖတ်ပြီး သင်ယူချင်သူတွေ အတွက်ပါ။ သူက online learning ထက် ဈေးသသက်သာတယ်။ ကိုယ့်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တစ်ခုခုမှာပဲ စာမေးပွဲဖြေလို့ရတယ်။ စာမေးပွဲဖြေဖို့ အဆင်သင့်ဖြစ်ရင် ဘယ်အချိန်မှာပဲဖြစ်ဖြစ် မှတ်ပုံတင်လို့ရတယ်။ ပုံမှန်ဆရာနဲ့ အွန်လိုင်းကနေ သင်ယူတာ၊ အပြန်အလှန် မေးဖြေစရာ မလိုပါဘူး။ တကယ်လို့ မရှင်းတာမေးချင်ရင် အွန်လိုင်းကနေ ဆရာနဲ့ ဆွေးနွေးနိုင်ပါတယ်။ သည်သင်ယူမှုက လွတ်လွတ်လပ်လပ် သင်ယူလိုသူတွေအတွက် အ ကျိုးရှိနိုင်ပါတယ်။ ကျောင်းကနေ တစ်ဆင့်မှတ်စုတွေ မေးခွန်းဟောင်း တွေသင်ယူမှု လမ်းညွှန်တွေကို ပေးမှာပါ။ ကိုယ့်ဘာသာ သင်ယူနိုင်သလို နားမလည်တာ ရှိရင်လည်း ပြန်မေးနိုင်တယ် လိုပ သိရတယ်။

မိုဘိုင်းသင်ယူမှုက စာသင်ကြားရေး နောက်ဆုံးနည်းပညာရပ်တစ်ခုဖြစ်ပြီး အဝေးရောက်သင်ယူမှုနဲ့ ဈေးနှုန်း တူပါတယ်။ အဓိကက နာရီကြာကြာ အလ်ုလုပ်ရတဲ့သူ၊ တစ်ခါတစ်ရံ ခရီးသွားနေတဲ့သူ၊ ဘယ်နေရာကိုပဲ သွားသွား စာအုပ်သယ်မသွားနိုင်တဲ့ သူတွေအတွက်ဖြစ်တယ်။ အင်တာနက်သုံစရာမလိုပါဘူး။ မိုဘိုင်းကစ် (Mobile Kit) ကိုကျောင်းကပေးမယ်။ အဲဒါတွေက SD Cards နဲ့ သင်ယူစရာ ပစ္စည်းတွေ ဖြစ်တယ်။ သင်ခန်းစာတွေကို ကြည့်ပြီး အသံနဲ့ နားထောင်နိုင်ပါတယ်။ အဲသည် SD Cards ကို ကတ်ထည့်သုံးနိုင်တဲ့ စမတ်ဖုန်း၊ အိတ်ဆောင်ကွန်ပျူတာ၊ ကွန်ပျူတာ၊ အမ်ပီသရီး၊ အမ်ပီဖိုးတွေထဲ ထည့်ပြီး သင်ယူနိုင်ပါတယ်။ ဒါ့အပြင် သင်ခန်းစာ မှတ်စုတွေကို အွန်လိုင်းကနေ download လုပ်ပြီး ပရင့်ထုတ်နိုင်ပါတယ်။ ကိုယ့်နိုင်ငံမှာပဲ စာမေးပွဲ ဖြေနိုင်ပါတယ်။

သည်သင်ယူမှုတွေကို မြန်မာနိုင်ငံမှာ ပြုလုပ်ဖို့၊ IGC နဲ့ Smart Resources Co.,Ltd တို့က မကြာခင်မှာ ပူးပေါင်း ဆောင်ရွက်မယ်လို့ သိရပါတယ်။ Smart Resources မှာပဲဆရာနဲ့ အွန်လိုင်းကနေ သင်ယူနိုင်အောင်၊ စာမေးပွဲတွေ ဖြေနိုင်အောင် စီစဉ်ပေးမယ်လို့ ဦးသိုက်ထွန်းအောင်ထံက သိရပါတယ်။ တကယ်လို့ အင်တာနက်ဆက်သွယ်မှုတွေ အဆင်မပြေခဲ့ရင်တောင် အဝေးရောက် သင်ယူမှုတွေနဲ့ လုပ်ပေးနိုင်အောင် စီစဉ်ပေးမယ်လို့ ဆိုတယ်။ ကျောင်းသားက သည်သင်ယူမှုကို သင်ယူပြီးသည်မှာပဲ စာမေးပွဲဖြေချင်ရင် ကိုယ်ဖြေချင်တဲ့နေရာမှာ စီစဉ်ပေးနိုင်မလားဆိုတာ ကျောင်းကို အကြောင်းကြားနိုင်ပါတယ်။ ဥပမာ ဗြိတိသျှကောင်စီ (ရန်ကုန်) Smart Resources မှာဖြေချင်တယ် လုပ်ပေးနိုင်မလား ဆိုတာ ရှိလာရင် ကျောင်းဘက်က လိုအပ်တာတွေ ဖြည့်ဆည်းပေးပြီး အဆင်ပြေအောင် စီစဉ်ပေးမယ်လို့ ဆိုပါတယ်။ သည်သင်ယူမှုအကြောင်း အသေးစိတ်သိလိုရင် Smart Resources Co.,Ltd ဖုန်း - ၃၇၄၇၄၇-၄၈ နဲ့ Christopher.aung07@gmail.com ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Source : Modern Journal
 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats