Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' တွင် Linux သင်တန်း၊ Memory Stick၊ Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


Article »

မြန်မာနိုင်ငံတွင် သင်ယူနိုင်သော နိုင်ငံတကာအဆင့်မှီဘာသာရပ်များ

အခြေခံပညာရေး အထက်တန်းအောင်မြင်ပြီးသူများမှအစ ဘွဲ့ရရှိသူများအဆုံး စီးပွားရေး ပညာ ဘဏ္ဍာရေးနှင့် စာရင်းကိုင် ပညာများကို စိတ်ဝင်စားပါက ထိုသင်တန်းများကို အချိန်သက်သာ စာရိတ်သက်သာ စွာဖြင့် နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ်များကို အရည်အသွေးပြည့်မှီစွာဖြင့် မြန်မာနိုင်ငံတွင် သင်ယူနိုင်ပါပြီ။

ပညာရေးဝန်ဆောင်မှုတွင် (၁ဝ)နှစ်သက်တမ်းရှိပြီးဖြစ်သော JENKO မှ သင်တန်းကျောင်း JENKO CENTRE FOR EDUCATION EXCELLENCE ကို အောက်တိုဘာ(၁၉) ရက်နေ့တွင် တခမ်းတနား ဖွင့်လှစ်ခဲ့ပါသည်။

JCEE သည် မလေးရှားနိုင်ငံရှိ MANTISSA COLLEGE နှင့်ပူးပေါင်းပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ PARIS GRADUATE SCHOOL OF MANAGEMENT ၏ MBA သင်တန်း၊ PGSM အသိအမှတ်ပြု CERTIFICATE နှင့် EXCELLENCE DIPLOMA သင်တန်းများအထူးသဖြင့် LCCI III ပြီးမြောက်သူများနှင့် UK ၏ စာရင်းကိုင် ဒီပလိုမာရယူလိုသူများအတွက် INSTITUTE OF FINANCIAL ACCOUNTS, IFA, UK မှ တိုက်ရိုက်ချီးမြှင့် သော INTERNATIONAL ADVANCED DIPLOMA IN ACCOUNTING စသဖြင့် ပညာရေးနောက်ခံ အမျိုးမျိုး ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် သင်တန်းလမ်းကြောင်းအများအပြားဖွင့်လှစ်ပေးပါသည်။

သင်ကြားပို့ချမည့် ဆရာ/ဆရာမများမှာ မြန်မာနိုင်ငံ၏ စီးပွားရေးလောက၏ အထင်ကရ ဆရာ/ဆရာမ ကြီးမှ ပို့ချပြီး နိုင်ငံခြားမှ ဧည့်သည် ပါမောက္ခများလည်း လာရောက်ပို့ချပေးမည်ဖြစ်ပါသည်။ သင်ရိုးညွှန်းတမ်း များအားလုံးမှာ နိုင်ငံတကာသင်ရိုးညွှန်းတမ်းများဖြစ်သဖြင့် အရည်အသွေးအာမခံပါသည်။အင်္ဂလိပ်စာလိုအပ်ချက် စီးပွားရေးပညာနောက်ခံအခြေခံလိုအပ်ချက်ရှိသော ကျောင်းသားများအတွက် အထူးအပိုသင်တန်းများကို ပို့ချပေးပါသည်။

PGSM ဘွဲ့၊ IFA, UK ၏ ဘွဲ့များသည် နိုင်ငံတကာတွင်အလုပ်ရရှိရန်လွယ်ကူပါသည်။ PGSM ၏ ဘွဲ့ များကို ဥရောပ၊ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင် သာမက အမေရိကန်ရှိအစိုးရ အသိအမှတ်ပြု အဖွဲ့အစည်း များမှ အသိအမှတ်ပြုသဖြင့် ဘွဲ့ရရှိပြီးပါက နိုင်ငံတကာကုမ္ပဏီကြီးများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပါသည်။
PGSM ၏ သင်ကြားပုံမှာ စာတွေ့ လက်တွေ့ အပြင် လက်တွေ့သင်ခန်းစာများစွာပါရှိသဖြင့် PGSM ဘွဲ့ရများသည် လက်ရှိစီးပွားရေးလောကကို လက်တွေ့ကျကျ ဝင်ရောက်ဖြေရှင်းနိုင်ကြသဖြင့် နိုင်ငံတကာ ကုမ္ပဏီကြီးများမှ အလွန်နှစ်သက်လက်ခံကြပါသည်။

မြန်မာနိုင်ငံ JCEE တွင်တက်ရောက်သည့် သင်တန်းအဆင့်ဆင့် မှာ BBA (BACHELOR OF BUSINESS ADMINISTRAION)ဘွဲ့အတွက် ဘာသာရပ်သုံးပုံ လေးပုံကို သင်ကြားခြင်းဖြစ်ပြီး၊ တဆင့်ပြီးတိုင်း အောင်လက်မှတ်များရရှိကြပါသည်။ နောက်ဆုံးနှစ်ကို MANTISSA တွင်တက်ရောက်ရပါသည်။

MBA သင်တန်းများလည်း MBA ရရန်အတွက်တက်ရောက်ရမည့် (၁၂)ဘာသာကို မြန်မာနိုင်ငံ JCEE တွင် ပထမ(၄) ဘာသာပြီးပါက GRADUATE DIPLOMA နောက်ထပ်(၄)ဘာသာပြီးပါက POST GRADUATE DIPLOMA ရရှိပြီး နောက်ဆုံး(၄)ဘာသာကို MANTISSA COLLEGE တွင်သွားရောက်တက်ခြင်းဖြင့် PARIS GRADUATE SCHOOL OF MANAGEMENT ၏ IEMBA ကိုရရှိပါသည်။

CERTIVICATE, EXECUTIVE DIPLOMA နှင့် IFA, UK စာမေးပွဲများကို BRITISH GRADUATE SCHOOL OF MANAGEMENT မှ တိုက်ရိုက်စစ်ဆေးပါသည်။ သင်တန်းကြေးများကို (၃)လ တစ်ကြိမ်ပေးသွင်း နိုင်ပြီး သင်တန်းကြေားများတွင် စာမေးပွဲဖြေဆိုခ၊ စာရွက်စာတမ်းကြေး၊ အင်္ဂလိပ်စာ နှင့် အခြားအထောက် အကူပြုသင်တန်းစာရိတ် အပြီးအစီးပါရှိပါသည်။

မြန်မာနိုင်ငံ JCEE တွင် ဤသင်တန်းများကို တက်ရောက်ခြင်းသည် MANTISSA COLLEGE, MALAYSIA တွင်တိုက်ရိုက် BBA 4+0 တက်ရောက်ခြင်းတက် $14,000 ကျော်သက်သာပြီး အချိန်မှာလည်း ၂နှစ်ခွဲဖြင့် BBA ရနိုင်ပါသည်။ MBA အတွက် $ 5000 သက်သာပါသည်။

LCCI III ပြီးသူများအတွက် BBA ရရန် ၁နှစ်(သို့) ၁နှစ်ခွဲသာ ကြာမြင့်ပါသည်။ ထို့အပြင် အသက် (၂၁)နှစ်ရှိပြီး LCCI III အောင်မြင်သူများရော LCCI မအောင်မြင်သူများပါ ACCOUNTING ဝါသနာပါ ပါက UK ၏ အဖွဲ့အစည်းဖြစ်သော INSTITUTE OF FINANCIAL ACCOUNTANTS ၏ ADVANCE DIPLOMA(၆) လ သင်တန်းကို JCEE တွင်တက်ရောက်နိုင်ပါသည်။

ဤ IFA, UK ၏ ADVANCE DIPLOMA ကိုမြန်မာနိုင်ငံတွင် JCEE သည် ပထမဦးဆုံးဖွင့်လှစ်ပို့ချသည့် သင်တန်းကျောင်းဖြစ်ပါသည်။ JCEE ၏ရည်ရွယ်ချက်မှာ နိုင်ငံတကာစီးပွားရေးပညာ ငွေစာရင်းနှင့် ဘဏ္ဍာရေး ပညာကို စိတ်ဝင်စားသူတိုင်း တက်ရောက်နိုင်ရေးဖြစ်သဖြင့် လိုအပ်နေသော ပညာရေးလိုအပ်ချက်များကို သင်တန်းများမတက်ရောက်မှီ (သို့) တက်လျှက်ပင်ဖြည့်ဆည်းပေးရေးဖြစ်သည်။

သင်တန်းခွဲသစ်များကိုနိုဝင်ဘာလ (၁၂)ရက်တွင် ဖွင့်လှစ်မည်ဖြစ်၍ ယခုမှစ၍ စာရင်းပေးသွင်းနိုင်ပါပြီ။ သင်တန်းတစ်ခုတွင် ကျောင်းသား(၁ဝ)ဦးသာ လက်ခံပြီး သင်ကြားသဖြင့် အလွန်ထိရောက်သော သင်ကြားမှု ဖြစ်ပါသည်။ ထို့ပြင် အင်္ဂလိပ်စာလိုအပ်ချက် စီးပွားရေးပညာ အခြေခံလိုအပ်ချက်ရှိသူများလည်း သင်တန်းရက် မစမှီ သင်ကြားထားရမည်ဖြစ်သဖြင့် အမြန် JCEE သို့လာရောက်စုံစမ်း မေးမြန်းနိုင်ပါသည်။

အသေးစိတ်ဆက်သွယ်လိုပါက JCEE အမှတ် ၁၈ - ၄(က)၊ သပြေညို(၂)၊ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ ကမာရွတ်။ ဖုန်း - 09-5062891 သို့ဆက်သွယ်နိုင်ပါသည်။

(27-10-2009)
Source :
Ko Lin (Myanmar Training)

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats