ယနေ့ခေတ်၏
ကမ္ဘာ့ပြုမှုဖြစ်စဉ်ခေါ် ဂလိုဘယ်လိုက်ဇေးရှင်းကြောင့်
၂၁ရာစုလူငယ်များသည် နိုင်ငံတကာ အဆင့်မီ ပညာရေးကို
သင်ယူ လိုစိတ်ပြင်းပြလာကြသည်။ မိမိသင်ယူသော
ဘာသာရပ်နှင့်ရရှိသော ဘွဲ့ကို နိုင်ငံ တကာမှ
အသိအမှတ်ပြုခံချင်ကြသည်။ မိမိဘဏ္ဍာရေး အခြေအနေနှင့်
ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်
နိုင်ငံတကာအသိအမှတ်ပြု သင်တန်းများကို
ပြည်တွင်းမှာ တစ်နည်းပြည်ပမှာ တစ်ဖုံ
သွားရောက်သင်ယူကြသည်။
ပြည်တွင်း၌ နိုင်ငံရပ်ခြားတက္ကသိုလ်၊
ကောလိပ်များနှင့် ချိတ်ဆက်ထားသည့်
အသိအမှတ်ပြုသင်တန်း ကျောင်းများ အင်အား ကြီးထွား
လာသည့် ပြည်ပပညာရေးဝန်ဆောင်မှုလုပ်ငန်းများ
တိုးပွားလာသည်။ ပြည်တွင်း၌ နိုင်ငံတကာအသိအမှတ်ပြု
စာမေးပွဲဖြေဆိုသော ကျောင်းသား အရေ အတွက်
တစ်နှစ်ထက်တစ်နှစ် များပြားလာ နေသည်။
အင်တာနေရှင်နယ်ကျောင်းများကို
စိတ်ဝင်စားမှုမြင့်တက်လာနေသည်။
ဒေသတွင်း ပညာရေးဈေးကွက်ကျယ်ပြန့်လာမှုကြောင့်
မြန်မာကျောင်းသားများ အတွက်အခွင့်အလမ်း များစွာ
ပေါ်ပေါက်နေသည်။ နိုင်ငံခြားဘာသာစကားသင်တန်းများ၊
စီမံခန့်ခွဲမှုသင်တန်းများ၊ ကွန်ပျူတာ
ဘာသာရပ်သင်တန်းများ၊
အင်ဂျင်နီယာဘာသာရပ်သင်တန်းများ၊
စာရင်းကိုင်ဘာသာရပ်သင်တန်းများ၊
နိုင်ငံခြားတက္ကသိုလ်၊
ကောလိပ်ဝင်ခွင့်သင်တန်းများစသည်ဖြင့်မိမိနှစ်သက်ရာ
သင်တန်းများကို အလွယ်တကူ
ရွေးချယ်တက်ရောက်နိုင်သည်။
ပညာဒါနသင်တန်းများရှိသည့်အတွက် ငွေကြေး လိုအပ်ချက်
ရှိသူများအတွက် လည်းအခက်အခဲမရှိပေ။
အခက်အခဲရှိနေသည်က ကျောင်းသားများအနေဖြင့်
မိမိဝါသနာ၊ စိတ်ဝင်စားမှုနှင့်
ပညာရေးလမ်းကြောင်းမှန်ကို ဂဃနဏ သိရှိနိုင်ရန်
လိုအပ်နေခြင်းဖြစ်သည်။
“တီချယ်တို့ခေတ်တုန်းကတော့ ဒီလောက်အခွင့်အလမ်းတွေ
မများပါဘူး။ အဲဒီတော့ဘာသာရပ်တစ်ခု ကိုပဲ
တစ်စိုက်မတ်မတ်ကျွမ်းကျင်အောင်လေ့လာခဲ့ရတယ်။
အခုခေတ်က ရွေးချယ်စရာလမ်းများသွားတော့
ကျောင်းသားတွေက ထုံသွားတယ်။
ဘာတက်လို့တက်၇မှန်းမသိတော့ဘူး။ ဟိုမရောက်
ဒီမရောက်တွေလည်း များလာတယ်။
နိုင်ငံခြားမှာပညာသွားသင်တယ်ဆိုတာက သူတို့က
နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ပေးလို့ပါ။
ဒီမှာလည်း အဲဒီလိုမျိုး
အသိအမှတ်ပြုလက်မှတ်ပေးနိုင်မယ်ဆိုရင်
ကျောင်းသားတွေကလည်း ဒီမှာပဲ သင်မှာပါ။
သေချာတာတစ်ခုကတော့ မြန်မာကျောင်းသားတွေက
မညံ့ဖူးဆိုတာပါပဲ” ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်
မှ ပါမောက္ခတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ပြည်တွင်း၌
အကြိမ်အရေအတွက်များစွာ ကျင်းပနေသော
ပညာရေးဟောပြောပွဲများ သည်
နိုင်ငံခြားကျောင်းများမှ
၎င်းတို့ကျောင်းဝင်ခွင့်နှင့် ပတ်သက်သည့်
အချက်အလက်များကိုသာ ရှင်းလင်း တတ်ကြပြီး
ကျောင်းသားအတွက် လမ်းညွှန်အကြံပေးသည့်
ဟောပြောပွဲမှာ လွန်စွာနည်းပါးလျက်ရှိသည်။
ထို့ပြင်ဟောပြောဆွေးနွေးသူများသည်
နိုင်ငံရပ်ခြားကျောင်းများ နှင့်
ပြည်တွင်းပညာေ၇းအေဂျင်စီများမှ ပုဂ္ဂိုလ်
များဖြစ်နေလေ့ရှိကြသည်။
ကျောင်း သားများအနေဖြင့်
ပညာရေးအေဂျင်စီများမှပုဂ္ဂိုလ်များ၏
အကြံပြုချက်သို့မဟုတ်မိမိတက်စွမ်း သမျှ
ကိုယ်ပိုင်ဥာဏ်ဖြင့် ပညာရေးလမ်းကြောင်းကို
ရွေးချယ်ခဲ့၍ အမှားအယွင်းတစ်စုံတစ်ရာဖြစ်ပေါ်လာပါက
မိမိအချိန်၊ ငွေကြေးနှင့် ခွန်အားတို့ကို
ထိခိုက်မှုရှိစေမည်ဖြစ်သည်။
ပြည်တွင်းရှိ ပညာရေးဝန်ဆောင်မှုကုမ္ပဏီများသည်
နိုင်ငံရပ်ခြားတက္ကသိုလ်၊ ကောလိပ်၊ ကျောင်းများ
နှင့် ချိန်ဆက်ထားပြီး၊ ကျောင်းသားပေးပို့နိုင်မှု
အပေါ် မူတည်၍ ရပ်တည်နေကြခြင်းဖြစ်သည်။
နိုင်ငံရပ်ခြား
ကျောင်းများနှင့်ချိတ်ဆက်ထားခြင်းမရှိဘဲ
ကျောင်းသားထံမှ ဝန်ဆောင်ခယူ၍ အကြံဥာဏ်ပေးသည့်
ကုမ္ပဏီ များသည် အင်မတန် နည်းပါးသည်။
ထိုသို့ဆိုလျှင်လည်း ရပ်တည်ရန်ခက်ခဲကြောင်း၊
ကျောင်းသားများသည် ဝန်ဆောင်ခယူ၍ ပညာရေး ဆိုင်ရာ
အကြံဥာဏ်ပေးခြင်းကို
ရင်းနှီးမှုမရှိသေးကြောင်းသိရသည် ။မည်သို့ဆိုစေ
ပညာရေးအေဂျင်စီများ ကြောင့် ကျောင်းသားမျာ၏
ဗဟုသုတကြွယ်ဝလာပြီး လိုအပ်သည့်
သတင်းအချက်အလက်များကို ရယူတတ် သည့်
သူများလည်းများပြားလာပြီဖြစ်သည်။
“အရင်တုန်းက အမေရိကန်ရောက်ရင်ပြီးရောဆိုပြီး
လာကြတယ်။ အခုတော့ အတိုင်းအတာတစ်ခု အထိ
ပညာကြွယ်ဝလာကြပါပြီ။ ပြည်ပမှာ ပညာသင်ဖို့
လာရောက်ဆွေးနွေးကြတဲ့သူတွေထဲမှာတော့ ၈ဝ
ရာခိုင်နှုန်းထဲက ၂ဝ ရာခိုင်နှုန်းက ပညာသင်ဆုမရလည်း
ခြစ်ကုတ်ချေးငှားပြီးသွားတက်မယ့်သူတွေပါ။ ကျန်တဲ့
၆ဝ ရာခိုင်နှုန်းကတော့ ပညာသင်ဆုမရရင်
ကျောင်းသွားမတက်နိုင်ပါဘူး” ဟုအမေရိကန်စင်တာမှ
တာဝန်ရှိသူ ဒေါ်ရှယ်လီက ပြောသည်။
ထို့ပြင် ပြည်တွင်း၊ပြည်ပ တက္ကသိုလ်၊ ကောလိပ်၊
သင်တန်းကျောင်းများမှနိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များရရှိထားသော်လည်း
လက်တွေ့အသုံးမချသူများလည်းရှိ နေသည်။
“မိဘတွေက အကုန်ကျခံနိုင်တဲ့ကျောင်းသားတွေက Apply
ပိုင်းကို သိပ်ဦးစားမပေးကြဘူး။ အသိ
အမှတ်ပြုလက်မှတ်တွေပဲလိုက်ယူနေကြတယ်။
လုပ်ငန်းခွင်ထဲကို ရောက်မလာဘူး။
ဒီခေတ်ရဲ့အားနည်းချက်ပါ။ ပညာရေးကလည်း
သင်ယူတာတစ်ခုတည်းနဲ့မပြည့်စုံပါဘူး။
လက်တွေ့အကောင်အထည်ဖော်အသုံးချဖို့လည်း လိုပါတယ်”
ဟု အလုံမြို့နယ်ရှိ
အခြေခံပညာအထက်တန်းကျောင်းအုပ်တစ်ဦးကပြောသည်။
မြန်မာကျောင်းသားများသည် ပြည်ပနိုင်ငံများတွင်
ပညာသင်ယူရန်သွားရောက်ကြသည်ဆိုသော်လည်း အများစုသည်
အလုပ်အကိုင်အခွင့်အလမ်းရည်ရွယ်ချက်ကြောင့်
ထွက်ခွာကြသည့် အတွက် အခွင့်အလမ်း အခြေအနေပေါ်မူတည်၍
သင်ယူမည့် ဘာသာရပ်နှင့် သွားရောက်မည့်နိုင်ငံကို
ကျောင်းသားစိတ်ဝင်စားမှု အတက်အကျဖြစ်လျက်ရှိသည်။
“မြန်မာကျောင်းသားတွေအနေနဲ့ပညာေ၇းအပေါ်စိတ်ဝင်စားအာရုံစူးစိုက်နေကြတာအလွန်ကောင်းပါတယ်။လာရောက်ဆွေးနွေးတိုင်ပင်ကြတဲ့ကျောင်းသားတွေကလည်းထူးချွန်ကြပါတယ်။
ဒါပေမဲ့ အတွေးခေါ်ပိုင်း နဲ့ပတ်သက်ပြီးတော့
ပြောစရာရှိပါတယ်။ ကျောင်းသားတွေဟာ ဟိုမှာ
ကျောင်းတက်ပြီးရင် အဲဒီနိုင်ငံတွေမှာ
အလုပ်အကိုင်အခွင့်အလမ်းဘယ်လိုရှိသလဲ၊ ဒါကို
အဓိကမေးကြပါတယ်။
နိုင်ငံရပ်ခြားမှာကျောင်းပြီးသွားတဲ့
အခါအဲဒီပညာရပ်ဟာကိုယ့်နိုင်ငံမှာ
ဘယ်လောက်အသုံးဝင်မလဲ၊
ဘယ်လိုအသုံးချနိုင်မလဲဆိုတာမမေးတက်ကြ ပါဘူး” ဟု
ပြည်ပပညာရေးကျွမ်းကျင်သူ
အတိုင်ပင်ခံတစ်ဦးကပြောသည်။
(30-10-2009)
Source : 7Day News Journal