Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' တွင် Linux သင်တန်း၊ Memory Stick၊ Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


Article »

အမေရိကန်တက္ကသိုလ်များသို့ပညာသင်ဆုလျှောက်ထားနိုင်ရန်အကူအညီပေးမှုစတင်

အမေရိကန်နိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်များတွင် မြန်မာကျောင်းသားများ ပညာသင်ဆုဖြင့် ပညာသင် ယူခွင့် ရရှိနိုင်ရန်အတွက် ပေါင်းကူအစီအစဉ်(BRIDGING FUND PROGRAM) တစ်ရပ်ကိုစတင်ဆောင်ရွက် လျက်ရှိကြောင်း အမေရိကန်စင်တာမှ ဒေါ်ရှယ်လီက 7Day News သို့ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်လုံးရှိ ကျောင်းသားများအနေဖြင့် ပညာရည်ထူးချွန်ထက်မြက်၍ ငွေကြေးလိုအပ် ချက်ရှိပါက အဆိုပါ အစီအစဉ်ကို လျှောက်ထားနိုင်ကြောင်းသိရသည်။အဆိုပါအစီအစဉ်သည် ပညာသင်ဆုရရှိရန်အရည်အချင်းပြည့်မီသော်လည်းလျှောက်ထားရန် ငွေကြေး လိုအပ်ချက်ရှိသူများအတွက် ရည်ရွယ် ကြောင်းသိရသည်။

“လျှောက်ထားတဲ့ သူတိုင်းတော့ရမှာမဟုတ်ပါဘူး။ အဲဒီထဲကမှ ပြန်ရွေးချယ်မှာပါ။ လူဦးရေကန့်သတ် ချက်မရှိပါဘူး။ ပညာသင်ဆုရရှိနိုင်တဲ့သူတွေကို ရွေးချယ်သွားမှာပါ။ ဒီအစီအစဉ်က အမေရိကန်တက္ကသိုလ်၊ ကောလိပ်မှာ ပညာသင်ဆုရနိုင်ချေရှိပေမယ့် လျှောက်ဖို့အတွက် TOEFL ဖြေဆိုဖို့ပိုက်ဆံမရှိဘူး။ လျှောက်လွှာ ကြေး၊ မတက်နိုင်ဘူး။ အဲဒီလိုဟိုဘက်တက္ကသိုလ်ကိုသွားဖို့ကြားထဲက လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမှာပါ။ နောက်တစ်ခါ ပညာသင်ဆုက ရှစ်ဆယ်ရာခိုင်နှုန်းပဲရတယ်။ ကျန်တဲ့ဟာကို တခြားအဖွဲ့အစည်း တွေကရှာလို့ မရနိုင်ဘူးဆိုရင်လည်း ဖြည့်ဆည်းပေးဖို့စဉ်းစားမယ့် အစီအစဉ်လည်းရှိပါတယ်”ဟု ဒေါ်ရှယ်လီကပြောသည်။

ငွေကြေးချို့တဲ့သော ကျောင်းသားများကို ပညာသင်ဆုဖြင့် ပညာသင်ကြားနိုင်ရန်လိုအပ်ချက်ကို ဖြည့် ဆည်းပေးခြင်းဖြစ်ပြီး၊ ၄င်းအစီအစဉ်သည် အမေရိကန်တက္ကသိုလ်၊ ကောလိပ်ကျောင်းများ၏ ဘဏ္ဍာရေးကူညီမှု သို့မဟုတ် ပညာသင်ဆုလက်ခံမှုကို အာမခံချက်ပေးမည်မဟုတ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်အ တွက်ရွေးချယ်ခံရသော ကျောင်းသားများအနေဖြင့် အမေ၇ိကန်ကျောင်းများမှ လိုအပ်သည့် TOEFL, SAT, GRE နှင့် တခြားစာမေးပွဲများအတွက် စာမေးပွဲကြေး လိုအပ်ပါက နယ်ကျောင်းသားများအတွက် အထက်ပါစာ မေးပွဲများ လာရောက်ဖြေဆိုသည့် အသွားအပြန်ခရီးစရိတ်၊ နေထိုင်စားသောက်စရိတ်၊ အမေ၇ိကန်ကျောင်း များသို့ ကျောင်းလျှောက်လွှာကြေး၊ ကျောင်းသား၏ ပညာအရည်အချင်းအထောက်အထားစာရွက်စာတမ်း ဘာသာပြန်ကြေး၊ အမေရိကန်ဗီဇာလျှောက်ထားမှု ကုန်ကျစရိတ်စသည့် လိုအပ်ချက်များကို ထောက်ပံ့ပေး သွားမည်ဟု သိရသည် ။ပေါင်းကူအစီအစဉ်နှင့် ပတ်သက်၍ လေ့လာလိုသူများနှင့် လျှောက်ထားလိုသူများ အနေဖြင့် http://burma.usembassy.gov/scholarship.html သို့ ဝင်ရောက်ကြည့်ရှုနိုင်သည်။

(30-10-2009)
Source : 7Day News Journal

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats