အပြည်တွင်း၌
စစ်ဆေးလျက်ရှိသည့်
အင်္ဂလိပ်ဘာသာစကား အရည်အချင်းစစ်စာမေးပွဲ TOEFL (Test
of English as a Foreign Language) ကို
နိုင်ငံတကာအဆင့်မီ အင်တာနက်အခြေခံစနစ်
စာမေးပွဲသို့ ပြောင်းလဲနိုင်၇န်
ကြိုးပမ်းလျက်ရှိသော်လည်း လိုအပ်ချက်များရှိနေ၍
အကောင်အထည် မဖော်နိုင်သေးကြောင်းသိရသည်။ယခုနှစ်တွင် အင်တာနက်အခြေခံစနစ်ဖြင့် TOEFL
စာမေးပွဲဖြေဆိုရမည်ဟု သတင်း ထွက်ပေါ်ခဲ့သော် လည်း
စက္ကူပေါ်တွင် ဖြေဆိုရသည့် စနစ်ကိုသာ
ဆက်လက်ကျင့်သုံးခဲ့ကြောင်း၊ ၂ဝဝ၇ ခုနှစ်မှ စတင်၍
အင်တာနက် အခြေခံစနစ်ကို ပြောင်းလဲကျင့်သုံး နိုင်ရန်
ပြည်တွင်းရှိ သင်တန်းကျောင်းများ နှင့်
စာမေးပွဲဌာနများက
ကြိုးပမ်းနေခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“စိတ်တိုင်းကျအခြေအနေမဟုတ်သေးတဲ့အတွက်
မဖြစ်သေးတာပါ။ အိမ်နီးချင်းနိုင်ငံတွေအကုန်လုံး
ကတော့ အင်တာနက်အခြေခံစနစ်ဖြစ်နေပါပြီ။
အချိန်အတိအကျ ပြောလို့မရသေးပါဘူး။ အင်တာနက်ကျောင်း
နေရင်တော့ ချက်ချင်း၇မှာပါ။ အခုက တစ်နှစ်ကို
စာမေးပွဲ ငါးခါပဲရှိပါတယ်။ အင်တာနက်နဲ့ဆိုရင်တော့
စာမေး ပွဲအကြိမ်အရေအတွက် များသွားမယ်” ဟု
အမေရိကန်စင်တာမှ တာဝန်ရှိသူဒေါ်ရှယ်လီက 7 Day News
သို့ ပြောသည်။
အင်တာနက်အခြေခံ စာမေးပွဲကို နိုင်ငံတကာတွင်
၂ဝဝ၅ခုနှစ်နှောင်းပိုင်းက
စတင်ကျင့်သုံးခဲ့ပြီးနောက်
ကွန်ပျူတာအခြေခံစနစ်နှင့်
စာရွက်အခြေခံစနစ်စာမေးပွဲတို့နေရာကို
လျှင်မြန်စွာအစားထိုးဝင်ရောက်ခဲ့သော် လည်း
နိုင်ငံအနည်းငယ်တွင်
စာရွက်အခြေခံစနစ်စာမေးပွဲစနစ်ကို
အသုံးပြုနေဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်ဆေးနေသည့်
စက္ကူပေါ်တွင်ဖြေဆိုရသော TOEFL စာမေးပွဲသည်
အရေး(Writing) အဖတ် (Reading) အကြား (Listening)
တို့ကိုသာစစ်ဆေးပြီး အပြော(Speaking)
မပါဝင်ကြောင်းသိရသည်။
“အင်တာနက် အခြေခံစနစ်ကပိုခက်တယ်။ 4 skill
ဖြစ်သွားတယ်။ စာရွက်အခြေခံမှာ အမှတ်ကောင်း
သွားပေမယ့် ဟိုဘက်မှာ Success
ဖြစ်မယ်လို့မပြောနိုင်ပါဘူး။ ကျောင်းသားတွေက
နားထောင်ပြီး ပြန်ပြော တာအားနည်းတယ် “ ဟု
ဒေါ်ရှယ်လီက ပြောသည်။
အင်တာနက်အခြေခံစနစ်ကျင့်သုံးလျက်ရှိသောအိမ်နီးချင်းနိုင်ငံများဖြစ်သည့်
တရုတ်၊ ထိုင်း၊ ဗီယက်နမ် ကိုရီးယား
စသည့်နိုင်ငံအများစုမှ အင်္ဂလိပ်ဘာသာစကားပြောဆိုမှု
(Speaking) အားနည်းချက်ရှိသည့် ကျောင်း သား ၅ဝ
ကျော်သည် ပြည်တွင်းရှိ
စာမေးပွဲတိုင်းဝင်ရောက်ဖြေဆိုလေ့ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် TOEFL
စာမေးပွဲဝင်ရောက်ဖြေဆိုသူအရေအတွက်သည်
နှစ်စဉ်တစ်ထောင့်ငါးရာခန့် ရှိကြောင်း၊
၎င်းအရေအတွက်သည် လွန်ခဲ့သောငါးနှစ်အတွင်း
တိုးတက်လာခြင်းဖြစ်ပြီး ယခင်က ဖြေဆိုသူသည်
စာမေးပွဲတစ်ကြိမ်လျှင်
တစ်ရာ့ငါးဆယ်ခန့်သာရှိကြောင်း
အမေ၇ိကန်စင်တာမှသိရသည်။
TOEFL စာမေးပွဲကြေးမှာ အမေရိကန်ဒေါ်လာ ၁၇ဝ
ဖြစ်ပြီး၊ အမေရိကန်စင်တာ၊ ရန်ကုန်အင်တာနေရှင်
နယ်ကျောင်း (ISY)နှင့်
ပါ့ခ်ရွိုင်ရယ်ဟိုတယ်တို့တွင် စာမေးပွဲ စစ်ဆေး
လျက်ရှိသည်။
“စာမေးပွဲကြေးက
ဒီမှာသွင်းလို့မရတဲ့အခက်အခဲတော့ရှိတယ်။
အခုနောက်ပိုင် အင်တာနက်ကဖေး တချို့က
ဝန်ဆောင်မှုပေးလာပါတယ်။ စာမေးပွဲဌာနက တော့ AC
ကိုဦးစားပေးလျှောက်ကြတာများတယ်။ နောက်ထပ်
အခက်အခဲတစ်ခုက Admission Ticket
တွေပျောက်ဆုံးတာများနေတုန်းပါပဲ။ ပြသနာတော့ မရှိပါ
ဘူး။ AC မှာ Photo File Record ဆိုတဲ့ စာရွက်လာယူ၊
ဓာတ်ပုံ၊ အချက်အလက်ဖြည့်ပြီး ဖြေတဲ့နေ့မှာ မှတ်ပုံ
တင်၊ ဒါမှမဟုတ် ပတ်စ်ပို့နဲ့က ဖြေလို့ရပါတယ်” ဟု
ဒေါ်ရှယ်လီကပြောသည်။
(30-10-2009)
Source : 7Day News Journal