|
Article
»
အင်္ဂလန်နိုင်ငံမှတိုက်ရိုက်ချီးမြှင့်မည် ကွန်ပျူတာသိပ္ပံဘွဲ့
မြန်မာ့ကွန်ပျူတာကုမ္ပဏီလီမိတက်
(MCC) မှ ၂ဝဝ၉ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင်
ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံမြို့သစ်ရှိ MCC
Training Institute (Yatanarpon)
တွင်နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာ သိပ္ပံ
ဘွဲ့သင်တန်း B.Sc(Hons) Business IT
ကိုအောင်မြင်စွာ ဖွင့်လှစ်
လိုက်ပြီဖြစ်သည်။အင်္ဂလန်နိုင်ငံ University of
Greenwich မှတိုက်ရိုက်ချီးမြှင့်မည့်နိုင်ငံတကာ
အသိအမှတ်ပြု Computer သိပ္ပံဘွဲ့သင်တန်း B.Sc(Hons)
Degree ဖြစ်ပါသည်။ နိုင်ငံတကာအဆင့်မှီအရည်အချင်း
ပြည့်ဝ၍ နိုင်ငံတကာ၌ ရင်ဘောင်တန်း၍
အလုပ်လုပ်နိုင်သော Computer
ပညာရှင်လူငယ်များစွာကို မွေးထုတ်ပေးမည့်
သင်တန်းကျောင်းဖြစ်သည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူလူငယ်များအား
ကုန်ကျစရိတ်သက်သာစွာ ဖြင့် မိမိနိုင်ငံအတွင်း၌
တက်ရောက်နိုင်မည့် တစ်ခုတည်းသောလက်တွေ့နှင့်
စာတွေ့ပေါင်းစပ်ထားသည့် နေ့
တက်အချိန်ပြည့်သင်တန်းကျောင်းဖြစ်ပါသည်။
သင်တန်းအချိန်ကာလ
အချိန်ကာလအားဖြင့် ၃နှစ်တိတိအဆင့်ဆင့်
တက်ရောက်ရမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရာ တွင်
ပထမနှစ်အဆင့်အတွက် (IDCS) Diploma, ဒုတိယနှစ်အတွက်
(IADCS) Diploma နှင့် တတိယနှစ်
အဆင့်နောက်ဆုံးနှစ်အတွက် B.Sc(Hons) Degree Course
သင်တန်းများကို တနှစ်စီတက်ရောက်ရမည် ဖြစ်ပြီး
နှစ်အလိုက်စာမေးပွဲအောင်မြင်မှသာလျှင် နောက်တဆင့်
သင်တန်းများကို ဆက်လက်တက်ရောက်နိုင် မည်ဖြစ်ပါသည်။
သင်တန်းတက်ရောက်နိုင်သူများ
အဆိုပါ B.Sc(Hons) Degree ဘွဲ့သင်တန်းမှာ
အင်္ဂလန်နိုင်ငံအခြေစိုက် University of Greenwich
မှ ချီးမြှင့် ပေးအပ်မည်ဖြစ်ပြီး
၃နှစ်တိတိအဆင့်ဆင့်တက်ရောက် သွားနိုင်မည်ဖြစ်ပြီး
သင်တန်းတက်ရောက်၇န်
တက္ကသိုလ်ဝင်တန်းအောင်မြင်ကြောင်းအထောက်အထားတစ်ခုသာတင်ပြရန်လိုအပါသည်။
သင်တန်းချိန်
သင်တန်းချိန်မှာ ၁ရက် ၆ နာရီကို ၂ပိုင်းခွဲထားပြီး
နံနက် ၉နာရီမှ ညနေ ၄နာရီ တနင်္လာမှ သောကြာနေ့
အထိဖြစ်ပါသည်။
အခြားသင်တန်းများနှင့်ကွာခြားချက်
သင်တန်း၏ထူးခြားချက်မှာ အဓိကကျသော
ကွန်ပျူတာဘာသာရပ်များသာမကလုပ်ငန်းခွင်အတွက်
အရေးကြီးသော အင်္ဂလိပ်စာနှင့်အခြားလိုအပ်ချက်များကို
ပါသင်ကြား ပေးသွား မည်ဖြစ်ပြီး MCC မှစည်းကမ်း
တကျနှင့်စာမေးပွဲများနှစ်စဉ်အောင်မြင်နိုင်ရေးအတွက်
Study Guide များရှိ၍ အနီးကပ် ကြီးကြပ်သင်ကြားပေး
ခြင်းဖြစ်သည်။ ထို့ပြင် ဝါရင့်ဆရာများ၏
သင်ကြားမှုအောက်၌ ကိုယ်ပိုင် Laptop များနှင့်
စာအပြင်လက်တွေ့
ကိုပါအတွေ့အကြုံရရှိနိုင်မည့်တစ်ခုတည်းသောနေရာဖြစ်ပါသည်။
Facilities
ကုန်ကျစရိတ်သက်သာစွာဖြင့် မိမိနိုင်ငံအတွင်းမှ
နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ကို ရရှိနိုင်မည့်အပြင်
• One Laptop Per Student
• 24 Hours Electricity
• Library Access
• Compus Life Style
• High Speed Internet Access
• Wifi Hot Spot Facilities
• Extra Curriculum Activities
များပါရရှိနိုင်မည်ဖြစ်ပါသည်
အလုပ်အကိုင်ရရှိရန်လွယ်ကူမှု
MCC မှ B.Sc(Hons) Degree
သို့သင်တန်းတက်ရောက်သူများအားအလုပ်အတွေ့အကြုံရရှိစေရန်
MCC မှ လက်တွေ့ဆောင်ရွက်လျှက်ရှိသည့် IT Project
များတွင် အလုပ်သင် On Job Training (OJT) အဖြစ်
တာဝန်ပေးအပ်သွားမည်ဖြစ်ပြီး International IT
Progressional Skill အတွက် Vender Specific Exam
များ ဖြစ်သော Microsoft, Cisco, Sun Java, Comptia,
Oracle Certificate များတပါတည်း ဖြေဆိုနိုင်ရန်
Exam Focus Training များကိုပါ
ပြုလုပ်လေ့ကျင့်ပေးသွားမည်ဖြစ်ပါသည်။
On Job Training ပြီးဆုံးသွားလျှင်
နိုင်ငံတကာတွင်အဆင့်မြင့် ကွန်ပျူတာ
ကျွမ်းကျင်သူအဖြစ် အလုပ် များရရှိအောင်
စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ အကယ်၍
ပြည်ပသို့ သွားရောက်ရန်အခက်အခဲရှိ
ပါကမြန်မာနိုင်ငံအတွင်း၌ပင်
ထိုက်တန်သောအလုပ်အကိုင် များရရှိရန်
ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
(14-10-2009)
Source : Ko Lin (Myanmar Training) |