Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' တွင် Linux သင်တန်း၊ Memory Stick၊ Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


Article »

စင်ကာပူပုဂ္ဂလိက ကျောင်းအားလုံးအတွက် ကျောင်းလခအကာအကွယ်ပေးမယ့် အာမခံသစ်စတင်

စင်ကာပူနိုင်ငံပုဂ္ဂလိကကျောင်းမှာ တက်မယ့်ကျောင်းသားကျောင်းသူတွေအတွက် ငွေကြေးကာကွယ် မှုအစီအစဉ်ကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ စတင်တော့မှာဖြစ်ပါတယ်။ အရင်က နိုင်ငံတကာကျောင်းသား ကျောင်းသူတွေတက်ခွင့်ရတဲ့ ပုဂ္ဂလိကကျောင်းတွေသာ နိုင်ငံတကာ ကျောင်းတွေအတွက်ပဲငွေကြေးကာကွယ်မှုအစီအစဉ်တွေရှိခဲ့ရာကနေ အခုစင်ကာပူမှာရှိတဲ့ပုဂ္ဂလိကကျောင်း အားလုံး၊ နိုင်ငံခြားကျောင်းသားနဲ့ စင်ကာပူနိုင်ငံကကျောင်းသားအားလုံး သည်အစီအစဉ်သစ်နဲ့ အကျုံးဝင်မှာ ဖြစ်ပါတယ်။
 

ပုံစံနှစ်မျိုးနဲ့ပြုလုပ်

ဒီဇင်ဘာ ၂၁ရက်နေ့ကစပြီး ပုဂ္ဂလိက ကျောင်းသားကျောင်းသူအားလုံး ပုံစံနှစ်မျိုးနဲ့ ငွေကြေးအာမခံမှု တွေစတင်ပါမယ်။ ပထမတစ်မျိုးကကျောင်းသားတွေရဲ့ ကျောင်းလခကောက်တာကို အချိန်ကာလသတ်မှတ် တာဖြစ်ပါတယ်။ ကျောင်းလခကို နှစ်လစာပဲကြိုကောက်လို့ရမယ်။ နောက်တစ်မျိုးက အာမခံဝယ်ရပါမယ်။ အဲသည် အာမခံဝယ်ရင် ကျောင်းလခကို ခြောက်လစာကြိုကောက်မှာဖြစ်ပါတယ်။ အာမခံ ဝယ်တဲ့သူက ပထမပုံစံ ကျောင်းလခနှစ်လစာ ကြိုသွင်းရပါမယ်။ အာမခံကြေးက ကျောင်းသားတစ်ဦးကို စင်ကာပူဒေါ်လာ ၁၂ ဒေါ်လာ ဖြစ်ပါတယ်။ သည်အစီအစဉ်က Case Trust နေရာမှာ အစားထိုးဝင်လာမယ့် Edu Trust ရထားတဲ့ ပုဂ္ဂလိက ကျောင်းမှ မဟုတ်ပါဘူး။ ပုဂ္ဂလိက ကျောင်းအားလုံးနဲ့ ဆိုင်ပါတယ်။ Edu Trust ရထားတဲ့ ကျောင်းဆိုရင် ESCROW (ကျောင်းသားပေးတဲ့ပိုက်ဆုံကို ဘဏ်မှာအပ်ထားပြီးမှ ထုတ်ယူတဲ့ စနစ်ကိုလိုက်နာကျင့်သုံးရပါ မယ်။)

ပိုကုန်ကျလာနိုင်

ကျောင်းသားကျောင်းသူတွေရဲ့ ကျောင်းလခကို အကာအကွယ်ပေးမယ့် သည်အာမခံသစ်ဟာနှစ်စဉ် ကျောင်းလခရဲ့ တစ်ရာခိုင်နှုန်းနဲ့ ငါးရာခိုင်နှုန်းကြားကုန်ကျမယ်လို့ Edu Trust ရကျောင်းတွေအတွက် အာမခံ ပေးသူ Lonpac အာမခံကုမ္ပဏီတစ်ခုက ဒီဇင်ဘာ ၉ ရက်ထုတ် သည်စထရိတ်တိုင်းမ်သတင်းစာမှာပြောထား တာတွေ့ရပါတယ်။
စင်ကာပူက ဒီပလိုမာနဲ့ GCE ‘O’ Level ဘာသာရပ် သင်ကြားပေးတဲံ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှ တာဝန်ရှိသူက လာမယ့်နှစ်မှာ ကျောင်းလခတွေက ၁ဝ ရာခိုင်နှုန်းလောက် မြင့်တက်လာဖွယ်ရှိတယ်လို့ ဆိုတယ်။

သည်အာမခံသစ်အတွက်ကြီးကြပ်မှုပေးမယ့် ဝန်ထမ်းတွေထပ်မံဖြည့်စွက်ဖို့ ကျောင်းတွေအနေနဲ့ စင်ကာပူဒေါ်လာ ၂ဝ,ဝဝဝ လောက်ကုန်ကျဖို့ လိုအပ်လာနိုင်ပါတယ်။ စင်ကာပူ အက်စ်အိုင်အမ် (SIM) ကျောင်းက တာဝန်ရှိသူတစ်ဦးက ပြည်တွင်းကျောင်းသားတွေအတွက်လည်း သည်လိုအာမခံချက်ကို ပေးတယ် ဆိုတဲ့ အချက်က သူတို့ကို ငွေပိုကုန်ကျစေနိုင်တယ်လို့ ဆိုတယ်။

ကျောင်းကြီးတချို့ ကျခံပေးမည်

ကျောင်းသားကျောင်းသူတွေရဲ့ ငွေကြေးအကာအကွယ်ပေးမယ့် အာမခံသစ်ကို ပုဂ္ဂလိကကျောင်းကြီး တချို့ကကုန်ကျခံပေးမယ်လို့သိရပါတယ်။ အမ်ဒီအိုင်အက်စ်(MDIS) နဲ့ အင်ဖော်မက်တစ်လို ပုဂ္ဂလိက ကျောင်းကြီးနှစ်ကျောင်းက စင်ကာပူကျောင်းသားကျောင်းသူတွေအတွက် သည်အာမခံ သစ်အတွက် ပရီမီယံကြေးကို ကျခံပေးမယ်လို့ ဒီဇင်ဘာ ၉ရက်နေ့ထုတ်သည့် သည်စထရိတ်တိုင်းသတင်းစာမှာဖော်ပြထား တာတွေ့ရပါတယ်။ အခြားပုဂ္ဂလိကကျောင်းကြီးနှစ်ကျောင်းဖြစ်တဲ့ ပီအက်စ်ပီအကယ်ဒမီ နဲ့ ကက်ပလန် ကျောင်းတို့ကလည်း ၄င်းပုံစံမျိုးပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ပြီးခဲ့တဲ့နှစ်က စင်ကာပူ(ပြည်တွင်း) ကျောင်းသား၊ ၇၅,ဝဝဝ ဦးထဲက ၃ဝ,ဝဝဝ ဦးကပုဂ္ဂလိကကျောင်း တွေမှာ စာရင်းသွင်းခဲ့ပါတယ်။

သတိမူစရာတွေလည်းရှိ

ပုဂ္ဂလိကကျောင်းတွေအနေနဲ့ အခုအသစ်စတင်မယ့် စည်းမျဉ်းစည်းကမ်းကို လိုက်နာဖို့အတွက် စီပီအီး(Council for Private Education) မှာ မှတ်ပုံတင်ထားဖို့လိုပါမယ်။စင်ကာပူပညာရေးဝန်ကြီး(MOE) ကလည်း သည်လိုမျိုးအကာအကွယ်ပေးတဲ့အာမခံလုပ်တာက အကြောင်းတစ်စုံတစ်ရာဖြစ်ရင် ကျောင်းသားတွေကို ကာကွယ်ပေးပါမယ်လို့ဆိုတယ်။ ‘ဒီအစီအစဉ်သစ်မှာ ကျောင်းသား၊ ကျောင်းသူတွေသတိပြုစရာတစ်ချက်က ပေးထားတဲ့ငွေအားလုံး အတိအကျပြန်ရဖို့တော့ မမျှော်လင့်သင့်ဘူး၊ ဥပမာ ခြောက်လစာပေးထားပြီး ကျောင်းကို ငါးလခွဲတက်ပြီးမှာ တစ်ခုခုဖြစ်ခဲ့သည်ရှိသော် ခြောက်လစာအပြည့်အဝပြန်ရဖို့တော့ မသေချာပါဘူးလို့၊ စင်ကာပူပညာရေးအတိုင်ပင်ခံတစ်ဦးက ဆိုပါတယ်။

ပညာရေးအေဂျင်စီတချို့က သည်လိုဖြစ်

‘လက်ရှိမှာ နိုင်ငံခြားသားတွေအတွက် သူတို့ရဲ့ ကျောင်းလခကိုကာကွယ်ခဲ့တာပါ။ ကျောင်းသား တွေကို အကာအကွယ်ပေးတဲ့သည်လို အစီအစဉ် သစ်တွေကို ကြိုဆိုရပါမယ်။ ဒီလို စည်းမျဉ်းစည်းကမ်းတွေ ပေါ်လာလို့ကျောင်းသားကျောင်းသူတွေ စိတ်ချလက်ချကျောင်းရွေးနိုင်မယ်’ လို့ Crown Education က ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ပြောပါတယ်။
Raffles International Admissions office က မန်နေဂျင်းဒါရိုက်တာ ဒေါ်မေမျိုးဟန်က ‘ဒီလို အစီ အစဉ်သစ်တွေ ပေါ်လာတော့ကျောင်းသားတွေအတွက်ပိုကောင်းလာတယ်။ ခိုင်မာတဲ့ ကျောင်းမဟုတ်လို့ တစ်ခုခုဖြစ်သွားရင် အချိန်ပဲဆုံးရှုံးနိုင်မယ်၊ ကြိုသွင်းထားတဲ့ အာမခံကြေးတွေမဆုံးရှုံးတော့ဘူး၊ နာမကျန်း ဖြစ်တဲ့အခါအာမခံထားရင် အဆင်ပြေ တယ်’လို့ ပြောပါတယ်။

ကျောင်းလခနှစ်လစာ ကြိုသွင်းတဲ့နည်းက နှစ်လချင်းစီပြန်လုပ်ရတော့ အချိန်ပိုကုန်နိုင်တယ်။ အာမခံ ဝယ်ပြီး ခြောက်လကြိုသွင်းထားလို့ ရလာမယ့် အခွင့်လမ်းတွေက အများကြီးပဲလို့ သူကဆက်ပြောပါတယ်။

(18-10-2009)
Source : Modern Journal

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats