ဥရောပနိုင်ငံများ၌အသိပညာနှင့်
နည်းပညာအသစ်များကို ကျောင်းသူ/ သားများထံသို့
လွှဲပြောင်းပေးနိုင်ရန်နှင့် နည်းပညာ ဆန်းသစ်
ပြောင်းလဲမှုများကို ဆက်လက်ထိန်းထားနိုင်ရန်အတွက်
အဆင့်မြင့် ပညာရေး၏ အခန်ကဏ္ဍသည်
ဥရောပလူ့အဖွဲအစည်းအတွင်း အဓိက ကျသော
နေရာတွင်ရှိလာပြီး ဥရောပ
အနှံအပြားရှိအသက်မွေးဝမ်းကျောင်းမှုပညာတက္ကသိုလ်များအနေဖြင့်
ဘာသာရပ်များနှင့် သင်ကြား ပို့ချမှုပုံစံ များကို
အမြဲတမ်း ခေတ်မှီနေစေပြီး
အဆင်မြင့်အောင်ဆောင်ရွက်ရန်လိုအပ်လာပြီဖြစ်သည်။
ဥရောပရှိတက္ကသိုလ်များသည် စီမံခန့်ခွဲမှုအပိုင်းတွင်
အားနည်းချက်များရှိနေပြီး ၄င်းတို့၏
ရည်မှန်းချက်ပြည့်မှီ အောင်ရန်ပုံငွေများနှင့်
လည်ပတ်နေရသည်။ ဥရောပတွင် အသက်မွေးဝမ်းကျောင်းမှု
ပညာ တက္ကသိုလ်(၄ဝဝဝ) ကျော်ရှိပြီး ကျောင်းသားပေါင်း
၁၉ သန်းကျော်နှင့်ဝန်ထမ်းတစ်သန်းခွဲခန့်ရှိသည်။
ပညာ ရေးအရည်အသွေးမှာ အမြဲ Up-to-date မဖြစ်ခြင်း၊
အထက်တန်းပြီးသော လူငယ်တိုင်း တက္ကသိုလ်သို့
တက်ရောက်မှုမရှိခြင်း၊
တက္ကသိုလ်ကျောင်းသားများအနေနှင့်
ကျောင်းချိန်မှန်မှန်မတက်ခြင်း စသည့်တို့
ကြောင့်အချို့သော တက္ကသိုလ်များမှာ
ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များစာရင်းတွင်
ပါဝင်နေသော်လည်း အဆိုပါစွမ်းရည်ကို
ပြည့်ဝစွာအသုံးချနိုင်မှုမရှိကြောင်းတွေ့ရသည်။
သက်ဆိုင်ရာအစိုးရများနှင့် တက္ကသိုလ်များသည်
တက္ကသိုလ်များ စာရင်းတွင်ပါဝင်နေသော်လည်း အဆိုပါ
စွမ်းရည်ကို ပြည့်ဝစွာ အသုံးချ
နိုင်မှုမရှိကြောင်းတွေ့ရသည်။
သက်ဆိုင်ရာအစိုးရများနှင့် တက္ကသိုလ်များသည်
တက္ကသိုလ်များ၏ အခြေအနေ
များပိုမိုကောင်းမွန်လာအောင် ဖန်တီးနိုင်မည့်
နည်းလမ်းများကို ရှာဖွေလာကြသည်။
ဥရောပကော်မရှင်မှ တက္ကသိုလ်များအတွက်
ဥရောပအဖွဲ့ဝင်နိုင်ငံများနှင့်
အဆင့်မြင့်ပညာရေးတွင် အဓိကကျသောအစုရှယ်ယာဝင်များမှ
ထောက်ခံကြိုဆိုသော ခေတ်မှီ ဆန်းသစ်သည့်
အစီအစဉ်တစ်ခုကို ထုတ်ပြန်လိုက်သည်။ ထိုအစီအစဉ်မှာ
Lisbon Strategy for Growth and Jobs မှ
အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပညာရေးစနစ်ပုံစံ
အုပ်ချုပ်မှုပိုင်းဆိုင်ရာနှင့် ငွေကြေးစနစ်တို့ကို
အဓိကပြန်လည်ပြုပြင်ရမည့် အချက်များအဖြစ် ပါဝင်သည်။
ပညာရေးစနစ်ပြောင်းလဲပြင်ဆင်ရာတွင် Bechelor Master
Doctorate တို့ကိုတက်ရောက်ရာတွင်
ကျွမ်းကျင်လိမ္မာမှုအား အခြေခံသည့်
သင်ကြားမှုပုံစံများ၊ ကျောင်းသားများအနေနှင့်
သက်သာစွာ သင်ယူနိုင် မည့် လမ်းကြောင်းများ
ကျောင်းသားများလွယ်ကူစွာ
ရွေ့ပြောင်းသင်ယူနိုင်မည့် အစီအစဉ်များ၊
ရရှိလာသည့် ဘွဲ့များအား
အသိအမှတ်ပြုခြင်းတို့ပါဝင်သည်။
အုပ်ချုပ်မှုပိုင်းပြုပြင်ရာတွင် တက္ကသိုလ်၏
လုပ်ပိုင်ခွင့်၊ စနစ်ကျ သောစပ်တူလုပ်ငန်းများ၊
ဆောင်ရွက်ခြင်းနှင့် အရည်အသွေး အာမခံချက်
တို့ပါဝင်သည်။ ငွေကြေးစနစ်ပြင်ဆင် ရာတွင်
တက္ကသိုလ်၏ဝင်ငွေတိုးလာစေရန်အတွက်
ပြုလုပ်ရမည့်အရင်းအမြစ်များအဖြစ်
ပိုမိုကောင်းမွန်သော
လုပ်ဆောင်ချက်များပြုလုပ်ခြင်း၊
ရှယ်ယာများခေါ်ခြင်းကျောင်းသားများအတွက်
အခွင့်အလမ်းနှင့် အကျိုးရှိစေ မည့်
ပညာသင်ထောက်ပံ့ကြေးများနှင့် အကျိုးရှိစေမည့်
ပညာသင်ထောက်ပံ့ကြေးများနှင့် ချေးငွေ (Loans) များ
ပေးခြင်းတို့ပါဝင်သည်။
ပညာရေးစနစ်ပြောင်းလဲမှုကို Bolagna တွင်
စတင်လုပ်ဆောင်နေပြီ ဖြစ်ပြီးဥရောပရှိနိုင်ငံပေါင်း
၄၆ နိုင်ငံမှ လည်းဥရောပအဆင့်မြင့် ပညာရေးစနစ်ကို
၂ဝ၁ဝ တွင် စတင်အကောင်အထည်ဖော်ရန် စတင်နေပြီ
ဖြစ်သည်။ ဥရောပကော်မရှင်မှ EU
အဖွဲ့ဝင်နိုင်ငံများနှင့်
အိမ်နီးချင်းနိုင်ငံများ၏ ပညာရေးစနစ်ပြောင်းလဲရေး
ကြိုးစားအားထုတ်မှုအတွက် ပမာဏမူဝါဒများ၊
ဆွေးနွေးမှုစာရွက်စာတမ်းများနှင့် ဆွေးနွေးပွဲများ
ပြုလုပ်ခြင်းဖြင့် အကူအညီပေးခဲ့သည်။ ထို့ပြင်
ရွေ့ပြောင်းသင်ယူနိုင်သည့် EU Program များဖြစ်သော
Erasmus, Tempus နှင့် Erasmus Mundus တို့ကို EU
နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများသို့
မိတ်ဆက်ပေးခဲ့ပါသည်။
(22-12-2009)
Source : Ko Lin (Myanmar Training)