စီးပွားရေးအကျပ်အတည်းဖြစ်စဉ်က
နိုင်ငံခြားမှာ စာရင်းကိုင်ပညာရှင်တွေရဲ့ အခန်းကဏ္ဍ
ထိခိုက်ခဲ့တာမျိုးတွေ ရှိခဲ့တယ်။ နိုင်ငံတကာ
သတင်းတွေမှာ စီးပွားရေးအကျပ်အတည်းကနေ
ပြန်လည်ဦးမော့လာပြီလို့ဆိုတယ်။
သတင်းထုတ်ပြန်ချက်အရ စင်ကာပူမှာ အလုပ်ရှာမယ့်
သူတွေအတွက် စာရင်းပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေ
အခြေအနေကောင်းလာဖွယ်ရှိပါတယ်။ အရင်ကလစာအဖြတ်ခံရတဲ့
စာရင်းပညာ အလုပ်တွေ အခုလစာပုံမှန်ပြန်ရကြတယ်လို့
သိရပါတယ်။ဒါပေမဲ့ ၂၀၀၇ ၊ ၂၀၀၈ ခုနှစ်တုန်းကလို စာရင်းနဲ့
ပတ်သက်လို့ဘာမှ အခြေခံမရှိဘဲ အေစီစီအေနဲ့
အလုပ်ရှာချင်ရင်
အနည်းဆုံးစီးပွားရေးရင်ဆက်စပ်တဲ့ဘွဲ့မဟုတ်ဘူးဆိုရင်တောင်
LCCI Level III လောက်တက်ပြီးသွားရင်
ပိုအဆင်ပြေနိုင်တယ်လို့
စင်ကာပညာရေးအတိုင်ပင်ခံတစ်ဦးကဆိုပါတယ်။
စင်ကာပူမှာ အေစီစီအေ (ACCA) ၊ စီအေတီ(CAT)
သွားတက်တဲ့သူတွေထဲမှာ တချို့တကယ်ပဲ စာရင်းပညာကို
စိတ်ဝင်စားပြီး
သည်ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုမယ့် သူတွေ၊
နိုင်ငံတကာအလုပ်အကိုင်နဲ့ အတွေ့အကြုံရအောင်
သွားတက်ကြသူတွေ ရှိပါတယ်။ အချို့ကတော့ စင်ကာပူမှာ
နေထိုင်ခွင့်ရအောင် သည်ဘာသာရပ်ကို
တက်ရင်း အလုပ်ရှာကြတယ်။
အလုပ်ရရင်ကျောင်းဆက်မတက်တော့ဘဲ
အလုပ်ကိုပဲဆက်လုပ်ကြတယ်။ တချို့က ကျောင်းတက်ရင်း
အချိန်ပိုင်းအလုပ်လုပ်ကြပါတယ်။ တချို့က
ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်ကြပါတယ်။
အေစီစီအေဘာသာရပ်က ကျောင်းသားဗီဇာသုံးနှစ် ရတယ်။
ခြောက်လတစ်ကြိမ် သက်တမ်းတိုးသွားရပါတယ်။ အခြား
ဘာသာရပ်ထက်စာရင်
ကျောင်းသားဗီဇာအများဆုံးရတာကြောင့်
ကျောင်းသားတချို့စိတ်ဝင်စားတာပါ။
‘၂၀၀၆၊ ၂၀၀၇ ခုနှစ်တုန်းက စင်ကာပူကို
အေစီစီအေဘာသာရပ်နဲ့ သွားတဲ့
ကျောင်းသားဦးရေများခဲ့တယ်၊ ၂၀၀၈ ခုနှစ်မှာ
ပြန်ကျသွားတယ်၊ စီးပွားရေး အကျပ် အတည်းကြောင့်
အချိန်ပိုင်းအလုပ်ရှာဖို့ အဆင်မပြေတာလဲ ပါတယ်၊
ဒီနှစ်ဆန်းပိုင်းမှာ
သွားတက်တဲ့သူနည်းနည်းတက်လာတယ်၊ ဒါပေမဲ့ ၂၀၀၇
တုန်းက သွားတဲ့ ဦးရေကို မမီသေးဘူး’ လို့
စင်ကာပူအေစီစီအေနဲ့ စီအေတီဘာသာရပ်
အတွက်အဓိကဝန်ဆောင်မှုပေးတဲ့ ပြည်ပပညာရေး
အေဂျင်စီတစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စင်ကာပူမှာ အေစီစီအေပထမပိုင်းကို တက်ရင်း
အချိန်ပိုင်းအလုပ်ဝင်လုပ်နေသူတစ်ဦးက ‘ဒီအချိန်
အေစီစီအေ လာတက်ပြီးကျောင်းပြီးရင်
အလုပ်အကိုင်အခွင့်အလမ်းရှိကောင်းရှိနိုင်တယ်၊
ဒါပေမဲ့
ဒီအချိန်ကျောင်းတက်ရင်းအချိန်ပိုင်းလုပ်ဖို့က
အဆင်မပြေနိုင်ဘူး၊ ပြီးတော့ စာတွေက အရမ်းခက်တယ်’
လို့ အွန်လိုင်းက တစ်ဆင့်ပြောပါတယ်။
ဤဘဏ္ဍာရေးနဲ့ စာရင်းဆိုင်ရာပညာရပ်တွေက
အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခု ဖြစ်တာကြောင့်
အသက်မွေးဝမ်းကျောင်းမှုပြုဖို့ပဲဖြစ်ဖြစ်၊
နိုင်ငံတကာ ပညာရေး အတွက်
ရွေးချယ်တာပဲဖြစ်ဖြစ်စိတ်ပါရင် ပိုကောင်းပါတယ်။
စာရင်းကိုင်ဘာသာရပ်ကို စိတ်ဝင်စားရမယ်။
သူများတက်လို့လိုက်တက်တာမျိုး၊ အလုပ်လွယ်လို့
လိုက်တက်တာမျိုး မဖြစ်သင့်ဘူး။ ဆယ်တန်းအောင်နဲ့
သွားတာမဖြစ်သင့်ဘူး၊ တတ်နိုင်တဲ့ ဘတ်ဂျက်ရှိရင်
ဘဏ္ဍာရေးနဲ့ စာရင်းဆိုင်ရာအခြေခံတွေ၊
အယ်လ်စီစီအိုင်တွေကို အခြေခံကောင်းဖို့
လေ့လာထားသင့်တယ်။ အရင်လို
ကျောင်းအပ်ပြီးအလုပ်လုပ်သလိုမျိုးတော့
အားမပေးချင်ဘူးလို့
စင်ကာပူပညာရေးအတိုင်ပင်ခံတစ်ဦးကလည်းအကြံပြုထားပါတယ်။
တချို့အေစီစီအေတက်ရင်းပြန်လာကြတဲ့သူတွေလည်း
ရှိတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး
စင်ကာပူပညာရေးအတိုင်ပင်ခံတစ်ဦးက ‘တချို့က
အေစီစီအေ လျှောက်ပြီး နိုင်ငံခြားသွားကြတယ်၊
ကျောင်းသားဗီဇာနဲ့ ကျောင်းတက်ရင်းအလုပ်ရှာတယ်၊
အလုပ်ရတော့ ကျောင်းသားဗီဇာကို
အက်စ်ပတ်စ်ပြောင်းတယ်၊ အလုပ်အဆင်မပြေတာ၊
ဝန်ထမ်းလျှော့တဲ့အထဲမှာ ပါတာစတာတွေကြောင့်
တစ်ခါကျောင်းသားဗီဇားပြန်လျှောက်တယ်။
အက်စ်ပတ်စ်ပြောင်းပြီးမှ
ကျောင်းသားဗီဇာပြန်လျှောက်တော့ အပယ်ခံရတယ်။
ဒါကြောင့် ပြန်လာကြရတယ်။ တချို့ကစာရင်းပညာကို
သေသေချာချာလေ့လာမထားဘဲ သွားတော့ စာမလိုက်နိုင်လို့
ပြန်လာရတယ်။ တချို့ကအခြေခံမရှိဘူး၊ စာမေးပွဲကျတယ်၊
နှစ်စဉ်ကြေးဆက်မသွင်းနိုင်လို့ပြန်ကြရတယ်’လို့
ပြောပါတယ်။
တကယ်တော့ အေစီစီအေဆိုတာ ကျူရှင်တက်ပြီး
အင်္ဂလန်စာမေးပွဲကို လှမ်းဖြေရတာပါ။ တချို့က
ဒီမှာပဲနေပြီး ဖြေမယ်ဆိုရင် နိုင်ငံခြားကို
သွားစရာမလိုဘဲ ဒီမှာပဲတက်ပြီး ဖြေကြတယ်။
တချို့ကနိုင်ငံတကာ အလုပ်အကိုင် အခွင့်အလမ်း၊
အတွေ့အကြုံလိုချင်လို့ ဟိုမှာသွားတက်ပြီးဖြေကြတယ်။
အခု နောက်ပိုင်း အဆင်မပြေတာတွေ ရှိလာတဲ့အခါ သွားရင်
ကောင်းမလား၊ မသွားရင်ကောင်းမလား
်ဆိုတဲ့သူတချို့ကသည်မှာပဲ တက်ကြပါတယ်လို့ဆိုတယ်။
‘နိုင်ငံခြားမှာတော့ စာရင်းကိုင်နဲ့ ပတ်သက်ပြီး
အခွင့်အလမ်းတော့ရှိနေတယ်၊ စင်ကာပူကဘဏ် တွေမှာလည်း
ဝန်ထမ်းတွေထပ်ဖြည့်နေတာ သိရပါတယ်။
အေစီစီအေသွားတတ်မယ်ဆိုရင် အခြေခံကောင်းအောင်
အယ်စီစီအိုင် အဆင့် ၃၊ စီအေတီလိုမျိုး
အခြေခံတက်ထားရင်ပိုကောင်းတယ်၊
ဆယ်တန်းအောင်တွေကိုသိပ်အားမပေးချင်ဘူး၊အချိန်ပိုင်းအလုပ်လုပ်ဖို့နဲ့သွားမယ်ဆိုရင်မမျှော်လင့်ပါနဲ့၊
တကယ် ဝါသနာပါမှ သွားတက်တာကောင်းပါတယ်၊
နိုင်ငံခြားကအေစီစီအေနဲ့ ကျောင်းပြီးတဲ့သူတွေကို
အလုပ်ခန့်ချင်ကြတယ၊်
ဒါပေမဲ့လွယ်လွယ်နဲ့မျှော်မှန်းလို့မရဘူး၊
စာရင်းပညာကို ဝါသနာပါပြီး စာရင်းပညာနဲ့
အလုပ်လုပ်နေကြတဲ့သူ တချို့အလုပ်ထဲမှာ
အဆင်မပြေတာတွေ ရှိနေတယ်၊
အခွင့်အလမ်းတွေလမ်းစပြန်ပွင့်လာပြီ၊ ကိုယ့်ဘက်က
ပြင်ဆင်ထား သင့်တယ်’ လို့နိုင်ငံတကာ
ပညာရေးအတိုင်ပင်ခံတစ်ဦးကအကြံပြုပါတယ်။
(15-12-2009)
Source : Modern Journal