Total
System Management သင်တန်းကို ၂ဝ၁ဝ ခုနှစ်
ဇန်နဝါရီလ ၁၆-၁၇ရက်နေ့တွင် ရန်ကုန်မြို့ Myanmar
Info-Tech သင်တန်းခန်းမတွင်
ကျင်းပပြုလုပ်ပါသည်။Total System Management သည်
လုပ်ငန်းခွင်တစ်ခုလုံးတွင် ပါဝင်ဆောင်ရွက်နေသော
ဌာနအသီးသီးမှ မန်နေဂျာများ စုပေါင်းညီညာစွာဖြင့်
Energy မှ Synergy သို့ စုပေါင်းအင်အားရရှိပြီး
ကုမ္ပဏီတစ်ခုလုံး၏ ရည်မှန်းချက်ကို တိကျသေချာစွာ
လက်တွေ့ အကောင်အထည်ဖော်နိုင်သည့် အစီအစဉ်များ
(Vision to Action Plan) ကို အမှန်တကယ်ရေးဆွဲပြီး
လုပ်ငန်းအဆင်ပြေ ချောမွေ့အောင်မြင်စေရန် ရည်ရွယ်၍
ပို့ချသည့် သင်တန်းဖြစ်ပါသည်။
တက်ရောက်နိုင်သူများ
Total System Management သင်တန်းကို Coporate
Manager များ၊ Executive Level မှ Senior Manager
များ၊ Strategic Planners များ၊ အခြားသော Head
Office Department မှ မန်နေဂျာများ
အားလုံးတက်ရောက် နိုင်ပြီး ကုမ္ပဏီ၏ (AOP) Annual
Operation Plan ရေးဆွဲနိုင်ရန် ရည်ရွယ်ပါသည်။
Total System Management သင်တန်းတွင်
အောက်ပါအထူးအစီအစဉ်များဖြင့် ထူးခြားစွာ
သင်ကြားပို့ချပေးပါသည်။
Venue : Myanmar
Info-Tech
Date : 16-17 January 2010
Facilitators
Honorable Speaker :
January 16 တွင် Professor Dr.Aung Tun Thet
မှအထူးအစီအစဉ်အဖြစ် ဆွေးနွေးပို့ချပေးပါမည်။
Main Speaker :
January 16-17 တွင် U Tin Zan Kyaw Managing
Director (Device Services Co.,Ltd.) မှ
အထူးဟောပြောပို့ချသင်ကြားပေးပါမည်။
အထူးအစီအစဉ်
TSM သင်တန်းတွင် ပါဝင်ဆင်နွဲ တက်ရောက်ကြမည့်
Professional ကုမ္ပဏီလုပ်ငန်းပိုင်ရှင်များ၊
ဝန်ထမ်းများအနေဖြင့်
- Case Study
- Workshop
- Brain Storming Section
- Group Presentation
- Individual Presentation
များဖြင့် အထူးသင်ကြားပို့ချပေးပါမည်။
ထို့အပြင် အောက်ပါ Sponsor ကုမ္ပဏီများမှ
သင်တန်းတက်ရောက်၍ ကုမ္ပဏီမှ ထုတ်လုပ်သော
ကုန်ပစ္စည်းများကို ခင်းကျင်းပြသခြင်း၊
နမူနာလက်ဆောင်ပေးခြင်းများ၊
အထူးဈေးနှုန်းများဖြင့် ရောင်းချခြင်းများ စသည့်
အစီအစဉ်များ ပါဝင်ပါသည်။
သင်တန်းခေတ္တအားလပ်ချိန်အတွင်း
ကုမ္ပဏီတစ်ခုနှင့်တစ်ခု အပြန်အလှန်မိတ်ဆက်ခြင်း၊
ဆွေးနွေးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း စသည့်
လှုပ်ရှားမှုများဖြင့် ထူးခြားစွာတင်ဆက်ထားသော
အစီအစဉ်များပါဝင်ပါသည်။
သင်တန်းတက်ရောက်သူများ ထူးခြားစွာရရှိမည့်
အကျိုးကျေးဇူးများ
a) လုပ်ငန်းခွင်တစ်ခုလုံးတွင် ပါဝင်သော
ဌာနအသီးသီး၏ စုပေါင်းညီညွတ်စွာဖြင့် Annual
Operating Plan ကိုစနစ်တကျလက်တွေ့ရေးဆွဲတတ်ခြင်း၊
b) လုပ်ငန်းခွင်ဆောင်ရွက်ရာတွင် High Performance
leadership Skill ရှိမည့်
စွမ်းဆောင်ရည်မြင့်မားသည့် ခေါင်းဆောင်ကောင်းများ၏
အရည်အချင်းကောင်းများ၊ အပြုအမူများ
ဖြစ်ပေါ်လာစေခြင်း။
c) ကုမ္ပဏီ၏ Vision မှ Action Plan
အကောင်အထည်ဖေါ်မည့် တကယ်အောင်မြင်စွာမည့်
စနစ်တကျစီမံကိန်းရေးဆွဲနိုင်စေခြင်း။
d) စနစ်တကျ ခေတ်မှီ ပုံစံ System Model ချမှတ်၍
လုပ်ငန်းကိုအောင်မြင်စွာ
စီမံခန့်ခွဲဆောင်ရွက်နိုင်စေခြင်း။
e) စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင်
ရင်းနှီးမြှုပ်နှံမှုပေါ်တွင်ပြန်လည်ရရှိမည့်
အကျိုးအမြတ် ROI တွက်ချက်နည်းများကို ကောင်းစွာ
လက်တွေ့နားလည်မှုရှိခြင်း။
f) စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်
မိမိလုပ်ငန်းများ၏ လုပ်ဆောင်ချက်များအပေါ်
မှန်ကန်မှုရှိ မရှိ လက်တွေ့တိုင်းတာသောစနစ်များ(K.P.I)
Key Performance
Indicator များကို လက်တွေ့သိရှိနားလည်ခြင်း။
g) မိမိစီးပွားရေးလုပ်ငန်းတစ်ခုလုံး၏ အောင်မြင်မှု
ရရှိစေရန်အတွက် (Cost Per Case)
ထုတ်လုပ်မှုစရိတ်ကို
ကုန်ပစ္စည်းယူနစ်တစ်ခုခြင်းအတွက် တွက်ချေကိုက်သော
တပြေးညီ
ကုန်ကျစရိတ်ကို ထိန်းသိမ်း၍ ရေရှည်ဆောင်ရွက်နိုင်စေခြင်း တို့
ရရှိစေမည်ဖြစ်ပါသည်။
(19-12-2009)
Source : Ko Lin (Myanmar Training)