|
|
|

'Sysnet
! JustClick' မှ ပေးသော Internet သုံးခွင့်များ အခမဲ့
ရယူခွင့်....
|
 |
|
|
|
Your Email:
|
|
|
 |
|
|
|
|
|
Article
»
မလေးရှား Berjaya တက္ကသိုလ်ကြီး၏ ဟိုတယ်နှင့်ခရီးသွားဘာသာရပ်များ
မလေးရှားနိုင်ငံ၏
ဟိုတယ်နှင့်ခရီးသွားဘာသာရပ်များကို အထူးပြုသော
Berjaya တက္ကသိုလ်ကြီးတွင် ပညာသင်ယူသိုမှီးရင်း USA
နှင့် ဂျာမနီနိုင်ငံတွင် ၆ လ မှ ၁ နှစ်
လုပ်ငန်းခွင်သင်တန်း တက်ရောက်နိုင်ပါသည်။
Berjaya အကြောင်း
အောင်မြင်မှုအရှိန်အဟုန်မြင့်စွာဖြင့်
ဟိုတယ်နှင့်ခရီးသွားဘာသာရပ်များကို
သင်ကြားပို့ချပေးလျက်ရှိသော Berjaya University of
Hospatility သည် မလေးရှားနိုင်ငံကွာလာလမ်ပူ
မြို့တွင်တည်ရှိသည်။ Berjaya Corporation သည်
မလေးရှားရှိအလွန်အောင်မြင်နေသော စီးပွားရေး
လုပ်ငန်းစုဖြစ်ပြီး ၊ မလေးရှားနိုင်ငံအပါအဝင် UK,
ဗီယက်နမ်၊ စင်္ကာပူ၊ သီရိလင်္ကာနိုင်ငံတို့တွင်
ကြယ်ငါးပွင့်၊ ခြောက်ပွင့်အဆင့်ရှိ ဟိုတယ် (၁၄)
လုံး၊ စားသောက်ဆိုင်များ၊ ကားကုမ္ပဏီ၊
တယ်လီဖုန်းကုမ္ပဏီ၊ စတိုးဆိုင်ကြီးများအပါအဝင်
ကုမ္ပဏီ (၄၄) ခုရှိသောကြောင့် မလေးရှားနိုင်ငံ
အဆင့်မြင့် ပညာရေး ဝန်ကြီးဌာနသည် Berjaya ကို
မလေးရှားနိုင်ငံ၏ သီးသန့်ဟိုတယ်နှင့်
ခရီးသွားတက္ကသိုလ်ကြီးကို
တည်ထောင်ဖွင့်လှစ်စေခဲ့ပါသည်။
သင်ကြားပို့ချပုံ
Berjaya တက္ကသိုလ်တွင်နောက်ဆုံးပေါ်စက်ကိရိယာများ၊
အသုံးအဆောင်များဖြင့်အဆင့်အမြင့်ဆုံးနိုင်ငံတကာအသိအမှတ်ပြု
Dip များ၊ Bechalor (Honors) များကိုသင်ကြားပို့ချ
ပေးလျက်ရှိပါသည်။ အထူးသဖြင့် Semester (1)
မှစတင်ကာ Immersion Methadology
စာတွေ့နှင့်လက်တွေ့ တပြိုင်တည်း သင်ကြားပါသည်။
သင်တန်းကာလ
Dip သင်တန်းများမှာ (၂) နှစ်နှင့်(၅)
လကြာမြင့်ပြီး၊ ၅လ မှာ
လက်တွေ့လုပ်ငန်းခွင်သင်တန်းချိန်ဖြစ်ပါသည်။ Degree
(Honors) သင်တန်းများမှာ အခြေခံပညာအထက်တန်း
အောင်မြင်ပြီးသူများအတွက် (၄) နှစ်၊
ဒီပလိုမာသမားများအတွက် ၂ နှစ်ခွဲ၊
တက္ကသိုလ်တခုခုတွင် အနည်းဆုံး ပထမနှစ်အောင်မြင်ပြီး
တက်ရောက်မည့်သူများအတွက် ၃ နှစ်ခွဲ ကြာမြင့်ပါသည်။
Degree (Honors) အတွက်လက်တွေ့
လုပ်ငန်းခွင်သင်တန်းချိန်မှာ ၆ လ ဖြစ်ပါသည်။
အလုပ်အကိုင်
လက်တွေ့လုပ်ငန်းခွင်သင်တန်းများအတွက်
မလေးရှားနိုင်ငံအပြင် အထူးအစီအစဉ်အနေဖြင့် USA
နှင့် ဂျာမနီနိုင်ငံတို့တွင် Global Management
Programme ဖြင့်သွားရောက် လုပ်ကိုင်နိုင်ပါသည်။
မလေးရှားနိုင်ငံတွင် Berjaya လက်အောက်ရှိ
ဟိုတယ်ကြီးများတွင် လက်တွေ့ဆင်းပါက ၁ လလျှင်
ရင်းဂစ် (၂ဝဝ) မှ (၃ဝဝ) အထိရရှိပါသည်။ Hospitality
Management ဘာသာရပ်များသည် USA တွင် ၁
နှစ်လုပ်ကိုင်ခွင့်ရှိပါသည်။ ၁ ပတ်လျှင် ၅ ရက်
အလုပ်လုပ်ပြီး ၁ နာရီလျှင် USD 9 မှ 10
ဖြင့်စတင်ပါသည်။ အချိန်ပိုဆင်းလျှင် ၁ ဆခွဲရပါသည်။
Culinary (အချက်အပြုတ်ကျွမ်းကျင်မှုဘာသာ)
သမားများသည် ဂျာမနီတွင် ၆ လ လုပ်ကိုင်ခွင့်ရပါသည်။
ဂျာမနီနိုင်ငံမြို့တော်ကြီးများရှိ အထင်ကရ
စားသောက်ဆိုင်ကြီးများ ဟိုတယ်ကြီးများတွင်
လက်တွေ့သင်တန်းဆင်းလျှင် တစ်လ Euro (250)
ရရှိနိုင်ပါသည်။
သင်တန်းဝန်ဆောင်ခ
USA အစီအစဉ်အတွက် ဗီဇာကြေးများ၊
လျှောက်လွှာကြေးများ၊ ကျန်းမာရေးအာမခံကြေးများ၊
ယူနီဖောင်း၊ USA တွင်နေထိုင်လုပ်ကိုင်နေစဉ်
လိုအပ်သော အထောက်အပံ့များ ပေးခြင်း၊
သင်တန်းပြီးဆုံးချိန် မလေးရှားမပြန်မှီ
ဘွဲ့ရပြီးပြန်လာပါက အလုပ်အကိုင်ရရှိရန်
ကူညီပေးခြင်း အစရှိသည့် ဝန်ဆောင်မှုများအတွက် USD
3000 ကုန်ကျပါသည်။ Berjaya ကျောင်းသားများသည်
Diploma, Degree များပြီးဆုံးသောအခါ Berjaya
ကော်ပိုးရေးရှင်းအောက်ရှိ လုပ်ငန်းခွဲများတွင်
အလုပ်လျှောက်ထားပါက ၁ဝဝ% ဦးစားပေးခြင်းခံရပါသည်။
နိုင်ငံတကာကျောင်းသားများ၏ ဗီဇာပေါ်သာ မူတည်ပါသည်။
အသေးစိတ်သိလိုပါက Jenko သပြေညို ၂ ၊ ၄ ထပ်
ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ ကမာရွတ် ဖုန်း-
09 5062891 သို့ဆက်သွယ်နိုင်ပါသည်။
(10-2-2010)
Source : Ko Lin (Myanmar Training) |
|