UK
ပြည်ထဲရေးဌာနက အခုရက်ပိုင်းမှာ
နိုင်ငံခြားသားကျောင်းသားများရဲ့ ပြည်ဝင်ခွင့်
Visa ဥပဒေပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ပြောလာတဲ့
ထူးခြားတဲ့အကြောင်းအရာလေးတွေရှိပါတယ်။ UK
မှာကျောင်းသွားတက်ဖို့ ပြင်ဆင်နေသူတွေအတွက်
အကျိုးရှိမယ်လို့ ယူဆတဲ့အတွက် ဒီသတင်း တွေကို
ပြောပြချင်ပါတယ်။ UK
မှာရွေ့ပြောင်းနေထိုင်ခွင့်ရရှိသူ (Migrants)
တွေရဲ့ (၃ဝ) ရာခိုင်နှုန်းဟာ အင်္ဂလန်မှာ
ကျောင်းတက်ရင်း Student visa မှ
တစ်ဆင့်ကူးပြောင်းရရှိလာကြတာဖြစ်ပါတယ်။
တော်တော်များများကျောင်းသားတွေဟာ Short Course
တက်ရင်းက Migrants ဖြစ်သွား ကြတာပါ။ ဒီဂရီ Course
တွေကို တက်နေကြတဲ့သူတွေမဟုတ်ပါဘူး။ ဥပဒေအသစ်မှာ
ဝင်ခွင့်လျှောက်ထားသူများဟာ GCSE Level ရဲ့အပြော
စွမ်းရည်နဲ့ညီမျှတဲ့ အရည်အချင်းရှိရမှာ ဖြစ်ပြီး
Short Course တက်ရောက်သူများဟာ မှီခိုသူများကို
ခေါ်ယူခွင့်ရရှိမှာ မဟုတ်တော့ပါဘူး။ ယခုနှစ်မှာ
ဝင်ခွင့်လျှောက်ထားပြီးသွားတဲ့ကျောင်းသားများထဲက
မည်ရွေ့မည်မျှ Visa ရမယ်၊ မရဘူးဆိုတာကိုတော့
ပြည်ထဲရေးဌာနမှ အတည်ပြု ပြောကြားခြင်း
မရှိသေးပါဘူး။
2008/2009 မှာ ကျောင်းသားအရေအတွက် 240,000 ကို
Student visa ထုတ်ပေးခဲ့ပါတယ်။နိုဝင်ဘာလမှာ
ကျောင်းသား Visa ကိစ္စအတွက် ဝေဖန်သုံးသပ်ချက်
အစီရင်ခံစာ (Review) ကို ထုတ်ပြန်ခဲ့ပြီး
ဖြစ်ပါတယ်။ အဲဒီနောက်တစ်ပတ်အကြာမှာပဲ နီပေါ၊
အိန္ဒိယမြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက
ကျောင်းသားတွေရဲ့ ဝင်ခွင့် Visa လျှောက်ထားမှုကို
လုံးဝဆိုင်းငံ့လိုက်ပါသည်။ မနှစ်ကစပြီး
တရားဝင်ဥပဒေနှင့်အညီ
ကျောင်းတက်ရောက်မဲ့ကျောင်းသားတွေရဲ့ ဝင်ခွင့် Visa
လိုအပ်ချက်ကို 40 points system နဲ့စတင်ခဲ့ပါတယ်။
2010 ကစပြီး နိုင်ငံတွင်းဝင်ရောက်လာသူများကို
သာစစ်ဆေးမှာ မဟုတ်ဘဲ နိုင်ငံမှပြန်လည်ထွက်ခွာ
သွားသူများကိုပါ တိကျသေချာစွာ စစ်ဆေးမဲ့
ပိုမိုရှုပ်ထွေး တင်းကျပ်တဲ့ စနစ်တွေဖြစ်လာတော့မယ်
လို့ ပြည်ထဲရေးဌာန တာဝန်ရှိသူမှ ပြောပါတယ်။
ဒီလိုတင်းကျပ်တဲ့စနစ်တွေကို အကောင်အထည်ဖော်ဖို့
ရှိပေမဲ့ တစ်နှစ်ကို ပညာရေး ပိုင်းမှ ဝင်ငွေ
အနေနဲ့ 5 billion pounds မှ 8 billion pounds
ကြားရရှိပြီးနိုင်ငံရဲ့ စီးပွားရေး
အထောက်အကူပေးနေတဲ့ ဒီကဏ္ဍကို ပျက်စီးမသွားအောင်
ဂရုတစိုက်ကိုင်တွယ်သွားမှာ ဖြစ်ပြီး ဥပဒေနှင့်
အညီစနစ်တကျကျောင်းဝင်ခွင့် လျှောက်ထားတဲ့
နိုင်ငံခြားသားကျောင်းတွေကိုတော့ ဆက်လက်ကြိုဆို
လျက်ရှိပါတယ်လို့ ပြောပါတယ်။
လူဝင်မှုကြီးကြပ်ရေးဌာန မှလည်း
မမှန်မကန်ပြုလုပ်တဲ့ကျောင်း (200) ကို
ပိတ်သိမ်းလိုက်ပြီးဖြစ်ကြောင်း ပြောပါတယ်။
ဥပဒေသစ်မှာ ချက်ခြင်းအကျုံးဝင်မှာကတော့
- ဥရောပပြင်ပမှ ဝင်ခွင့် Visa လျှောက်ထားသူ
ကျောင်းသားတွေက GCSE Level အင်္ဂလိပ်စာ အရည်အသွေးနဲ့
ညီမျှတဲ့ အပြောစွမ်းရည်ရှိရမှာ ဖြစ်ပါတယ်။
- Degree Level သင်တန်းတွေမဟုတ်ဘဲ Short Course
တက်ရောက်နေတဲ့ကျောင်းသားတွေဟာ တစ်ပတ်မှာ နာရီ (20)
အလုပ်လုပ်ခွင့်ရရှိရာမှာ တစ်ပတ်မှ (10)
နာရီသာ
အလုပ်လုပ်ကိုင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။
- ၆ လအောက်သင်တန်းတွေမှာ
တက်ရောက်နေတဲ့ကျောင်းသားတွေရဲ့ မှီခိုသူတွေကို
ခေါ်ယူခွင့် မရှိတော့ပါဘူး။
- ဒီဂရီ Level တက်ရောက်သင်ကြားနေတာမဟုတ်တဲ့
ကျောင်းသားတွေရဲ့ မှီခိုသူတွေကလည်း
အလုပ်လုပ်ကိုင်ခွင့် ရရှိမှာ မဟုတ်ပါဘူး။
- Degree Level အောက်သင်တန်းတွေမှာ Industrial
Attachement (IA), On-Job-Training (OJT)
တွဲပါတဲ့ကျောင်း၊ အဖွဲ့အစည်းတွေဟာ “Highly Trusted
Sponsor
List” မှာ စာရင်းသွင်းထားရမှာ ဖြစ်ပြီး ၎င်းကျောင်းများကို
လျှောက်ထားတဲ့ကျောင်းသားများသာ Student visa
ရရှိမှာဖြစ်ပါတယ်။
- Student Visa ကိစ္စနဲ့ပတ်သက်ပြီး
ညှိနှိုင်းဆွေးနွေးကြရာမှာ
“နိုင်ငံခြားသားကျောင်းသားတွေဟာ Cash Deposit
တင်ထားသင့်ပြီး သင်တန်းပြီးဆုံးလို့ နိုင်ငံမှ
ပြန်လည်
ထွက်ခွာမှု မရှိခဲ့ရင် ဒီငွေကြေးဆုံးရှုံးမှုကို ခံယူရမယ်” ဆိုတဲ့
အဆိုပြုတင်သွင်းမှုတွေလည်း ရှိနေတယ်လို့
ကြားသိရပါတယ်။
- “ဒါကြောင့် အင်္ဂလန်မှာ ကျောင်းတက်ခွင့်ရဖို့
ဝင်ခွင့်စည်းမျဉ်း စည်းကမ်းတင်းကြပ်မှုတွေ
ပိုမိုလာမှာ ဖြစ်ပေမဲ့ ရည်ရွယ်ချက်အစစ်အမှန်နဲ့
ကျောင်းသွားတက်ချင်သူတွေ၊ မမှန် မကန်
ကျောင်းအတုတွေနဲ့ တွေ့မှာစိုးရိမ်သူတွေ အတွက်တော့ သတင်းကောင်း တစ်ခုလို့
သုံးသပ်မိပါတယ်။”
- နောက်တစ်ချက်အနေနဲ့ကတော့ GCSE Level နဲ့ညီတဲ့
အင်္ဂလိပ်စာ အပြောစွမ်းရည်လိုအပ်တယ်လို့
သတ်မှတ်ထားတဲ့အတွက် အင်္ဂလန်နိုင်ငံရဲ့
အဖွဲ့အစည်းအသီးသီးနဲ့
ကျောင်းအသီးသီးမှ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အရည်အသွေးအသိအမှတ်ပြု လက်မှတ်တွေ
ရရှိထားမယ်ဆိုရင် ကျောင်းဝင်ခွင့် Visa ရရှိရေး
အဆင်ပြေနိုင်မယ်လို့ ထင်မြင်ယူဆ
မိပါတယ်။
- အင်္ဂလန်ကျောင်းသွားတက်ပြီး ဘဝအောင်မြင်မှုရရှိရန်
လိုသူတွေအတွက် ဒီဥပဒေသစ်ဟာ
ရေရှည်စီမံကိန်းချမှတ်ပြီး ကြိုတင်ပြင်ဆင်
ဆုံးဖြတ်လုပ်ကိုင်ဖို့ တွန်းအားပေး
ထားတယ်လို့ ပြောချင်ပါတယ်။
- UK Visa နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက
Shine Learning Academy မှ ကိုကျော်သီဟထွန်း၊
မအေးမြဝင်း ဖုန်း - 393041 ၊ 09 5191802
သို့မေးမြန်းနိုင်ပါသည်။
(16-2-2010)
Source : Ko Lin (Myanmar Training)