Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' မှ ပေးသော Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


Article »

Australia Colleges 4 ကျောင်းပိတ်ခြင်းဂယက်ကြောင့် ကျောင်းသား ၃ဝဝဝ နီးပါးခန့် အခက်အခဲနှင့် ရင်ဆိုင်နေရခြင်း


- Australia နိုင်ငံ Melbourne မြို့တွင် လတ်တလောအဖြစ်အပျက်ကြီး တစ်ခုအနေဖြင့် College ကျောင်း ၄ ခု ဒေဝါလီခံခဲ့ခြင်းကြောင့် ကျောင်းသားကျောင်းသူ 3000 နီးပါးမျှ သောင်တင်နေပြီး ဘေးကျပ်နံကျပ် ထွက်ခွာခဲ့ရခြင်းနောက်တွင် ယမန်နေ့ ညက နောက်ထပ်အခက်ခဲ တစ်ခုကြောင့် ပြည်ပကျောင်းသားများ အနေဖြင့် ခေါင်းခဲဖင့်နွဲ့စရာများ ကြုံတွေ့နေကြရသည်။
- အဆိုပါ Colleges များ၏ ကျောထောက်နောက်ခံ ဖြစ်သော The Global Campus Management/ Meridian Group သည်စေတနာ့ဝန်ထမ်းအုပ်ချုပ် စီရင်ရေးအဖွဲ့၏ ရှေ့မှောက်သို့ လွန်ခဲ့သော ကြာသပတေးနေ့က ရောက်ရှိခဲ့ပြီး အုပ်ချုပ်ရေးအရာရှိ Stephen Parbery ၏ ပြောကြားချက်အရအဆိုပါ ကျောင်းများကို ပြန်လည်ဖွင့်လှစ်ဖို့ ဆိုသည်မှာ Meridian Group အတွက် ဖြစ်နိုင်ဖွယ်ရာ အလားအလာ မရှိကြောင်း သိရှိရပါသည်။
- Australia နိုင်ငံတွင် ပညာရေးလုပ်ငန်းသည် ရေနံနှင့် ကျောက်မီးသွေး လုပ်ငန်းပြီးလျှင် တတိယမြောက်အကြီးမားဆုံးဝင်ငွေ ရရှိနေသောပို့ကုန်လုပ်ငန်းတစ်ခု ကဲ့သို့ဖြစ်သည်။ ၎င်းပညာရေးနှင့် ပတ်သက်သော နိုင်ငံတကာ ကျောင်းသားကဏ္ဍမှ Aussie $ 13 billion (S$ 16.4 Billion) အထိရရှိနေသည်။
- အထက်ပါ College များ၏ ကယက်သည် Meridian International Schools အပါအဝင် The International Design School, International College of Creative Arts and Esmod Australia ကျောင်းများကိုပါ ရိုက်ခတ်ခဲ့သည်။
- Australia နိုင်ငံ၏ ပြည်နယ် Victoria နှင့် New South Wales တို့တွင် အသီးသီးတည်ရှိသော Melbourne နှင့် Sydney မြို့များရှိ Campus 13 ကျောင်းသည် Hospitility, Design, English Language, Fashion and Secondary Education သင်တန်းများအား ဖွင့်လှစ် သင်ကြားပေးနေခဲ့ကြသော ကျောင်းများဖြစ်ကြသည်။
- ထိုသို့ဖြစ်ခဲ့ရခြင်းကြောင့် နိုင်ငံတကာ ကျောင်းသား ၂၇ဝဝ နှင့် ပြည်တွင်းကျောင်းသားပေါင်း ၁၅ဝ နီးပါးခန့် အထိ အခက်အခဲကြုံရပြီး ကျောင်းသားအများစုမှာ ၎င်းတို့၏ စာမေးပွဲများကို ဖြေဆိုရန် အလွန်နီးကပ်နေသော အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းနိုင်ငံတကာကျောင်းသားများတွင် အဓိကအားဖြင့် အာရှနိုင်ငံများမှ အများစု ပါဝင်သည်။
- ၎င်းပြည်နယ်နှစ်ခုရှိ Victoria, New South Wales မှ ပညာရေးဌာနများသည် အဆိုပါ ကျောင်းသားများအတွက် ၎င်းတို့၏ အတန်းတင်စာမေးပွဲများ ဖြေဆိုနိုင်ကြရန် နေရာများကို ရှာဖွေဖို့ရန်အတွက် ကြိုးပမ်းလုပ်ဆောင်နေခဲ့ကြောင်း ABC news.com သတင်းဌာနမှ သတင်းထုတ်ပြန်ခဲ့ပါသည်။
- Melbourne မြို့တွင် ကျောင်းတက်နေခဲ့သော နိုင်ငံတကာကျောင်းသူ Jass Sandhu ကလည်း သူမသည် ကျောင်းပိတ်ခြင်းနှင့် ပတ်သက်သော မည်သည့်အဆက်အသွယ် သတင်းအချက်အလက် တစ်ခုမှ မရရှိကြောင်းအပြင် “လူဝင်မှုကြီးကြပ်ရေးက ကျွန်မတို့ရဲ့ ပြသနာမှ မဟုတ်တာ၊ ပြီးတော့ ကျွန်မတို့သင်တန်းစာတွေကိုလည်း ကောင်းကောင်းလေ့လာထားခဲ့ပါတယ်။ ပေးဆောင်ရမယ့် ငွေကြေးတွေကိုလည်းအကုန်သွင်းနေခဲ့တာပါပဲ၊ အခု ကျွန်မတို့ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ကြမှာလဲ” ဟုပြောကြားခဲ့ပါသည်။
- ရာပေါင်းများစွာသော ကျောင်းသား ကျောင်းသူများဟာလည်း သူမရဲ့ ပူပင်သောကရောက်မှုတွေနဲ့ အတူ သူမရဲ့စကားတွေကို ထောက်ခံခဲ့ကြပြီး ၎င်းတို့ဟာလည်းကျောင်းပိတ်သွားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်သူကမှ သူတို့ကို အကြောင်းမကြားခဲ့ပါဘူးလို့ ပြောကြားခဲ့ပါသည်။ သူတို့ဟာ ယမန်နေ့ မနက်က ကျောင်းကို ရောက်ရှိခဲ့ရာမှာ ကျောင်းတံခါးများပိတ်ထားတာကို တွေ့ခဲ့ရပြီး ဆရာ ဆရာမများဟာလည်း ယမန်နေ့ညကတည်းက အလုပ်မှ ထုတ်ပယ်ခြင်းခံခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။
- Victoria ပြည်နယ်၏ Skills and Workforce Participation Minister.Jacinta Allan က ABC သတင်းဌာနသို့ ပြောကြားရာတွင် “အစိုးရပေါင်းက ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ တရားဥပဒေနဲ့ အညီပြဌာန်းဖို့ ပြန်လည်စစ်ဆေးကြည့်ရှုနေပါတယ်၊ အရှိန်အဟုန်နဲ့ လာပြီးမှ ပုံမှန်လည်ပတ်နေခဲ့တဲ့ ပြည်နယ်ရဲ့ လှုပ်ရှားမှုတစ်ခုဟာ သတိမပြုမျက်စိလျှမ်းပြီးတော့ တန့်ခနဲ ရပ်တန့်သွားခဲ့ရပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့က လမ်းကြောင်းမှန်အောင်လုပ်ဖို့ အင်အားထပ်မံဖြည့်တင်းပြီး သေချာအောင် လုပ်ဆောင်နေပါတယ်” ဟုပြောကြားခဲ့သည့်အပြင် “ ပထမ ဦးစားပေးလုပ်ဆောင်ခဲ့တာ ကတော့ ကျောင်းသားတွေနဲ့အတူ ပူးပေါင်းလက်တွဲပြီး သူတို့ရဲ့ ရှေ့ဆက်ရမယ့် ပညာရေးအတွက် ထောက်ပံ့မှုတွေပေးခဲ့တာပဲ ဖြစ်ပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါသည်။
- ၎င်းအဖြစ်အပျက်သည် Australia နိုင်ငံအတွက် သံတမန်ရေးရာနှင့် ပတ်သက်သည့် သက်ရောက်မှု အနည်းငယ် ရှိခဲ့သည်။ India နိုင်ငံ၏ (Australia နိုင်ငံဆိုင်ရာ) Deputy High Commissiner VK.Sharma က “ ခန့်မှန်းချက်တွေ အရ Indian ကျောင်းသား ၃ဝဝ လောက်ဟာ ၎င်းပြသနာ တွေနဲ့ရင်ဆိုင်နေရပြီး မျှော်လင့်ချက်မဲ့ ဖြစ်ခဲ့ကြရကာ ဒီပြသနာဖြစ်ခြင်းကြောင့် Indian နိုင်ငံမှ လာရောက်ကျောင်းတက်နေကြတဲ့ ကျောင်းသားအရေအတွက်ကို သိသိသာသာ ကျဆင်းစေပါတယ်” လို့ ပြောကြားခဲ့ပြီး “အခုလတ်တလော ဖြစ်ပျက်နေတဲ့ Australia နိုင်ငံရဲ့ ပညာရေးစနစ်ဟာ နိုင်ငံတကာ ပညာသင်ကြားချင်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည်ရယူဖို့ အများကြီး ကြိုးစားရမယ့် အပြင် ဒါကိုနှစ်နဲ့ ချီပြီး ပြန်လည်တည်ဆောက်ယူရတော့မှာ ဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ် ဒါ့အပြင် Australia ပညာရေး အဖွဲ့အစည်းမှ Union president Angelo Gavrielatos ကလည်း “ ပုဂ္ဂလိက ကျောင်းများအတွက် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်း တွေကတော့ လိုအပနေခဲ့ပါပြီ ၊ ပြသနာဖြစ်တဲ့ ကျောင်းအရေအတွက်ကလည်း တိုးပွားလာနေခဲ့သလို အဲဒီအတွက် ငွေကြေးပေးဆာင်ရတဲ့ ကျောင်းသားအရေအတွက်ပါ ထည့်တွက်ရမှာပါ” “ပြီးတော့ အခုလက်ရှိ လုပ်ငန်းလည်ပတ်နေတဲ့ ကျောင်းသားအသစ်တွေရော ရှိပြီးသား အရင်ကျောင်းတွေကိုပါ သူတို့ဟာ နိုင်ငံတကာနဲ့ပြည်တွင်း ကျောင်းသားတွေအတွက် အရည်အသွေးအဆင့်မှီတဲ့ ပညာရေးမျိုး ပေးနိုင်ပါ့မလား ဆိုတာနဲ့ ငွေရေးကြေးရေး ပိုင်းမှာပါ စိတ်ချယုံကြည်ရပါ့မလား ဆိုတဲ့ အချက်တွေကို အသေအချာ စံချိန်မှီအောင် အသေးစိတ် စစ်ဆေးကြရတော့မှာ ဖြစ်ပါတယ်” လို့နောက်ဆုံးပိတ်အနေနဲ့ ပြောကြားသွားခဲ့ပါတယ်။ ၎င်း အချက်အလက်များနဲ့ ပတ်သက်၍ အသေးစိတ်လေ့လာလိုပါက အောက်ပါ Website တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
Myanmar Search International Services Co.,Ltd.
No.234, 2nd Floor(R), Shwe Bon Tha Street (Mid Block)
Pabedan Township, Yangon, Myanmar.
Ph : 951-389915, 09 5103915, 951-250929
myanmarsearchinternational@gmail.com
myanmarsearchintl@mptmail.net.mm
www.overseaeducation-msi.com
 

(9-3-2010)
Source : Ko Lin (Myanmar Training)

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats