|
|
|

Creative
Web Studio မှ ပေးသော CIW (1) ယောက် , PHP (1) ယောက်, Web
Essential (1) ယောက် သင်တန်းတက်ရောက်ခွင့်....
|
 |
|
|
|
Your Email:
|
|
|
 |
|
|
|
|
|
Article
»
MCPA မှကြီးမှူးဖွင့်လှစ်မည့်သင်တန်းမှာ စာမေးပွဲဖြေဆိုနိုင်ရန်အပြင်
Network လုပ်ငန်းခွင်ဝင်နိုင်ရန်အတွက်ဟုဆို
ပထမဆုံးအကြိမ်အဖြစ်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA)
မှကြီးမှူး၍ Assembler Computer Centre, Compu-Tech
Computer Training, Myanmar Skill of Technologies
(M.S.T) နှင့် BizNet Computer Centre
တို့ပူးပေါင်း၍ Myanmar Info-Tech ရှိ MCF
e-Learning Centre ၌မေလ ၁၃ ရက် မှ မေလ ၁၆
ရက်အထိဖွင့်လှစ်ပို့ချမည်ဖြစ်သော Administering
the Standardized Network သင်တန်းဖွင့်လှစ်ရသည့်
ရည်ရွယ်ချက်မှာ ဇွန်လတွင် စစ်ဆေးမည့် MCPA NA Exam
ကိုဖြေဆိုအောင်မြင်သူများ တိုးတက်လာစေရန်နှင့်
စာမေးပွဲဖြေဆိုနိုင်ရန်အပြင် လက်တွေ့ Network
လုပ်ငန်းခွင်ကျွမ်းကျင်စွာ
လုပ်ကိုင်နိုင်စေရန်ဖြစ်ကြောင်း MCPA
အမှုဆောင်တစ်ဦးဖြစ်သည့် Assembler မှ Managing
Director ဦးအောင်စိုးမိုးမှပြေကြားခဲ့သည်။ “ MCPA
NA Certificate
ရပြီးလုပ်ငန်းခွင်မဝင်နိုင်ဘူးဆိုရင် MCPA Exam
တွေအပေါ် လူတွေစိတ်ဝင်စားမှုလျော့ကျတာ၊
မယုံကြည်တာတွေဖြစ်လာနိုင်တယ်။ ဒီအဖြစ်မျိုး
အရောက်မခံပါဘူး။ စာမေးပွဲဖြေပြီး လက်မှတ်ရတဲ့အပြင်
Network လုပ်ငန်းခွင်မှာ တကယ်ကို
ကျွမ်းကျွမ်းကျင်ကျင်နဲ့ လုပ်ဆောင်နိုင်အောင်
သင်ကြားပေးသွားမှာပါ ” ဟု၎င်းက ထပ်မံပြောကြားခဲ့သည်။
သင်တန်းတွင်ပို့ချမည့် Short and Effective Course
ပုံစံနှင့်ပတ်သက်၍ MCPA အမှုဆောင်ဖြစ်သည့် BizNet
Computer Centre မှ ဒါရိုက်တာ ဦးဇော်ဝင်ထွန်းက “
သင်တန်းချိန်က မနက် ၈ နာရီခွဲကနေ ညနေ ၅
နာရီခွဲထိသင်မှာပါ။ သင်တန်းကာလမှာ ၄ ရက်ဆိုတော့
Short and Effective Course ပုံစံလို့ပြောရင်
ရတယ်။ ဒီပုံစံက သင်တန်းတက်ဖို့
အချိန်မပေးနိုင်သူတွေ၊ လုပ်ငန်းခွင်မှာ Network
သုံးစွဲလေ့လာသူတွေ၊ ရပ်ဝေးက သင်တန်းတက်ချင်သူတွေ၊
စာမေးပွဲအတွက် ပြင်ဆင်နေသူတွေအတွက် သင့်တော်ပါတယ်၊
နိုင်ငံတကာမှာလည်း ဒီပုံစံသင်တန်းမျိုးတွေရှိတယ်။
အထူးသဖြင့် HR အသိုင်းအဝိုင်းမှာဆို
ဒီသင်ကြားမှုပုံစံက ပိုကျယ်ပြန့်နေတာတွေ့ရတယ် ”
ဟုပြောကြားသွားသည်။ ဆက်လက်ပြီး ၎င်းက Short and
Effective Course ပုံစံ၏ အားသာချက်နှင့်ပတ်သက်၍
လည်း “ သင်တန်းဖွင့်မယ်ဆိုတော့
သင်တန်းတက်မယ့်သူတွေက မေးလာတဲ့မေးခွန်းပေါ့ဗျာ။
သင်တန်းကာလ ၄ ရက်တည်းနဲ့ Effective
ဖြစ်ပါ့မလားတဲ့။ ဒါလည်း မေးသင့်တဲ့မေးခွန်းပါ။
ဒီသင်တန်းရဲ့ သင်ကြားချိန်က ၃၆ နာရီရှိပါတယ်။
ပုံမှန်သင်တန်းတွေဆို တစ်ရက် ၂ နာရီ၊ တစ်ပတ် ၁ဝ
နာရီ သင်နေကြတာနဲ့ နှိုင်းယှဉ်ရင်မနည်းပါဘူးဗျာ။
သူများတွေ လချီသင်ရမှာကို ရက်ပိုင်းနဲ့
အပြတ်သင်ယူလိုက်တဲ့ သဘောပါပဲ။ Short and Effective
ရဲ့သဘောကိုက လိုအပ်တာကို ထိထိမိမိ sport
လုပ်ပေးလိုက်ရုံနဲ့ ရှေ့ဆက်သွားရတာ
အဆင်ပြေစေတဲ့သဘောပါ။ တစ်ခုရှိတာက
တက်ရောက်သင်ယူသူတွေရဲ့ စိတ်ဝင်စားမှုကလည်း
အရေးပါတယ်။ တကယ်တက်ချင်လို့မဟုတ်ဘဲ
အိမ်ကလွှတ်လို့ဆိုရင် အဆင်မပြေနိုင်ဘူး။
သင်ကြားသွားမယ့် course ပုံစံက လုံလောက်ပါတယ် ”
ဟုပြောကြားသွားသည်။
MCPA NA Exam အောင်မြင်ပြီးသူများအနေဖြင့်
ရရှိမည်ဖြစ်သော Effective များနှင့် ပတ်သက်၍လည်း
MCPA အမှုဆောင် ဦးအောင်ဇော်မြင့်မှလည်း
ယခုလိုပြောကြားသည်။ “ MCPA NA Exam
ကိုမြန်မာအိုင်တီ field ထဲမှာ
လုပ်ငန်းခွင်ဝင်နိုင်ဖို့ Skill Certificate
တွေအနေနဲ့ တစ်နှစ်မှာ နှစ်ကြိမ်နှုန်းနဲ့ ဇွန်လနဲ့
ဒီဇင်ဘာလတွေမှာ ကျင်းပပါတယ်။ Myanmar IT Field
Exam တွေမှာလည်း နိုင်ငံတကာအသိအမှတ်ထားကြတာကလည်း
ဒီတစ်ခုပဲရှိပါတယ်။ ဒီလက်မှတ်ကို အာရှနိုင်ငံတွေက
အသိအမှတ်ပြုထားတာဆိုတော့ အလုပ်အကိုင်အခွင့်အလမ်း
မရှားပါဘူး။ နောက်တစ်ဆင့်အနေနဲ့ MCPA Certificate
Network Professional ကိုထပ်ဖြေလို့ရတယ်။
တခြားနိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တွေကိုလည်း
ဖြေဆိုနိုင်ပါသေးတယ်” ဟုဆိုသည်။ ပြည်တွင်း၌
Network အသုံးကျယ်ပြန့်လာမှုနှင့် MCPA NA Exam
အပေါ်စိတ်ဝင်လာမှုနှင့် ပတ်သက်၍လည်း MCPA အမှုဆောင်
ဦးရဲကျော်သိန်းမှလည်း “ Stand alone ခေတ်က
ကျန်ခဲ့ပြီ။ အခုက Application တွေ၊ ဂိမ်းတွေ၊ data
transfer တွေမှာ network ကို
မဖြစ်မနေအသုံးပြုလာရတာ၊ ရုံးတွေ၊
လုပ်ငန်းတွေမှာလည်း network တွေအသုံးပြုနိုင်ဖို့၊
ထိန်းချုပ်နိုင်ဖို့၊ ကိုယ်တိုင်ပြုလုပ်နိုင်ဖို့
လိုအပ်တာတွေ့ရတယ်။ ကုမ္ပဏီတွေမှာကလည်း အပြင်က
service ကိုမယူတော့ဘဲ Network
ကျွမ်းကျင်ဝန်ထမ်းတွေ ခန့်လာကြတော့ network နဲ့က
အလုပ်အကိုင်အခွင့်အလမ်းမရှားတာရယ်၊ တကယ်တတ်ကျွမ်း
နားလည်ထားသင့်တဲ့ ပညာရပ်ဖြစ်လာတော့ Network Exam
တွေအပေါ် စိတ်ဝင်စားမှုများလာကြတယ် ” ဟုပြောကြားသည်။
အသေးစိတ်သိရှိလိုပါက Building (4), Room(4),
Myanmar Info-Tech, Hlaing Campus. Ph: 951652276
သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
(18-5-2010)
Source : Net Guide Journal
|
|