|
|
|

Creative
Web Studio မှ ပေးသော CIW (1) ယောက် , PHP (1) ယောက်, Web
Essential (1) ယောက် သင်တန်းတက်ရောက်ခွင့်....
|
 |
|
|
|
Your Email:
|
|
|
 |
|
|
Article
»
Edu Trust နှင့်စင်ကာပူရှိ ပုဂ္ဂလိကကျောင်းများ၏ ပညာရေးစနစ်သစ်
မြန်မာကျောင်းသားများသွားရောက်ပညာသင်ယူနေကြသည့် စင်ကာပူနိုင်ငံသည်
နိုင်ငံတကာကျောင်းသားများ တက်ရောက်ရမည့် Edu Trust
အသိအမှတ်ပြု ပုဂ္ဂလိကကျောင်းအချို့ စာရင်းကို ထုတ်ပြန်ကြေညာလိုက်ခြင်းဖြင့်
၎င်းတို့၏ ပညာရေးစနစ်သစ်အား စတင်အသက်ဝင်စေလိုက်သည်။
အဆိုပါ ပညာရေးစနစ်သစ် အရ စင်ကာပူနိုင်ငံရှိ ပုဂ္ဂလိကကျောင်းများအားလုံးသည်
ပိုမိုကောင်းမွန် တင်းကျပ်သောစည်းကမ်းများဖြင့် ပြန်လည် မှတ်ပုံတင်
ရမည်ဖြစ်ပြီး ယခင်ထက်ကျောင်းအရေအတွက် ထက်ဝက်ခန့်လျော့ကျသွားဖွယ်ရှိကြောင်း
ပညာရေးကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။
လက်ရှိအချိန်တွင် စင်ကာပူပုဂ္ဂလိက ပညာရေးကောင်စီက လေးနှစ်သက်တမ်းရှိ Edu
Trust လက်မှတ်ရကျောင်း ၆ ကျောင်းနှင့် တစ်နှစ်သက်တမ်းရှိ
ယာယီလက်မှတ်ရ ကျောင်း ၇ ကျောင်းကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
“ ကျောင်းသားတွေအတွက် အတိုင်းအတာတစ်ခုထိ စိတ်ချသွားရမှာပေါ့။
ပိုမိုတိကျပြတ်သားတဲ့ စည်းမျဉ်းဥပဒေတွေရှိလာပါပြီ။ ယာယီလက်မှတ်ရထားတဲ့
ကျောင်းတွေကိုတော့ သတိထားရမှာပါ။ တစ်နှစ်စောင့်ကြည့်မယ်။ လိုအပ်တဲ့အချက်တွေ
ထပ်မဖြည့်ဘူးဆိုရင် ဖြုတ်ခံရမယ့်သဘောပါ ” ဟု Crown
ပညာရေးဝန်ဆောင်မှုမှ မန်နေဂျင်းဒါရိုက်တာက ပြောသည်။
စင်ကာပူနိုင်ငံရှိ ပုဂ္ဂလိကကျောင်းတချို့သည် အရည်အသွေးပြည့်မီသော
ပညာရေးမရရှိနိုင်ခြင်း၊ သင်ထောက်ကူပစ္စည်းအားနည်းခြင်း၊ ဘွဲ့လက်မှတ်အတု
ပြဿနာစသည့် သတင်းများထွက်ပေါ်နေခဲ့ပြီး အဆိုပါကျောင်းများကို
ဖယ်ရှားရန်အတွက် Edu Trust အစီအစဉ်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း
စင်ကာပူပညာရေးကျွမ်းကျင်သူများက ပြောသည်။
ပုဂ္ဂလိကကျောင်းများသည် ကျောင်းများ၏ စီမံခန့်ခွဲမှု၊ ပညာရေးအေဂျင့်များ
ခန့်ထားမှု၊ ကျောင်းသားများအား ကာကွယ်ပေးခြင်းနှင့် ထောက်ပံ့မှု၊
ပညာသင်ကြားပေးမှု၊ စာမေးပွဲစစ်ဆေးပုံနှင့်
ကျောင်းအရည်အသွေးထိန်းသိမ်းမှုတို့ပေါ် မူတည်၍ Edu Trust လက်မှတ်ရရှိရန်
ဆုံးဖြတ်ခြင်းခံရမည်ဖြစ်သည်။
“ ပုဂ္ဂလိကပညာရေးကောင်းစီရဲ့ တင်းကျပ်တဲ့ စည်းကမ်းသစ်တွေကြောင့်
ပုဂ္ဂလိကကျောင်းပေါင်း တစ်ထောင်ကျော်ထဲက ထက်ဝက်ကျော်လောက်လျှော့သွားဖွယ်
ရှိပါတယ်။ တချို့ကျောင်းတွေက ပေါင်းဖွင့်ပြီး တချို့ကတော့ပိတ်သွားဖွယ်
ရှိပါတယ်။ Edu Trust မှာလည်းအရင်ကထက်တင်းကျပ်မှုတွေ ရှိလာပါတယ်။
အေးဂျင့်တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကြော်ငြာပုံစံတွေကို ပါစိစစ်လာမှာ
ဖြစ်ပါတယ်။ ကျောင်းသားတွေကို ကူညီပေးမယ့်စင်တာတစ်ခုလည်း
ဖွင့်လှစ်ခဲ့တဲ့အတွက်
ပညာရေးနဲ့ ပတ်သက်ပြီး မသမာမှုတွေ လျော့ပါးသွားမယ်လို့ မျှော်လင့်ပါတယ်။
ကျောင်းသားတွေအနေနဲ့ Edu Trust လက်မှတ်ရထားတဲ့ကျောင်းကကိုပဲ
လျှောက်ထားသင့်ပြီး ပုဂ္ဂလိကပညာရေးကောင်စီ (CPE) ရဲ့ ထုတ်ပြန်မှုတွေကိုလည်း
နားစွင့်သင့်ပါတယ် ” ဟု SYM ပညာရေးဝန်ဆောင်မှုမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုကဲ့သို့ ပုဂ္ဂလိကကျောင်းများကို စည်းမျဉ်းစည်းကမ်းများ
ပိုမိုတင်းကျပ်နေသလို ကျောင်းသားများကိုလည်း
ကျောင်သားဗီဇာပိုမိုစိစစ်လာခြင်း၊
ကျောင်းခေါ်ချိန်တင်းကြပ်လိုက်ခြင်း၊ ပညာရေးအထောက်အထားများကို
ပိုမိုစစ်ဆေးလာခြင်းစသည့် ကိစ္စရပ်များကို ဆောင်ရွက်လာကြောင်း သိရသည်။
“ ကျောင်းခေါ် တအားဂရုစိုက်လာတယ်။ ပြည်တွင်းမှာရခဲ့တဲ့
ပညာရေးအထောက်အထားအတုအစစ်တွေကို စစ်တယ်။ ကျောင်းခေါ်ချိန်မပြည့်ရင်
ကျောင်းပြောင်းလို့လဲမရဘူး ” ဟု Raffle ပညာရေးဝန်ဆောင်မှုမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
စင်ကာပူနိုင်ငံသို့ သွားရောက် ပညာသင်ယူသော မြန်မာကျောင်းသားများတွင် အသက်
၁၈ နှစ်မှ ၂၅နှစ်အရွယ် ကျောင်းသားအများစုဖြစ်ကြပြီး
စင်ကာပူပညာရေးစနစ်အပြောင်းအလဲများကိုလည်း လေ့လာ သိရှိထားကြကြောင်း
ပညာရေးကျွမ်းကျင်သူတစ်ဦးကပြောသည်။
စင်ကာပူနိုင်ငံတွင် ဒီဇိုင်းဘာသာရပ် သွားရောက်သင်ယူမည့် အသက် ၂ဝ နှစ်အရွယ်
မြန်မာကျောင်းသားတစ်ဦးက “ ကိုယ့်ဘာသာတော့ မလေ့လာထားပါဘူး။ အေဂျင့်ကတော့
အပြောင်းအလဲတွေ အကုန်လုံးကိုပြောပြတယ်။ ကျောင်းချိန် ၁ဝဝ ရာခိုင်နှုန်း
အပြည့်တက်ဖို့၊ စာမေးပွဲမအောင်မြင်ရင် ကျောင်းလခ ပြန်သွင်းရမယ်
ဆိုတာတွေပါ ပြောပြထားပါတယ် ” ဟုဆိုသည်။
(22-6-2010)
Source : Internet Journal
|
|