Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

Creative Web Studio မှ ပေးသော CIW (1) ယောက် , PHP (1) ယောက်, Web Essential (1) ယောက် သင်တန်းတက်ရောက်ခွင့်....

MORE »
ANSWER NOW »

SUBSCRIBE

Your Email:


Article »

“ နိုင်ငံတကာ အသိအမှတ်ပြု American Degree ကို Asian Bursary ဖြင့်ရယူနိုင် ”

 

ယနေ့ခေတ်နိုင်ငံတကာအဆင့်မြင့်ပညာရေးကို တန်ဖိုးထားစိတ်ပါဝင်စားလာကြသော မြန်မာကျောင်းသား/သူများအတွက် Webster University Thailand
Campus (WUTC) မှ အာရှတိုက်သားများ၏ ပညာသင်ဆု (Asian Bursary) ကိုပေးအပ်ချီးမြှင့်လျက်ရှိကြောင်း 2010 Undergraduate Level အတွက်
အမေရိကန်ဒေါ်လာ “US $ - 3184” ထောက်ပံ့ပေးမှာဖြစ်ပြီး ၊၎င်း (WUTC) တွင်ပညာသင်ကြားနေစဉ်ကာလတစ်လျှောက်လုံး အကျုံးဝင် ထောက်ပံ့ပေးသွားမည်
ဖြစ်ကြောင်း Myanmar Search International (MSI) မှ (MD) ဒေါ်စုစုလှိုင်ထံမှ သိရှိရပါသည်။
Webster University Thailand Campus (WUTC) တက္ကသိုလ်သည် အမေရိကန်နိုင်ငံနှင့် ထိုင်းနိုင်ငံနှစ်ခုလုံး၏ အသိအမှတ်ပြုခြင်းခံရသော တစ်ခုတည်းသော
တက္ကသိုလ်ဖြစ်ပြီး၊ “ US New နှင့် World Report ” မှာ အမေရိကရဲ့ အကောင်းဆုံးတက္ကသိုလ်များထဲမှ တစ်ခုအဖြစ်သတ်မှတ်ခြင်းခံရသော တက္ကသိုလ်
တစ်ခုလည်းဖြစ်သည်။ ၎င်းတက္ကသိုလ်၏ ဘွဲ့လက်မှတ်သည် ထိုင်းနိုင်ငံနှင့်အမေရိကန်နိုင်ငံတွင် သာမကနိုင်ငံတကာရှိ စီးပွားရေးနယ်ပယ်တွင်ကောင်းစွာ
အသိအမှတ်ပြုခံရပြီး (WUTC) ၏ ကျောင်းသား/သူများသည် မိမိနိုင်ငံတွင်သာမက နိုင်ငံတကာရှိလုပ်ငန်းခွင်အသီးသီးမှာလည်း ယနေ့ထက်တိုင်ကောင်းစွာ နေရာ
ရရှိနေကြောင်း၊ “ Multi National Corporation ” မှာ အလုပ်လုပ်နေကြသော Webster ကျောင်းသားများ၏ အောင်မြင်မှုမှတ်တမ်း အထောက်အထားများ
အရသိရှိရပါသည်။
ကျောင်းလခနှင့်ပတ်သက်၍ နှိုင်းယှဉ်ရာတွင်လည်း (WUTC) မှကျောင်းလခသည် အခြားအမေရိကန်နှင့် ဥရောပနိုင်ငံများမှ ကျောင်းများ၏ 40% ခန့်သာရှိကြောင်း၊
၎င်းတက္ကသိုလ်ရဲ့ သင်ရိုးညွှန်းတမ်းများနှင့် ဘာသာရပ်များသည် နိုင်ငံတကာ အဆင့်မီသင်ရိုးညွှန်းတမ်းကိုသာ ကျောရိုးပြုထားခြင်းဖြစ်ကြောင်း၊ ထို့အပြင်
အမေရိကန်တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းများသာဖြစ်ကြောင်း၊ သင်ကြားရေးဆိုင်ရာနည်းစနစ်တွင်လည်း ကျောင်းသားနှင့် ဆရာ/ဆရာမများ အနီးကပ်ရင်းနှီး မှုရှိစေရန်နှင့် ကျောင်းသားတစ်ဦးချင်းစီအပေါ်မှာလည်း အာရုံစိုက်နိုင်ဖို့အတွက် (၁၅) ယောက်မှ အယောက် (၂ဝ)ခန့်သာရှိသော စာသင်ခန်းများကို အသုံးပြု
ထားကြောင်း၊ ဆရာ/ဆရာမများမှလည်း နိုင်ငံတကာမှ ဘွဲ့ရပညာတတ်များဖြစ်ကြပြီး အရည်အချင်းအလုပ်အကိုင်အတွေ့အကြုံများဖြင့် ပြည့်စုံသော
ဆရာ/ဆရာမများနှင့် ပါမောက္ခများကိုသာလက်ခံ သင်ကြားခွင့်ပေးကြောင်းသိရှိရပါသသည်။
ထို့အပြင် Credit System ဖြင့်သင်ကြားသောစနစ်ဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိ Webster ကျောင်းခွဲပေါင်း (၁ဝဝ) ကျော်သို့ အခက်အခဲမရှိ၊ Credit အလိုက်
ပြောင်းရွှေ့သင်ကြားနိုင်သော နည်းစနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ ဘွဲ့နှင့် ဘွဲ့လွန်ဘာသာရပ်များကို Credit စုစည်းမှုစနစ်နဲ့ ချီးမြှင့်သွားမှာ
ဖြစ်ကြောင်း MSI မှ သိရှိရပါသည်။
WUTC တွင်သင်ယူနိုင်သော ဘာသာရပ်များမှာ-
Business and Technology
- Business Administration (BS)
- Management (BA)
- Management with emphasis in Marketing (BA)
- Management with emphasis in International Business (BA)
Art & Scineces
- International Relations (BA)
- Psychology (BA)
Communications
- Advertising & Marketing Communication (BA)
- Media Communications (BA)
The Post Graduate Programs
- Master of Business Administration
- Master of Art in International Relations
ဆက်လက်၍ ၎င်းတက္ကသိုလ်မှ ဘွဲ့နှင့်ဘွဲ့လွန်ဘာသာရပ်များကို ထူးချွန်စွာဖြင့်အောင်မြင်ပြီးယခုလက်ရှိ Webster တွင် Recruitment and Admissions ဌာနရဲ့
Assistant Manager ရာထူးဖြင့် ယခုလက်ရှိတာဝန်ထမ်းဆောင်လျှက်ရှိသော ဒေါ်ဝေဝေလင်းသွေးမှ ပြောကြားရာတွင် - “ WUTC တွင် အရည်အချင်းရှိပြီး
လိုလိုလားလား ပညာသင်ယူချင်သော်လည်း ငွေကြေးအခက်အခဲကြောင့် ကျောင်းမတက်နိုင်သောသူများအတွက် “ Asian Bursary ” လို့ခေါ်တဲ့ ပညာရေး
ထောက်ပံ့ပေးသော အစီအစဉ်များရှိကြောင်း၊ လွန်ခဲတဲ့ (၁ဝ) နှစ်အတွင်းမှာ ကျွန်မတို့မြန်မာနိုင်ငံမှ ကျောင်းသား/သူများစွာ Webster မှာတက်ရောက်ခဲ့ပြီး၊
ကျွန်မအပါအဝင်ကျောင်းသားအများစုဟာ ထိုင်းနိုင်ငံနှင့်အခြား နိုင်ငံပေါင်းများစွာမှာ အောင်မြင်စွာအလုပ်လုပ်နေကြပြီး အချို့မှာလည်း အနောက်နိုင်ငံများမှာ
ဆက်လက်ပညာသင်ယူလျက်ရှိကြောင်း၊ နောင်အနာဂတ်မြန်မာကျောင်းသားများလည်း ကျွန်မနှင့် နည်းတူ အခွင့်အရေးများကို ရရှိခံစားနိုင်စေရန်
မျှော်လင့်ပါကြောင်း၊ ထို့အပြင် ကျွန်မတို့တက္ကသိုလ်မှ မြန်မာကျောင်းသား/သူများအတွက် ကျောင်းလျှောက်လွှာတင်ရန်၊ ကျောင်းအကြောင်းများကို
စုံစမ်းမေးမြန်းနိုင်ရန်နှင့် အခြားလိုအပ်သောကိစ္စများကို ကူညီဆောင်ရွက်ပေးဖို့အတွက် ယုံကြည်စိတ်ချရသော Representative အဖြစ်
Myanmar Search International (MSI) ကိုတရားဝင်ခန့်အပ်ပါကြောင်း၊ ကျွန်မတို့ကျောင်းနှင့် ပတ်သက်သော အခြားအကြောင်းအရာများကို MSI
မှစီစဉ်ဆောင်ရွက်ပေးမှဖြစ်ကြောင်း၊ ယခုနှစ်အတွက် “ Fall (August) Intake များအတွက်ကျောင်းလျှောက်လွှာများကို MSI နှင့်ပူးပေါင်းကျင်းပမဲ့ Webster Info
Day ပွဲတွင်လက်ခံသွားမည်ြဖစ်ကြောင်းနှင့် ပြုလုပ်မည့်အစီအစဉ်နေ့ရက်များမှာ - July လ၊ ၄ ရက်(တနင်္ဂနွေနေ့) Trader Hotel တောင်ငူခန်းမတွင်နေ့လယ် 2း00 မှ
4း00 အထိပြုလုပ်မည်ဖြစ်ပြီး၊ ကျောင်းလျှောက်လွှာများကိုတပြိုင်တည်း လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းဟောပြောပွဲတွင် “Organization Behavivour”
နှင့်ပတ်သက်သောအကြောင်းအရာကို ဆွေးနွေးဟောပြောမည်ဖြစ်ပြီး ယင်းသို့ ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ - ယနေ့ခေတ်လူငယ်များ၏ အဓိက
လိုအပ်ချက်ဖြစ်သော “ Leadership Skill” သည်မည်သည့် နယ်ပယ်တွင်မဆိုမရှိမဖြစ်အရေးပါသည့်အတွက် ဒီခေါင်းစဉ်ကို
ရွေးချယ်ဟောပြောခြင်းဖြစ်ကြောင်း” ၊ ၎င်းကပြောကြားခဲ့ပါသည်။ Webster University Thailand Campus နှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းလိုပါက MSI ရုံးခန်း၊
အမှတ် (၂၃၄) ၊ ဒုတိယထပ်(ညာ)၊ ရွှေဘုံသာအလယ်လမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး ဖုန်းနံပါတ်များအနေဖြင့် 01-389915, 01-
250929, 09-5103915 သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းနှင့် www.overseaeducation-msi.com  သို့လည်းဝင်ရောက်လေ့လာနိုင်ပါကြောင်းအသိပေးလိုက်ရပါသည်။











 

(22-6-2010)
Source :
Ko Lin (Myanmar Training)
 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats