|
Article
»
‘O’ Level နှင့်ဆယ်တန်းအောင်မြင်ပြီးသော ကျောင်းသားများအတွက် PSB Academy
မှ Engineering နှင့် ပတ်သက်သော Study Grant ပေးအပ်ခြင်း
Singapore နိုင်ငံရှိ “Edu-Trust”(4 years) ရရှိထားသော PSB Academy တွင်
Bachelor မှ Master ထိ Australia Program များကို အဓိကထားသင်ကြားလျက်ရှိရာ
2010 ခုနှစ်တွင် Diploma Program
များကိုပါထပ်မံတိုးချဲ့သင်ကြားလျက်ရှိကြောင်း၊ ၎င်း Diploma in Engineering
သင်တန်းနှစ်ခုအတွက် ကျောင်းဖွင့်ချိန်ကာလမှာ ယခင်စက်တင်ဘာလမှ ယခုအောက်တိုဘာ
(၄)ရက်နေ့သို့ တိုးချဲ့ဖွင့်လှစ်လိုက်ကြောင်း Study Grant အစီအစဉ်မှာ
ကျောင်းသား/သူ ဦးရေ (၁၃)ယောက်ကို
ပညာအရည်အချင်းအလိုက်ပေးအပ်သွားမည်ဖြစ်ကြောင်း MSI ၏ Managing Director
ဖြစ်သော Daw Su Su Hlaing ထံမှသိရှိရပါသည်။
Study Grant အရည်အချင်းသတ်မှတ်ချက်များ

ကျောင်းသား အရေအတွက် Study Grant ပေးမည့်ရာခိုင်နှုန်း Academic
ပိုင်းဆိုင်ရာ ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက် English ဘာသာရပ်
ပိုင်းဆိုင်ရာ ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက် 3 25% GCE “O” Level
တွင်ပျမ်းမျှ ရမှတ် Grade B/C ရှိရမည်။ English ဘာသာရပ်အတွက် ပျမ်းမျှရမှတ်
Grade ‘C’ အနည်းဆုံးရှိရမည်။ 10 15% တက္ကသိုလ်ဝင်တန်းတွင် တစ်ဘာသာလျှင်
ပျမ်းမျှရမှတ် ၆ဝ နှင့်အထက်ရရှိရမည်။ IELTS တွင် over all ရမှတ် 5.5 နှင့်
Writing ပိုင်းတွင် 5.0 ရမှတ်အနည်းဆုံးရရှိရမည်။ (or) TOFEL
တွင်စုစုပေါင်းရမှတ် 500 နှင့် Test of Writing Englsih (TWE) တွင်ရမှတ်
4.0 အနည်းဆုံးရှိရမည်။ ထို့ပြင် Study Grant ပေးအပ်မည့်
ကျောင်းလျှောက်လွှာများကို August 30 အထိသာ နောက်ဆုံးလက်ခံမည်ဖြစ်ကြောင်း၊
Australia Bachelor ကိုဆက်လက် တက်ရောက်လိုသော ကျောင်းသား/သူများအတွက်
ယင်း
Diploma in Engineering မှာ Electrical နှင့် Mechanical တို့ဖြစ်ပြီး
၎င်းဘာသာရပ်နှစ်ခုထဲမှ တစ်ခုကို မိမိစိတ်ကြိုက်ရွေးချယ်သင်ယူနိုင်ပြီး ထို
Diploma မှ Bachelor သို့ ဆက်လက်သင်ကြားချင်သော ကျောင်းသားများအတွက်
ဝင်ခွင့်အရည်အချင်းမှာ တစ်ဘာသာလျှင်ပျမ်းမျှရမှတ် ၆၅% နှင့်အထက် (သို့)
Grade B/C ရရှိရမည်ဖြစ်သည်။ Diploma in Electrical ဘာသာရပ်ကိုပြီးသောသူ
အတွက် (၁၇) ဘာသာနှင့် final year project
ကိုဆက်လက်သင်ယူရမှာဖြစ်ပြီးပျှမ်းမျှကုန်ငွေမှာ 2010 ခုနှစ်အရ SGD 40,125
ခန့်သွင်းရမည်ဖြစ်ကြောင်း၊ အလားတူပင် Diploma in Mechanical
ဘာသာရပ်ပြီးသောသူအတွက် (16)ဘာသာနှင့် final year project
သို့ဆက်လက်သင်ယူရမှာဖြစ်ပြီး ပျှမ်းမျှကုန်ကျငွေမှာ 2010 ခုနှစ်အရ SGD 38,
118.75 ခန့်ပေးသွင်းရမည်ဖြစ်ပြီး၊ ၎င်း Diploma ဘာသာရပ်နှစ်ခုစလုံးအတွက်
သင်တန်းကာလကြာမြင့်ချိန်မှာ (၂၂) လခန့်ဖြစ်ကြောင်း MSI မှသိရှိရပါသည်။
Bachelor of Engineering ဘာသာရပ်မှာ University of Newcastle (Australia)
မှ ပေးအပ်သောဘွဲ့ဖြစ်ပြီးကျောင်းသား/သူများမှာ Singapore နိုင်ငံ၏ PSB
Academy တွင်ကျောင်းတက်နေသော်လည်း ကျောင်းသားများမှာ UON (Australia)
မှတိုက်ရိုက်အသိအမှတ်ပြုခံရမှာဖြစ်ပြီး၊ ကျောင်းသားကဒ်မှာလည်း PSB Academy
မှ ကျောင်းသားကဒ်နှင့် (UON) မှ ကျောင်းသားကဒ်နှစ်ခုကို
ပူးတွဲကိုင်ဆောင်ရမှာဖြစ်ကြောင်း၊ Main Campus ဖြစ်သော UON (Australia)
သို့လည်းကူးပြောင်းပညာသင်ကြားနိုင်ကြောင်း၊ ယင်းသို့ကူးပြောင်းရာတွင်
ကျောင်းသားများအခက်အခဲမရှိစေရန်၊ PSB Academy ကျောင်းဆောင် (၄)ထပ်တွင်
Australia (UON) မှကြီးကြပ်၍ကူညီဆောင်ရွက် အကြံဥာဏ်များပေးသော
ဌာနများလည်းရှိကြောင်း၊ သို့ရာတွင် ကျောင်းသားများဘက်မှလည်း
အခက်အခဲမရှိကူးပြောင်းနိုင်ရန်အတွက် မိမိရဲ့ပြီးခဲ့သော
စာသင်ကြားချိန်ကာလမှာကျောင်းခေါ်ချိန်ပြည့်ပြီး ကျောင်းသားတစ်ယောက်မှာ
ရှိသင့်ရှိထိုက်သော ကျောင်းစည်းကမ်းနှင့်
လိုက်လျောညီထွေမှုရှိရန်လိုအပ်ကြောင်း၊ ထို့ပြင်ဘဏ္ဍာရေးဆိုင်ရာများနှင့်
လိုအပ်သော စာရွက်စာတမ်းများကိုလည်း အကြံဥာဏ်ပေးပြီး သက်ဆိုင်ရာဌာနများသို့
လမ်းညွှန်စီစဉ်ဆောင်ရွက်ပေးကြောင်း MSI မှ ပြောကြားခဲ့ပါသည်။
MSI မှဆက်လက်ပြောကြားရာတွင် “University of Wollongong (UOW)
ဘာသာရပ်ကိုသင်ကြားချင်သော ကျောင်းသား/သူများအတွက်လည်း (UON)ကဲ့သို့၊
အခွင့်အရေးများရှိကြောင်း၊ ၎င်းမှာ UOW ၏ ပထမနှစ်ကင်းလွတ်ခွင့်ရရှိသော
ကျောင်းသားများအား ဂုဏ်ပြုသည့် အနေဖြင့်တန်ဖိုး SGD 700
နှင့်အထက်တန်ဖိုးရှိသော LG Notebook ကို PSB Academy နှင့် UOW တို့မှ
ပူးပေါင်းချီးမြှင့်မျာဖြစ်ကြောင်း၊ ကျောင်းဖွင့်ချိန်ကာလမှာ September
လဖြစ်ကြောင်း၊ English စာအရည်အချင်းသတ်မှတ်ချက်မှာ IELT တွင် Overall Band
Score 6.0 ရှိရမှာဖြစ်ပြီး Reading နှင့် Writing တွင် 6.0
ရရှိရမှာဖြစ်ကြောင်း၊ Listening နှင့် Speaking တွင်လည်း 5.0 နှင့်
အထက်ရရှိထားရမှာဖြစ်ကြောင်း၊ ၎င်း IELTS အမှတ်နှင့် ကိုက်ညီသော TOEFL
အမှတ်ကိုလည်းလက်ခံသွားမည်ဖြစ်သည်။ အသေးစိတ်စုံစမ်းလိုပါက MSI ရုံးခန်း၊
အမှတ်(၂၃၄)၊ ဒုတိယထပ်(ညာ)၊ ရွှေဘုံသာအလယ်လမ်း၊ ပန်းပဲတန်းမြို့နယ်၊
ရန်ကုန်မြို့သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး ဖုန်းနံပါတ်များ အနေဖြင့်
01-389915, 01-250929, 09-5103915 သို့ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းနှင့်
www.overseaeducation-msi.com သို့လည်းဝင်ရောက် လေ့လာနိုင်ပါသည်။
(10-8-2010)
Source :
Ko Lin (Myanmar Training)
|