Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

Quiz Program ကဏ္ဍအား ခေတ္တခဏနားထားပါသည်။....

MORE »
ANSWER NOW »

SUBSCRIBE

Your Email:


Article »

မြန်မာကျောင်းသားများ သြစတြေးလျသို့ ပညာသင်သွားရန် ယခင်နှစ်များထက်ပိုမိုခက်ခဲ

 

မြန်မာကျောင်းသားများအတွက် စင်ကာပူနိုင်ငံပြီးလျှင် ဒုတိယသွားရောက်ရန် အဆင်အပြေဆုံးဖြစ်သည့် သြစတြေးလျနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒသစ်အပြောင်းအလဲတွင် မိသားစုနှင့် ကျောင်းသားဗီဇာများပါဝင်လာသဖြင့် ပညာသင်သွားရောက်လိုသော မြန်မာကျောင်းသားများအတွက် ယခင်နှစ်ထက် ပိုမိုခက်ခဲလာခဲ့ကြောင်း ရန်ကုန်မြို့ အခြေစိုက်ပညာရေးဝန်ဆောင်မှုလုပ်ငန်းအချို့မှ တာဝန်ရှိသူများကပြောကြားသည်။ နိုင်ငံခြားသားများဝင်ရောက် ပြောင်းရွှေ့နေထိုင်မှုများကို လျှော့ချရန် စီစဉ်လျက်ရှိရာ လူဦးရေတိုးတက်မှုနှုန်းကို ၁ ဒသမ ၄ ရာခိုင်နှုန်းမှ ၂ ဒသမ ၁ ရာခိုင်နှုန်းအထိ လျှော့ချသွားရန် စီစဉ်လျက်ရှိကြောင်း၊ ယင်းအစီအစဉ်တွင် မိသားစုနှင့် ကျောင်းသားဗီဇာများပါဝင်လျက်ရှိနေပြီး ကျွမ်းကျင်လုပ်သားပြောင်းရွှေ့မှုအပေါ်တွင်မူ သက်ရောက်မှု မရှိသေးကြောင်း သြစတြေးလျ အခြေစိုက်သတင်းမီဒီယာများက သြဂုတ်လဆန်းတွင် ဖော်ပြထားသည်။

ယင်းမူဝါဒသစ်ကို သြစတြေးလျတက္ကသိုလ်များ၊ ကျောင်းများကို ကိုယ်တိုင်ကပင် ကန့်ကွက်ခဲ့ပြီး သြစတြေးလျ၏ ပို့ကုန်ဝင်ငွေကို စတုတ္ထအများဆုံး ရှာဖွေပေးနေသော ဈေးကွက်ကို မဖျက်ဆီးရန်တောင်းဆိုထားကြကြောင်း သြစတြေးလျအခြေစိုက်သတင်း Website များတွင် ဖော်ပြပါရှိသည်။ “နိုင်ငံတကာ ကျောင်းသားအရေအတွက် သိသိသာသာကျသွားပါတယ်။ သြစတြေးလျတက္ကသိုလ်ပညာရေးကို တကယ်သင်ချင်တဲ့ အရည်အချင်းရှိ ကျောင်းသားတွေကိုပါ လက်လွှတ်ဆုံးရှုံးရတာပါ” ဟု University Australia မှ အကြီးအကဲတစ်ဦးဖြစ်သူ Dr.Glean Withers ၏ ပြောကြားချက်ကို ကိုးကား၍ www.theaustralian.com/national-affairs ကဖော်ပြထားသည်။ နိုင်ငံတကာကျောင်းသားအရေအတွက် ၅ဝ ရာခိုင်နှုန်းခန့်လျော့ကျသွားခြင်းက အလုပ်အကိုင်နေရာ ၆၂,ဝဝဝ ခန့်ကိုပါ ဆုံးရှုံးစေနိုင်ကြောင်း၊ နိုင်ငံရေးပါတီများကို အဓိကအထောက်အပံ့ပေးနေသော ပညာရေးလုပ်ငန်းကို မဖျက်ဆီးသင့်ကြောင်း ၎င်းကဆိုသည်။

“သြစတြေးလျတက္ကသိုလ်တွေကို ငွေကြေးအရတောင့်တင်းအောင် ထောက်ပံ့ပေးနေသော နိုင်ငံတကာကျောင်းသားတွေဆိုတာကို နားလည် သဘောပေါက်ဖို့ အရေးကြီးပါတယ်” ဟု University of NSW မှ Vice Chancellor Ms.Jennie Lang ကလည်းဆိုသည်။ ပြောင်းရွှေ့နေထိုင်မှုနှင့် ပတ်သက်၍ နဂိုမူလကပင် တင်းကျပ်သော မူဝါဒများထားရှိသည့် သြစတြေးလျ၏ အပြောင်းအလဲသည် မြန်မာကျောင်းသားများအပေါ် များစွာအခက်တွေ့လာစေနိုင်ကြောင်း လသာမြို့နယ်အခြေစိုက်ပညာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူအမျိုးသမီးတစ်ဦးကပြောကြားသည်။ “ဒီအတိုင်းသာဆို မြန်မာနိုင်ငံက ကျောင်းသားတွေ ဗီဇာလျှောက်တဲ့အပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်” ဟု Crown Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းကဆိုသည်။ သြစတြေးလျသို့ ပညာသင်သွားရောက်ရန် စီစဉ်နေသည့် မြန်မာကျောင်းသားများမှာ ယင်းစနစ်သစ်ကြောင့် အခက်တွေ့နေရကြောင်း ပညာရေးဝန်ဆောင်မှုအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“ကျောင်းသားတွေထက် အေဂျင်စီတွေက ပိုစိတ်ပျက်နေရတယ်” ဟု Tip Top Capacity Development Center မှ အကြီးအကဲ ဦးဇော်မင်းထွန်းက ပြောကြားသည်။ သြစတြေးလျသည် မူလကပင် ကျောင်းသားခေါ်ယူမှုပုံစံကို တင်းတင်းကျပ်ကျပ်ထားရှိရာ နှစ်စဉ်ပုံမှန် အရေအတွက်တစ်ခုဝန်းကျင်သာ သွားရောက်ခွင့်ရှိသည့် အခြေအနေတွင် ယခုကဲ့သို့ ကျောင်းသားဗီဇာတင်းကျပ်ဖြတ်တောက်မှုပြုလုပ်သည်ဆိုလျှင် သြစတြေးလျသို့သွားလိုသူ ၁ဝဝ ဦးတွင် ငါးဦးပင် သွားနိုင်မည့် အခြေအနေမရှိ တော့ကြောင်း သြစတြေးလျပညာရေးကို အဓိကထားဝန်ဆောင်မှုပေးနေသည့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခု၏ အကြီးအကဲ တစ်ဦးက ညည်းတွားသည်။

နိုင်ငံရပ်ခြားကျောင်းသား ၇ဝ ရာခိုင်နှုန်းခန့်မှာ သြစတြေးလျနိုင်ငံတွင် အမြဲတမ်းအခြေချနေထိုင်ရန် စီစဉ်ထားသူများဖြစ်ကြောင်း၊ ပြောင်းရွှေ့ နေထိုင်ခွင့်ပေးသော မူဝါဒအပြောင်းအလဲဖြစ်ပေါ်သဖြင့် ကျောင်းသားသစ်စာရင်းသွင်းမှုလျော့ကျနိုင်ကြောင်း သြစတြေးလျနိုင်ငံအခြေစိုက် Monash University မှ လူမှုရေးသိပ္ပံပညာရှင် Andrew Markus ၏ ကြိုတင်ခန့်မှန်းသုံးသပ်ချက်ကို ဇန်နဝါရီလလယ်ပိုင်းတွင် သြစတြေးလျအခြေစိုက်သတင်းမီဒီယာများက ဖော်ပြခဲ့သည်။ သြစတြေးလျနိုင်ငံက လူဝင်မှုကြီးကြပ်ရေး မူဝါဒသတ်မှတ်ချက်အချို့ကို ၂ဝ၁ဝ ပြည့်နှစ်လယ်တွင် အပြောင်းအလဲလုပ်မည်ဟု ထုတ်ပြန်ကြေညာချက်ကြောင့် မြန်မာနိုင်ငံမှ သြစတြေးလျသို့ ပညာသင်သွားလိုသူ လျော့ကျဖွယ်ရှိနေကြောင်း မြန်မာနိုင်ငံအခြေစိုက်ပညာရေး ဝန်ဆောင်မှုလုပ်ငန်း နယ်ပယ်မှ ကျွမ်းကျင်သူများက သုံးသပ်ပြောကြား (သတင်းဖော်ပြပြီး ဖေဖေါ်ဝါရီ ၂ ရက်နေ့ထုတ် The Voice Weekly အတွဲ ၆၊ အမှတ် ၈)သည်။













 

(24-8-2010)
Source : The Voice Journal

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats