Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

Quiz Program ကဏ္ဍအား ခေတ္တခဏနားထားပါသည်။....

SUBSCRIBE

Your Email:


Article »

ထိုင်းနိုင်ငံတွင်ပညာသင်ကြားမည်ဆိုလျှင်

 

နိုင်ငံတကာပညာရေးနှင့်ပတ်သက်၍ ကျောင်းသားနှင့်မိဘအများစုမှာ ထိုင်းနိုင်ငံတွင်ပညာသင်ကြားရန် စိတ်ဝင်စားမှုများရှိကြောင်း၊ ထိုင်းနိုင်ငံ၏ ပညာသင်စရိတ်နှင့် နေထိုင်စားသောက်စရိတ်များမှာ အခြားနိုင်ငံများထက် များစွာသက်သာခြင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သဖြင့် မိဘများအနေဖြင့် မကြာခဏ သွားရောက်ကြည့်ရှုနိုင်ခြင်း၊ အခြားနိုင်ငံကြီးများရှိ တက္ကသိုလ်အချို့ကလည်း ထိုင်းနိုင်ငံတွင် ဖွင့်လှစ်ထားခြင်းစသည့် အချက်များကြောင့် ဖြစ်ကြောင်း Synergy Education မှ သိရသည်။ နိုင်ငံတကာကျောင်းသားများအနေဖြင့် ပညာသင်နှစ် (၁၂) နှစ် အောင်မြင်ပြီးမှ ထိုင်းတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရပါသည်။ မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) IGCSE အောင်မြင်ပြီးသူများမှ ထိုင်းတက္ကသိုလ်များသို့တက်ရောက်ရန် SAT, GCE ‘A’ Level, International Baccalaureate (IB) အစရှိသည့် တက္ကသိုလ်အကြို Programme များကိုတက်ရောက်အောင်မြင်ထားရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံမှ တက္ကသိုလ်ဒုတိယနှစ် အောင်မြင်ပြီးသူများမှာ တက္ကသိုလ်တိုက်ရိုက်တက်ရောက်ရန် လျှောက်ထားနိုင်ပါသည်။ အင်္ဂလိပ်စာလိုအပ်ချက်အတွက် IELTS (သို့မဟုတ်) TOEFL အမှတ်များ ရှိထားရမည်။ လျှောက်မည့်တက္ကသိုလ်ပေါ်မူတည်၍ ဝင်ခွင့်စာမေးပွဲနှင့် အင်တာဗျူးဖြေဆိုရသည်။

“တက္ကသိုလ်အများစုက ဘန်ကောက်မှာရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေကတော့ Chullaongkorn University, Thammassat University, Mahidol University, Assumption University,AIT, Kasetsart University အစရှိတဲ့တက္ကသိုလ်တွေဖြစ်ပါတယ်။ အဲဒီတက္ကသိုလ်တွေမှာ နိုင်ငံတကာ ကျောင်းသားတွေအတွက် အင်္ဂလိပ်ဘာသာနဲ့ သင်ကြားပေးတဲ့ နိုင်ငံတကာ Programme ကျောင်းတွေရှိပါတယ်။ အဲဒီအပြင် ပေါင်းသင်းဆက်ဆံရေးမှာ ပိုအဆင်ပြေစေဖို့နဲ့ ထိုင်းဘာသာစကားကို လေ့လာနိုင်ဖို့ အတွက် ထိုင်းဘာသာစကား သင်တန်း ကိုးလ ဖွင့်လှစ်ထားပါတယ်။ စရိတ်နည်းပြီး အဆင့်မြင့် နိုင်ငံတကာ ပညာရေးကို စိတ်ဝင်စားတဲ့ ကျောင်းသား၊ မိဘတွေအတွက် ထိုင်းတက္ကသိုလ်တွက ရွေးချယ်စရာ လမ်းကြောင်းတစ်ခုပါပဲ ” ဟု Synergy Education မှ ပညာရေး အတိုင်ပင်ခံ တစ်ဦး ကပြောသည်။

ပညာထူးချွန်သောကျောင်းသား ကျောင်းသူများအား စကောလားရှစ် ချီးမြှင့်သည့်အစီအစဉ်များလည်းရှိသည်။ အလွန်ထူးချွန်သောကျောင်းသားအချို့မှာ စကောလားရှစ် အပြည့်ရရှိကြသည်။ စကောလားရှစ်အပြည့်ရသူများမှာ ကျောင်းလခကင်းလွတ်ခွင့်၊ အခမဲ့အဆောင်နေခွင့်များ အပြင် လစဉ်အသုံးစရိတ် ကိုလည်း ကျောင်းမှ ထောက်ပံ့ကြောင်း သိရသည်။ အချို့မှာ တစ်စိတ်တစ်ပိုင်းကင်းလွတ်ခွင့်ရရှိကြသည်။

ဗီဇာအတွက် ကျောင်းလက်ခံစာအပါအဝင် အခြားလိုအပ်သော စာရွက်စာတမ်းများနှင့် ထိုင်းသံရုံးမှ ပေးသော ယာယီကျောင်းသားဗီဇာ ဖြင့် သွားရောက်ပြီး တက်ရောက်ရမည့် တက္ကသိုလတွင် စာရင်းသွင်းခြင်း၊ ကျောင်းလခ ပေးသွင်းခြင်းများ ပြုလုပ်ရသည်။ ထို့နောက်သက်ဆိုင်ရာ တက္ကသိုလ်မှ အတည်ပြုချက်ဖြင့် ကျောင်းသားဗီဇာကို သက်တမ်းတိုးရန် လျှောက်ထားနိုင်ကြောင်းသိရသည်။



















 

(17-12-2010)
Source : Ko Lin (Myanmar Training)

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats