|
Article
»
Curtin Sarawak နှင့် Curtin Perth တွင် Petroleum Engineering Program
Major (BEng) သင်ကြားနိုင်မည်
သြစတြေးလျနိုင်ငံအနောက်ပိုင်းရှိ တက္ကသိုလ်များမှ Curtin University သည်
အကြီးအားဆုံး University တစ်ခုဖြစ်ပြီး ၁၉၈၆ ခုနှစ်မှစ၍ နိုင်ငံတကာ
ကျောင်းသားများကို စတင်လက်ခံခွင့်ရရှိခဲ့သော ပထမဦးဆုံး တက္ကသိုလ်ဖြစ်သည်။
၎င်းတက္ကသိုလ်တွင် ဗီယက်နမ်၊ တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယား၊
အရှေ့အလယ်ပိုင်းနိုင်ငံများ စသောနိုင်ငံတကာမှ ကျောင်းသားများ
ပညာသင်ကြားနေပြီး နိုင်ငံပေါင်း ၃၅ နိုင်ငံနှင့် Twinning Program
များချိတ်ဆက်ထားသော ကျောင်းတစ်ကျောင်းဖြစ်သည်။ ထိုကျောင်းတွင်
ဘာသာရပ်ပေါင်း ၈၆၀ ကျော်ရှိရာ Petroleum Engineering Program Major (BEng)
ကို ယခုအခါ နိုင်ငံတကာမှ ကျောင်းသားများစိတ်ဝင်စားလာကြောင်း Myanmar Search
International (MSI) Educational Consultancy ၏ Managing Director
ဒေါ်စုစုလှိုင်ထံမှ သိရှိရသည်။
ရေနံအင်ဂျင်နီယာတစ်ယောက်အနေနဲ့ လစာခံစားခွင့်များတယ်။ ဘွဲ့ရပြီးပြီးချင်း
လုပ်ငန်းခွင်ဝင်သူ တစ်ယောက်အနေနဲ့ အစမ်းခန့်ကာလ သုံးလပြီးတဲ့ နောက်မှာ
တစ်နှစ်ဝင်ငွေ (အမေရိကန်ဒေါ်လာကိုးသောင်းမှ တစ်သိန်း) ဝန်းကျင်ထိရနိုင်တယ်။
လောင်စာဆီဈေးနှုန်း မြင့်မားလာတာနဲ့အမျှ အချိုးညီတဲ့ လစာခံစားခွင့်ကိုလည်း
ရကြတယ်။ ရေနံအင်ဂျင်နီယာတစ်ယောက်ဟာ ပညာသင်နှစ်ကုန်ဆုံးပြီးပြီးချင်း
အလုပ်အကိုင်အခွင့်အလမ်း ရပိုင်ခွင့် ရာခိုင်နှုန်းများတယ်။ ပြောရရင်တော့
“Immediately Employable” ဖြစ်နိုင်တယ်။ ရေနံပညာရှင် အင်ဂျင်နီယာများဟာ
ခံစားခွင့်နဲ့ ခရီးထွက်ခွင့် အခွင့်အလမ်းများလည်းရှိတယ်။ နိုင်ငံတကာ
စစ်တမ်းကောက်ယူချက်တစ်ခုရဲ့ဖော်ပြချက်အရ ဘူမိသိပ္ပံပညာရှင်နဲ့
ရေနံအင်ဂျင်နီယာပညာရှင်တွေဟာ ၂၀၁၂ မှာ လုပ်ကိုင်သူဦးရေ ၁၂,၀၀၀
နှင့်အထက်လို အပ်နေတာကိုသိရတယ်။ အခုရေနံတွင်းတစ်တွင်းမှာ ရေနံဆီ (၃၀)%
သာထုတ်လုပ်နိုင်စွမ်းရှိတဲ့အတွက် ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေ
ပိုပြီးထုတ်လုပ်နိုင်ဖို့ နည်းပညာများ တိုးတက်ဖို့ လိုအပ်သလို
အဲဒီ့နည်းပညာတွေကို သင်ယူလိုတဲ့ ကျောင်းသားတွေလည်း ရှိဖို့လိုအပ်နေတယ်။
အင်ဂျင်နီယာ ကျောင်းသားတွေထဲမှာမှ ရေနံအင်ဂျင်နီယာဟာ ယခုခေတ် အနေအထားအရ
နေရာအနှံ့မှာ High Demand ဖြစ်နေတယ် ဟု ဒေါ်စုစုလှိုင် (MSI) မှ
ပြောကြားခဲ့သည်။
Petroleum Engineering တွင် First Year မှ Final Year အထိ
စုစုပေါင်းလေးနှစ်တာကာလ သင်ကြားရမည့် ဘာသာရပ်များမှာ - Advanced Reservoir
Engineering 412, ChE212 Process Analysis, ChE223 Thermodynamics, ChE227
Process Principles, ChE328 Process Instrumentation and Control,
Chemistry 102, Crude Oil Processing 320, Drilling Fluids Laboratory 403,
Engineering Mathematics 233, Engineering Sustainable Development 201,
Field Development Design Project 498, Fluid Mechanics 230, Formation
Evaluation 323, Geology 101, Hydrocarbon Phase Behavior 314, Peng 101
Introduction to Petroleum Engineering, Peng328 Basic Well Engineering,
Peng411 Petroleum Engineering Laboratory, Peng424 Petroleum Production
Technology, Peng426 Numerical Reservoir Simulation, Petroleum Economics,
Risk and Project Management 405, Petroleum Geology and Geophysics 311,
Petroleum Geomechanics 401 ဘာသာရပ်စုစုပေါင်း (၂၃) ဘာသာတို့ဖြစ်သည်။
Curtin University မှ Petroleum Engineering ကို
ပထမဦးဆုံးကျောင်းခွဲဖြစ်သည့် မလေးရှားနိုင်ငံ Sarawak ပြည်နယ်၏
ဒုတိယမြို့တော်ဖြစ်သော Miri တွင် Foundation Year နှင့် First Year ကို
သင်ကြားနိုင်မည်ဖြစ်ပြီး ကျန်ရှိနေသော ပညာသင်နှစ်များကို Main Campus
ဖြစ်သော သြစတြေးလျနိုင်ငံ Perth တွင် ဆက်လက်ကူးပြောင်းသင်ကြားရမည်ဖြစ်သည်။
First Year သို့ တိုက်ရိုက်တက်ရောက်မည့် ကျောင်းသားများအတွက်
ပညာအရည်အချင်းဝင်ခွင့်သတ်မှတ်ချက်မှာ - GCE “A” Level (Score 9 – best of 3
subjects), Foundation Program (Grade - C), Pre-University Program
(Ontario Gr 12 – best of 6 subjects) နှင့် International Baccalaureate
Diploma Program (Score 74) နှင့်အထက်ရှိရမည်။
Foundation Year သို့ စတင်တက်ရောက်မည့် ကျောင်းသားများအတွက် ပညာအရည်အချင်း
ဝင်ခွင့်သတ်မှတ်ချက်မှာ - မြန်မာပြည်မှ တက္ကသိုလ်ဝင်တန်းကို ရူပဗေဒ၊
ဓာတုဗေဒ၊ သင်္ချာဘာသာရပ်များမှာ တစ်ဘာသာကို (၆၀) နှင့်အထက် ရရှိသော
ကျောင်းသားများ၊ GCE “O” Level, IGCSE တို့တွင် (၅) ဘာသာနှင့် အင်္ဂလိပ်စာမှာ
Grade D ရှိရမည်။
အင်္ဂလိပ်စာဝင်ခွင့်သတ်မှတ်ချက်မှာ-
(1) IELTS – 6.0 Overall Bands Score
(မှတ်ချက်။ ။ Reading, Writing, Listening နှင့် Speaking
တစ်ခုချင်းစီတွင် Band Score – 6.0 ရှိရမည်။)
(2) TOEFL – Paper Based – 550 နှင့် Internet Based – 80
(မှတ်ချက်။ ။ Section တစ်ခုချင်းစီတွင် Band Score 20
ရှိရမည်။)
(3) စာမေးပွဲက ကြိုတင်စာရင်းပေးသွင်း၍ ဖြေဆိုနိုင်ပါကြောင်းနှင့်
ကျောင်းဖွင့်ကာလမှာ - Feb နှင့် July လတို့ဖြစ်ပြီး
ကျောင်းလျှောက်မည်ဆိုပါက (၂) လနှင့်
အထက် ကြာမြင့်မှာဖြစ်ကြောင်း၊ အသေးစိတ်သိရှိလိုပါက အမှတ်
(၂၃၄)၊ ဒုတိယထပ်ညာ၊ ရွှေဘုံသာအလယ်လမ်း၊ ဖုန်း - ၂၅၀၉၂၉ ၊ ၃၈၉၉၁၅၊ ၀၉-
၅၁၀၃၉၁၅၊ myanmarsearchinternational@gmail.com
သို့ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါသည်။
(8-4-2011)
Source : Ko Lin (Myanmar Training)
|