|
စင်ကာပူနိုင်ငံတွင်
ပညာသင်ယူလိုမည့် မြန်မာလူငယ်များအနေဖြင့်
မိမိအမှန်တကယ် စိတ်ဝင်စားသည့်
ဘာသာရပ်ကိုရွေးချယ်ရာတွင် အားနည်းချက်များ
ရှိနေသေးကြောင်း ပညာရေးဝန်ဆောင်မှု
လုပ်ငန်းရှင်များက သုံးသပ်သည်။
“ စင်ကာပူကျောင်း သွားတက်ချင်တယ်ဆိုပြီး
ရောက်လာတဲ့ကျောင်းသားတွေကို မေးလိုက်တိုင်း
သူတို့ ကိုယ်တိုင် ဘာကို စိတ်ဝင်စားမှန်း
မသိဘဲသွားချင်ကြတာတွေက များတယ်” ဟု ‘မြန်မာဆာ့ခ်ျ
နိုင်ငံတကာပညာရေး ၀န်ဆောင်မှုကုမ္ပဏီ’ အုပ်ချုပ်မှု
ဒါရိုက်တာ ဒေါ်စုစုလှိုင်က ပြောသည်။“ စင်ကာပူမှာ သွားပြီးကျောင်းတက်ချင်တဲ့
ကျောင်းသားတွေကလည်း တဖြည်းဖြည်းများလာပါတယ်” ဟု
၎င်းကပြောသည်။
“ ကျောင်းသားတွေအနေနဲ့က ကိုယ်စိတ်ဝင်စားတဲ့
ဘာသာရပ်က ဘာလဲ၊ ကိုယ့်ရည်ရွယ်ချက်ကဘာလဲ သေသေချာချာ
သိထားဖို့လိုတယ်။”
“ ကိုယ့်သူငယ်ချင်းက ဒါတက်လို့လိုက်တက်တာတို့၊
ကိုယ့်သူငယ်ချင်းတွေ သွားလို့ သွားတာဆိုတာ
မဖြစ်သင့် ပါဘူး” ဟု ၎င်းကဆက်ပြောသည်။”
စင်ကာပူတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊
သတင်းနှင့် နည်းပညာ၊ စာရင်းအင်းစသည့် ကဏ္ဍများ၌
လုပ်သား လိုအပ်ချက်များ ရှိနေပြီး
မြန်မာကျောင်းသား များအဖို့
ယင်းလိုအပ်ချက်များနှင့်
မိမိတို့ဝါသနာပါသည်များကို သေချာလေ့လာပြီး
တက်ရောက်သင့်ကြောင်း ဒေါ်စုစုလှိုင် က အကြံပြုသည်။
မြန်မာကျောင်းသား အများစုမှာမိဘများအပေါ်
မှီခိုကြီးပြင်းလာရသဖြင့် နိုင်ငံရပ်ခြား တွင်
ပညာသင်ကြားမည်ဆိုပါက အားလုံးကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်ရမည် ဆိုသည့်အချက်ကို ထည့်သွင်းစဉ်းစား ရန်
လိုအပ်ကြောင်း ၎င်းကသတိပေးသည်။
‘ အမ်-အေ-အေ သင်တန်းစင်တာ၏ အထွေထွေမန်နေဂျာ
ဒေါ်ရီရီခိုင်စံက “ ကျောင်းသားတွေအနေနဲ့
စင်ကာပူမှာ ကျောင်းတက်ချင်တာပဲသိတယ်။
ဘယ်ဘာသာရပ်တွေ တက်ရမယ်၊ ဘယ်လိုအခွင့်အလမ်းတွေ
ရှိတယ်ဆိုတာ မသိကြဘူး” ’ ဟုပြောသည်။
“စင်ကာပူနိုင်ငံ အနေနဲ့ ခုလက်ရှိလူဦးရေထက်
နှစ်သန်းလောက်ကို တိုးဖို့မှန်းထားတယ်။
အဲဒီအတွက်ကြောင့် အလုပ်အကိုင် အခွင့်အလမ်းက
ပိုကောင်းလာနိုင်တယ်။
စင်ကာပူနိုင်ငံရဲ့ ပညာရေးကလည်း အာရှမှာ
အကောင်းဆုံးလို့ ပြောလို့ရတဲ့အနေအထားမှာ ရှိတယ်။
နိုင်ငံကြီးတွေကို ဆက်ပြီးသွား ကြရင်လည်း
ပေါင်းကူးတံတားတစ်ခုလိုပဲ။ အဲဒီအတွက်ကြောင့်လည်း
စင်ကာပူသွားတာ အရမ်းများပါတယ်” ဟု ၎င်းကဆက်ပြောသည်။
Read More >> |