Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


News » International News

IGCSE Exam တွင် Horizon မှ ကျောင်းသူကျောင်းသားများ ရာနှုန်းပြည့်အောင်မြင်ခဲ့..
 

 Global UK စာမေးပွဲဘုတ် အဖွဲ့မှ ကြီးမှူး ကျင်းပသော နိုင်ငံတကာ စာမေးပွဲ တစ်ခုဖြစ်သော International General Certificate of Secondary Education (IGCSE) စာမေးပွဲတွင် Horizon International School တွင် တက်ရောက်လျက်ရှိသော ကျောင်းသား ကျောင်းသူများ ရာနှုန်းပြည့် အောင်မြင်ခဲ့ကြောင်း Horizon မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါ IGCSE စာမေးပွဲသို့ Horizon International School မှ ကျောင်းသား ကျောင်းသူ ၁၆ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင် ရာနှုန်းပြည့် အောင်မြင်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း အောင်ချက်၏ ၈၀ရာခိုင်နှုန်းကျော်မှာ B,A (သို့) A*(အမြင့်ဆုံးအမှတ်) ဖြင့်လည်းကောင်း၊ ၆၄ ရာခိုင်နှုန်းမှာ A (သို့) A* ဖြင့်လည်းကောင်း အသီးသီး အောင်မြင်ခဲ့ကြသည်။ အဆိုပါ အောင်မြင်ခဲ့သော ကျောင်းသူ ကျောင်းသားများထဲမှ ဘာသာရပ် ၆ခုတွင် A* များကို ရရှိခဲ့သော ကျောင်းသူမှာ International Baccalaureate Diploma Program တွင် တက်ရောက်လျက်ရှိသော Kira Lin ဖြစ်ပြီး၊ ဘာသာရပ် ၇ခုတွင် A* များကို ရရှိအောင်ဖြေ ဆိုခဲ့သော ကျောင်းသားမှာ Ismail ဖြစ်ကြောင်း သိရသည်။


 

(4-10-2011)
Source: Internet Journal

 


   University of London သို့ တက်ရောက်ခွင့် ရရှိနိုင်မည့် SIM (Singapore) ၏ Diploma in Accounting Course...

 

 ကျောင်းသားများအတွက် ဝင်ခွင့်ခက်ခဲသော University of London သို့ တိုက်ရိုက် တက်ရောက် ခွင့်ရရှိမည့် Course တစ်ခုဖြစ်သည့် Diploma in Accounting (DACC) ကို January 2012 Intake မှ စ၍ SIM Institute တွင် စတင် ဖွင့်လှစ်ပေး သွားမည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ Diploma in Accounting Course မှာ(18) လ တက်ရောက် ရမည်ဖြစ်ပြီး Intake အနေဖြင့် January လ တစ်ခုတည်းသော ထားရှိ ပေးထားကြောင်း သိရှိ ရပါသည်။ Programmed fee အနေဖြင့် (18) လစာအတွက် s$ 12,840 ကုန်ကျမည် ဖြစ်သည်။ ဝင်ခွင့် လိုအပ်ချက်များအဖြစ် တက္ကသိုလ် ဝင်တန်းအောင် ကျောင်းသူ၊ ကျောင်းသား များ(သို့မဟုတ်) GCE ‘O’ Level ဖြေဆို အောင်မြင်ပြီး သူများအနေဖြင့် လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။ အင်္ဂလိပ်စာ ဝင်ခွင့်လိုအပ်ချက် အနေနှင့် IELTS (5.5) ရှိရန် လိုအပ်ပါသည်။ အဆိုပါ DACC Course ပြီးပါက SIM ၏ Partner အသစ် တစ်ခုဖြစ်သော UK ရှိ University of Sheffield မှ ချီးမြှင့်မည့် Bachelor of Arts (Honours) in Accounting & Financial Management ဘွဲ့ကို ရယူရန်အတွက် year (2) မှ တက်ရောက်နိုင်မည် ဖြစ်ပါသည်။ ထိုသို့ တက်ရောက်ခွင့်ရရန် အတွက်လည်း DACC မှ GPA အမှတ်များအပေါ် မူတည်ပြီး ဆုံးဖြတ် ပေးသွားမည် ဖြစ်ပါသည်။ DACC Course ကို တက်ရောက်ပြီးပါကလည်း University of London မှ ချီးမြှင့်မည့် Bachelor of Science (Honours) in Accounting & Finance, Banking & Finance, Business , Economics & Management နှင့် Economics အစ ရှိသည့် မိမိစိတ်ဝင်စားရာ ဘာသာရပ်များအားလည်း ရွေးချယ် တက်ရောက်နိုင်မည် ဖြစ်ပါသည်။ အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး အသေးစိတ် သိလိုသည်များရှိပါက STUDY ABROAD Information Centre အမှတ် (290)အေ၊ ပထမထပ်၊ ပြည်လမ်း (ဒဂုံစင်တာနှင့် မဟာမြိုင်ဆေးခန်းကြား)၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်။ ဖုန်း-524126, 095151008 သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပြီ ဖြစ်ပါသည်။



 

(7-10-2011)
Source: Ko Lin (Myanmar Training)


(CURTIN SINGAPORE & CURTIN SYDNEY) ပညာရေးသတင်း. .
  
.  .      .  . .   5        

Australia ၏ အဆင့်မြင့် တက္ကသိုလ်ဖြစ်သော Curtin University of Technology Singapore နှင့် Sydney ကျောင်းများတွင် တက်ရောက်လိုသော့ မြန်မာကျောင်းသား၊ ကျောင်းသူများ ၏ ၂၀၁၀ နိုဝင်ဘာလ (Curtin Singapore) နှင့် ၂၀၁၁ မတ်လ (Curtin Sydney) တန်းခွဲသစ်များ ကို စတင်လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရှိ ရပါသည်။ Curtin University of Technology ၏ Campus (၂)ကျောင်းဖြစ်သော Curtin Singapore နှင့် Curtin Sydney တို့တွင် မြန်မာ အထက်တန်း အောင်မြင်ပြီးသူများနှင့် ဘွဲ့ရများအနေဖြင့် လက်တွေ့လုပ်ငန်း အသုံးပြု စီးပွားရေးဘွဲ့များကို အချိန်တိုတိုအတွင်း ပြီးမြောက်အောင် တက်ရောက် သင်ယူနိုင်ပါသည်။ Curtin Singapore နှင့် Curtin Sydney Campus များမှာ ကမ္ဘာ့စီးပွားရေး အချက်အချာမြို့တော် ဖြစ်သော Singapore နှင့် Sydney မြို့များ၏ အချက်အချာကျသော နေရာများတွင် တည်ရှိခြင်း၊ စာသင်ခန်းများတွင် အဆင့်မြင့် ခေတ်မီ သင်ကြားရေး အထောက်အကူ ပစ္စည်းများဖြင့် သင်ကြားခြင်း၊ Student-centered Teaching Method ဖြင့် သင်ကြားခြင်းကြောင့် သင်ကြားသော ဆရာနှင့် ကျောင်းသူ၊ ကျောင်းသားများ ကြားတွင် အပြန်အလှန် ဆွေးနွေးနိုင်ခြင်း၊ ဝါရင့် တက္ကသိုလ်ဆရာ၊ ဆရာမများမှ သင်ကြား ပို့ချပေးခြင်း၊ သက်ဆိုင်ရာ စီးပွားရေး နယ်ပယ်များမှ အထင်ကရ ပြင်ပ ပညာရှင်များမှ လာရောက်၍ အကြံပေး ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း တို့ကြောင့် ကျောင်းသူ၊ ကျောင်းသားများ အတွက် အထူး ကောင်းမွန်ပါသည်။ Curtin Singapore နှင့် Curtin Sydney တို့တွင် Undergraduate နှင့် Postgraduate သင်တန်းများ တက်ရောက် နိုင်ပါသည်။ အထက်တန်းအောင် မြန်မာကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် (၂)နှစ် (၈)လဖြင့် bachelor’s ဘွဲ့ကို ရရှိနိုင်သည့်အတွက် အချိန်နှင့် ငွေကြေး အကုန်အကျ ပိုမို သက်သာပါသည်။ ထို့အပြင် Double Majors တက်ရောက်နိုင်သဖြင့် ကျောင်းသူ၊ ကျောင်းသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိနိုင်ပါသည်။ IELTS (သို့) TOEFL စာမေးပွဲများ မဖြေထားသော ကျောင်းသူ၊ ကျောင်းသားများအတွက် English Language Course ကိုပါ တက်ရောက်နိုင်မည် ဖြစ်ပါသည်။

Curtin Sydney University သည် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းတက် နေစဉ်အတွင်း လည်း အလေ့အကျင့် ရရှိစေရန်နှင့် အတွေ့အကြုံများ ရရှိစေရန် Internship Program များကိုလည်း စီစဉ် ပေးထားပါသည်။ ထိုအစီအစဉ်တွင် ကျောင်းသူ၊ ကျောင်းသားများ ပညာရေး ဆိုင်ရာလေ့လာသင်ကြားမှုတွင် အထောက်အကူ ဖြစ်စေနိုင်မည့် လက်တွေ့ကျ လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိစေရန်နှင့် အလေ့အကျင့် ကောင်းများ ရစေရန် စီးပွားရေး ကုမဏီများတွင် ဝင်ရောက် လုပ်ကိုင်နိုင်ရန် စီစဉ် ထားပါသည်။ အချိန်ကာလ အနေဖြင့် 12 ပတ်မှ 16 ပတ်အထိ ကြာမြင့်မည်ဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားများ အတွက် အသက်မွေး ဝမ်းကြောင်းမှုဆိုင်ရာ အတတ်ပညာများ ရရှိလာစေရန်နှင့် စီးပွားရေး လောက၏ သဘော သဘာဝကိုနားလည် လာစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
၎င်းအစီအစဉ်တွင် ကျောင်းသား 70% သည် လူတွေ့စစ်ဆေးမှု တစ်ကြိမ်ဖြေဆိုအပြီးတွင် တွဲဖက် ကုမ္ပဏီများတွင် အောင်မြင်စွာ ဝင်ရောက် လုပ်ကိုင်နိုင်ပြီ ဖြစ်သည်။ ကျောင်းသား 20% သည် လူတွေ့ စစ်ဆေးမှု (၂) ကြိမ် ဖြေဆိုအပြီးတွင် တွဲဖက် ကုမ္ပဏ်ီများတွင် အောင်မြင်စွာ ဝင်ရောက် လုပ်ကိုင်နိုင်ပြီ ဖြစ်သည်။ Curtin Sydney မှကျောင်းသား ကျောင်းသူများသည် သင်ယူ တတ်မြောက်ထားသော အတတ်ပညာများတွင် အခြားသော ကျောင်းသားများထက် သာလွန်သော အရည်အသွေးများ ရရှိလာသည့်အပြင် ၎င်းအစီအစဉ်အပြီးတွင် အလုပ်အကိုင် နေရာကောင်းများ ရရှိနိုင်မည် ဖြစ်သည်။ Curtin Singapore နှင့် Curtin Sydney တို့တွင် ပညာတက်ရောက် သင်ကြားလိုသော ကျောင်းသူ၊ ကျောင်းသားများအနေနှင့် Curtin ၏အဓိက မြန်မာပြည် ကိုယ်စားလှယ် ဖြစ်သော STUDY ABROAD Information Centre အမှတ်(290-A) ပထမထပ်၊ ပြည်လမ်း (ဒဂုံစင်တာနှင့် မဟာမြိုင်ကြား)၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ် PH:524126၊ 09-5151 008 သို့ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ပါသည်။


 

(7-10-2011)
  Source: Ko Lin (Myanmar Training)


သြစတြေလျ ကျောင်းသား ဗီဇာစည်းကမ်းချက်များ အပြောင်းအလဲ မြန်မာကျောင်းသားများအတွက် ပိုမိုအဆင်ပြေလာနိုင်..

..

 

နိုင်ငံတကာ ကျောင်းသားများ သြစတြလျ ကျောင်းသား ဗီဇာ လျှောက်ထားရာတွင် စည်းမျဉ်း စဉ်းကမ်းများ တင်းကြပ်လေ့ရှိပြီး၊ ယခုအခါ လိုအပ်ချက်များကို ဖြေလျှော့ ပေးခဲ့ကြောင်း သိရသည်၊၊ အဆိုပါ အစီအစဉ်အရ သြစတြလျ ကျောင်းသား ဗီဇာ လျှောက်ထားရာတွင် လိုအပ်ချက်အချို့ကို ပယ်ဖျက်ပေးမည်ဖြစ်ပြီး၊ နိုင်ငံတကာ ကျောင်းသားများအတွက် ပိုမို အဆင်ပြေစေမည့် အချက်များ ကိုလည်း ထည့် သွင်းထုတ်ပြန်လိုက်ကြောင်း CROWN Education မှ ဦးအောင်ကျော်ဆန်းမှ အဆိုပါ ထုတ်ပြန်ချက်ကို ကိုးကား၍ ပြောကြားသည်၊၊ “မြန်မာနိုင်ငံက သြစတြေလျ ကျောင်းလျှောက်မယ့် ကျောင်းသူ ကျောင်းသားတွေအတွက်တော့ သတင်းကောင်းပါ၊၊ သထိထားစရာ တစ်ချက်ကတော့ ဒီအပြောင်းအလဲဟာ သြစတြေလျမှာရှိတဲ့ တက္ကသိုလ် တွေကို အထူးသဖြင့် သက်ရောက်မှာ ဖြစ်တဲ့အတွက်၊ TAFE ကျောင်းတွေက ဒီထုတ်ပြန်ချက်အပေါ် ဝေဖန်မှု  တစ်ချို့ရှိခဲ့ပါတယ်၊၊ နောက်ပြီး ဒီအပြောင်းအလဲတွေဟာ ချက်ချင်း အကြိုး သက်ရောက်ဦးမှာမဟုတ် ပဲ၊ ၂၀၁၂ ဒုတိယ စာသင်နှစ်တွင်မှ အကြုံးဝင် မှာ ဖြစ်ပါတယ်၊၊”အဆိုပါ အပြောင်းအလဲ အစီအစဉ်တွင် အသက်မွေးဝမ်းကြောင်းမှု့ ကျောင်းများ (Vocational Training Colleges, ဥပမာ TAFE ကျောင်းများ)၊ အင်္ဂလိပ်စာ ကျောင်းများနှင့် ကောလိပ်များ များ မပါဝင်သေးပဲ၊ ၄င်းတို့ ကို ဒုတိယအကြိမ် ပြန်လည် သုံးသပ် သွားမည်ဖြစ်ကြောင်း သိရသည်၊၊ ဆစ်ဒနီ အိုလံပစ် ၀န်ကြီးဟောင်း Michael Knight တင်ပြခဲ့တဲ့အချက် (၄၁) ချက်ကို သဘောတူ လက်ခံခဲ့တာ ဖြစ်တဲ့ အတွက်၊ Knight Review လို့ ခေါ်တဲ့ ဒီထုတ်ပြန် ချက်ထဲမှာပါဝင်တာ တွေကတော့၊ (http://www.theaustralian.com.au/higher-education/knight-review-lifts-visa-requirements-for-overseas-students/story-e6frgcjx 1226143512114)

• တက္ကသိုလ်တွင် ပညာသင်ကြားရန် လျှောက်ထားသော ကျောင်းသူ ကျောင်းသားများအား၊ ယခင်ကကဲ့သို့ တိုင်းပြည် အ လိုက်၊ အဆင့် ခွဲခြားထားခဲ့ရာမှ
 ယခုအခါ အားလုံး AL1 Country (Low Risk) အဖြစ် ပြင်ဆင်သတ်မှတ်ခြင်း (အဆိုပါ ပြောင်းလဲချက်အရ၊ ငွေကြေးပြရမည့် ပမာဏ လျှော့နည်းသွားခြင်း၊
 ဗီဇာစီစစ် သည့်အချိန်ပိုမိုမြန် ဆန်လာခြင်း၊နှင့် အင်္ဂလိပ်စာနှင့် ပတ်သက်သည့် လိုအပ်ချက်များ လျှော့ပေါ့ပေးခြင်း၊ စသည့်အချက်များ ပါဝင်ပါသည်။

• အင်္ဂလိပ်စာ သင်ကြားမည့် ကျောင်းသား ကျောင်းသူများအား၊ အနည်းဆုံး အင်္ဂလိပ်စာ ကျွမ်းကျင်မှု့  သတ်မှတ် ချက် မပြည့်မှီသော်လည်း ခွင့်ပြုပေးခြင်း။

• Pre-Visa Assessment စနစ်ကို ဖျက်သိမ်းခြင်း။

• မိမိတို့သင်ယူမည့် ဘာသာရပ် စတင်မသင်ယူမှီ (၄)လ အလိုမှစ၍ ဗီဇာ လျှောက်ထား ခွင့်ပြုခြင်းနှင့် လိုအပ်ပါက သတ်မှတ်သည့်ရက် မတိုင်မှီ သြစတြေလျနိုင်ငံ
 အတွင်းသို့ ၀င်ခွင့် မပြုသည့် မှတ်ချက်ကို ဗီဇာတွင် ထည့်သွင်းခြင်း၊ ကျောင်းသားများ အလုပ်လုပ်ကိုင် ခွင့်နှင့်ပတ်သက်၍ တက္ကသိုလ်မှ ဘွဲ့ ရပြီးသော ကျောင်းသူ
 ကျောင်းသားများ၊ အတွက် သတ်မှတ်ထားသည့် အလုပ်အကိုင်များ တွင် သာလုပ်ကိုင်ရန် အတွက် ပြဒါန်းထားသော Skills Assessment ကိုပယ်ဖျက်ခြင်း။

• Undergraduates Degree ရရှိသူများ Post Study Work Visa ကို ယခင် (၁၈) လခွင့်ပြုထားရာမှ (၂၄)လသို့  တိုးမြှင့်ခွင့်ပြုခြင်း၊ မစတာဘွဲ့ ရများ အတွက် (၃)
  နှစ် နှင့် PhD ဘွဲ့ ရများအတွက် (၄)နှစ်အထိတိုးမြင့်ခြင်း။

• ကျောင်းသားများ၏ အလုပ်ချိန်ကန့် သတ်ချက်ကို တစ်ပတ်လျင် နာရီ(၂၀)အစား၊ နှစ်ပတ်လျက် နာရီ(၄၀) သတ်မှတ်ခြင်း၊ စသည့်အချက်များပါဝင်ပါသည်၊၊

“ဒီသတ်မှတ်ချက်တွေနဲ့ဆိုရင် စစ်မှန်တဲ့ရည်ရွယ်ချက်နဲ့ပညာသင်သွားမယ်၊ စာရွက်စာတမ်းတွေကိုလည်း ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန်တင်မယ်ဆိုရင်
 သြစတြေလျဗီဇာရဖို့ ပိုအဆင်ပြေ လာနိုင်ပါတယ်။” အသေးစိတ်အချက်အလက်အပြည့်အစုံကိုတော့ CROWN Education, ဖုန်းနံပတ် ၀၉ ၇၃၂ ၇၃၂ ၇၇
 မှာဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြပါတယ်၊၊



 

(7-10-2011)
Source: Ko Lin (Myanmar Training)


လူဦးရေ တိုးပွားလာသော စင်ကာပူနိုင်ငံ.
   .  .      .  . .   5        

Singapore နိုင်ငံတွင် နိုင်ငံသားဦးရေမှာ ယခုနှစ် ဇွန်လ အကုန်တွင် (၅.၁၈မီလီလျံ) ရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် (၁၀၇.၀၀) ဦးရေ တိုးမြင့်လာခဲ့သည်။ (၁၉၉၀ခုနှစ်) မှစ၍ ပထမဦးဆုံးအကြိမ်အဖြစ် Permanent Resident ဦးရေသည် ကျဆင်းသွားရာ ယခုအခါ ၁.၇% (၅၃၂.၀၀၀) ဦးရေအထိ နိမ့်ကျသွားကြောင်းကို Myanmar Search International (MSI) ၏ တာဝန်ရှိသူမှ www.todayonline.com က ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ၎င်းသတင်းတွင် ကိန်းဂဏန်း ထုတ်ပြန်ရေး ဌာနသည် နှစ်စဉ်လူဦးရေ တိုးမြှင့်မှု ထုတ်ပြန်ရေးဌာနသည် နှစ်စဉ် လူဦးရေ တိုးမြှင့်မှု ထုတ်ပြန်ချက်ကို (၂၈ရက်၊စက်တင်ဘာလ၊၂၀၁၁ခုနှစ်) တွင် ထုတ်ပြန် ကြေငြာခဲ့ရာ စုစုပေါင်း လူဦးရေ(၂၁%)ထိ တိုးမြှင့်လာပြီး ၎င်းတို့ထဲတွင် စကာင်္ပူ နိုင်ငံသားဦးရေ (၀.၈%) ပါဝင်ခဲ့သည်။ စင်ကာပူ နိုင်ငံသား မဟုတ်သည့် နိုင်ငံခြားသားဦးရေ (non-resident foreigners) (၆၉%) ပါဝင်ကြောင်း ဇွန်လအကုန် ထုတ်ပြန်ချက်အရ ယခုအခါ စကာင်္ပူနိုင်ငံတွင် စကာင်္ပူနိုင်ငံသား (၃.၇၉ မီလီလျံ) နှင့် နိုင်ငံခြားသားများ (၁.၃၉မီလီလျံ) နေထိုင်လျက်ရှိပြီး ၎င်းတို့ထဲမှ (၃.၂၆မီလီလျံ) သည် စကာင်္ပူ နိုင်ငံသားဖြစ်ပြီး ကျန်လူဦးရေမှာ Permanent Resident (စကာင်္ပူတွင် အခြေချ နေထိုင်ခွင့် ရရှိထားသော နိုင်ငံခြားသား)များဖြစ်ကြောင်း သိရသည်။

ထို့အပြင် တိုင်းရင်းသား လူမျိုးများ စုပေါင်း နေထိုင်မှုသည် ယခင်နှစ်ကနှင့် နှိုင်းယှဉ်လျှင် မပြောင်းလဲပဲ ရှိနေသည်။ စကာင်္ပူနိုင်ငံတွင် အဓိကအားဖြင့် တရုတ်လူမျိုး (၇၄%) မလေးရှားလူမျိုး (၁၃%) နှင့် အိန္ဒိယလူမျိုး (၉.၂%) တို့ဖြစ်ပြီး လူဦးရေများကို အသက်အရွယ်အလိုက် စဉ်းစားရာတွင် လူလတ်ပိုင်း နေထိုင်သူ ဦးရေသည် (ယခင်၃၇.၄ မှ ယခု၃၈ထိ) တိုးမြှင့်လာခဲ့သည်။ ဤသို့ တိုးလာသော စကာင်္ပူ Resident များ၏ အသက် (၄၅နှစ်) နှင့်အထက် အချိုးအစားအရ အလုပ်လုပ်သော အရွယ် နေထိုင်သူများ အချိုးနှင့် သက်ကြီးရွယ်အို နေထိုင်သူများ အချိုးတွင် သက်ကြီးရွယ်အို နေထိုင်သူများ အချိုးတွင် သက်ကြီးရွယ်အို နေထိုင်သူများ အချိုးမှာ ကျဆင်း သွားသည်။ အသက် (၆၅နှစ်) နှင့်အထက် နေထိုင်သူအတွက် အသက် (၁၅-၆၄ နှစ်) အကြားရှိ နေထိုင်သူဦးရေမှာ လွန်ခဲ့သော နှစ်တွင် (၈.၂%)ရှိခဲ့ရာ ယခုနှစ်တွင် (၇.၉%) သို့ ကျဆင်းသွားသည်။ (၂၀၀၃ ခုနှစ်) မှစခဲ့သော စစ်တမ်း ကောက်နှုတ်ချက်အရ ယခုနှစ် အစီရင်ခံစာအရ မှတ်ပုံတင် လက်ထပ်သူဦးရေမှာ လွန်ခဲ့သည့်နှစ်တွင် ပထမဦးဆုံး ကျဆင်းသွားသည်။ (၂၀၀၉ ခုနှစ်) မှတ်ပုံတင် လက်ထက်ပြီး ဦးရေမှာ(၂၆.၀၈၁) ဦးရေရှိခဲ့ရာ (၂၀၁၀ ခုနှစ်)တွင် လက်ထပ်ပြီး လူဦးရေ (၂၄.၃၆၃) အထိကျ ဆင်းခဲ့သည်ဟု သိရသည်။



 

(14-10-2011)
Source: Ko Lin(Myanmar Training)

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats