|
News
» International News
ဟောင်ကောင်သိပ္ပံနှင့်နည်းပညာတက္ကသိုလ် (Hong Kong University of Science
and Technology).
ဟောင်ကောင်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်(HKUST) သည် လူငယ်များနှင့် ပညာရည်မြင့်မား
ထက်မြတ် သူများအတွက် အထူးသင့်လျော်သည့် ကျောင်း ဖြစ်သည်။ အထူးသဖြင့် ပညာရေး သုတေသန
လုပ်ငန်းများ၊ ဘွဲ့လွန် သင်တန်းများ တက်ရောက်ရန် အကောင်းဆုံး ဖြစ်သည်။ ၁၉၉၁
ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ကျောင်း၅ကျောင်းဖြင့် ဖွဲ့စည်း တည်ထောင် ထားသည်။
သိပ္ပံ၊ အင်ဂျင်နီယာ၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေး၊ လူမှုသိပ္ပံ ကျောင်းများကို
သီးခြားစီ ဖွဲ့စည်းကာ ဂွမ်းဇောင်းနယ်မှ ဖုရင်းတန် ကျောင်းလည်း ပါဝင်သည်။ ထို့ပြင်
ရှန်ဇန်းနယ်တွင် HKUST တက္ကသိုလ်ခွဲ တစ်ခုကို ဖွင့်ထားသည်။ ကမ္ဘာ့အဆင့်မီ PhD
ဘွဲ့ရများကို မွေးထုတ်နိုင်ပြီး နိုင်ငံအတွင်း ပညာရှင်များစွာကို မွေးထုတ်
နိုင်ခဲ့သဖြင့် ထင်ရှားသည်။
(21-10-2011)
Source: Itizen Journal
တိုကျိုတက္ကသိုလ် (The
University of Tyokyo).
တိုကျို
တက္ကသိုလ်ကို ၁၈၇၇ ခုနှစ်ကတည်းက တည်ထောင်ခဲ့သည်။ ဂျပန်နိုင်ငံ၏
ပထမဦးဆုံး အမျိုးသား တက္ကသိုလ်ကြီး တစ်ခုဖြစ်သည်။ ဘာသာရပ်တိုင်းတွင်
ပညာရေးဆိုင်ရာ သုတေသန လုပ်ငန်းများကို ဦးဆောင် လုပ်ကိုင် နေကြသည့်
အတွက်လည်း ပညာတတ် လောကတွင် နာမည်ကြီးသည်။ ကျောင်းအနေဖြင့် ပညာတတ်
လူ့ဘောင်နှင့် အသိုင်းအဝိုင်းကိုသာ ဦးစားပေးလွန်းသဖြင့် ထိုကျောင်း
ထွက်တိုင်းသည် နယ်ပယ်တိုင်းတွင် နာမည်ကျော် ပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြသည်။
တိုကျို တက္ကသိုလ်တွင် မဟာဌာနပေါင်း ၄၅၀၀ ကျော်ရှိသည်။ ကျောင်း
တက်နေကြသူပေါင်း ၂၉၀၀၀ခန့် ရှိပြီး ၂၀၀၉ ခုနှစ်တွင် နိုင်ငံရပ်ခြားမှ
ကျောင်းသား ပေါင်း ၂၅၅၅ ယောက်အထိ လက်ခံ သင်ကြားပေးခဲ့သည်။ ၂၀၀၈
ခုနှစ်မှ စတင်ပြီး နိုင်ငံခြားမှ ပညာရှင် ပေါင်း ၃၅၀၀ ခန့်လာကာ
သုတေသနပြု နေကြသည်။ မိမိတို့ထံမှလည်း ကျောင်းသားပေါင်း ၉၁၃၀ ခန့်ကို
နိုင်ငံရပ်ခြား တက္ကသိုလ်များသို့ စေလွှတ်ကာ လေ့လာခြင်းများ
ပြုလုပ်ကြသည်။ တိုကျို တက္ကသိုလ်ကျောင်း ထွက်များသည် စီးပွားရေး၊
နိုင်ငံရေးနှင့် ပညာရှင် လောကတွင် နာမည်ကျော်များဖြစ်သဖြင့် ကျောင်း၏
ဂုဏ်သိက္ခာ တက်စေခဲ့သည်။
(21-10-2011)
Source: Itizen Journal
စင်ကာပူ အမျိုးသား
တက္ကသိုလ် (National University of Singapore)NUS..
.
.
.
.
. 5
NUS သည် စင်ကာပူ နိုင်ငံ၏ ကမ္ဘာ့ အဆင့်မီ တက္ကသိုလ်ကြီး တစ်ခုဖြစ်သည်။
ပညာရေးဆိုင်ရာ သုတေသန လုပ်ငန်းများနှင့် စွန့်ဦး တီထွင် ပညာရှင်
မွေးထုတ်ရေး အစီအစဉ်များကြောင့် နာမည်ကြီးသည်။ NUS သည် တက္ကသိုလ် သုံးခုကို
ဖွဲ့စည်းထားသည့် ကျောင်းကြီး တစ်ခုဖြစ်သည်။ Kent Ridge တက္ကသိုလ်၊ Bukit
Timah တက္ကသိုလ်နှင့် Duke-NUS Graduate Medical School တို့ကို ပေါင်းစပ်
ဖွဲ့စည်းပြီး ထူထောင် ထားသည်။ နိုင်ငံပေါင်း ၈၀ မှ ကျောင်းသားပေါင်း ၂၈၀၀၀
ကျော်လာရောက် ပညာဆည်းပူးနေကြသည့် ကျောင်းကြီးလည်း ဖြစ်သည်။ အနုပညာနှင့်
လူမှုရေး သိပ္ပံမဟာဌာန၊ စီးပွားရေး၊ ကွန်ပျူတာ၊ သွားဘက်ဆိုင်ရာ၊ ဒီဇိုင်း၊
အင်ဂျင်နီယာ၊ ဥပဒေ၊ ဆေးပညာနှင့် သိပ္ပံပညာများကို သင်ကြားပေးလျက်ရှိသည်။ NUS
ပညာရေး၏ ထူးခြားချက်မှာ ကမ္ဘာ့အဆင့်မီ ဘာသာရပ်များကို သင်ကြား
ပို့ချနိုင်ရေးအတွက် နိုင်ငံတကာ တက္ကသိုလ်ကြီးများမှ သင်ကြားပို့ချပေးနေသည့်
သင်ရိုးများအတိုင်းပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ နိုင်ငံတကာ တက္ကသိုလ်
၅ ခုဖြစ်သည့် အမေရိကန် ပြည်ထောင်စုမှ Sillicon Valley and Bio Valley၊
ရှန်ဟိုင်း၊ စတော့ဟုမ်းနှင့် ဘန်ဂါလိုးရှိ တက္ကသိုလ်များနှင့်လည်း
ဆက်စပ်မှုရှိသည်။ နိုင်ငံရပ်ခြားမှ လာရောက် ပညာရှာနေကြသည့်
ကျောင်းသားများသည် NUS တွင် ကမ္ဘာ့ကျော် တက္ကသိုလ်ကြီးများမှ
သင်ရိုးများအတိုင်း လေ့လာ သင်ယူခွင့် ရသဖြင့် ဘွဲ့ရ ပြီးလျှင် ကမ္ဘာ့အလယ်၌
မျက်နှာ ပွင့်ကြသည်။
(21-10-2011)
Source: Itizen Journal
ဟောင်ကောင်တက္ကသိုလ် (University of Hong Kong).
..
ဟောင်ကောင် တက္ကသိုလ်သည် အစဉ်အလာရှိခဲ့သည့် ကျောင်းကြီး တစ်ကျောင်း
ဖြစ်သည်။ ဖွင့်လှစ်ခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ခန့်ရှိပြီးဟု ဆိုသည်။
ယခုအချိန်အထိ ကမ္ဘာ့ အဆင့်မီ ကျောင်းကြီး တစ်ကျောင်း ဖြစ်စေရန်
ထိန်းသိမ်း နိုင်ခဲ့သည်။ မဟာဌာနကြီးပေါင်း ၁၀ ခုနှင့် သုတေသနဌာန
ပေါင်းများစွာ ဖွင့်လှစ် ထားသည်။ ကမ္ဘာ့နိုင်ငံ အနှံ့ ပညာရှင်များ
အသိအမှတ် ပြုကြရသည့် ဌာနများဖြစ်သည်။ ကျောင်း၏ ရုပ်ပတ်ဝန်းကျင်
ကောင်းစေရန် အဆောက်အအုံများကို ပြုပြင် တည်ဆောက် ထိန်းသိမ်း
နေသကဲ့သို့၊ မိမိတို့ ကျောင်းထွက်များကို ကမ္ဘာ့အနှံ့ ဦးဆောင်ဦးရွက်
ပြုနိုင်သူများ ဖြစ်လာစေရန် ပြုစု ပျိုးထောင် ပေးလျက်ရှိသည်။ လက်ရှိ
ကျောင်းသားပေါင်း ၂၀၅၀၀ ကျော်နှင့် နိုင်ငံပေါင်း ၈၀ မှ ကျောင်းသားများ
လာရောက်ကာ ပညာ ရှာမှီးနေကြသည်။ ဆရာပေါင်း ၂၂၅၀ ဦးရှိသည်။ ကျောင်းတွင်
အင်္ဂလိပ် ဘာသာစကားကိုသာ ကြားခံ ဆက်သွယ်မှု အနေဖြင့် အသုံးပြုသဖြင့်
နိုင်ငံ ပေါင်းစုံ ကျောင်းသားများအတွက် အဆင်ပြေ ကြသည်။ ကျောင်းရှိ ဆရာ
၄၅ ရာခိုင်နှုန်းသည် နိုင်ငံ ရပ်ခြား တိုင်းပြည်များ ဖြစ်သည့် ဗြိတိန်၊
မြောက်အမေရိက၊ သြစတြေးလျနှင့် အာရှနိုင်ငံများမှ ဖြစ်ကြသည်။
(21-10-2011)
Source: Itizen Journal
ဆိုးလ်အမျိုးသား တက္ကသိုလ် (Seoul National University) SNU.
.
.
.
.
. 5
ကိုရီးယားတို့သည် ပညာရေးကို
စွမ်းအားတစ်ရပ် အနေဖြင့် လက်ခံ ထားကြသူများ ဖြစ်သည်။ ၁၉၄၆ ခုနှစ် ကိုလိုနီ
လက်အောက်မှ လွတ်မြောက်ပြီး ကတည်းက ဆိုးလ် အမျိုးသား တက္ကသိုလ်ကို
ထူထောင်ခဲ့သည်။ နိုင်ငံသစ်အတွက် ပထမဦးဆုံး မွေးထုတ် ပေးနိုင်ခဲ့သည့်
ပညာအခြေခံ ဂုဏ်ယူစရာ ဖြစ်ခဲ့သည်။
ဆိုးလ် တက္ကသိုလ်တွင် ကောလိပ်ပေါင်း ၁၆ ကျောင်းဖြင့် ပါဝင် ဖွဲ့စည်းထားသည်။
အသက်မွေး ဝမ်းကျောင်း အထက်တန်းကျောင်း ၆ ကျောင်း၊ သုတေသန ဌာနပေါင်း ၆၅ ခု၊
ကျောင်းသားပေါင်း ၂၃၀၀၀ နှင့် ဆရာပေါင်း ၂၅၀၀ ခန့်ရှိသည်။ SNU ကျောင်း၏
ထူးခြားချက်မှာ စာသင်ခန်း တစ်ခန်းတွင် ကျောင်းသား ၁၅ ယောက်မှ ၃၀ ယောက်သာ
သင်ကြား ပေးခြင်းဖြစ်သည်။ အမေရိကန်ရှိ တက္ကသိုလ်များထက် ၈ပုံ ၁ပုံ
ဈေးများပြီး၊ ကိုရီးယားရှိ အခြား ပုဂ္ဂလိက တက္ကသိုလ်များထက် ထက်ဝက်ခန့်
ဈေးများသည်။ ကိုရီးယား အစိုးရကိုယ်တိုင် အထောက်အပံ့ ပေးနေသော
ကျောင်းကြီးလည်း ဖြစ်သည်။ ကျောင်းကို စတင် ဖွင့်လှစ်စဉ်ကတည်းက
ကမ္ဘာ့အမြင်ဖြင့် ခေတ်မီရန် ဦးတည် ထားသောကြောင့် ပညာသစ်၊ ခေတ်သစ်ဆီသို့
ဦးတည်သည့် သင်ရိုးသစ် များကိုသာ သင်ကြား လေ့ရှိသည်။ နိုင်ငံတကာ
ကျောင်းသားပေါင်း ၂၀၀၀ ခန့်ကို လက်ခံသဖြင့် ကျောင်းသား ၂၀
ရာခိုင်နှုန်းခန့်ကို နိုင်ငံခြား တိုင်းပြည် များအတွက် လမ်းဖွင့်
ပေးထားသည်ဟု ဆိုနိုင်သည်။ သင်ရိုး ညွှန်းတမ်းပေါင်း ၄၆၀ ခန့်ကို
အင်္ဂလိပ်စာဖြင့်သာ သင်ကြားပေးသည်။ SNU ၏ အခြား ကျော်ကြားမှု တစ်ခုမှာ
နည်းပညာကို အလေးပေးခြင်း ဖြစ်သည်။ ကျောင်းဝင်များ အတွင်း Wi-Fi
သုံးစွဲနိုင်ခွင့်ကို အခမဲ့ ခွင့်ပြုခြင်း၊ high-speed gigabyte backbone
ကို အသုံးပြုနိုင်ခြင်း၊ သုတေသန လုပ်ငန်းများအတွက် Super Computer
ကြီးများကို အသုံးပြုခွင့် ရှိခြင်းတို့ ဖြစ်သည်။
(21-10-2011)
Source: Itizen Journal
|