|
News
» International News
စာရင်းကိုင်ဘာသာရပ် သင်ကြားလိုသူများ SAA-GE တွင် ရာနှုန်းပြည့်
ပညာသင်ဆု လျှောက်ထားနိုင်..
စင်ကာပူ နိုင်ငံလုံးဆိုင်ရာ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင် အဖွဲ့အစည်း (Institute of
Certificate Public Accountants of Singapore-ICPAS) မှ ဖွင့်လှစ်ထားသော Singapore
Accountancy Academy Global Education (SAA-GE) ကျောင်းမှ January 2012 Intake တွင်
ACCA Course အတွက် ရာနှုန်းပြည့် ပညာသင်ဆုကို လျှောက်ထားနိုင်မည်ဖြစ်ကြောင်း (OESC)
ပြည်ပ ပညာရေး ဝန်ဆောင်မှု စင်တာမှ သိရသည်။ ပညာသင်ဆု ရရှိသူများ အနေဖြင့် ကျောင်းလခ
(Course Fees), စာအုပ်ဖိုး (Textbook Fees), ပြန်လည် သင်ကြားရေး အတွက်ပေးရမည့် လခ
(Revision Fees) စသည် တို့ကိုပါ ကင်းလွတ်ခွင့် ရရှိမည် ဖြစ်သည်။ ရာနှုန်းပြည့်
ပညာသင်ဆုမှာ စင်ကာပူနိုင်ငံရှိ SAA Global Education တွင် ACCA ဘာသာရပ်များ ကို
အချိန်ပြည့် (Full Time) ကျောင်းသားဗီဇာ လျှောက်ထားမည့် နိုင်ငံတကာမှ ကျောင်းသား
ကျောင်းသူများကို ပေးအပ်မည့် ပညာသင် ဆုဖြစ်ပြီး အသက်၂၁ နှစ်ပြည့်ပြီးသည့် မည်သည့်
ဘွဲ့ရမဆို အဆိုပါ ပညာသင်ဆုကို လျှောက်ထားနိုင်ကြောင်း သိရသည်။ B.Com, M.Com
ဘွဲ့ရများနှင့် CAT/FIA ပြီးထားပါက ACCA Level II သို့ တိုက်ရိုက် တက်ရောက်
နိုင်မည်ဖြစ်ပြီး အခြားစီးပွားရေး ဘွဲ့ရရှိသူများ အနေနှင့်အခြား Exemption
များကိုလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။ အသက် ၁၆ နှစ်ပြည့်သူများနှင့် တက္ကသိုလ်
ဝင်တန်း အောင်မြင်ထား သူများအတွက် CAT သင်တန်းများ အတွက်လည်း ရာနှုန်းပြည့်
ပညာသင်ဆုများ ပေးကြောင်း သိရသည်။ လျှောက်ထားလို သူများအနေဖြင့် ၂၀၁၁ ခုနှစ်၊
နိုဝင်ဘာလ ၇ ရက် နောက်ဆုံးထား၍ လျှောက်ထား နိုင်ကြောင်းလည်း သိရသည်။ ပညာသင်ဆုနှင့်
ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို OESC ဖုန်း-၀၁-၅၁၉၀၉၂၊ ၀၉-၇၃၀၉ ၄၀၆၀ တွင်
ဆက်သွယ် စုံစမ်းနိုင်မည် ဖြစ်သည်။
(21-10-2011)
Source: Internet Journal
Curtin Singapore နှင့် Curtin
Sydeny ကျောင်းဝင်ခွင့် စတင်လျှောက်ထားနိုင်.
Curtin
University of Technology နှင့် Sydney တွင် ကျောင်းတက်ရောက်လိုသူ
ကျောင်းသား ကျောင်းသူများ ၂၀၁၁ ခုနှစ် နိုဝင်ဘာတွင် Curtin Singapore
ကို လျှောက်ထားနိုင်ပြီး ၂၀၁၂ မတ်လတွင် Curtin Sydney တန်းခွဲ
သစ်များကို လျှောက်ထား နိုင်ပြီဖြစ်သည်။ Curtin University of
Technology ၏ Campus နှစ်ခုဖြစ်သော Curtin Singapore နှင့် Curtin
Sydney Campus တို့တွင် မြန်မာပြည်မှ အထက်တန်း
အောင်မြင်ပြီးသူများနှင့် ဘွဲ့ရများလက်တွေ့ လုပ်ငန်း အသုံးပြု
စီပွားရေးဘွဲ့များကို အချိန်တိုအတွင်း တတ်မြောက်အောင် သင်ယူနိုင်မည်
ဖြစ်သည်။ Undergraduate နှင့် Postgraduate သင်တန်းများလည်း
တက်ရောက်နိုင်ပြီး အထက်တန်းအောင် မြန်မာကျောင်းသူ၊ ကျောင်းသားများ ၂
နှစ်နှင့် ၈လကျောင်းတက်၍ Bachelor’s ဘွဲ့ကို ရရှိနိုင်မည် ဖြစ်သည်။
ထို့ပြင် Double Majors တက်ရောက် နိုင်သဖြင့် ကျောင်းသူ
ကျောင်းသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ ရရှိနိုင်သည်။
IELTS သို့မဟုတ် TOFEL စာမေးပွဲ မဖြေထားသော ကျောင်းသားများအတွက်
English Language Course ကိုပါ တက်ရောက် နိုင်မည်ဖြစ်သည်။ Curtin
Sydney University တွင် ကျောင်းသား ကျောင်းသူများ ကျောင်းတက်နေစဉ်
အလေ့အကျင့် ကောင်းများရရှိစေရန်နှင့် အတွေ့အကြုံရှိစေရန် Intership
Program ကိုလည်း စီစဉ်ပေးထားသည်။ အသေးစိတ် အချက်အလက်များကို
စုံစမ်းသိရှိလိုပါက STUDY ABROAD Information Centre ဖုန်း-၅၂၄ ၁၂၆
တွင် ဆက်သွယ် မေးမြန်း နိုင်သည်။
(21-10-2011)
Source: Internet Journal
PSB Academy မှ
အင်္ဂလိပ်စာ အရည်အချင်း စာမေးပွဲ ရန်ကုန်နှင့် မန္တလေးတွင်ပြုလုပ်မည်.
.
.
.
.
. 5
စင်ကာပူနိုင်ငံ PSB Academy တွင် တက်ရောက်ပညာသင်ကြားရန်အတွက် IELTS/TOEFL
အမှတ်စာရင်း မတင်ပြနိုင်သူများအနေဖြင့် အင်္ဂလိပ်စာ အရည်အချင်းစစ်
စာမေးပွဲကို ယခင်က စင်ကာပူ နိုင်ငံတွင် ဖြေဆိုရပြီး ယခုအခါ PSB မှ
တာဝန်ရှိပြီး ယခုအခါ PSB မှ တာဝန်ရှိသူ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တွင်
ဝင်ရောက် ဖြေဆိုနိုင်မည် ဖြစ်ပြီး အောက်တိုဘာ လအတွင်း ရန်ကုန်တွင်
တစ်ကြိမ်နှင့် မန္တလေးတွင် တစ်ကြိမ် ကျင်းပ ပြုလုပ် သွားမည်ဖြစ်ရာ
စိတ်ပါဝင်စားသူများ စတင် စာရင်းသွင်း နိုင်ပြီဖြစ်ကြောင်း CROWN Education
မှသိရသည်။ အဆိုပါ စာမေးပွဲကို ဖြေဆိုရန် စာမေးပွဲကြေး USD 25.00(သို့မဟုတ်)
ကျောင်း လျှောက်လွှာကြေး ကြိုတင် ပေးဆောင်ရမည်ဖြစ်ပြီး အင်္ဂလိပ်စာ
အရေးနှင့်အဖတ်စွမ်းရည်ကို စစ်ဆေးမည့် ၁နာရီိ ကြာ စာမေးပွဲတွင် Eassy
တစ်ပုဒ်ပါဝင်ပြီး ကျောင်းသားများအတွက် သင့်တော်မည့် အင်္ဂလိပ်စာ အဆင့်ကို
ထုတ်ပြန်ပေးမည်ဖြစ်သည်။ IGCSE နှင့် GCE စာမေးပွဲများတွင် အင်္ဂလိပ်စာ C
အဆင့်မမှီ သူများအတွက် English Proficiency Test ကို စစ်ဆေးပေးမည်ဖြစ်ပြီး
အဆိုပါ Test ကို ဖြေဆိုရန်အတွက် လျှောက်လွှာကြေးကြိုတင်ပေး ဆောင်ရမည်ဖြစ်ကာ
အင်္ဂလိပ်စာ အရေးနှင့် အဖတ် စွမ်းရည်ကို စစ်ဆေးမည့် ၁နာရီ ခွဲကြာ စာမေးပွဲ
ကို ဖြေဆိုရမည် ဖြစ်သည်။ ကျောင်းလျှောက်ထားကြေး ကင်းလွှတ်ခွင့် အနေဖြင့်
စင်ကာပူ ဒေါ်လာ ၃၅၃ အား အောက်တိုဘာ၂၁ရက်မှ အောက်တိုဘာ ၃၁ရက်အတွင်း
လျှောက်လွှာတင်သည့် ကျောင်းသား ကျောင်းသူများကို ကင်းလွတ်ခွင့်ပေး
မည်ဖြစ်သည်။ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်နှင့် စာမေးပွဲ ဖြေဆိုရန်
အချိန်နှင့် နေရာ အသေးစိတ်ကို CROWN Education, Summit Parkview Hotel,
အခန်း- ၂၂၈/၂၂၉၊ ဖုန်း နံပါတ်- ၂၁၁ ၈၈ နှင့် ၀၉-၇၃၂၇ ၃၂၇၇ တို့တွင်
ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။
(21-10-2011)
Source: Internet Journal
၂၀၁၂ မှစ၍ သြစတြေးလျ James Cook University မှ ဘာသာရပ် အသစ်များ
တိုးချဲ့သင်ကြားပေးမည်.
..
၂၀၁၂ ခုနှစ်စ၍ သြစတြေးလျ James Cook University မှ ဘာသာရပ် အသစ်များ
တိုးချဲ့သင်ကြားပေးမည် ဖြစ်ကြောင်း CROWN Education မှ သိရသည်။ James
Cook University ၏ Singapore Campus တွင် ၂၀၁၂ ခုနှစ်၊ မတ်လမှစ၍
Bachelor of Business ဘွဲ့တွင် Accounting မေဂျာအသစ် စတင်
သင်ယူနိုင်မည်ဖြစ်ပြီး ၎င်းဘာသာရပ်ကို Australian Society of Professional
Accountants (ASCPA) မှ တရားဝင် အသိအမှတ် ပြုထားသည်။ ၎င်းဘာသာရပ်အား
သင်ကြားပြီး မြောက်သူများ အနေဖြင့် အရည်အချင်း ပြည့်ဝသော စာရင်းကိုင်
ကောင်းတစ်ယောက်အဖြစ် အသက်မွေး ဝမ်းကျောင်း ပြုနိုင်မည် ဖြစ်သည်။
ဘွဲ့လွန်ဆင့်တွင် အသစ် လေ့လာ သင်ယူနိုင်မည့် ဘာသာရပ်တစ်ခုမှာ Master of
Public Accounting ဖြစ်ပြီး အဆိုပါ ဘာသာရပ်ကိုလည်း ၂၀၁၂ ခုနှစ်၊
မတ်လတွင် စတင် သင်ကြားပေးမည် ဖြစ်သည်။ ဘာသာရပ်ပေါင်း ၁၂ ခုကို လေ့လာ
သင်ယူရမည်ဖြစ်ပြီး ၎င်းဘာသာရပ်ကို ASCPA မှ တရားဝင် အသိအမှတ် ပြုထားသည်။
အင်္ဂလိပ်စာနှင့် ပတ်သက်၍လည်း အင်္ဂလိပ်စာ Program အသစ်ကို January Intake
မှစတင်၍ လက်ရှိ စနစ်မှ ကျောင်းသားများ အတွက် ပိုမို အဆင်ပြေနိုင်မည့်
သင်ကြားမည့် ကာလအား တိုးချဲ့ သတ်မှတ်ခြင်း၊ အကဲဖြတ်မှုစနစ်ကို စာမေးပွဲ
သီးသန့် စနစ်အစား ကျောင်းသား၏ တိုးတက်မှုကို အကဲဖြတ်နိုင်မည့် Test
စနစ်ထည့်သွင်း ထားကြောင်း သိရသည်။ ထို့အပြင် JCU အမှုဆောင် အဖွဲ့မှ ၂၀၁၂
ခုနှစ်အတွက် ကျောင်းလခ အသစ်များကို အတည်ပြု လိုက်ပြီဖြစ်ပြီး ၂၀၁၁
ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နောက်ပိုင်းတွင် လျှောက်ထား သူများအတွက်သာ
သက်ဆိုင်မည် ဖြစ်သည်။ လက်ရှိ သင်ကြားနေသော ကျောင်းသား ကျောင်းသူများသည်
၂၀၁၁ ခုနှစ် ကျောင်းလခများအတွက် ၎င်းတို့၏ လက်ရှိ စာချုပ်နှင့်သာ
သက်ဆိုင်မည် ဖြစ်သည်။ လက်ရှိ ကျောင်းသားများသည် နောက်ထပ်
သင်ကြားမှုပြရန် စာချုပ် အသစ်ပြုလုပ်မှသာ ကျောင်းလခအသစ်များကို
လျှောက်ထားခွင့် ရှိကြောင်း သိရသည်။ အသေးစိတ် အချက်အလက်များကို CROWN
Education, Summit Parkview Hotel အခန်း ၂၂၈-၂၂၉၊ ဖုန်း-၂၁၁ ၈၈၈
လိုင်းခွဲ - ၂၂၈ နှင့် ၀၉-၇၃၂၇ ၃၂၇၇ တို့တွင် ဆက်သွယ် စုံစမ်းနိုင်သည်။
(21-10-2011)
Source: Internet Journal
Bellerbys College မှချီးမြှင့်မည့် ပညာသင်ထောက်ပံ့ကြေး.
.
.
.
.
. 5
UK ၏ အထင်ကရ မြို့များဖြစ်သော Brighton,
Cambridge, London နှင့် Oxford မြို့များတွင် တည်ရှိသော Bellerbys College
မှ A Level နှင့် Diploma တက်ရောက်မည့် ကျောင်းသားများအတွက် Term အလိုက်
bursary ချီးမြှင့် ပေးသွားမည်ဖြစ်သည်။ A Level တက်ရောက်ချင်သူများအတွက်
2012 January နှင့် 2012 April Inake များလျှောက်ထားနိုင်ပြီး 5 Terms
တက်ရောက်ရမည်ဖြစ်သည်။ Term တစ်ခုစီအတွက် စတာလင်ပေါင် ၆,၄၉၀
ကုန်ကျမည်ဖြစ်ပြီး Scholarship အနေဖြင့် စတာလင်ပေါင် ၁,၀၀၀ မှ ၂,၀၅၀
ပေးအပ်သွားမည် ဖြစ်သည်။ Diploma တန်းအတွက် 2012 January
မှစတင်လျှောက်ထားနိုင်ပြီး Term တစ်ခုလျှင် စတလင်ပေါင် ၅,၆၄၀
ကုန်ကျမည်ဖြစ်ပြီး Term တစ်ခုလျှင် bursary စတာလင်ပေါင် ၁,၉၉၀ ရရှိနိုင်မည်
ဖြစ်သည်။ A Level တက်ရောက်ချင် သူများအနေဖြင့် GCE ’O’ Level(၅) ဘာသာတွင်
Grade C ဖြင့် အောင်မြင်ပြီး သူများလျှောက်ထားနိုင်မည်ဖြစ်သည်။ A Level
Course မှာ Medicine အပါအဝင် အခြားသော Course များအတွက် Degree ရရှိရန်
အထောက်အပံ့ ကောင်းပေးနိုင်သော Course တစ်ခုလည်း ဖြစ်သည်။ Bellerbys College
တွင် နိုင်ငံတကာမှ ကျောင်းသားများအတွက် British University နှင့် လိုက်လျော
ညီထွေစွာ ပညာသင်ကြားနိုင်ရန် စီစဉ် ပေးထားသောကြောင့် A Level Program
မှာကမ္ဘာ့နိုင်ငံကျော် တက္ကသိုလ်များသို့ တက်ရောက်ရန် အကောင်းဆုံးလမ်းကြောင်း
တစ်ခုဖြစ်သည်။ Bellerbys ၏ Diploma ကို စိတ်ဝင်စားသူများအနေဖြင့် တက္ကသိုလ်
ပထမနှစ်အောင်မြင်ပြီး ဒုတိယနှစ်သို့ တက်ရောက်နေသူ ကျောင်းသူကျောင်းသားများ
လျှောက်ထားနိုင်ပြီဖြစ်သည်။ English စာလိုအပ်ချက်အနေဖြင့် IELTS
5.5သို့မဟုတ် TOEFL 513 ရှိရန်လိုအပ်မည် ဖြစ်သည်။ Course အနေဖြင့် Business
and Management, Organizational Behavior, Finance & Accounting,
Economics, Marketing, English ဘာသာရပ်များ အပါအဝင် University Learning,
Study Skills များသာမက Degree First Year နှင့် ညီမျှသည့် Course များပါ
တက်ရောက် သင်ယူနိုင် မည်ဖြစ်သည်။ Bellerbys ၏ Diploma တက်ရောက်ပြီးပါက UK
ရှိ Ranking မြင့်မားသည့် University ကြီးများ၏ Year 2 သို့တိုက်ရိုက်
တက်ရောက်ခွင့် ရမည်ဖြစ်သည်။
(21-10-2011)
Source: Internet Journal
|