|
News
» International News
Singapore,
Malaysia နှင့် UK ရှိ ကျောင်းများ ပါဝင်ပြသမည့် ပညာရေးပွဲတော် ULEC
မှကြီးမှုးကျင်းပမည်.
Singapore, Malaysia နှင့် UK ရှိ ကျောင်းများ ပါဝင်သော နိုင်ငံတကာ
ပညာရေးပွဲတော်ကို Unique Life Education Centre မှ ယခုလာမည့် နိုဝင်ဘာလ
(၄)၇က်နေ့တွင် Park Royal Hotel ၌ နေ့လည် (၁)နာရီမှ ညနေ (၄) နာရီ အထိကျင်းပ
ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပညာရေးပွဲတော်တွင် MDIS, JCU, Kaplan, FTMS Global,
Auston, ERC, Help University College, United World School of business, Shelton
Collage, Dimension International College, TMC Academy နှင့် LSC London စသော
ကျောင်းများမှ ပါဝင်ပြသ ပေးသွားမည်ဖြစ်သည်။ အဆိုပါ ပညာရေး ပွဲတော်တွင် Singapore,
Malaysia နှင့် UK နိုင်ငံများသို့ မြန်မာ ကျောင်းသားများ ကျောင်းတက်ရောက်
သင်ကြားနိုင်ရန် ၀င်ခွင့် လိုအပ်ချက်များ၊ ပြည်ဝင်ခွင့် Visa နှင့် နိုင်ငံတကာ
ပညာရေးအတွက် ရွေးချယ်သင့်သော ဘာသာရပ်များ၊ မြန်မာနိုင်ငံမှ NCC, ABE, CAT, LCCI
ပြီးဆုံးထား သူများအတွက် ဘာသာရပ် ကင်းလွတ်ခွင့်များအကြောင်း၊ မြန်မာနိုင်ငံမှ ဘွဲ့ရ
ကျောင်းသားများအတွက် အရွေးချယ်သင့်ဆုံး MBA ဘာသာရပ်နှင့် Scholarship
အခွင့်အလမ်းများ အကြောင်းကို အဆိုပါပညာရေးပွဲတော်တွင် ကျောင်းသားများအား
တစ်ဦးချင်းစီ အလိုက် ဆွေးနွေးပေးသွားမည်ဖြစ်သည်။ အဆိုပါ ပညာရေးပွဲတော်တွင်
ကျောင်းလျှောက်ထားသူ ကျောင်းသားများအား သက်ဆိုင်ရာ ကျောင်းများ ဘာသာရပ်များအလိုက်
Application Fees လျော့ချပေးခြင်းများ၊ အခမဲ့ Lap-Top နှင့် Scholarship လျှောက်ထား
ခွင့်များရရှိမည် ဖြစ်သည်။
(1-11-2011)
Source: Ko Lin (Myanmar Training)
James Cook University ၏
ပညာရေးဟောပြောပွဲ ULEC မှကြီးမှုးကျင်းပမည်.
စင်ကာပူနိုင်ငံရှိ
James Cook University သို့ ကျောင်းတက်ရောက်လိုသော ကျောင်းသား
များအတွက် ပညာရေး ဟောပြော ဆွေးနွေးပွဲ အား Unique Life Education
Center မှ ကြီးမှုး ကျင်းပမည် ဖြစ်သည်။ အဆိုပါ ပညာရေး ဟောပြော
ဆွေးနွေးပွဲအား November လ (၅)ရက်နေ့တွင် Park Royal Hotel ၌ နံနက်
(၁၀)နာရီမှ နေ့လည် (၁၂) နာရီ အထိ ကျင်းပမည် ဖြစ်သည် ဟု ULEC မှ
သတင်းရရှိသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ၄င်းတက္ကသိုလ်သို့
မြန်မာကျောင်းသားများ တက်ရောက်နိုင်ရန် ၀င်ခွင့် အချက်အလက်များ၊
ဘာသာရပ်များ၊ ဘွဲ့ရ ကျောင်းသားများအတွက် စီးပွားရေး မဟာဘွဲ့ MBA နှင့်
ဝင်ခွင့် အချက်အလက်များ၊ စီးပွားရေးမဟာဘွဲ့ MBA ပြီးဆုံးပါက
အလုပ်အကိုင်ရှာဖွေရန် နေထိုင်ခွင့် (EPEC) (၁) နှစ်အကြောင်း နှင့်
ကျောင်းလျှောက်ထားရာတွင် ကျောင်းသားများ သိသင့်သိထိုက်သော အချက်အလက်
များကို အဆိုပါ JCU ကျောင်း၏ တာဝန်ရှိသူ ကိုယ်တိုင် ULEC နှင့်
ပူးပေါင်း၍ ဆွေးနွေး ပေးသွားမည် ဖြစ်သည်။ အဆိုပါ ပညာရေး
ဆွေးနွေးပွဲတွင် ကျောင်းအပ်နှံသော ကျောင်းသားများ အတွက်လည်း
Application Fees (ကျောင်းဝင်ကြေး) ကင်းလွတ်ခွင့်များ၊
လျော့ချခြင်းများ စသည့် အစီအစဉ် များလည်းရှိကြောင်း JCU ဆွေးနွေးပွဲ
အတွက် အဓိက စီစဉ်သူဖြစ်သည့် Unique Life Education Centre (ULEC) မှ
ပြောကြားခဲ့သည်။
အဆိုပါ ပညာရေး
ဟောပြော ဆွေးနွေးပွဲ ပြုလုပ်သော James Cook University, Singapore (JCU)
သည် Australia James Cook University၏ကျောင်းခွဲဖြစ်ပြီး လက်ရှိ
အချိန်တွင် အဆိုပါ တက္ကသိုလ်၌ စီးပွားရေးပညာရပ်များ၊
သတင်းအချက်အလက်နှင့် နည်းပညာ ဘာသာရပ်များ နှင့် ကွန်ပျုတာ ဘာသာရပ်များ
ကို Bachelor, Master စသည်ဖြင့် သင်ကြားနိုင်သည်။ ထို့အပြင်
၎င်းတက္ကသိုလ်သည် Shanghai Jiao Tong University, 2011 အဖွဲ့၏
ကမ္ဘာ့တက္ကသိုလ်များ၏ ပညာရေးဆိုင်ရာ အဆင့် သက်မှတ်ချက်အရ
ကမ္ဘာတက္ကသိုလ်များ၏ ထိပ်ဆုံး (၄) ရာခိုင်နှုန်းတွင် JCU
သည်ရပ်တည်နေခဲ့သည် ဖြစ်ကြောင်း လည်း သိရှိရသည်။ အဆိုပါဆွေးနွေးပွဲအတွက်
တက်ရောက်လိုသော ကျောင်းသားများနှင့် စိတ်ပါဝင်စားသော
ကျောင်းသား/ကျောင်းသားမိဘ များအတွက် အသေးစိတ် မေးမြန်းလိုပါက ULEC (Inya
Campus) အမှတ် 62/C အင်းလျားလမ်း၊ St.Augustin School ဘေး၊
ကမာရွတ်မြို့နယ်၊ ရန်ကုန်သို့ ဆက်သွယ်နိုင်ပြီး၊ ဖုန်း ဖြင့်
မေးမြန်းလိုသူများအတွက် 09 732 10001 နှင့် 09 513 5115 သို့ ဆက်သွယ်
စုံစမ်းနိုင်ကြောင်း ULEC မှ သတင်းထုတ် ပြန်ထားသည်။
(1-11-2011)
Source: Ko Lin (Myanmar Training)
အင်္ဂလန်တွင်တက်ရောက်ရမည့် ဘာသာရပ်(၁၀)မျိုးအတွက်
ပညာသင်ထောက်ပံ့ကြေး(၅၀%)အထိလျှောက်ထားရယူနိုင်
.
.
.
.
.
. 5
အင်္ဂလန်ပညာသင်ကြားလိုသည့်မြန်မာနိုင်ငံမှကျောင်းသူကျောင်းသားများအနေဖြင့်၊
Accounting and Finance, Business, Computing, Creative Technologies,
Petroleum Engineering ဘာသာရပ်အပါအ၀င် အင်ဂျင်နီ ယာဘာသာရပ်များ Law,
Mathematics နှင့် Science ဘာသာရပ်များသင်ယူလိုပါကပညာသင်ထောက်ပံ့ကြေး (၅၀%)
အထိရွေးချယ်ပေးအပ်သွား မည်ဖြစ်ကြောင်၊
အဆိုပါအစီအစဉ်ကိုစီစဉ်ဆောင်ရွက်ပေးမည့် CROWN Education
မှတာဝန်ရှိသူတစ်ဦးကပြောကြားသည်၊၊ ဖေါ်ပြပါဘာသာရပ်များကို University of
Potrsmouth ၏ အသိအမှတ်ပြု ကောလိပ်ဖြစ်သော International College Portsmouth
(ICP) မှ ဒီဇင်ဘာလ (၂) ရက်နေ့ တွင် Summit Parkview တွင်လာရောက်
ရွေးချယ်သွားမည်ဖြစ်ပါသည်၊၊အင်္ဂလန်နိုင်ငံရှိ International College
Portsmouth (ICP) မှ ပေးအပ်ချီးမြှင့်မည့် undergraduate degrees,
postgraduate degrees နှင့် pre-sessional English course တို့ကို June,
January နှင့် September intake များအတွက် CROWN Education တွင်
စတင်လျှောက်ထားနိုင်ပြီးထူချွန်သောကျောင်းသားကျောင်းသူများထဲမှ 10%, 20%
နှင့် 50% ကိုရွေးချယ်ပေးအပ်သွားမည်ဖြစ်ကာ၊ Accounting and Finance,
Business, Computing, Creative Technologies, Petroleum Engineering
ဘာသာရပ်အပါအ၀င် အင်ဂျင်နီယာဘာသာရပ်များ နှင့် Law, Mathematics နှင့်
Science ဘာသာရပ်များကိုလေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်၊၊
“ဒီပညာသင်ဆုလျှောက်ထားပြီးဆက်လက်တက်ရောက်နိုင်တဲ့ဘာသာရပ်တွေထဲမှာ Civil
Engineering, Electronic Engineering နဲ့  Petroleum Engineering
ဘာသာရပ်တွေပါဝင်ပြီး၊ မြန်မာနိုင်ငံကကျောင်းသားတွေအတွက် အထူးသင့်လျှော်တဲ့
“Sandwich Year” လို့ခေါ်တဲ့ ဒုတိယနှစ်ပြီးရင်
တစ်နှစ်အပြည့်အလုပ်လုပ်ကိုင်ခွင့် အခွင့်အရေး ရမှာဖြစ်တဲ့အတွက် နောက်ဆုံး
နှစ်ပြီးဆုံးတဲ့အခါ အလုပ်အကိုင်ရှာရပိုအဆင်ပြေသွားနိုင်ပါတယ်၊၊ နောက်ပြီး
ဒီအင်ဂျင်နီ ယာပရိုဂရပ်တွေကို ယူကေမှာရှိတဲ့ ICE, IET, IED
စတဲ့အင်ဂျင်နီယာအဖွဲ့ အစည်းတွေက အသိအမှတ် ပြုပါတယ်၊၊” ဟု CROWN Education
မှ ပညာရေး အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားသည်၊၊
Accounting and Finance နှင့် Business ဘာသာရပ်များကို Degree ရရှိပြီးပါက
Master Program များဖြစ်သော MSc Business and Management, MA Marketing, MA
Economics for Business, MSc Finance, MSc Financial Decision Analysis,
MSc Business Economics နှင့် Finance and Banking တို့ကိုဆက်
လက်သင်ယူနိုင်ပြီး၊ Undergraduate Degrees အတွက်
ဝင်ခွင့်ဆိုင်ရာလိုအပ်ချက်များအနေဖြင့် မြန်မာနိုင်ငံမှ IELTS အနည်းဆုံး5.5
ရရှိထားသော တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများလျှောက်ထားနိုင်ပါသည်။
Master Program များအတွက် မြန်မာနိုင်ငံမှ IELTS 6.0 ရရှိထားပြီး၊
သက်ဆိုင်ရာ Bachelor Degree ရရှိထားသူများလျှောက်ထားနိုင်ပါသည်။ ICP သို့
ဝင်ခွင့်ရရှိသော မြန်မာကျောင်းသားကျောင်းသူတိုင်းအတွက် ပညာသင်ထောက်ပံကြေး
10% ပေးသွားမည်ဖြစ်ပြီး၊ ကျောင်းသား တစ်ဦးခြင်းစီ၏ထူးချွန်မှု
ပညာအရည်အချင်းအလိုက် 25% မှ 50% အထိပေးအပ်သွားမည့်အစီအစဉ်ကို ဒီဇင်ဘာ (၂)
ရက်နေ့ နံနက်(၁၁)နာရီတွင် Summit Parkview Hotel
တွင်လာရောက်ရှင်းလင်းပြောကြားမည်ဖြစ်ပါသဖြင့်၊ လျှောက်ထားလိုသူများနှင့်
အသေးစိတ်အချက်အလက်များ ကိုသိရှိ လိုသူများ CROWN Education ရုံးခန်း၊
ဖုန်းနံပါတ်၊ 211 888 (Ext 228/229), 09 732 732 77 တို့တွင်စုံစမ်း
နိုင်ပါသည်၊၊
(26-11-2011)
Source: Ko Lin (Myanmar Training)
Information Technology ဘွဲ့ကို စကာင်္ပူနိုင်ငံတွင်
တက်ရောက်လိုသူများအတွက် သတင်းကောင်း.
STUDY ABROAD Information Centre မှ Traders Hotel (၁၂ နိုဝင်ဘာလ) တွင်
ကြီးမှူးကျင်းပသော PSB Academy ပညာရေး ဆွေးနွေးပွဲတွင် New Zealand
နိုင်ငံ၊ Auckland University of Technology မှ ပေးအပ်သော Bachelor of
Computer and Information Sciences in IT Service Science and Networks
and Security Degree ဘွဲ့ဒီဂရီ ကိုလာမည့် ၂ဝ၁၂ (ဧပြီလ) မှစ၍
သင်ကြားပို့ချမည် ဖြစ်ပါသည်။ အဆိုပါ course သည် စကာင်္ပူနိုင်ငံ CPE
(Counsel for Private Education) ၏ ခွင့်ပြုချက် ကို ယခုနိုဝင်ဘာလ
တွင်ရရှိခဲ့ပါသည်။ PSB Academy သည် New Zealand နိုင်ငံ၏ Auckland
University of Technology (AUT University) နှင့် ချိတ်ဆက်ပြီး၊ ၂ဝ၁၂
ဧပြီ Intake မှ စ၍ Bachelor of Computer & Information Sciences (BCIS)
ပရိုဂရမ်ကို စကာင်္ပူနိုင်ငံတွင် စတင် တက်ရောက် နိုင်မည်ဖြစ်သည်။ AUT
University သည် New Zealand နိုင်ငံ၏ တက္ကသိုလ် (၈)ခုတွင် တစ်ခု
အပါအဝင်ဖြစ်ပြီး၊ ၎င်း၏ technology ပိုင်းဆိုင်ရာ ပို့ချမှု
ကောင်းမွန်သောကြောင့် ပိုလီတက္ကနစ်မှ တဆင့် ဖြစ်ပေါ်လာသော တက္ကသိုလ်
တစ်ခုဖြစ်သည်။ Auckland မြို့တွင် Campus (၄) ခု - City, North Shore,
Manukau, Millenum Campus - ဟူ၍ တည်ရှိသည်။ AUT University သည်
Knowledge Engineering and Discovery, Robotics and AI, Software
Engineering, Radio Astronomy and Space Research, Geo-infomarics
အစရှိသည့် research ပိုင်းများကို အထူးပြုသည့် တက္ကသိုလ် တစ်ခုဖြစ်သည်။
AUT University ၏ IT ပရိုဂရမ် အားသာချက်မှာ လက်တွေ့ IT လောကတွင်
ကြုံတွေ့ရမည် အခက်အခဲများကို ဖြေရှင်းနိုင်ရန် practical ပိုင်းကို
ဦးစားပေး၍ ဖွဲ့စည်းထားသော course တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံမှ တက္ကသိုလ် ဝင်တန်းအောင် ကျောင်းသူ၊ ကျောင်းသားများ
အနေနှင့် ၎င်း Bachelor of Computer & Information Sciences (BCIS)
ပရိုဂရမ်ကို PSB Academy တွက် တက်ရောက်လိုပါက foundation diploma in
cloud computing and application – 16 modules – (15) လမှ
စတင်တက်ရောက်ရမည် ဖြစ်သည်။ Foundation Course ၏ သင်တန်းကြေးမှာ
ကျပ်သိန်းရှစ်ဆယ် ဝန်းကျင် ခန့်ကုန်ကျမည် ဖြစ်ပြီး၊ ဝင်ခွင့်
သတ်မှတ်ချက် အနေနှင့် GCE O’ Level ကို (5) ဘာသာ ဖြေဆို
အောင်မြင်ထားသူများ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ လျှောက်ထား
နိုင်ပါသည်။ Foundation အောင်မြင်ပြီးသူများ နှင့် စကာင်္ပူ ပိုလီ IT
Diploma (၃) နှစ် ပြီးဆုံးထားသူများ သည် PSB Academy တွင် ဘွဲ့ဒီဂရီ
ရရှိရန် - 9 modules နှင့် 1 project - ကို(၁၈) လ တက်ရောက်ရန်သာ
လိုအပ်ပါသည်။ ထို ဘွဲ့ဒီဂရီ (Bachelor of Computer and Information
Sciences in IT Service Science and Networks and Security Degree) သည်
AUT University မှ ပေးအပ်သောဘွဲ့ဒီဂရီ ဖြစ်သည်။ ထို(၁၈) လအတွက်
သင်တန်းကြေးမှာကျပ်သိန်းတစ်ရာ ဝန်းကျင်ခန့် ကုန်ကျမည် ဖြစ်သည်။
Foundation diploma in cloud computing and application ၏ ဘာသာရပ်များ
နှင့် cloud computing အကြောင်း အသေးစိတ် သိရှိလိုပါက STUDY ABROAD
Information Centre - အမှတ် (290-အေ)၊ ပြည်လမ်း (ဒဂုံစင်တာနှင့်
မဟာမြိုင် ဆေးခန်းကြား)၊ မြေနီကုန်း။ ဖုန်း - 09 5151 008၊ 701 331
သို့ ဆက်သွယ် စုံစမ်း နိုင်ပါသည်။
(26-11-2011)
Source:
Ko Lin (Myanmar Training)
Assumption University မှ January Intake အတွက်လျှောက်လွှာစတင်ခေါ်ယူ.
.
.
.
.
. 5
ထိုင်းနိုင်ငံ၏ အဆင့်မြင့်
တက္ကသိုလ်တစ်ခုဖြစ်သော Assumption University မှ Janunary Intake အတွက်
လျှောက်လွှာများ စတင်လက်ခံပေး နေပြီဖြစ်ကြောင်း သိရသည်။ Assumption
University တွင် Bachelor Degree Program ပေါင်း ၄၀ကျော်နှင့် Master
Degree Program ပေါင်း ၅၀ကျော် နှင့် Ph.D Program ပေါင်း ၁၃ ခုကျော်ကို
ဖွင့်လှစ် သင်ကြား ပေးလျက်ရှိပြီး UK, Australia, USA, Germany အစရှိသော
နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးတွဲဖွင့်လှစ်သော Academic Program
များလည်းရှိသည်။ ထို့ပြင် ကမ္ဘာ့အဆင့်မီ ပညာရပ်များကို
သင်ကြားပေးလျက်ရှိပြီး ကျောင်းလခနှင့် နေထိုင်စား သောက်မှုစရိတ်
သက်သာခြင်းကြောင့် နိုင်ငံတကာမှ ဆရာပေါင်း ၁၄၀၀ ကျော်နှင့်
ကျောင်းသားပေါင်း ၃၀၀၀ ကျော်ပညာ သင်ကြားလျက် ရှိသည်။ မြန်မာဆရာ ၅၀
ကျော်နှင့် Ph.D Program ပေါင်း ၁၃ခုကျော်ကို ဖွင့်လှစ်
သင်ကြားပေးလျက်ရှိပြီး UK, Australia, USA, Germany အစရှိသော နိုင်ငံတကာ
တက္ကသိုလ်များနှင့် ပူးတွဲဖွင့်လှစ်သော Academic Program များလည်းရှိသည်။
ထို့ပြင်ကမ္ဘာ့အဆင့်မီ ပညာရပ်များကို သင်ကြားပေးလျက်ရှိပြီး ကျောင်းလခနှင့်
နေထိုင်စားသောက်မှု စရိတ် သက်သာခြင်းကြောင့် နိုင်ငံတကာမှ ဆရာပေါင်း
၁၄၀၀ကျော်နှင့် ကျောင်းသားပေါင်း ၃၀၀၀ကျော် ပညာသင်ကြားလျက်ရှိသည်။
မြန်မာဆရာ ၅၀ ကျော်နှင့် မြန်မာကျောင်းသားပေါင်း ၃၀၀ ကျော် ပညာသင်ကြားနေသော
တက္ကသိုလ် တစ်ခုတည်း ဖြစ်သည်။ Science & Technology, Business
Administration, Arts, Engineering, Communication Arts, Laws,
Biotechnology, Architecture and Design, Music, Nursing အစရှိသော Program
ပေါင်းများစွာကို US System ကိုအခြေခံထားပြီး သင်ကြားပေးသောကြောင့် Credit
System ဖြင့်သင်ကြား ပေးကြောင်း သိရသည်။ သင်ယူနိုင်မှုပေါ်မူတည်၍
လေးနှစ်ကြာမည် Program ကို ၃ နှစ်အတွင်းတွင်လည်း ပြီးနိုင်မည်ဖြစ်သည်။
Assumption University နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို KMD ၏
Overseas Studies Counseling Services ဖုန်း-၃၈၁ ၇၇၆ တွင် ဆက်သွယ်မေးမြန်း
စုံစမ်းနိုင်ကြောင်း သိရသည်။
(1-11-2011)
Source: Internet Journal
|