|
News
» International News
RV! Centre Yangon မှ SP Jain ၏ Global MBA Scholarship အတွက်ခေါ်ယူ.
၂ဝဝ၈ ခုနှစ်မှစ၍ စင်ကာပူနိုင်ငံနှင့် ဒူးဘိုင်းနိုင်ငံများရှိ SP Jain
Centre of Management တွင် Global MBA တစ်နှစ်သင်တန်းတက်ရောက်ရန် RV! Centre Yangon
မှ အမေရိကန်ဒေါ်လာ နှစ်သောင်းတစ်ထောင်တန်ဖိုးရှိ Scholarship ကို
ကျောင်းသားခြောက်ဦး အတွက်ခေါ်ယူခဲ့ရာ ယခုနှစ်အတွက် စတင်ခေါ်ယူထားကြောင်း သိရသည်။
အဆိုပါ Scholarship အစီအစဉ်သည် ၂ဝ၁ဝ ခုနှစ် ဧပြီလ Intake အတွက် ခေါ်ယူခြင်းဖြစ်ပြီး
အမေရိကန်ဒေါ်လာ နှစ်သောင်းတစ်ထောင်တန်ဖိုးရှိ Scholarship ကိုရရှိမည်
ဖြစ်ကြောင်းသိရသည်။ SP Jain ၏ Global MBA အနေဖြင့် အင်္ဂလန်နိုင်ငံရှိ AMBA
(Association of MBA) မှအသိမှတ်ပြုထားပြီး ဘွဲ့လက်မှတ်အပေါ်
အလုပ်အကိုင်ရာခိုင်နှုန်းပြည့် အထောက်အပံ့ပေးထားကြောင်းသိရသည်။
၎င်း Scholarship ကို လျှောက်ထားလိုသူများသည် ဘွဲ့တစ်ခုခုရရှိပြီး
Management ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး သုံးနှစ် (သို့မဟုတ်) IELTS 6.0 (IELTS
5.5 ထက်မနည်းသော) ရမှတ်ရရှိထားမည်ဖြစ်သည်။ လျှောက်ထားသူများသည် ဝင်ခွင့်အတွက်
Admission Test ကို ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်သူများထဲမှ Scholarship အတွက်
ရွေးချယ်သွားမည်ဖြစ်သည်။ အဆိုပါ Scholarship အတွက် လျှောက်လွှာများကို ဖေဖေါ်ဝါရီလ ၁၄
ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်းနှင့် စိတ်ဝင်စားသူများအနေဖြင့်
လျှောက်လွှာနှင့် အသေးစိတ် အချက်အလက်များကို သိရှိလိုပါက RV! Centre Yangon (Head
Office), ဖုန်း - 250388 (လိုင်းခွဲ-352)၊ 541886၊ 551697 နှင့် RV! Centre
(ဖိုးစိန်)၊ အမှတ် 12(G)၊ ဖိုးစိန်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့သို့
ဆက်သွယ်မေးမြန်းနိုင်သည်။
(2-2-2010)
Source: Internet Journal
NTU 2010 August Intake အတွက် M.Sc Program (Coursework)
စတင်လျှောက်ထားနိုင်ပြီ.
စင်ကာပူနိုင်ငံရှိ အစိုးရတက္ကသိုလ်တစ်ခုဖြစ်သော Nanyang Technology
University (NTU) ၏ 2010 August Intake တွင် M.Sc Program (Coursework)
တက်ရောက်လိုသူများအနေဖြင့် စတင်လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း OESC မှသိရသည်။
အဆိုပါ M.Sc Program တွင် (1)Environmental Engineering/ Mechanical Engineering/
Civil Engineering/ International Construction Management/ Power Engineering/
Electronics/ Signal Processing စသည့် အင်ဂျင်နီယာဘာသာရပ်များ၊ (2) Computer
Integrated Manufacturing/ Computer Control and Automation/ Communication
Software and Networks စသည့် ကွန်ပျူတာဘာသာရပ်များအပြင် (3)Information Systems/
Information Studies/ Mass Communication/ Digital Media Technology, (4) Knowledge
Management/ Systems and Project Management, (5) Logistics/ Smart Product Design/
Precision Engineering, (6)Asian Studies/ International Relations/ Strategic
Studies/ Bioinformatics/ Biomedical Engineering အစရှိသည့် ဘာသာရပ်များ
လျှောက်ထားနိုင်ကြောင်းသိရသည်။ အသေးစိတ်အချက်အလက်များသိရှိလိုပါက OESC ဖုန်း -
519092 ၊ 09 5086819 သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
(2-2-2010)
Source: Internet Journal
စင်ကာပူတွင်အလုပ်ရှာရင်း ကျောင်းတက်လိုသော အင်ဂျင်နီယာများအတွက် ME နှင့်
MBA ဘွဲ့လွန်သင်တန်းများ.
စင်ကာပူတွင်အလုပ်ရှာရင်း ကျောင်းတက်လိုသော အင်ဂျင်နီယာများအတွက် ME
နှင့် MBA ဘွဲ့လွန်သင်တန်းများကို တက်ရောက်နိုင်ကြောင်း သိရသည်။
အင်ဂျင်နီယာဘွဲ့ (B.E) နှင့်နည်းပညာဘွဲ့က (B.Tech) ရရှိထားသူများသည် RMIT
University (Australia) မှပေးအပ်ချီမြှင့်သော M.E (Engineering Management)
ဘာသာရပ်ကို SIC တွင်လည်းကောင်း Coventry University (UK) မှ
ပေးအပ်ချီးမြှင့်သော MBA (Engineering Management) နှင့် Post Graduate
Diploma in Engineering Management ဘာသာရပ်များကို Autoson Institute
တွင်လည်းကောင်း တက်ရောက်နိုင်ကြောင်း သိရသည်။၎င်းဘွဲ့ရရှိပြီးသူများသည်
စင်ကာပူနိုင်ငံတွင်တရားဝင်အလုပ်ရှာခွင့် (EPEC)
တစ်နှစ်လျှောက်ထားနိုင်ပြီး၊ အဆိုပါဘွဲ့လွန်များအတွက် လျှောက်ထား
လိုသူများသည် Tip Top International Education Service Provider ဖုန်း -
539791 ၊ 02-64378 တွင်ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
(2-2-2010)
Source: Internet Journal
Food & Beverages And Culinary နှစ်နှစ်သင်တန်းအတွက်
သင်တန်းသားများခေါ်ယူမည်.
မလေးရှားနိုင်ငံရှိ Nyonya Chain of Restaurants မှ Food & Beverages
and Culinary Cert နှစ်နှစ်သင်တန်းကို ၂ဝ၁ဝ ခုနှစ်အတွက်
သင်တန်းသားများခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းအတွက် လူအယောက် ၁ဝဝ
ခေါ်ယူမည်ဖြစ်ပြီး အယောက် ၅ဝ တစ်ခါနှစ်ဖွဲ့ခွဲ၍ ခေါ်ယူမည် ဖြစ်သည်။
သင်တန်းကာလမှာ နှစ်နှစ်ဖြစ်ပြီး Student Visa ဖြင့်ခေါ်ယူမည်ဖြစ်ပြီး
ကုန်ကျစရိတ်မှာ US $ 1500 ကုန်ကျမည်ဖြစ်သည်။ သင်တန်းကာလအတွင်းတွင် နေစရိတ်၊
စားစရိတ်ပေးရန်မလိုသည့်အပြင် OJT (On Job Training) အတွက်လစဉ် Rm 400
ရရှိမည်ဖြစ်ပါသည်။ ၎င်းသင်တန်းကို အသက် ၁၈ နှစ်မှ ၃ဝ နှစ်အထိရှိသူ
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ အင်္ဂလိပ်စာအခြေခံရှိသူများ
လျှောက်ထားနိုင်ကြောင်း သိရသည်။ Passport လျှောက်ထားစဉ်အချိန်တွင် Jenko မှ
အခြေခံအင်္ဂလိပ်စာနှင့် BAHASA (Malay) Language ကို သင်ကြားပေးမည်ဖြစ်သည်။
လျှောက်ထားလိုသော ကျောင်းသူကျောင်းသားများအနေဖြင့် Jenko Goup of Educare
Service ဖုန်း - 09 5062891 တွင် လျှောက်လွှာများရယူနိုင်ကြောင်းသိရသည်။
(2-1-2010)
Source: Internet Journal
အရှေ့တောင်အာရှတွင် ကျယ်ပြန့်လာသော အင်ဂျင်နီယာပညာရပ် သင်ကြားမှုများနှင့်
အလုပ်အကိုင်အခွင့်အလမ်းများ.
အင်္ဂလန်နိုင်ငံ စကော့တလန်ပြည်နယ်ရှိ သက်တမ်းအရင့်ဆုံးနှင့်
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခု ဖြစ်သော University of Glasgow မှ အင်ဂျင်နီယာ
ဘွဲ့များကို ယခုအခါ ပထမဦးဆုံးအနေဖြင့် စင်ကာပူနိုင်ငံမှ နာမည်ကြီး
တက္ကသိုလ်ဖြစ်သည့် Management Development Institute of Singapore (MDIS)
မှတဆင့်တက်ရောက်သင်ယူ နိုင်ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရှိ စင်ကာပူပညာရေး
ကျွမ်းကျင်လက်မှတ်ရ AT&Co.,..Ltd မှသိရသည်။ MDIS မှာ Mechanical
Engineering နဲ့ Mechanical Design Engineering ဘာသာရပ်တွေကို
အဆင့်မြင့်အင်ဂျင်နီယာ ဒီပလိုမာသင်တန်းတက်ပြီးရင် အင်္ဂလန်နိုင်ငံရှိ
University of Glasgow မှာ Bachelor နဲ့ Master ဘွဲ့သင်တန်းတွေအတွက်
ဆက်လက်တက်ရောက်ရမှာဖြစ်ပါတယ် ဟု AT & S Co.,Ltd. မှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံမှ ကျောင်းသူ ကျောင်းသားများအနေဖြင့် University of
Glasgow ၏ တရားဝင် အသိအမှတ်ပြု Higher Diploma in Mechanical Engineering
(သို့မဟုတ်) Mechanical Design Engineering အားတက်ရောက်လိုပါက
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရူပဗေဒနှင့်သင်္ချာဘာသာရပ်များ၌
ဂုဏ်ထူးမှတ်နီးပါးရရှိရမည်ဖြစ်ပြီး ဘာသာရပ်များအားလုံး၏ စုစုပေါင်းရမှတ်မှာ
၄၂ဝ ထက်မနည်း ရရှိထားရမည်ဖြစ်သည်။ Higher Diploma တက်ရောက်ရမည့်ကာလမှာ ၃
နှစ်ကြာမြင့်မည်ဖြစ်ပြီး ကျောင်းလခစင်ကာပူ ဒေါ်လာ သုံးသောင်းကိုးထောင်ခန့်
ကုန်ကျမည်ဖြစ်သည်။ ၂ဝ၁ဝ ခုနှစ်၏ ကျောင်းဝင်ခွင့်ကာလမှာ ဧပြီလတွင်
စတင်ဖွင့်လှစ်မည်ဖြစ်သည်။ Mechanical Engineering နဲ့ Mechanical Design
Engineering ဘာသာရပ်နှစ်ခုစလုံးအတွက် ပထမနှစ်နှင့် ဒုတိယနှစ်၏ သင်ယူရမည့်
ဘာသာရပ်များမှာ တူညီမှုရှိပြီး တတိယနှစ်တွင် သက်ဆိုင်ရာ
အထူးပြုဘာသာရပ်အလိုက် သင်ကြားရမည့်ဘာသာများ ကွဲပြားသွားမည်ဖြစ်သည်။
တကယ်လို့် Higher Diploma ဝင်ခွင့် သတ်မှတ်ချက်မမီခဲ့ဘူးဆိုရင် MDIS
ရဲ့ အင်ဂျင်နီယာဒီပလိုမာသင်တန်းကို ၈ လတက်ရမယ်။ ပြီးမှ Higher Diploma
တန်းကို ဆက်လက်တက်ရောက်ခွင့် ရမှာဖြစ်ပါတယ်။ ဒီပလိုမာသင်တန်းအတွက်လည်း
ဝင်ခွင့်သတ်မှတ်ချက် တွေရှိပါတယ် ဟု AT&S မှ တာဝန်ရှိသူက
ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံမှ AGTI နှင့် B.Tech
အောင်မြင်ပြီးသူများအတွက် ဘာသာရပ်အလိုက် ကင်းလွတ်ခွင့်များရရှိနိုင်မှာမို့
အချိန်ရော ကျောင်းလခပါ သက်သာသွားမှာဖြစ်ပါတယ်။ University of Glasgow ရဲ့
အင်ဂျင်နီယာဒီဂရီတွေကို Washington Accord က အသိအမှတ်ပြုထားတာဖြစ်လို့
အင်္ဂလန်နိုင်ငံအပြင် အမေရိကန်နိုင်ငံမှာပါ အလုပ်အကိုင်အခွင့်အလမ်းတွေ
ကောင်းကောင်းရရှိနိုင်ပါပြီ ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။University of
Glasgow သည် စင်ကာပူနိုင်ငံ Ministry of Manpower မှ
တရားဝင်အသိအမှတ်ပြုထားသည့် တက္ကသိုလ်ဖြစ်သဖြင့် ဘွဲ့ရ ရှိပြီးပါက
စင်ကာပူနိုင်ငံတွင်လည်း EPEC (Empolyment Permit Eligibility Certificate)
ကို လျှောက်ထားနိုင်ကြောင်းသိရှိရသည်။ အသေးစိတ်သိရှိလိုပါက AT&S Co.,ltd.
ဖုန်း-521125 နှင့် 652288 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရှိရမည်။
(2-2-2010)
Source: Internet Journal
|