Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' မှ ပေးသော Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


News » International News

Edinburgh Business School (Heriot-Watt University) ၏ MSc Marketing Course ကို Singapore နိုင်ငံရှိ EASB (East Aisa Institute of Management) တွင်တက်ရောက်သင်ကြားနိုင်.

မြန်မာနိုင်ငံတက္ကသိုလ်များမှ ဘွဲ့ရရှိထားသော ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် UK နိုင်ငံ၏အထင်ကရ တက္ကသိုလ်တစ်ခုဖြစ်သည့် Edinburgh Business School (Heriot-Watt University) မှပေးအပ်မည့် MSc Marketing ဘွဲ့လွန်ဘာသာရပ်ကို EASB (East Aisa Institute of Management) တွင်တက်ရောက်သင်ကြားနိုင်ကြောင်း၊ EASB ၏ တရားဝင်ကိုယ်စားလှယ်ဖြစ်သည့် Future Way Education & Services မှ သိရှိရသည်။ “ ဒီ MSc Marketing Course ကိုမည်သည့်ဘွဲ့ရမဆို တက်ရောက်သင်ကြားနိုင်ပါတယ်။ Business နဲ့ဘွဲ့မရတဲ့သူတွေ အတွက်ပါစီစဉ်ထားတဲ့ သင်ရိုးဖြစ်ပါတယ်။  တက်ရောက် သင်ကြားမယ့် သူတွေအနေနဲ့ စုစုပေါင်း ၉ ဘာသာကို Semester 3 ခုနဲ့ တစ်နှစ်ခွဲ သင်ကြားရမှပါ။ Semester 1 (Term 1) ခုကို ၃ ဘာသာသင်ကြားရပြီး ၃ ဘာသာဖြေဆိုရမှဖြစ်ပါတယ်။

ဒါကြောင့်လွယ်လွယ်ကူကူနဲ့ တန်ဖိုးရှိတဲ့ MSc ဘွဲ့လွန်တစ်ခုရနိုင်မှာပါ။” ဟု Future Way Education & Services မှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရပါသည်။ ၎င်း MSc Marketing ကို တက်ရောက်သင်ကြားသူများအနေဖြင့် CIM Professional Diploma ရရှိထားသူဖြစ်ပါက ၄ ဘာသာ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး ၅ ဘာသာကိုသာ ၁ နှစ်နှင့် သင်ကြားရမည်ဖြစ်ကြောင်းလည်းသိရှိရသည်။ သင်ကြားရမည့် စုစုပေါင်း ၉ ဘာသာကို Term 1 တွင် Marketing, Quantitative Methods နှင့် Consumer Behaviour, Term 2 တွင် Marketing Research, Negotiation, International Marketing, Term 3 တွင် Service Marketing, Marketing Channels, Marketing Communication တို့ဖြစ်သည်။ သင်ကြားမည့်သူများအနေဖြင့် IELTS 6.0 သော်လည်းကောင်း၊ ၎င်းနှင့်ညီမျှသည့် TOEFL သော်လည်းကောင်း လိုအပ်မည်ဖြစ်သည်။

IELTS (သို့) TOEFL မရှိသူများအနေဖြင့် မိမိတို့၏ English စာအရည်အချင်းစစ်စာမေးပွဲကို Future Way တွင်ဝင်ရောက်ဖြေဆိုနိုင်ပြီး၊ ရရှိသော အမှတ်များသည် IELTS 6.0 နှင့် ညီမျှပါက တိုက်ရိုက်တက်ရောက်သင်ကြားနိုင်ကြောင်းသိရှိရသည်။ တက်ရောက်သင်ကြားနိုင်သည့် Intake များမှ January နှင့် July လများဖြစ်ပြီး စုစုပေါင်းကျောင်းလခမှာ Singapore Dollar 28482/- (including 7% GST) ကျသင့်မည်ဖြစ်ပြီး ပေးသွင်းရမည့်ကျောင်းလခများကို ခွဲသွင်းနိုင်ကြောင်းသိရှိရပါသည်။ အသေးစိတ်အချက်အလက်များကို Future Way C., Ltd- Phone 241099 နှင့် 254185 တွင်မေးမြန်းစုံစမ်းနိုင်ကြောင်း နှင့် http://www.easb.edu.sg တွင်လည်းဝင်ရောက် လေ့လာနိုင်ကြောင်း သိရှိရပါသည်။

(5-2-2010)
Source: Ko Lin (Myanmar Training)


NUS တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မဟာဘွဲ့ပညာသင်ဆုလျှောက်ထားနိုင်.

စင်ကာပူအမျိုးစား တက္ကသိုလ် (National University of Singapore NUS) တွင်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်း M.Sc(Environmental Management) အား ပညာသင် ဆုလျှောက်ထားနိုင်ကြောင်းသိရသည်။ ပညာသင်ဆုလျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် အချိန်ပြည့်လုပ်ငန်းခွင်အတွေ့အကြုံနှစ်နှစ်ရှိရမည်ဖြစ်သည်။ လျှောက်ထားချိန်တွင် အသက် ၃၅နှစ် ထက်မကျော်လွန်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အခြားမဟာဘွဲ့တစ်ခုခုရရှိပြီးသူများနှင့်အခြားနိုင်ငံများတွင် ပညာသင်ဖူးသူများအား ယင်းပညာသင်ဆုအတွက် ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း သိရသည်။ ပညာသင်ဆုအပြင် ပုံမှန်သင်တန်း ၂ဝ၁ဝ သြဂုတ်ဝင်ခွင့်အတွက်လည်း အထက်ပါ မဟာဘွဲ့အား လျှောက်ထားနိုင်ပြီး ပုံမှန် လျှောက်ထား လိုသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်သက်နှစ်နှစ်ရှိပြီးသူဖြစ်ရ မည်။ လျှောက်ထားမှု နှစ်ခု စလုံးအတွက် ဘာသာစကားလိုအပ်ချက်မှာ IELTS 6.0 သို့မဟုတ် TOEFL 580 ရှိရမည်ဖြစ်သည်။ ယင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှု မဟာဘွဲ့အား NUS လက်အောက်ရှိ School of Design and Environment တွင်တက်ရောက်ရမည်ဖြစ်သည်။

(5-2-2010)
Source: 7Days New Journal


ဗြိတိန်ကျောင်းသားဗီဇာအတွက်ဗီဇာ စာကို အွန်လိုင်းမှပို့ပေးမည်.

ဗြိတိန်ကျောင်းသားဗီဇာအတွက် Visa Letter ကိုဖေဖော်ဝါရီလမှစတင်၍ အွန်လိုင်းမှတစ်ဆင့်ပေးပို့ တော့မည်ဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်ကျောင်းများသည် Visa Letter ကိုစာဖြင့် ကျောင်းသားထံသို့တိုက်ရိုက်ပေးပို့လျက်ရှိပြီး ကျောင်းသားများသည် ၄င်း Visa Letter ဖြင့် ဗြိတိသျှသံရုံးတွင် ကျောင်းသားပြည်ဝင်ခွင့်သွားရောက်လျှောက်ထားကြရသည်။ ဖေဖော်ဝါရီ ၁၅ ရက်မှစတင်၍ သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များသည် Visa Letter ကို UK Border Agency သို့တိုက်ရိုက်ပေးပို့ရမည်ဖြစ်ပြီး ၄င်းမှတစ်ဆင့် သက်ဆိုင်ရာ ဗြိတိသျှသံရုံးသို့ အွန်လိုင်းမှ ပေးပို့မည်ဖြစ်သောကြောင့် ကျောင်းသားများထံ Visa Letter ရောက်ရှိလာတော့မည်မဟုတ်ကြောင်း ပညာရေး ကျွမ်းကျင်သူတစ်ဦးကပြောသည်။

“ကျောင်းသားတွေ ဒီကလျှောက်ထားတဲ့အပိုင်းကတော့အပြောင်းအလဲမရှိပါဘူး၊ Visa Letter ကတော့ ကျောင်းသားတွေဆီရောက်လာတော့မှာ မဟုတ်ပါဘူး။ ကျောင်းသားတွေ သတိထားရမယ့်အချက်ကတော့ သံရုံးမှာ ဗီဇာသွားလျှောက်တဲ့အခါမှာကျောင်းဝင်ခွင့်လျှောက်တုန်းက အရည်အချင်း အသိ အမှတ်ပြု လက်မှတ် တွေအတိုင်း လျှောက်ရမှာပါ” ဟု ၄င်းကပြောသည်။ ၂ဝဝ၉ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် အသစ်ပြဌာန်းလိုက်သောဗီဇာပုံစံသစ်ကြောင့် ဗြိတိန်နိုင်ငံသည် နိုင်ငံရပ်ခြားကျောင်းသားများစွာ လက်ခံရရှိခဲ့ပြီး ယခုအခါကျောင်းသားများ အမှန်တကယ်ကျောင်းတက်ရောက် မှုရှိ၊ မရှိကို အစီရင်ခံရန် သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်ကျောင်းများအနေဖြင့် တင်းကျပ်စွာလမ်းညွှန်မှု ခံလျက်ရှိကြောင်း ၄င်းကဆက်လက်ရှင်းပြသည်။

(5-2-2010)
Source: 7 Days New Journal

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats