Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' မှ ပေးသော Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


News » International News

ဖူးလ်ဘရိုက်ပညာသင်ဆုများဖိတ်ခေါ်.

အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များတွင် မဟာဘွဲ့တက်ရောက်ရန် ၂ဝ၁၁ - ၁၂ ပညာသင်နှစ်အတွက် ဖူးလ်ဘရိုက် ပညာသင်ဆုများကို လျှောက်ထားရန်ဖိတ်ခေါ်နေပြီဖြစ်သည်။ အဆိုပါပညာသင်ဆုအစီအစဉ်အရမဟာဘွဲ့တက်ရောက်လိုသည့်မြန်မာသင်တန်းသားများအားပညာသင်ထောက်ပံ့ကြေးကို အပြည့်အဝပေးအပ်သွားမည်ဖြစ်သည်။ လျှောက်လွှာများကိုအမေရိကန်စင်တာတွင် ရယူနိုင်ပြီဖြစ်ပြီး၊ အီလက်ထရွန်းနစ် လျှောက်လွှာများကိုလည်း http://foreign. fulbrightonline.org/fulbrightpage.htm တွင် ရယူနိုင် ကာ မေလ ၁ ရက်နေ့ နောက်ဆုံးထား၍ အမေရိကန်စင်တာသို့ လျှောက်လွှာများ ပေးပို့ရမည်ဖြစ်သည်။

(19-2-2010)
Source: Myanmar Times Journal


UK တွင် Undergraduate ဘာသာသင်ယူသူများ တပတ် ၁ဝ နာရီသာအလုပ်လုပ်ခွင့်ရှိ.

UK တွင် ကျောင်းတက်မည်ဆိုပါကအထူးသဖြင့် Part-Time ကိုအားကိုးပြီးတတ်ချင်တဲ့ ကျောင်းသား/သူများအတွက်သတိထားစရာအချက်က UK Border Agency က ထုတ်ပြန်ထားတဲ့ သတင်းလေးတစ်ပုဒ်ကို ကျောင်းသား/သူတွေအတွက် အကျိုးရှိမယ်ထင်လို့ မျှဝေလိုက်ပါတယ်။ အထူးသဖြင့် Undergraduate ဆိုရင် တပတ် ၁ဝ နာရီပဲအလုပ်လုပ်ခွင့်ရရှိတော့မှာဖြစ်ပြီး အင်္ဂလိပ်စာကျွမ်းကျင်မှုလိုအပ်ချက်ကိုလည်းပိုပြီးကန့်သတ်လာတာတွေ့ရပါသည်။ နောက်တခုအရေးကြီးတာ က၊ တကယ်လို့ ဒီရက်တွေထဲမှာ ကျောင်းလျှောက်ထားပြီးပြီဆိုရင် Visa Letter ကို ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး အသုံးပြုရမည်ဖြစ်ပြီး ၂၁ ရက်ကျော်သွားရင် အဲဒ်ီမတိုင်ခင်ထုတ်ထားတဲ့ Visa Letter လည်းအကြုံးမဝင်တော့ပါဘူး။ Degree Level အောက် သင်ယူနေသော ကျောင်းသားများမှာလည်း ယခင်က မှီခိုသူတယောက် ခေါ်ခွင့်ရှိသော်လည်း ယခု ဥပဒေသစ်တွင် ခေါ်ယူခွင့်မရှိတော့ပေ။

အသေးစိတ်ကိုwww.crown.education.comတွင်ထပ်မံကြည့်ရှု့နိုင်ပါသည်။ ထပ်မံပြီး မေးမြန်း လိုပါက Crown Education ဖုန်း - 211888 Ex 2281229, 095085185 သို့ဆက်သွယ် မေးမြန်း နိုင်ပါသည်။

(19-2-2010)
Source: Ko Lin (Myanmar Training)


စင်ကာပူ TMIS ကျောင်းတွင် Tavel and Tourism ဘာသာရပ်များကိုသင်ယူနိုင်.

TMIS ကျောင်းတွင် Australia နိုင်ငံ၏ Southern Cross University မှ Singapore Campus တခုအနေဖြင့် လာရောက်ဖွင့်လှစ်ထားခြင်းဖြင့် Travel and Tourism နှင့်ပတ်သက်သော Program များကို အဓိကထား သင်ကြားပေးနေသည်။ သင်ကြားပေးနိုင်သော ဘာသာရပ်များမှာ-
1. Bechelor of Business in Tourism Management
2. Certificate in Advanced English for young Tourism Management
3. IATA UFTAA Travel and Tourism Diploma
4. Dip in Tourism စသည့်ဘာသာရပ်များကို သင်ကြားနိုင်ပါသည်။

Bechelor of Business in Tourism Management ဘွဲ့ကို တက်ရောက်လိုသူများသည် စင်္ကာပူနိုင်ငံ၏ IMIS ကျောင်းတွင်ခုနှစ်တာ ပညာသင်ကြား ရမည်ဖြစ်သည်။ လိုအပ်သော ဝင်ခွင့်အရည်အချင်းများမှာ အသက် ၁၆ နှစ်မှ ၁၉ နှစ်ကြားရှိရမည်ဖြစ်ပြီး GCE ‘O’ Level (သို့) TOEFL (550) သို့ IMIS English Entrance ကို ဖြေဆိုထားပြီး မှသာ ထိုဘွဲ့ကိုရရှိနိုင်မည်ဖြစ်သည်။ ဘွဲ့ကာလကြာမြင့်ချိန်မှာ (၃) နှစ်ဖြစ်ပြီး WSQ (သို့) IATA UFTAA Dip ရှိထားသူများသည် ၂ နှစ်ခန့်သာတက်ရောက်ရမည်ဖြစ်သည်။ Bechelor of Business in Tourism Management ဖြင့်ဘွဲ့ရရှိထားသူများသည် ကမ္ဘာပေါ်တွင်ရှိသော ကမ္ဘာလှည့် ခရီးသွားခြင်းနှင့် ဟိုတယ်ဆိုင်ရာ စီမံခန့်ခွဲရာတွင် ကျွမ်းကျင်စွာ ဦးဆောင်နိုင်မည်ဖြစ်သည်။

TMIS ကျောင်းနှင့်ပတ်သက်ပြီးအသေးစိတ်ထပ်မံသိလိုပါက Myanmar Search International Service Co.,Ltd အမှတ် (၂၃၄)၊ ရွှေဘုံသာလမ်း (အလယ်)၊ ဒုတိယထပ် (ညာ)၊ ပန်းဘဲတန်းမြို့နယ်၊ ဖုန်း - 389915 ၊ 250929 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

(19-2-2010)
Source: Ko Lin (Myanmar Training)


စင်္ကာပူ TMIS ကျောင်း၏ Tourism Program များ.

Singapore နိုင်ငံ၏ Ministry of Education (MOE) အဖွဲ့က TMIS ကျောင်းကို ကိုယ်ပိုင်ကျောင်းတခုအဖြစ် 2005 ခုနှစ်ကတည်းက အသိအမှတ် ပြုထားခြင်း ဖြစ်သည်။ ထို့ပြင် SQC နှင့် PEO လက်မှတ် ရရှိထားပြီး ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ သင်ကြားရေးနှင့် ပတ်သက်သော လေ့ကျင့်မှုကို အဓိကထား၍ သင်ကြားပေးနေသော ကျောင်းတကျောင်းဖြစ်သည်။ TMIS ကျောင်းအနေဖြင့် Tourism Foundation Diploma သင်တန်းကို ဖွင့်လှစ်ထားပြီး ၎င်းသင်တန်းပြီးဆုံးပါက Bechelor ဘွဲ့ကို တက်ရောက်နိုင်မည် ဖြစ်သည်။ သင်တန်းကာလမှာ ၁ နှစ်ခန့်ကြာမြင့်မည်ဖြစ်သည်။ International Air Transport Association (IATA) သည် Tourism နှင့်ပတ်သက်သော Dip ကိုအထူးသင်ကြားပေးနေပြီး (၁၉၁၉) ကတည်းက စ၍ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

၎င်းအဖွဲ့အစည်းသည် ကမ္ဘာနိုင်ငံအနှံ့အပြားသို့ ပြေးဆွဲနေသော လေကြောင်းလိုင်းပေါင်း (၂၈ဝ) ကျော်နှင့် ပူးပေါင်းလုပ်ကိုင် နေသောကြောင့် အလုပ်အကိုင်အခွင့်အလမ်းများကို လွယ်ကူလျှင်မြန်စွာ ရရှိနိုင်မည်လည်း ဖြစ်သည်။ United Federation of Travel Agents Association (UFTAA) အဖွဲ့အစည်း တွင်လည်း Travel and Tour နှင့်ပတ်သက်သော သင်တန်းကို ဖွင့်လှစ်ပေးထားပြီး သင်တန်းကာလမှာ တစ်နှစ်ကြာမြင့်မည် ဖြစ်သည်။ ၎င်းအဖွဲ့အစည်းသည် ကမ္ဘာပေါ်တွင်ရှိသော ခရီးသွားလုပ်ငန်းများတွင် အကြီးမားဆုံးနှင့် အဆင့်အတန်းအမြင့်ဆုံး အဖွဲ့အစည်း တစ်ခုဖြစ်ပြီး နိုင်ငံ ၁၁၄ နိုင်ငံမှ ခရီးသွားလုပ်ငန်းများနှင့် လည်းပူးပေါင်း လုပ်ကိုင်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

(19-2-2010)
Source: Ko Lin (Myanmar Training)


ကမ္ဘာကျော်တက္ကသိုလ်ကြီးများသို့ ဝင်ခွင့်ရရှိနိုင်မည့်လမ်းကြောင်း ရွေးချယ်တက်ရောက်နိုင်.

မြန်မာနိုင်ငံရှိ ကျောင်းသားအများစုတို့သည် နိုင်ငံတကာရှိ တက္ကသိုလ်ကြီးများသို့ ကျောင်းတက်ရောက် နိုင်ရန် ဝင်ခွင့်ရရှိရေးအတွက် GCE ‘O’, iGCSE, GMAT, SAT အစရှိသည်တို့ကို သင်ကြားကြပါသည်။ အထူးသဖြင့် ယခုအခါ မြန်မာကျောင်းသားများနှင့် မိဘများသည် GCE ‘O’ နှင့် GCE ‘A’ Level တို့ကို ပို၍ စိတ်ဝင်စားလာကြပါသည်။ အဆိုပါ GCE ‘O’, ‘A’ Level ပြီးမြောက်ထားပြီးသော ကျောင်းသား/ သူများသည် ကမ္ဘာကျော် တက္ကသိုလ်များသို့ ဆေးကျောင်း၊ အင်ဂျင်နီယာ၊ စီးပွားရေး အစရှိသည့် သက်ဆိုင်ရာ အထူးပြု ဘာသာရပ်များကို ဝင်ခွင့်ရရှိစေရန် လျှောက်ထားနေကြပါသည်။ ထိုသို့ နိုင်ငံတကာရှိ ကမ္ဘာကျော် တက္ကသိုလ်ကြီးများသို့ သက်ဆိုင်ရာအထူးပြု ဘာသာရပ်အလိုက် သေချာပေါက်ဝင်ခွင့်ရရှိရန် မည်သို့မည်ပုံ ပြင်ဆင်ရမည်၊ မည်သည့်လမ်းကြောင်းများက သေချာမှု
ရှိသည်တို့ကို ကမ္ဘာကျော် Top University များသို့ မြန်မာကျောင်းသားများကို ဆေးပညာရပ်၊ အင်ဂျင်နီယာ ပညာရပ်တို့အတွက် ဝင်ခွင့်နှင့်ပညာသင်ဆုများ ရရ စေရန် နှစ်ပေါင်းများစွာ အကြံပေး ဆောင်ရွက် နိုင်ခဲ့သည့် British School တစ်ခု မှ မန်နေဂျာမှ လာရောက် ဟောပြောမည် ဖြစ်ပါသဖြင့် တက်ရောက်လိုသူများ အနေဖြင့် 374747 , 374748 သို့ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်ရှင်းလင်းဟောပြောပွဲကို မတ်လ (၁၁) ရက် ကြာသပတေးနေ့ ၃ နာရီမှ ၄ နာရီခွဲအတွင်း Smart Resource ရုံးခန်း တည်ရှိရာ MWEA Tower, အခန်း နံပါတ် (၁ဝ၄)၊ ရွှေတိဂုံဘုရားလမ်းနှင့် ယောက်လမ်းထောင့် တွင် ပြုလုပ်မည် ဖြစ်ပါသည်။

(19-2-2010)
Source: Ko Lin (Myanmar Training)

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats