Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' မှ ပေးသော Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


News » International News

KOICA မှအစိုးရအရာထမ်းများအားမဟာဘွဲ့ပညာသင်ဆု ၁ဝ ဆုချီးမြှင့်မည်.

ကိုရီးယားနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(KOICA)မှမြန်မာနိုင်ငံရှိ အစိုးရဌာနများတွင် အလုပ်လုပ်လျက်ရှိသည့် အရာထမ်းများအား မဟာဘွဲ့ ပညာသင်ဆု ၁ဝ ဆုအား ယခုနှစ်အတွင်း၌ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ယခုလက်ရှိပထမအသုတ်အနေဖြင့် International Studies (Women and Development)၊ International Development နှင့် International Business စသည့်ဘာသာရပ်များအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမဝါယမဝန်ကြီးဌာနတို့မှအရာထမ်း ၃ ဦးသွားရောက်သင်ကြားကြမည်ဖြစ်သည်။ ယခုပထမ အသုတ်တွင်အဓိကဘာသာရပ် ၄ခုအတွက် ဝန်ကြီးဌာန ၄ ခုမှရွေးချယ်ထားခဲ့သော်လည်း Public Policy ဘာသာရပ်တက်ရောက်မည့်သူမှာ စံ သတ်မှတ်ချက် ပြည့်မီခြင်းမရှိသဖြင့် တက်ရောက်နိုင်ခြင်း မရှိကြောင်းသိရသည်။ ဆက်လက်၍ KOICA မှ International Development, Korea Economy and Development, Global e-Government & e-Policy, International Development, Fishery နှင့် Agriculture & Rural Development စသည့် ဘာသာရပ်များအားလည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာထမ်းများအား ပညာသင်ဆုဆက်လက်ပေးအပ်သွားမည်ဖြစ်သည်။

KOICA သည်အစိုးရချင်းပညာသင်ဆုပေးအပ်ခြင်းအစီအစဉ်အား ၂ဝဝ၃ ခုနှစ်ကတည်းကစတင်ခဲ့ခြင်းဖြစ်ပြီး ပြင်ပပုဂ္ဂိုလ်များအတွက် ပညာသင်ဆု ပေးအပ်ရန်အစီအစဉ်မရှိသေးကြောင်း သိရသည်။

(26-2-2010)
Source: 7 Day News Journal


စင်ကာပူ NTU မှနည်းပညာဘွဲ့လွန် သင်တန်းလျှောက်ရန် နောက်ဆုံးရက်သတ်မှတ်,

အင်ဂျင်နီယာဘွဲ့ရများနှင့် ကွန်ပျူတာဘွဲ့ရများအတွက်စင်ကာပူနိုင်ငံရှိ Nanyang Technology University (NTU)မှနည်းပညာဘွဲ့လွန် သင်တန်းများအား လာမည့် ၂၈ ရက်နေ့နောက်ဆုံးထား လျှောက်ထား နိုင်ကြောင်းသိရသည်။ ဘွဲ့လွန်သင်တန်းများအားလျှောက်ထားရာတွင် မိမိတို့ရရှိထားသည့်ဘွဲ့၊ လုပ်ငန်း အတွေ့အကြုံ၊ အင်္ဂလိပ်စာကျွမ်းကျင်မှုအလိုက် သင့်တော်သည့်ဘာသာရပ်အား လျှောက်ထားမှသာ ဝင်ခွင့်ရရန်နီးစပ်မှုရှိပြီး ကျောင်းသား အများစု စိတ်ဝင်စားသည့် ဘာသာရပ်များကိုလျှောက်ထားလျှင်ဝင်ခွင့်အခွင့်အရေးနည်းနိုင်ကြောင်း မြန်မာနိုင်ငံရှိ ပညာရေးအတိုင်ပင်ခံတစ်ဦးကပြောသည်။

ဘွဲ့လွန်သင်တန်းများအတွက် Master of Mass Communication၊ M.Sc (Informational Studies)၊ M.Sc (Informational System) နှင့် M.Sc (Knowledge Management) စသည့် ဘာသာရပ်များကို လျှောက် ထားနိုင်ကြောင်းသိရသည်။ ထို့အပြင် Master in Communication Software and Networks, Communication Engineering, Computer Control and Automation စသည့် ဘာသာရပ်များ M.Sc in Electronics၊ M.Sc in Power Engineering၊ M.Sc in Singal Processing စသည့် ဘာသာရပ်များကိုလည်း မတ်လ ၃၁ ရက်နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။ ကျောင်းလျှောက်ထားရန် အသေးစိတ်အချက်အလက်များကို ယခုလ ၂၅ ရက်ညနေတွင် Crown Education ရုံးခန်း၌ ရှင်းလင်းဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။

(26-2-2010)
Source: 7 Day News Journal


James Cook Singapore Compus တွင် ကမ္ဘာ့အဆင့်မှီ IT ဘာသာရပ်သင်ယူနိုင်.

Australia နိုင်ငံတွင် စတင်ဖွင့်လှစ်ခဲ့သော James Cook University ၏ Singapore Offshare Compus ကို ၂ဝဝ၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ Singapore Compus တွင် ကမ္ဘာ့အဆင့်မှီ IT ဘာသာရပ် များကို ၂ နှစ် သင်ယူလေ့လာနိုင်ကြောင်း Future Way Education Services ထံမှသိရပါသည်။
ယခုလက်ရှိကမ္ဘာကြီးတွင် Computer ဖြင့်လုပ်ကိုင်ရသော လုပ်ငန်းဟူသမျှသည် အလျင်အမြန်တိုးတက် လာသော လုပ်ငန်းကြီးတခုဖြစ်သဖြင့် IT (Information Technology) ဖြင့် ဘွဲ့ရသော လူငယ်များအတွက် မည်သည့်နေရာတွင် မဆိုအလုပ်ရရှိရန် လွယ်ကူနိုင်ပါသည်။

James Cook University ၏ IT Program များတွင် Programming (C, C++, Java), Internetworking, multimedia, database, computing data structures စသော ဘာသာရပ်များပါဝင်မည်ဖြစ်သည်။ အတန်းတိုင်းတွင် Laboratory ပစ္စည်းကိရိယာစုံလင်စွာရှိပြီး သင်ကြားမည့်ဘာသာရပ်များမှာ Australion Computer Society မှ အသိအမှတ်ပြုလက်မှတ်ရရှိထားပါသည်။ IT Program တွင် Level 3 ခုကို ၂ နှစ်ကြာ သင်ကြားရမည်ဖြစ်သည်။ ယင်း Program ကိုတက်ရောက်နိုင်ရန် IELTS 6.0 ရှိထားရမည်ဖြစ်သည်။ တက်ရောက်နိုင်သည့် Intake များမှာ March, July နှင့် Oct လများဖြစ်သည်။ အသေးစိတ်သိရှိလိုပါက future Way Education Services No.9 , Room 6-A ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - 241099 ၊ 254185 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

(23-2-2010)
Source: Ko Lin (Myanmar Training)


မလေးရှားနိုင်ငံ Universiti Tunku Abdul Rahman ၏ ပညာသင်ဆုလျှောက်ထားနိုင်.

Chemical Engineering, Civil Engineering, Electronic Engineering, Electrical Power Engineering, Information Technology, Mechanical Engineering, Mechatronics, Metallurgical Engineering, Mining Engineering ဘာသာရပ်တခုခုဖြင့် B.E ဘွဲ့ရရှိပြီး M.E ဘွဲ့သင်တန်းသို့ တက်ရောက်ရန် အရည်အချင်း ပြည့်မီသူ (သို့) တစ်ဘာသာလျှင် ပျမ်းမျှ ၆၅ မှတ်ရရှိသူများသည် မလေးရှားနိုင်ငံ Universiti Tunku Abdul Rahman မှ ချီးမြှင့်သော ဘွဲ့လွန် အင်ဂျင်နီယာ ပညာသင်ဆု နှစ်ဆုချီးမြှင့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း MES မှတဆင့်လျှောက်ထားနိုင်ပါသည်။

လျှောက်ထားသူသည် မတ်လ ၈ ရက်တွင် အသက် ၃ဝ ထက်မကျော်လွန်သူ အဖြစ်သတ်မှတ်ထားပြီး လျှောက်လွှာကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ရန်ကုန်မြို့ တက္ကသိုလ်များ လှိုင်နယ်မြေ လှိုင်မြို့နယ်သို့ ဖေဖေါ်ဝါရီ ၂၈ ရက်ထက်နောက်မကျဘဲလျှောက်ထားရမည်ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဖုန်း - 519686 နှင့် 095141322 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

(23-2-2010)
Source: Ko Lin (Myanmar Training)


အင်္ဂလိပ်ဘာသာစွမ်းရည်လက်မှတ်မရှိဘဲ ပညာသင်စရိတ် ထက်ဝက်ရရှိမည့် အမေရိကန်တက္ကသိုလ် ပညာသင်ဆုခေါ်.

အမေရိကန်တက္ကသိုလ်များတွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန်တက်ရောက်လိုသူများအနေဖြင့်မည်သည့်အင်္ဂလိပ်စာ အောင်လက်မှတ်မှပြသရန်မလိုဘဲပညာသင်စရိတ် တစ်ဝက်သာကျခံရမည့် ပညာသင်ဆုကို အမေရိကန်တက္ကသိုလ်များက နှစ်စဉ် ဇန်နဝါရီနှင့် သြဂုတ်လအတွင်း ခေါ်ယူလျက်ရှိကြောင်း အဆိုပါပညာသင်ဆုနှင့် ပတ်သက်၍ ဝန်ဆောင်မှုပေးမည့် Myanmar International Educare Centre (MIEC) မှ အမှုဆောင်အရာရှိချုပ် ဦးကျော်သူ၏ အဆိုအရသိရသည်။ အင်္ဂလိပ်စာ အရည်အချင်းအတွက် လိုအပ်သည့် သက်သေခံလက်မှတ်များ ဖြေဆိုရယူရေး ခြောက်လတာ သင်ကြားပေးမည့် အစီအစဉ်သည် ထိုပညာသင်ဆု အစီအစဉ်တွင် ပါဝင်ပြီးဖြစ်၍ အင်္ဂလိပ်စာ အရည်အချင်းပြ လက်မှတ်မလိုအပ်ခြင်းဖြစ်ကြောင်း ၎င်း၏ အဆိုအရသိရသည်။

“အမေရိကားမှာ ကျောင်းတက်ဖို့က ကျောင်းသားအစစ်အမှန်ဖြစ်ဖို့ရယ်၊ ငွေရှိဖို့ရယ်ပဲလိုတယ်။ ဘယ်လိုအင်္ဂလိပ်စာ အောင်လက်မှတ်မှမလိုဘူး” ဟု အမေရိကန်အခြေစိုက် စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် International Doorway to Education and Athledics (IDEA) နှင့် ယင်းပညာသင်ဆုအတွက် ပူးပေါင်းချိတ်ဆက်လုပ်ကိုင်သည့် ဦးကျော်က ဆိုသည်။ အဆိုပါ IDEA သည် နိုင်ငံတကာရှိကျောင်းသားများအတွက် အမေရိကန်တက္ကသိုလ်များ၏ ပညာသင်ဆု ရရှိအောင် လုပ်ပေးသည့် စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုပြည်နယ် ၃၅ ခုမှ တက္ကသိုလ်ပေါင်း ၁ဝဝ ကျော်နှင့် ချိတ်ဆက်ကာ ယင်းပညာသင်ဆုအစီအစဉ်ကို နှစ်စဉ်လုပ်ဆောင်ပေးလျက် ရှိကြောင်း၊ MIEC မှ တာဝန်ရှိသူ၏ ပြောကြားချက်နှင့် IDEA ၏ www.international doorway.org တို့တွင် ဖော်ပြချက်အရ သိရသည်။

“မြန်မာကျောင်းသားတွေအနေနဲ့ ဗီဇာရဖို့အတွက် အင်္ဂလိပ်လို ပညာသင်ဆုလျှောက်ရခြင်းနဲ့ ပတ်သက်ပြီး မြန်မာလို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ရေးရင်ရတယ်။ ဒါကို ကျွန်တော်တို့ဆီက ဘာသာပြန်ပြီး IDEA ကို ပို့ပေးတယ်။ အဲဒီကမှတစ်ဆင့် သက်ဆိုင်ရာသံရုံးကို ဗီဇာအတွက် IDEA က ကူညီဆောင်ရွက် ပေးတယ်” ဟု ဦးကျော်သူက ဆိုသည်။ ယင်းပညာသင်ဆုမှာ အမေရိကန်ပြည်ထောင်စုတွင် ကျောင်းလခနှင့် နေစရိတ် စုစုပေါင်း၏ ၅ဝ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး မြန်မာကျောင်းသား သုံးဦးသည် ၂ဝ၁ဝ ပထမနှစ်ဝက် ပညာသင်ဆုအတွက် ဇန်နဝါရီလအတွင်း ရရှိခဲ့ကြောင်း၊ ယခုပညာသင်ဆုသည် ဒုတိယနှစ်ဝက်အတွက်ဖြစ်ပြီး ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသား ၁ဝ ဦးစီ အတွက် ခေါ်ယူခြင်းဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် IDEA သည် ၁၉၉၇ ခုနှစ်မှစပြီး နိုင်ငံတကာကျောင်းသားများတွင် ပညာသင်ကြားနိုင်စေရန် ဝန်ဆောင်မှု ပေးလျက် ရှိပြီးကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များ၏ ပညာရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ခွင့်ရစေရန်နှင့် ယဉ်ကျေးမှုဖလှယ်နိုင်စေရန်ရည်ရွယ်ပြီး အမေရိကန် ပညာရေးစနစ်နှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂ဝဝ၇ ခုနှစ်အတွင်း နိုင်ငံ ၃ဝ မှ ကျောင်းသားများကို အမေရိကန် တက္ကသိုလ်များနှင့် ချိတ်ဆက် ပေးမည်ဖြစ်ကြောင်း IDEA ၏ Website တွင် ဖော်ပြထားသည်။ အဆိုပါပညာသင်ဆု အစီအစဉ်အရ ကျောင်းသားများသည် ဘာသာရပ်လေးခုနှင့် ပြည်နယ်သုံးခုကို ရွေးချယ်ခွင့်ရှိကြောင်း www.international doorway.org ၏ အစီအစဉ်အရ သိရသည်။

(23-2-2010)
Source: Voice Journal


တက္ကသိုလ်ပထမနှစ်ပြီးသူများ Higher Diploma in IT ကို TMC တွင်တက်ရောက်နိုင်.

မြန်မာနိုင်ငံမှ တက္ကသိုလ် ပထမနှစ်ပြီးသူ ကျောင်းသားကျောင်းသူများ IDCS ပြီးထားသူများအနေဖြင့် University of Cambridge အသိအမှတ်ပြု Higher Diploma in Information Technology ဘာသာရပ်ကို စင်ကာပူနိုင်ငံရှိ TMC Academy တွင်တက်ရောက်သင်ကြားနိုင်ကြောင်းသိရသည်။ Higher Diploma in Information Technology ၏သင်တန်းကာလမှာ ၁ နှစ်ဖြစ်ပြီး သင်တန်းကြေး အနေဖြင့် S$ 6900 (သို့မဟုတ်) မြန်မာငွေ ကျပ်သိန်း ၅ဝ ခန့်ကုန်ကျမည် ဖြစ်ကြောင်းသိရသည်။ ၄င်း Higher Diploma တွင် Web Design နှင့် Networking ဟူ၍ နှစ်ပိုင်းခွဲခြားထားပြီး နှစ်သက်ရာကို ရွေးချယ်တက် ရောက်နိုင်သည်။ HDIT ဘာသာရပ်တွင် Core Modules မသင်မနေရဘာသာရပ်များမှာ Networking Principles, Database Systems & Applications, Information System Analysis, Project Management, Application Programming with Java (or) Application Programming with Visual basic.Net စသည်တို့ဖြစ်ကြောင်းသိရသည်။ အဆိုပါဘာသာရပ်များမှတဆင့် Web Development ကိုဝါသနာပါသည့် ကျောင်းသားကျောင်းသူများအတွက် Development Major, Fundamental of Operating System, Multimedia System, Web Programming နှင့် Active Server Pages.Net Project စသည့်ဘာသာရပ်များ ကို သင်ကြားရမည်ဖြစ်ကြောင်းသိရသည်။

Networking ဘာသာရပ်ကိုစိတ်ဝင်စားသူကျောင်းသားကျောင်းသူများအတွက်မူ IT Security, Network & Data Communication, Network Operating Systems, Logical Foundation စသည့် ဘာသာရပ်များကို ရွေးချယ်သင်ယူနိုင်ကြောင်းသိရသည်။ Higher Diploma IT ပြီးပါက TMC Academy မှတိုက်ရိုက်ချီးမြှင့်မည်ဖြစ်ပြီး University of Cambridge မှပါ ထပ်မံပူးတွဲချီးမြှင့်မည်ဖြစ်ပြီး Bechelor Program များကိုစင်ကာပူနိုင်ငံတွင်သော်လည်း ကောင်း၊ အင်္ဂလန်နိုင်ငံရှိ Campus တွင်သော်လည်းကောင်း ၁ နှစ်တက်ရုံဖြင့် BCSc ဘွဲ့ကို ရယူနိုင်ကြောင်း သိရသည်။ ယခုအခါ Apirl Intake အတွက်စတင် လျှောက်ထားနိုင်ပြီ ဖြစ်ပြီး အသေးစိတ်အချက်အလက်များထပ် မံသိရှိလိုပါက Unique Life Education Center ဖုန်း- ၅၄၂၆၉၁၊ ၀၉ ၅၁၃၅၁၁၅ တွင် ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ကြောင်းသိရသည်။

(23-2-2010)
Source: Internet Journal


Wee Kim Wee မှ ဘာသာရပ်များအတွက်ဖေဖော်ဝါရီလအတွင်း နောက်ဆုံးထားလျှောက်ထားရမည်.

စင်ကာပူနိုင်ငံ Nanyan Technology University တွင်သင်ယူနိုင်မည့်ဘွဲ့လွန်သင်တန်းများအတွက် လျှောက်လွှာများ စတင်ခေါ်ယူနေပြီဖြစ်ပြီး Wee Kim Wee School of Communication and Information မှ ဘာသာရပ်များအတွက် ၂ဝ၁ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နောက်ဆုံးထားလျှောက်ထားရမည်ဖြစ် ကြောင်းသိရသည်။ ဘွဲ့လွန်သင်တန်းများ လျှောက်ထားရာတွင် မိမိတို့ရရှိထားသည့်ဘွဲ့၊ လုပ်ငန်းအတွေ့အကြုံ၊ အင်္ဂလိပ် စာကျွမ်းကျင်မှုအလိုက်သင့်လျော်သည့် ဘာသာရပ်ကို လျှောက်ထားမှသာဝင်ခွင့်အတွက်နီးစပ်နိုင်ကြောင်း၊ ကျောင်းသားကျောင်းသူအများစု လျှောက်ထားသော ဘာသာရပ်ကို လျှောက်ထားပါကယှဉ်ပြိုင်မှု ပိုများသော ကြောင့်ဝင်ခွင့်အတွက် အခွင့်အရေးနည်းနိုင်ကြောင်းသိရသည်။

“NTU ကကွန်ပျူတာဘွဲ့လွန်ဘာသာရပ်ဝင်ခွင့်မှာ NUS Master Program ဝင်ခွင့်များကဲ့သို့ GMAT တင်ပြရန်မလိုအပ်ပါဘူး။ သင့်တော်တဲ့ လုပ်ငန်း အတွေ့အကြုံ ရရှိထားမယ်ဆိုရင်တော့ ဝင်ခွင့်အတွက် အခွင့်အရေးပိုများနိုင်ပါတယ်။ ပမာဏစာရင်းမှာ ရွေးချယ်ခံရသူတွေအနေနဲ့ မတ် ၂၉ နဲ့ ဧပြီ ၁ရက်ဝန်းကျင် မှာ အင်တာဗျူးအတွက်ဖိတ်ကြားခံရနိုင်ပါတယ်။” ဟု CROWN Education မှပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်း ကပြောသည်။ Wee Kim Wee School of Communication and Information တွင် Master of Mass Communication M.Sc. (Information Studies), M.Sc. (Information Systems), M.Sc. (Knowledge Management) စသည့်ဘာသာရပ်များ လျှောက်ထားနိုင်ကြောင်းသိရသည်။ Master in Communication Software and Networks, Communication Engineering, Computer, Control and Automation, MSc in Electronics, MSc in Power Engineering, M.Sc in Signal Processing စသည့်ဘာသာရပ်များကို ၂ဝ၁ဝ ပြည့်နှစ်မတ်လ ၃၁ ရက်နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်းသိရသည်။ အချို့ Program များမှာ အွန်လိုင်းမှ လျှောက်ရန် လိုအပ်ပြီး အခြား Program များမှာ Individual Programme Office သို့တိုက်ရိုက်လျှောက်ထားရမည်ဖြစ်သောကြောင့် သေချာစွာစိစစ်လျှောက်ထားရန် လိုအပ်ကြောင်းသိရသည်။

ဝင်ခွင့်လျှောက်ထားခြင်းများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဖေဖော်ဝါရီလ ၂၅ ရက်၊ ညနေ ၄ နာရီမှ ၅ နာရီအထိ CROWN Education ရုံးခန်းတွင်ရှင်းလင်း ဆွေးနွေးသွား မည်ဖြစ်ရာ ဖုန်း - ၂၁၁၈၈၈ (လိုင်းခွဲ- ၂၂၈/၂၂၉)နှင့် ၀၉၅၀၈၅၁၈၅ သို့ စာရင်ပေးသွင်းတက်ရောက်နိုင် ကြောင်းသိရသည်။

(23-2-2010)
Source: Internet Journal


စင်ကာပူ PSB Academy ၏ပညာသင်ဆုလျှောက်ထားနိုင်.

PSB Academy မှ နိုင်ငံတကာကျောင်းသားကျောင်းသူများအတွက် ၂ဝ၁ဝ တွင်ပေးအပ်မည့် PSB ၏ဒီပလိုမာတန်းများအတွက် ပေးအပ်မည့် ပညာသင် ဆုများမှာ စင်ကာပူဒေါ်လာ ၂၃၉ဝဝဝ တန်ဖိုးရှိ ၁ဝဝ%၊ ၅ဝ% နှင့် ၂၅% ပညာသင်ဆုများဖြစ်ကြောင်းသိရသည်။ ၄င်းပညာသင်ဆုများမှာ ၂ဝ၁ဝ ခုနှစ် မေလနှင့် စက်တင်ဘာလ Intake များအတွက်ဖြစ်ပြီး ထူးချွန်ထက်မြက်သော ကျောင်းသားကျောင်းသူများကို ပေးအပ် မည်ဖြစ်ကြောင်းသိရသည်။ PSB Academy မှာ ၂ဝဝ၆ ခုနှစ်မှ စတင်၍ မေဂျာမတူဘဲ ပညာသင်ဆုများပေး အပ်ခဲ့ပြီး ယခုနှစ်တွင်ဒီပလိုမာ သင်တန်းအတွက် ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။

ဒီပလိုမာတန်းများဖြစ်သော Business Administration, Banking & Finance, Marketing & Sales Management, Tourism & Hospitality Management ဘာသာရပ်များအတွက် ၁ဝဝ% ပညာသင်ဆုနှစ်ဆု၊ ၅ဝ%ပညာသင်ဆုနှစ်ဆု၊ ၂၅% ပညာသင်ဆုနှစ်ဆု စုစုပေါင်း ၆ဆု၊ Diploma in Engineering အတွက် စင်ကာပူဒေါ်လာ ၁ဝဝဝဝ တန်ဖိုးရှိ ၅ဝ% ပညာသင်ထောက်ပံ့ကြေးတစ်ဆုနှင့် စင်ကာပူဒေါ်လာ ၅ဝဝဝ တန်ဖိုးရှိ ၂၅% ပညာသင်ထောက်ပံ့ကြေးနှစ်ဆု၊ University of Newcastle, UK ၏ Bachelor of Engineering အတွက် စင်ကာပူဒေါ်လာ ၁ဝဝဝ တန်ဖိုးရှိ ပညာသင်ထောက်ပံ့ကြေး ဆု ၂ဝ စုစုပေါင်းပညသင် ဆု ၂၉ ဆုပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပညာသင်ဆုလျှောက်ထားလိုသူမြန်မာကျောင်းသားကျောင်းသူများအနေဖြင့်PSBမှသတ်မှတ်ထားသည့်ဝင်ခွင့်သတ်မှတ်ချက်ပြည့်မှီရမည်ဖြစ်ပြီးတက္ကသိုလ် ဝင်တန်းအမှတ်ကောင်းမွန်ရန်လိုအပ်ကြောင်းသိရသည်။ ထို့ပြင် အခြားနိုင်ငံတကာအသိအမှတ်ပြုစာမေးပွဲများဖြစ်သော GCE ‘O’ Level, IGCSE တို့ဖြေဆို ထားပါက အင်္ဂလိပ်စာအမှတ်ကောင်းရန် (သို့မဟုတ်) IELTS, TOEFL အမှတ်များရရှိရန်လည်းလိုအပ်ကြောင်း သိရသည်။

(23-2-2010)
Source: Internet Journal

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats