|
News
» International News
ပညာရေး
နောက်ဆုံးသတင်းအချက်အလက်သုံးသပ်ချက်
နိုင်ငံတကာပညာရေးနဲ
့ပတ်သက်ပြီး၊ အခုရက်ပိုင်းအတွင်းဖြစ်ပေါ်ပြောင်းလဲတာလေးတွေကို
စင်္ကာပူဘက်ကစပြီး သုံးသပ်ပေးပါ၊၊
၂၀၁၀ ရဲ့  ဖေဖေါ်ဝါရီလမှာ နိုင်ငံတကာပညာရေးနဲ့ ပတ်သက်ပြီး၊
တော်တော်များများ အပြောင်း အလဲ တွေဖြစ်ခဲ့ပါတယ်၊၊
စင်္ကာပူရဲ့ အပြောင်းအလဲပိုင်းဆိုင်ရာတွေကိုကြည့်မယ်ဆိုရင်၊
(၁) ၂၀၀၉ ဒီဇင်ဘာ ၂၀ ရက်နေ့ မှာ စင်္ကာပူအစိုးရ မူလတန်း၊ အလယ်တန်းနဲ
့တက္ကသိုလ်အကြိုတန်းတွေ၊ PR နဲ့  နိုင်ငံတကာကျောင်းသားတွေအတွက်၊
Tuition Fees တက်ခြင်း၊
(၂) EduTrust လက်မှတ်နဲ့ ပတ်သက်ပြီး၊ အသေးစိတ်အချက်အလက်များထုပ်ပြန်ခြင်းနှင့်
ပုဂ္ဂလိကကျောင်းများကို ပိုမိုတင်းကျပ်စစ်ဆေးလာခြင်း၊
(၃) အခု Feb , 2010 နေ့ ကထုပ်ပြန်တဲ့ သတင်းအရ ITE နဲ့ ပို လီကျောင်းတွေကို
အထူးသဖြင့် PR နဲ့  နိုင်ငံ တကာကျောင်းသားတွေအတွက်
ဈေးတက်လိုက်တယ်ဆိုတဲ့ အချက်တွေက စင်္ကာပူပညာရေးကို စိတ်ဝင်စားတဲ့မိဘနဲ့ ကျောင်းသားကျောင်းသူတွေအတွက်၊
သတိပြုရမဲ့အပြောင်းအလဲတွေဖြစ်ပါတယ်၊၊ဒီလိုအပြောင်းအလဲတွေကြောင့်မြန်မာနိုင်ငံကကျောင်းသားကျောင်းသားတွေ
ဘယ်အချက်တွေကို
သတိထားရပါမလဲ၊အခုလတ်တလော ITE နဲ့  ပိုလီကျောင်းတွေ
ဈေးတက်လိုက်တာနဲ့ ပတ်သက်ပြီး April 2010 Intake မှာ စတက်မှာ ဆိုတော့ ဒီIntake
အတွက် ၀င်ခွင့်ရထားပြီးသားသူတွေရှိပါတယ်၊၊ သူတို့ တွေအနေနဲ့ ၊
မိမိတက်မဲ့ကျောင်းဘာသာရပ်က ဘယ်လောက်တက်သွားမယ်၊
ဆိုတာ ဘဏ္ဍရေးပိုင်းဆိုင်ရာ မိမိဘက်က
ကြိုတင်ပြင်ဆင်နိုင်အောင်သိထားဖို့ လိုပါတယ်၊၊
ဒီနေရာမှာ တစ်ခုသတိထားရမှာက အကယ်လို့ ကျောင်းလျှောက်ထားစဉ် မိမိ E-mail လိပ်စာနဲ့ 
လျှောက်ထား ခဲ့တာ ဆိုရင်တော့ ဒီ အသစ်နုန်းထားတွေကို
e-mailကတဆင့် ကျောင်းတွေက
စပို့နေပါပြီ၊၊အကယ်လို့ Agent တွေ ကျောင်း တွေက တဆင့်လျောက်တာဆိုရင်တော့၊ သုတို့ကိုသေသေချာချာမေးမြန်း ပြင်ဆင်သင့်ပါတယ်၊၊
နောက် ITE မှာ ဒီပလိုမာတစ်ခုရှိပါတယ်၊၊Technical Engineer Diploma ပါ၊ ဒီ
ဒီပလိုမာကို April 2010 ကနေစပြီး၊ စင်္ကာပူနိုင်ငံသား တွေပဲလျှောက် ထား
ခွင့်ရှိမှာဖြစ်ပါတယ်၊၊
စင်္ကာပူမှ တစ်ခြားကျောင်းတွေရော ဈေးတက်ဖို့ ရှိလာနိုင်မလား
အခုဒီ ဈေးတက်လာတဲ့အနေအထားရဆိုရင်၊ ဥပမာ မူလတန်း၊ အလယ်တန်း၊ ပြီး
အိုင်တီအီး နဲ့ ပိုလီဆိုတော့၊ NTU,
NUS တုှိ့SMU တို့ ရှိနေပါသေးတယ်၊၊ ဒီကြောင်းတွေက
ထုတ်ပြန်တဲ့ ကျောင်းလခဖေါ်ပြတဲ့ စာရင်းဇယားတွေမှာ ထူးခြားမှုတစ်ခုရှိတာက “စီးပွားရေးအကျပ်အတည်းကြောင့် ၂၀၁၀/၁၁ မှာ ပြင်ဆင်ဖို့ စီစဉ်ဆောင်ရွက်ထားတဲ့ ကျောင်းလခတွေပြန်လည်သုံးသတ်၊ ညှိနိုင်းမဲ့ အစီအစဉ်ကို ရွေ
့ဆိုင်းထားတယ်လို့ဆိုပါတယ်၊၊ဆိုလိုတာကစီပွားရေးပြန်လည် ဦးမော့ လာပြီလို့သုံးသပ်ရင် ဈေးတွေတက်နိုင်ပါတယ်၊၊ပုဂ္ဂလိကကျောင်းကြီးတွေမှာလဲ၊ အခု
အသစ်ပြင်ဆင်လိုက်တဲ့ EduTrust
စနစ်သစ်အရ၊ ကျောင်းလခ၊ ကျန်းမာရေး
စောင့်ရှောက်မှုအမခံထားမှစနစ်ရှိတဲ့ကျောင်းတွေမှာ Non-Tuition Fees တွေမှာ
အနည်းနဲ့အများအပြောင်းလဲတွေဖြစ်နိုင်ပါတယ်၊၊
အင်္ဂလန်ကျောင်းလျောက်ထားခြင်းနဲ့ ပတ်သက်ပြီးတော့လည်းရှင်းပြပေးပါ၊၊
UK ဘက်ကိုကြည့်မယ်ဆိုရင်၊ အသစ်ပြဌာန်းထားတဲ့ Tier 4 စနစ်က၊
ပညာတကယ်သင်သွားချင်တဲ့ကျောင်းသူကျောင်းသားတွေအတွက်၊
ရှင်းလင်းပြီး ပိုလွယ်ကူတဲ့စနစ်တစ်ခုဖြစ်ပါတယ်၊၊ ပြည်ဝင်ခွင့်ကိစ္စတွေကို
ကိုင်တွယ်နေတဲ့ Home Office, UK Border Agency က A အဆင့်သတ်မှတ်တဲ့ကျောင်းတွေမှာ ကျောင်းအပ်ပြီး၊ ရရှိတဲ့ visa letter ရယ်၊ ဘဏ္ဍာရေးနဲ
့သက်ဆိုင်တဲ့အထောက်အထား၊ဘဏ်စာရင်း (၂၈) ပြနိုင်ရင်၊ ခွင့်ပြူခဲ့တဲ့အတွက်၊
ပြည်ဝင်ခွင့်လျှောက် ထားရာမှာ အင်တာဗျူးမလိုပဲ ကျောင်းသားကျောင်းသူတော်များများ ၂၀၀၉
ရဲ့  Oct, Nov, Dec
မှာပြည်ဝင်ခွင့်တော်တော်များများ ရရှိခဲ့ကြပါတယ်၊၊ တစ်ချိန်ထဲမှာပဲ
ကျောင်းသားဗီဇာကို အသုံးချပြီး၊ အလုပ်လုပ်ဖို့  ကြိုးစားတဲ့သူတွေ တော်တော်လေးများ
လာတာရယ်၊အင်္ဂလိပ်စာ ကျွမ်းကျင်မှု အဆင့်လိုအပ်ချက်တွေ ရှိနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေရယ် ထွက်ပေါ် ပြီး၊ အိန္ဒိယ၊ နီပေါ၊
ဘင်္ဂလားဒေ(ရှ့်) ကကျောင်းသားတွေဆိုရင် ဗီဇာထုတ်ပေးတာကို ယာယီရပ်ဆိုင်း
ထားခဲ့ပါတယ်၊၊
ကျွန်တော်တို့မြန်မာနိုင်ငံကကျောင်းသူကျောင်းသားတွေကို တော့၊
မှတ်ပုံတင်ထားတဲ့ကျောင်းရဲ့ ခိုင်မာမှု၊ လျောက်ထားသူရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှု
အဆင့်၊
စာသင်သွားမဲ့ ရည်ရွယ်ချက် စတာတွေကို စစ်ဆေးပြီးမှ စီစစ်ခွင့်ပြုပေးနေတာ တွေ
့ရပါတယ်၊၊
နောက်အသစ်ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ် အသက်ဝင်လာပြီဆိုရင်၊ ဘွဲ့ ကြို သင်တန်းတွေကို
တက်မဲ့သူတွေအတွက်၊ အချိန်ပိုင်းအလုပ်လုပ်ခွင့်ကို (၁၀)နာရီ ကန့်
သန့် လိုက်တဲ့အတွက်၊ ကျောင်းစားရိတ်ကိုပဲ ထည့်တွက်ပြီး၊ နေထိုင်စားရိတ်ကို
အချိန်ပိုင်းလုပ်ပြီး၊ ကာမိအောင်နေမယ်ဆိုတဲ့ ကလေးတွေ
အတွက် အခက်အခဲ
ရှိနိုင်ပါတယ်၊၊
ဖေဖေါ်ဝါရီ (၂၂) ကစပြီး Visa Letter ကိုလက်မခံတော့တာရယ်၊ အဲဒီနေရာမှာ Confirmation
of Acceptance for Studies (CAS) ကို မိမိလျှောက်ထားတဲ့
ကျောင်းက Home Office
မှာလျောက်ထားရမယ်ဆိုတာ သိဖို့  လိုပါတယ်၊ အဲဒီအတွက် မိမိတို့ လျောက်ထားတဲ့ Agency
တွေဆီမှာ
သေသေချာချာမေးမြန်းပြီး
မှကျောင်းလျှောက်ထားစေချင်ပါတယ်၊၊
အင်္ဂလိပ်စာ ကို စနစ်တစ်ကျပြင်ဆင်ပါ၊၊ အခုအချိန်မှာ အင်္ဂလိပ်စာ
ကိုပါအပ်ပြီးကျောင်းတက်မဲ့သူတွေလည်း အခက်အခဲရှိနိုင်ပါတယ်၊၊
နောက်ကျောင်းရွေးတဲ့အခါမှာ ကိုယ့်ပညာရေး နောက်ခံအချက်အလက်၊ နဲ့ 
လိုက်လျောညီထွေမှုရှိမဲ့  ခိုင်မာတဲ့  နာမည်ရှိပြီးသားကျောင်းတွေကိုရွေးပါ၊၊
နာမည်ရှိပြီးသားဆိုတာ၊
မြန်မာနိုင်ငံက
ကျောင်းသားအများစု သွားတဲ့ ကျောင်းကို ဆိုလိုတာမဟုတ်ပါဘူး၊
သင်ကြားရေးမှာ နာမည်ရှိပြီးသား၊
နာမည်ရှိတဲ့ကျောင်းတွေကိုဆိုလိုချင်တာဖြစ်ပါတယ်၊၊ ဥပမာ
ကျောင်းသားတော်တော်များများက
ABE လိုဘာသာရပ်မျိုးတွေကိုပဲ ဈေးသက်သာတဲ့ကျောင်းတွေနဲ့ 
Register လုပ်ပြီး၊ ဗီဇာဝင်ဖို့ ကြိုးစားတာ မျိုးကိုဆိုလိုတာပါ၊၊
သြစတြေးလျနဲ့ ပတ်သက်ပြီးရှင်းပြပေးပါဦး၊၊
သြစတြေးလျနဲ့ ပတ်သက်ပြီး သူရဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေတွေက
ဟိုတုန်းကထဲက၊ တင်းကြပ်ပါတယ်၊၊ ဒီလပိုင်းမှာ သြစတေးလျလည်း
အပြောင်းအလဲသုံးမျိုးလောက်ဖြစ်ပါတယ်၊၊
(၁) Student Visa Living Costs and
Evidence of Funds ဆိုတာ Jan 1, 2010 မှာပေါ်ထွက်လာပါတယ်၊၊ အဲဒီမှာ
အခြေခံနေထိုင်မှုကုန်ကျစားရိတ်တွက်တဲ့နေရာမှာ၊ တစ်နှစ်ကို $ 12 000 အစား၊
$ 18 000 per year for the main student
$ 6300 per year for the student’s partner
$ 3600 per year for the student’s first child
$ 2700 per year for every other child; and
အသီးသီးပြဖို့ လိုအပ်ပြီး၊ အစစ်အမှန်ဖြစ်ဖို့ လိုအပ်ကြောင်း၊
ဖေါ်ပြထားပါတယ်၊၊ဒီလိုပြင်ဆင်သတ်မှတ်ရတဲ့အကြောင်းကတော့၂၀၀၁က
သတ်မှတ်ထားတဲ့ $
12 000 ဆိုတာ ခေတ်နဲ့  ဆီလျော်မှု မရှိတော့တဲ့အတွက် ပြင်ဆင်သတ်မှတ်ရခြင်း
ဖြစ်ကြောင်းဖေါ် ပြပါရှိပါတယ်၊၊
ကျောင်းသားတွေရဲ့ ဗီဇာ စစ်ဆေးတဲ့ Department of Immigration and Citizenship (DIAC) ကအောက်ပါအချက်တွေကို စစ်ဆေးပြီး
ပေးတာဖြစ်ပါတယ်၊၊
a prospective student’s previous financial and immigration history
• the employment history of the student or the person providing the
student with financial support
• the source of the income used (for example, cash assets or a bank
loan).
(၂)
ဖေဖေါ်ဝါရီ (၁၅) ရက်နေ့ မှာ General Skilled Migration Points Test ဆိုတာ
Review လုပ်နေကြောင်းအသစ်ထုတ်ပြန်ချက်တစ်ခုရှိပါတယ်၊၊
အဓိကကတော့ Point Test နဲ့  skilled Migration ကိုပြန်လည်ပြင်ဆင်ဖို
့ဖြစ်ပါတယ်၊၊ ဒီလိုပြင်ဆင်ဖို့  ဖြစ်လာ ရတာ ကလည်း၊ သြစတြေးလျနိုင်ငံရဲ့ 
ကျွမ်းကျင်လုပ်သား တွေ တစ်ချို့ ကဏ္ဍတွေမှာ အကြီးအကျယ်လိုအပ်လာလို
့ဖြစ်ပါတယ်၊၊
အဲဒီအတွက် သြစတြေးလျနိုင်ငံရဲ့  စီပွားရေးနှင့်
တစ်ခြားအခြေခံအချက်တွေကြောင့်၊ အချိန်အခါအလိုက် ပြောင်းလဲ လိုအပ်လာတဲ့
လိုအပ်ချက်ကို
ဖြည့်ဆည်းဖို့ ၊ ပြုပြင်ဖို့ လိုအပ်နေတဲ့ ၊ Migration Occupation Demand
List ကို ရုပ် သိမ်းပြီး၊ Skilled Occupation List နဲ့ အစား ထိုးမှာ
ဖြစ်ပါတယ်၊၊ အသစ် Skilled Occupation List ပြဌာန်းပြီးရင်၊ Critical Skilled List (CSL)
ကိုလည်းရုပ်သိမ်းမှာဖြစ်ပါတယ်၊၊ အဲဒီအတွက်
သြစတြေးလျ ကျောင်းတက်ပြီး PR ဖြစ်ချင်သူတွေက ဘယ်လို အသစ်ထုတ်ပြန်မဲ့ Skill တွေက PR
ဖြစ်နိုင်တယ်ဆိုတာသိရင် ပိုပြီးအကျိုး
ရှိနိုင်ပါတယ်၊၊
၁၉၉၀ ပြည့်နှစ်ဝန်းကျင် နိုင်ငံတကာပညာရေးနဲ့ ၂၀၀၀ပြည့်နှစ်
နိုင်ငံတကာပညာရေးအတွက် ပြောင်းလဲမှုတွေ ရှိသလို၊ ၂၀၁၀
ပြည့်နှစ်အတွက်ပိုပြီး၊
များပါတယ်၊၊ နိုင်ငံခြားသွားပညာသင်ဖို့ လက်လှမ်းမမှီတဲ့သူတွေအတွက်၊ ၂၀၁၀
မှာပြည်တွင်းတက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီးဖွင့်လှစ် လာတဲ့
နိင်ငံတကာကျောင်းတွေ ရှိလာပါတယ်၊၊ ဒီနေရာမှာ ပြည်တွင်းမှာ ပညာသင်ယူခြင်း၊
ပြည်ပမှာ ပညာသင်ယူခြင်း အကျိုးအပြစ် တွေကို ကျောင်းသား
ကျောင်းသူတွေအနေနဲ့ သိထားဖို့ လိုပါတယ်၊၊
မတတ်နိုင်တဲ့ကျောင်းသူကျောင်းသားတွေအတွက်ပြည်တွင်းမှာတင်ရရှိနိုင်တဲ့
နိုင်ငံတကာအသိအမှတ်ပြု Certificate, Diploma တွေဟာ
အထိုက်အလျောက် အထောက်အကူပြုနိုင်သလို၊ နိုင်ငံတကာမှာ အလုပ်လုပ်ဖို့
ရည်မှန်းတဲ့ သူတွေ အတွက် နိုင်ငံတကာအတွေ့အကြုံရှိမှ ပိုပြီး
မျှော်လင့်ချက်ရှိနိုင်ပါတယ်၊၊
၂၀၀၈ ခုနှစ်ပိုင်းလောက် နိုင်ငံတကာ ပညာသင်သွားမယ်ဆိုတဲ့လူငယ်တွေရဲ့ 
အခြေနေနဲ့အခုအခြေနေတောင် မတူတော့ပါဘူး၊၊
လူငယ်တွေရဲ့ စိတ်ကူးမျှော်လင့် ချက်က ပညာသွားသင်မယ်၊ ပြီးသူတို့ 
အတွက်အလုပ် အကိုင် မျှော်လင့်ချက်ခိုင် မာမဲ့၊ ဘ၀အာမခံချက်ရှိမဲ့
လမ်းကြောင်းမျိုး ကို ပိုရွေးချယ်ချင်ကြပါတယ်၊၊
ဒီခေတ်ဗီယက်နမ်နိုင်ငံလို နိင်ငံမျိုး က လူငယ်တွေအများစုရဲ့ ရည်ရွယ်ချက်က
ပညာသင်ပြီး၊ မိမိတိုင်းပြည်ပြန်ဖို့  စဉ်းစားနိုင်တဲ့အဆင့်ရောက်သွားပြီ
ဆိုတော့ နိုင်ငံတကာပညာရေးဆိုတဲ့
စကားလုံးအောက်မှာ တစ်ခြားတိုင်းပြည်တွေနဲ့ ကျွန်တော်တို့ နိုင်ငံက ကျောင်းသားကျောင်းသူတွေအတွက်၊
သဘောထားမတူပါဘူး၊၊ အဲဒီအတွက်လဲ
ပညာရေးဆွေးနွေးပွဲတွေလာလုပ်တဲ့ ကျွန်တော်တို့ partner schools တွေကိုရှင်းပြရပါတယ်၊၊
နောက် ၀န်ဆောင်မှုပေးတဲ့အဖွဲ့ အစည်းတွေအနေနဲ့ ၊
ကျောင်းလျှောက်ပေးတယ်ဆိုတဲ့အချက်နဲ့ မလုံလောက်တော့ပဲ၊
ကျောင်းသား
ကျောင်းသူတွေကို၊ ဘက်လိုက်မှု ကင်းတဲ့ လမ်းညွှန်မှု
မျိုးပြုလုပ်နိုင်ဖို့ ၊ နိုင်ငံတကာကပညာရေးအပြောင်းအလဲတွေနဲ့ပတ်သက်ပြီး၊ အကြံဥာဏ်
ပေးနိုင်အောင် အထိတွေ့ ရှိနေဖို့ ၊ အကြံဥာဏ်ပေးတဲ့အခါလည်း၊
သူတို့နိုင်ငံခြားရောက်ရေး မြန်မာနိုင်ငံကကျောင်းသူ ကျောင်းသားလေးတွေကို
အကြံပေးချင်တာက
အပြောင်းအလဲတွေက ရှိနေမှာပါပဲ၊၊ သူတို့ပြောင်းလဲတိုင်းကျွန်တော်တို ကလေးတွေ လိုက်ပြောင်းလဲနေရင်
သံသရာပိုလည်နိုင်ပါတယ်၊၊ ကျွန်တော်ဆိုလိုတာက၊
စင်္ကာပူကအဆင်မပြေဆိုလို့ ၊ ကျွန်တော်တို့ အင်္ဂလန်ဘက်လှည့်၊ အင်္ဂလန်က
တစ်မျိုးပြောင်းလို့၊ သြစတြေးလျ၊ သြစတြေးလျက တစ်ခါ
ပြောင်းလို့ စင်္ကာပူလက်ပြန်လှည့်ရတာမျိုးပေါ့၊၊
ကျွန်တော့်အတွေ့ အကြုံအရာအင်္ဂလန်ဟောပြောပွဲတစ်ခုမှာ စင်္ကာပူဆို
အချိန်ပိုင်းလုပ်လို့ မရနိုင်ဘူး၊ အင်္ဂလန်မှ ကောင်းတယ်ဆိုတာမျိုး
ကြားရဘူးပါတယ်၊၊ အခုလိုဗီဇာတွေစီစစ်ပြီး၊
အလုပ်ချိန်တွေကန့်  သတ်လိုက်တဲ့အခါ၊ ဒီလိုမျှော်လင့်ချက်ထားတဲ့ကလေးတွေ
အတွက်အခက်ကြုံရပါတယ်၊၊ မိမိနဲ့  အသင့်တော်
ဆုံးနိုင်ငံကိုသာရွေးပါ၊ ပညာရေး၊ ဘဏ္ဍာရေး၊ စောက်ရှောက်မဲ့ဆွေမျိုးအသိုင်းအ၀ိုင်းစသည့်ဖြင့်
မှုတည်ပြီးရွေးပါ၊၊
ဒီနိုင်ငံကသင့်တော်ပြီဆိုရင်၊ သူနိင်ငံထုတ်ပြန်တဲ့ဥပဒေ၊ကိုလေးစားရပါ့မယ်၊ အပြောင်း အလဲတွေရှိလာရင်လည်း
ရှိလာတဲ့အပြောင်းအလဲတွေအလျောက်၊
ကိုယ်ဘယ်လိုပြင်ဆင် လျောက်ထား ရမလဲဆိုတာ ကြိုတင်ပြင်ဆင် လေ့လာစေချင်ပါတယ်၊၊
အဲဒီတော့အတတ်နိုင်ဆုံး ကိုယ်ပညာအရည်အချင်း၊ အင်္ဂလိပ်စာကျွမ်းကျင်မှု့ ၊
မိမိဘာလုပ်ချင်၊ ဘာလုပ်သင့် တယ်ဆိုတဲ့
အချက်တွေကို
မှုတည်ပြီး၊
စဉ်းစားဆင်ချင်ဝေဖန်သုံးသပ်နိုင်ကြပါစေ၊၊အသေးစိတ်အချက်အလက်တွေကို တော့
ဖုန်း နံပါတ် ၀၉ ၅၀၈၅ ၁၈၅၊ ၂၁၆
၇၅၀၊ CROWN Education Office, Summit Parkview Hotel, Room 228-229 မှာ
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြပါတယ်၊၊
Warmest Regards,
Aung Kyaw @James
CROWN EducationYANGON OFFICE: Summit Parkview Hotel, Room 228-229, No.
350, Ahlone Road, Dagon Township, Yangon,
Myanmar, Tel: (95-1) 211 888 Fax: (95-1) 227 992, Mobile: 09 50 85 185
MANDALAY OFFICE: No. 70, 30th Street, Between 73 x 74 Street, Mandalay,Tel: (95-2) 24 471, Mobile:09 203 6035
E-mail:
james@crown-education.com
WWW.CROWN-EDUCATION.COM
(4-3-2010)
Source: Ko Lin (Myanmar Training)
IBM တွင် အလုပ်ရရှိမည့်အခွင့်အရေးအပြင် IBM ပေးအပ်မည့် IBM CEIS
Certificate ကိုပါပူးတွဲရရှိမည့် Database Engineering ကို Singapore
Informatics တွင် 2010 April မှစတင်တက်ရောက်နိုင်.
မြန်မာနိုင်ငံမှ အခြေခံပညာ ၉ တန်းအောင် ၊ ၁၀ တန်းအောင် နှင့် O level
ဖြေဆိုအောင် မြင်ထားပြီးအသက် 16 နှစ်ပြည့်သူတိုင်း
တက်ရောက်
သင်ကြားနိုင်သည့် Database Engineering Program ကို Singapore
နိုင်ငံရှိ Informatics တွင်တက်ရောက်သင်ကြားနိုင်ကြောင်း Singapore
Informatics ၏ တရားဝင်ကိုယ်စားလှယ်ဖြစ် သည့် Future Way Education &
Services မှသိရှိရသည်။
" အခုတက်ရောက်သင်ကြားနိုင်တဲ့ Database Engineering Program
ကတော့ Database
အပိုင်း
ကိုစိတ်ဝင်စားတဲ့မြန်မာကျောင်းသူကျောင်းသားများတက်ရောက်သင့်တဲ့ Program
အသစ်ပဲဖြစ်ပါ တယ်။ NCC မှပေးအပ်မဲ့
International Advanced Diploma in
Database Engineering ကိုရရှိ မယ့်အပြင် IBM မှပေးအပ်မယ့် Career Education
in IBM Software ( IBM CEIS ) ကို
ရရှိမှာဖြစ် ပြီး၊ Database Engineering
program ကိုတက်ရောက်သင်ကြားပြီးတဲ့ကျောင်းသူ၊ ကျောင်းသား များအထဲမှ Top
Students များကို IBM မှ ရွေးချယ်မှာဖြစ်ပါတယ်။ ရွေးချယ်ခံရသူများကတော့ IBM
Singapore လက်အောက်မှာအလုပ်လုပ်ရမှာဖြစ်ပါတယ် " ဟု Future Way Education &
Services မှ တာဝန်ရှိသူတစ်ဦးမှပြောကြားပါသည်။ ၄င်း International Advance
Diploma in Database Engineering တွင် သင်ကြားရမည့်ဘာသာရပ်များမှ IBM
Certificate အတွက် Specialized Modules များဖြစ်သည့် Relational Database
Management Systems, Data Model Relational Design, Database Programming
security, database Concepts, overview of IBM DB2 Database System,
Learning SQL, Administrating DB2 Databases, Managing Database
Applications, Introduction to Data Warehousing
များကိုသင်ကြားရမည်ဖြစ်ပြီး ၊ Core Modules များ ဖြစ်သည့် Software
Engineering, Networks And The Internet, Discrete Mathematics, Computer
Architecture & Data Communication, Information Management များကို
သင်ကြားရမည်ဖြစ်ကြောင်း
သိရှိရသည်။ " အခုလို IBM CEIS Partnership အဖြစ်
Singapore Informatics က Singapore မှာပထမဆုံးဖြစ်ပါတယ်။
အလုပ်အကိုင်နဲ့ပတ်သက်ပြီး CareerJET မှာဝင်ရောက်ပြီး DB2
အတွက်ကြည့်လိုက်တဲ့အခါမှာ အလုပ်Demand ဖြစ်နေတာများ ကိုတွေ့ရပြီးတော့
Database Administrator တစ်ယောက်ရဲ့ လစာ အနေနဲ့
ကတော့ ပျမ်းမျှအားဖြင့်
S$-5500 မှ S$-8000 ၀န်းကျင်ရရှိနိုင်တာကိုတွေ့ရှိရပါတယ်။ ဒီ Advanced
Diploma in Database Engineering
ကိုတိုက်ရိုက်
တက်ရောက် မည့်သူများအတွက်ကတော့ Singapore Informatics ၏
International in Information Technology & Communication course
နှင့်ညီမျှတဲ့ Diploma တစ်ခုခုရရှိထားရမှာဖြစ်ပါတယ်။ အခုမှ
ကိုးတန်းအောင်ထားသူများနဲ့ ၁၀တန်းအောင်ထားသူများက တော့ Singapore
Informatics ရဲ့ International Diploma in Information technology &
Communication course ကိုတက်ရောက်သင်ကြားပြီမှ ဒီ Advanced Diploma in
Database Engineering ကိုတက်ရောက်သင်ကြားရမှာဖြစ်ပါတယ်။ "
ဟု၎င်းတာဝန်ရှိသူမှဆက်လက်ရှင်းပြပါ သည်။ Programs များအား April, August
နှင့် December လများတွင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ကျောင်းလခအနေဖြင့်
စင်္ကာပူဒေါ်လာ ၁၀၀၀၀ ကျသင့်မည်ဖြစ်ကြောင်းနှင့်၎င်းကျောင်းလခများကို
တစ်နှစ်လျှင်
နှစ်ကြိမ်တစ်ကြိမ်လျှင် စင်္ကာပူဒေါ်လာ ၅၀၀၀
ဖြင့်အရစ်ကျပေးသွင်းနိုင်ကြောင်းသိရှိရပါ သည်။ အသေးစိတ်အချက်အလက်များကို
Future Way
Education &
Services Phone : 241099 နှင့် 254185
သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း
(4-3-2010)
Source: Ko Lin (Myanmar Training)
UK Border Agency မှ ကျောင်းများ လျောက်ထားခြင်းဆိုင်ရာ Point
Based System ၏ နောက်ဆုံး အဆင့်ကို ထုတ် ပြန်.
UK Border Agency မှ မြန်မာနိုင်ငံကကျောင်းသူ
ကျောင်းသားများအပါအ၀င်နိုင်ငံတကာ ကျောင်းသူကျောင်း သား များ၊ UK
ကျောင်းများ
လျောက်ထားခြင်းဆိုင်ရာ၊ Point Based System ၏နောက်ဆုံး အဆင့်ကို ထုတ်
ပြန်လိုက်ကြောင်း CROWN Education မှသိရပါတယ်၊၊
ဒီကြေငြာချက်ရဲ့ အဓိကအကြောင်းအရာနှစ်ခုကတော့၊ Tier 2
(အဆင့်မြင့်ကျွမ်းကျင်လုပ်သား) အဖြစ်လျောက်ထားခြင်းနဲ့  ၊ Tier 4 (
လူကြီးနှင့် လူငယ်
ကျောင်းသား) အဖြစ်လျောက်ထားရာ မှာ ‘Version 02/10’ ပုံစံအသစ်တွေကို
သုံးပြီးလျောက်ထားရမှာဖြစ်ပြီး၊ ၄င်းပုံစံများကို CROWN Education ရဲ့
အောက်ဖေါ် ပြပါလိပ်စာ ထုတ်ယူနိုင်ပါတယ်၊၊
ဖေဖေါ်ဝါရီ (၂၂) မှစ၍ Visa Letter ဖြင့်လျောက်ထားခြင်းစနစ်ကို
ဖျက်သိမ်းပြီးဖြစ်တဲအတွက့်၊ Tier 4 ကျောင်းသား များ အားလုံး၊
ဗီဇာလျောက်ထားရာတွင်
Confirmation of Acceptance for Studies (CAS) ကိုအသုံးပြုရပါမည်၊၊ CAS မပါ
သော လျှောက်ထားသော လျှောက်လွှာမှန် သမျှ ငြင်းပယ်ခံရမည်ဖြစ်ပါသည်၊၊
ကျောင်းသူကျောင်းသားအနေဖြင့်၊ CAS Reference No. နှင့် Sponsor Licence
Number (SLN) တင်ပြရန်လို အပ်ပါ တယ်၊၊ နောက်ပြီး ‘CAS Statement’
လို့ခေါ်တဲ့ သတင်း အချက်အလက် တွေအားလုံးဖေါ်ပြဖို့  လိုအပ်ပါလိမ့်မယ်၊၊
အဲဒီသတင်းအချက်အလက်တွေပါတဲ့၊ ပုံစံတစ်ခုကို Sponsor ကျောင်း (ကျောင်းသူ
ကျောင်းသား လျှောက်ထား တဲ့ ကျောင်းမှ) မိမိတို့ ကျောင်းက သတ်မှတ်တဲ့
ပုံစံတစ်ခုနဲ့ ပြုလုပ်နိုင်ပြီး၊ ‘CAS Statement’ မှာ ယေဘူယျအားဖြင့်
အောက်ပါအချက်တွေပါဝင်ရပါလိမ့်မယ်၊၊
• student name;
• student date of birth;
• course title;
• course start and end date;
• details of any financial sponsorship/deposits taken;
• documents that should be included as part of an application to prove
qualifications;
• CAS number; and
• ATAS certificate (if appropriate).
ဤသတင်းအချက်အလက်များကို Engry Clearance Officers (သံရုံးမှ
ဗီဇာထုပ်ပေးရန်တာဝန်ရှိသူ)၊မှ ဗီဇာထုတ်ပေး ရန်သင့်မသင့်၊
ဆုံးဖြတ်ချက်ချသည့်အခါ အသုံးပြုပါမယ်၊၊
အကယ်၍ဗီဇာလျှောက်ထားမည့်ကျောင်းသားကျောင်းသူဟာ Visa Letter
ရရှိထားပြီးသူဖြစ်ပါက၊ CAS ကို ပြန်လည် လျှောက်ထားရပါမယ်၊၊
အခုဒီစနစ်သစ်အရ၊ Sponsor ကျောင်းဟာမိမိရဲ
့ကျောင်းသားကျောင်းသူအတွက်ပိုပြီးတာဝန်ရှိလာပါတယ်၊၊ နောက်မိမိကျောင်းသား ရဲ
့အခြေအနေတွေကို၊
Office, UK Border Agency ကို Report လုပ်ရပါမယ်၊၊
UK ကျောင်းတွေအနေနဲ့ ဒီ CAS ကို ကျောင်းသူကျောင်းသားကို မပေးခင်၊
Sponsorship Management System (SMS) မှတဆင့်အချက်အလက်တွေကို
အရင်ဖြည့်ဆည်းရပါမယ်၊၊
“ဒီစနစ်အရ ကျောင်းတွေအနေနဲ့ -
(၁) ကျောင်းသားရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှု အဆင့်ကိုစစ်ဆေးခြင်း၊
(၂) ကျောင်းသားများတင်ပြလျှောက်ထားလာသော ပညာအရည်အချင်း၊ လက်မှတ်များဟာ
မိမိကျောင်းက သင်ကြား ပေးမည့်ဘာသာရပ်တွေ ကိုက်ညီမှု
ရှိမရှိစတဲ့အချက်တွေကိုပါစစ်ဆေးဖို့ တာဝန်ရှိလာမှာဖြစ်လို့ ၊
ကျောင်းဝင်ခွင့်လျောက်ထားရာမှာ အနည်းငယ်တင်းကျပ်လာနိုင်ပြီး၊ ကျောင်း၊
ဘာသာရပ်တွေကို စနစ်တကျရွေးချယ်ဖို့  လိုလာကြောင်း” CROWN Education မှ
ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ ပြောကြားပါတယ်၊၊
YANGON OFFICE: Summit Parkview Hotel, Room 228-229, No. 350, Ahlone
Road, Dagon Township, Yangon, Myanmar, Tel: (95-1) 211 888 Fax: (95-1)
227 992, Mobile: 09 50 85 185
MANDALAY OFFICE: No. 70, 30th Street, Between 73 x 74 Street,
Mandalay,Tel: (95-2) 24 471, Mobile:09 203 6035
E-mail:
james@crown-education.com
WWW.CROWN-EDUCATION.COM
(4-3-2010)
Source: Ko Lin (Myanmar Training)
Temasek Poly အောက်တိုဘာ ၂၀၁၀ ၀င်ခွင့်လျှောက်လွာခေါ်ယူခြင်းနှင့်
ဝင်ခွင့်လမ်းညွှန်..
Temasek Poly ၏ အောက်တိုဘာ ၂၀၁၀ Intake
အတွက် ကျောင်းလျောက်လွှာများ စတင် လက်ခံနေ ပြီး လျှောက် လွှာများကို April
15, 2010 နောက် ဆုံးထားပြီး လျှောက် ထားရမှာ ဖြစ်ကြောင်း CROWN Education
ကသိရပါတယ်၊၊
April 2010 ၀င်ခွင့်အတွက်ကို တော့ စက်တင်ဘာ ၂၀၁၀ ကနေ အောက်တိုဘာ ၁၅၊ ၂၀၁၀
အတွင်း လျှောက်လွှာတွေ ခေါ်ယူမယ်လို့ ဆိုပါတယ်၊၊
ယခုလျှောက်လွှာခေါ်ယူတဲ့ ၊ အောက်တိုဘာ Intake မှာ
ဘာသာရပ်အစုံလျှောက်ထားခွင့်မပေးပဲ၊ အင်ဂျင်နီယာနဲ့ ၊
ကွန်ပျူတာဘာသာရပ်တွေကိုပဲ အဓိက
လျှောက်ထားခွင့်ပေးမယ်လို့ လည်းသိရပါတယ်၊၊
သင်ယူရရှိနိုင်တဲ့ဘာသာရပ်တွေကတော့၊
အင်ဂျင်နီယာ ဘာသာရပ်တွေမှာဆိုရင်၊
1. Diploma in
Electronics/ Media & Communication Technology/ Computer Engineering/
Microelectronics
(these 4 diplomas are offered as a combined course for year 1.)
2. Diploma in Green
Building and Sustainability
3. Diploma in
Mechatronics
ကွန်ပျူတာဘာသာရပ်တွေမှာတော့..
1. Diploma in Information
Technology
2. Diploma in Mobile & Network
Services ဘာသာရပ်များပဲဖြစ်ပါတယ်၊၊
ထူးခြားချက်တစ်ခုအနေဖြင့်၊
အနိမ့်ဆုံးဝင်ခွင့်သတ်မှတ်ချက်ကို ပြည့်မှီသူများအတွက်၊ စိတ်ကြိုက်
ဘာသာရွေးချယ် ရာမှာ၊ CCA Bonus Point System ဖြင့် မိမိတို့ 
စိတ်ကြိုက်ဘာသာရပ်များကို ရွေးချယ်ခွင့် ပေးသွား မှာ ဖြစ်ပါတယ်၊၊
“ပိုလီကျောင်းတွေကို
ဝင်ခွင့်ရဖို့ အတွက် တစ်ခါတစ်ရံ၊ ဘာသာရပ်ရွေးချယ်တာ တွေလည်း
အရေးကြီးပါတယ်၊၊ ကျောင်းတွေက နှစ်စဉ် Cut-Off Points
(COP) ဆိုတာကို
နမူနာ အနေနဲ့ ၊ လျှောက်လွှာခေါ်တဲ့နှစ်နဲ့  ကပ်လျှက် တစ်နှစ်က Points တွေကို
ထုပ်ပြန်လေ့ရှိပါတယ်၊၊ အဲဒီ Cut-Off Points တွေကို
လေ့လာပြီး
ဘာသာရပ်တွေကို ရွေးချယ်ရင်ပိုပြီးအခွင့်အရေှးရှိနိုင်ပါတယ်၊၊”လို့  CROWN
Education မှ ပညာရေးအတိုင်ပင်ခံတစ်ဦးမှ အကြံပြုပါတယ်၊၊
အသေးစိတ်အချက်အလက်တွေကိုတော့ CROWN Education Office, Room 228-229, Summit
Parkview Hotel, ဖုန်းနံပါတ်၊ ၂၁၆ ၇၅၀၊ ၂၁၁၈၈၈(လိုင်းခွဲ ၂၂၈-၂၂၉) နဲ့ ၀၉
၅၀၈၅၁၈၅ မှာအသေးစိတ်စုံးစမ်း လျှောက်ထား နိုင်ကြပါတယ်၊၊
E-mail:
james@crown-education.com
WWW.CROWN-EDUCATION.COM
(4-3-2010)
Source: Ko Lin (Myanmar Training)
LCCI နှင့် British Council မှ ကြီးမှုးကျင်းပမည့် အသက်(၆) နှစ်မှ
(၁၆) နှစ်အထိ ကျောင်းသူကျောင်းသားများ အင်္ဂလိပ်စာ ဥာဏ်စမ်းပြိုင်ပွဲ.
အသက် (၆) နှစ်မှ (၁၆) နှစ်အထိ ကျောင်းသူကျောင်းသားများအတွက် အင်္ဂလိပ်စာ
ဥာဏ်စမ်း ပြိုင်ပွဲ၊ နှင့် JETSET လက်မှတ်ပေးအပ်ပွဲအား၊ LCCI နှင့်
British Council
မှကြီးမှုးကျင်းပပေးမည်၊၊
British Council နှင့် English Training ကျောင်းများပူးပေါင်း၍ အသက်
(၆) နှစ်မှ (၁၆) နှစ်အရွယ် ခလေးများဝင်ရောက် ယှဉ်ပြိုင်နိုင်မည့်၊
အင်္ဂလိပ်စာ ဥာဏ်စမ်း
မေးခွန်းများ ယှဉ်ပြိုင်ပွဲနှင့် JETSET
လက်မှတ်ပေးအပ်ပွဲအား မတ်လ (၁၃) ရက် နံနက် (၉)နာရီမှ နေလည်(၁၂)နာရီ အထိ၊
MICT Hall (2), လှိုင်မြို့ နယ်တွင် ကျင်းပမည်
်ဖြစ်ကြောင်းသိရသည်၊၊
ဤအစီအစဉ်အား၊ ခလေးများ အင်္ဂလိပ်စာ သင်ယူစွမ်းရည် တိုးတက်စေရန်
ဥာဏ်စမ်းအမေးအဖြေအား English Training Center
များနှင့်ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး၊ အသက်(၆)နှစ် မှ (၈)
နှစ်ကလေးများ၊ (၉)နှစ်မှ (၁၂)နှစ် ခလေးများနှင့် (၁၃) နှစ်မှ (၁၆)
နှစ်အထိ များကို အုပ်စုခွဲ၍ ယှဉ်ပြိုင်စေပြီး၊ အုပ်စု အလိုက်၊ ပထမဆု၊
ဒုတိယဆု၊ တတိယဆုများကို လည်း၊ LCCI စာစစ်ဌာနနှင့် စပွန်စာ
ကုမ္မဏီများကျောင်းများ မှ အသီးသီး
ချီးမြင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်၊၊
၎င်းနေ့ တွင်ပင်၊ English Training ကျောင်းများမှ ၄င်းတို
၏သင်တန်းများ၊ JETSET သင်တန်းများကို
မိဘများနှင့်ကျောင်းသူကျောင်းသားများ၊ လေ့လာစုံစမ်းနိုင်ပြီး၊
သက်ဆိုင်ရာသင်တန်းအသီးသီးသို့ ၎င်းနေ့  တွင်ပင် ကျောင်းအပ်သော
ကျောင်းသားကျောင်းသူများအတွက်၊ Tuition Fees Discount များကိုပါစီစဉ်
ဆောင်ရွက်
ပေးမည် ဖြစ်ကြောင်း သိရသည်၊၊ အသေးစိတ်သိရှိလိုသော အချက်များနှင့်
၎င်းဥာဏ်စမ်းပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင် လိုသော
ကျောင်းသားကျောင်းသူများအနေဖြင့်၊ JETSET (Junior English Test, Senior
English Test သင်ကြားလျက်ရှိသော သင်တန်းကျောင်းများနှင့် CROWN
Education တွင် ဆက်သွယ်စုံစမ်း၊ စာရင်းပေးနိုင်ကြောင်းသိရပါသည်၊၊
CROWN Education
YANGON OFFICE:
Summit Parkview Hotel, Room 228-229, No.
350, Ahlone Road, Dagon Township, Yangon, Myanmar, Tel: (95-1) 211
888 Fax: (95-1) 227 992, Mobile: 09 50 85 185
MANDALAY OFFICE: No. 70,
30th Street, Between 73 x 74 Street, Mandalay,Tel: (95-2) 24 471,
Mobile:09 203 6035
E-mail:
james@crown-education.com
WWW.CROWN-EDUCATION.COM
|